Wednesday 9 April 2014

ရန်ကုန်မြို့အတွင်း ခြောက်မြို့နယ် ယာဉ်ရပ်နားခပြန်လည်ကောက်ခံ

Photo: ရန်ကုန်မြို့အတွင်း ခြောက်မြို့နယ် ယာဉ်ရပ်နားခပြန်လည်ကောက်ခံ
Wednesday, April 9, 2014

ဧပြီလ ၆ ရက်မှစ၍ ရန်ကုန်မြို့လယ်မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းမကြီးများပေါ်တွင် နံနက် ၈နာရီမှ ညနေ ၆ နာရီအထိ ယာဉ်ရပ်နားခတစ်နာရီလျှင် ငွေကျပ် ၂၀၀နှုန်းဖြင့် စတင်ကောက်ခံနေပြီဖြစ်ရာ ယခင်ကကဲ့သို့ လမ်းဘေး၊ ယာဉ်ရပ်နားရန် နေရာအချို့တွင် နာရီရှည်ရပ်တန့်မှုနည်းသွားကြောင်း၊ လမ်းမတော်မြို့နယ် မဟာဗန္ဓုလ လမ်းမကြီးပေါ်ရှိ အရောင်းစင်တာကြီးတစ်ခု ရှေ့တွင်ဧပြီ ၆ ရက် ညနေက ယာဉ်ရပ်နားရန် နေရာလွတ်များ ရှိသည်ကို မြင်တွေ့ရသည်ဟု လမ်းမတော်မြို့နယ်တွင်း နေထိုင်သူတစ်ဦးက ဆိုသည်။

၁၉၉၆ ခုနှစ်မှစတင်၍ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် မြောက်ဘက်၌ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ တောင်ဘက်၌ ကမ်းနားလမ်း၊ အရှေ့ဘက်၌ ဗိုလ်အောင်ကျော်လမ်း၊အနောက်ဘက်၌ လမ်းမတော် လမ်းဧရိယာ တွင်းရှိ အမည်တပ် လမ်းငယ်များ၊ အမည်တပ်လမ်းမကြီးများ၊နံပါတ်တပ်လမ်းများကို ယာဉ်ရပ်နားမှု ကန့်သတ် ရန်များ သတ်မှတ်၍အဆိုပါနေရာများတွင် ယာဉ်ရပ်နားပါက ယာဉ်ရပ်နားခကောက်ခံခဲ့သော်လည်း ၂၀၁၃ ဧပြီ ၁ ရက်မှစ၍ကောက်ခံမှုမရှိဘဲ ရန်ကုန်မြို့တွင်းယာဉ်ရပ်နားရန်နေရာများ တိုးချဲ့ခြင်း၊ စင်္ကြံသွား လူသွားလမ်း များပြုပြင်ခြင်းကို ပြုလုပ် လာခဲ့ကြောင်း၊၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်အဆိုပါ ယာဉ်ရပ်နားခ ကောက်ခံ လုပ်ငန်းမှလေလံဝင်ငွေကျပ်သိန်း ၁၄၀၀၀ခန့်ရရှိခဲ့ကြောင်း သတင်းမီဒီယာများ တွင် ဖော်ပြခဲ့သည်ဟု ရန်ကုန်မြို့တွင်းနေထိုင်သူတစ်ဦးက ဆိုသည်။

ယခုရက်ပိုင်း ယာဉ်ရပ်နားခကောက်ခံမှုတွင် နံပါတ်တပ်လမ်းများ၊ အမည်တပ် လမ်းငယ်များ မပါဝင်ဟု သိရကြောင်း၊ နာရီအလိုက် ယာဉ်ရပ်နားခငွေကောက်ခံလာခြင်းကြောင့်ယာဉ်ရပ်နားရာတွင် အချိန်ကြာမြင့်စွာ ရပ်တန့်မှု နည်းလာ နိုင်ကြောင်း၊အထူးသဖြင့် ကားလမ်းမကြီးများတွင် နာရီ ရှည်ရပ်တန့် ထားခြင်းမျိုး နည်းလာကြောင်း၊ ယာဉ်ရပ်နားရန်နေရာများတွင် ယာဉ်ရပ်နားခငွေကောက်ခံမှုကြောင့် လမ်းဘေးဈေး သည်များ နံနက် ၈ နာရီ မှ ညနေ၆ နာရီအတွင်း ဈေးရောင်းချမှု နည်းလာနိုင်သည်ဟု လသာမြို့နယ်တွင်နေထိုင်သူ တစ်ဦး ကဆိုသည်။
ယခုရက်ပိုင်း ပြန်လည်၍ယာဉ်ရပ်နားခ ကောက်ခံ ရာတွင် လမ်းမတော်မြို့နယ်တွင်း ကောက်ခံမှု ရှိလာကြောင်း၊ ယာဉ်ရပ်နားခငွေပြန် လည်ကောက် ခံခြင်း ကြောင့် အခွန်ငွေရရှိလာသကဲ့သို့ ယာဉ်ရပ် နားမှု လျော့နည်း သွားမည်ဟု လမ်းအသုံးပြုသူတစ်ဦးက ဆိုသည်။

MOI Webportal Myanmar
ဧပြီလ ၆ ရက်မှစ၍ ရန်ကုန်မြို့လယ်မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းမကြီးများပေါ်တွင် နံနက် ၈နာရီမှ ညနေ ၆ နာရီအထိ ယာဉ်ရပ်နားခတစ်နာရီလျှင် ငွေကျပ် ၂၀၀နှုန်းဖြင့် စတင်ကောက်ခံနေပြီဖြစ်ရာ ယခင်ကကဲ့သို့ လမ်းဘေး၊ ယာဉ်ရပ်နားရန် နေရာအချို့တွင် နာရီရှည်ရပ်တန့်မှုနည်းသွားကြောင်း၊ လမ်းမတော်မြို့နယ် မဟာဗန္ဓုလ လမ်းမကြီးပေါ်ရှိ အရောင်းစင်တာကြီးတစ်ခု ရှေ့တွင်ဧပြီ ၆ ရက် ညနေက ယာဉ်ရပ်နား ရန် နေရာလွတ်များ ရှိသည်ကို မြင်တွေ့ရသည်ဟု လမ်းမတော်မြို့နယ်တွင်း နေထိုင်သူတစ်ဦးက ဆိုသည်။
၁၉၉၆ ခုနှစ်မှစတင်၍ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် မြောက်ဘက်၌ ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ တောင် ဘက်၌ ကမ်းနားလမ်း၊ အရှေ့ဘက်၌ ဗိုလ်အောင်ကျော်လမ်း၊အနောက်ဘက်၌ လမ်းမတော် လမ်းဧရိယာတွင်းရှိ အမည်တပ်လမ်းငယ်များ၊ အမည်တပ်လမ်းမကြီးများ၊နံပါတ်တပ်လမ်းများကို ယာဉ် ရပ်နားမှု ကန့်သတ် ရန်များ သတ်မှတ်၍အဆိုပါနေရာများတွင် ယာဉ်ရပ်နားပါက ယာဉ်ရပ်နားခကောက်ခံ ခဲ့သော်လည်း ၂၀၁၃ ဧပြီ ၁ ရက်မှစ၍ကောက်ခံမှုမရှိဘဲ ရန်ကုန်မြို့တွင်းယာဉ်ရပ်နားရန်နေရာများ တိုးချဲ့ခြင်း၊ စင်္ကြံသွား လူသွားလမ်း များပြုပြင်ခြင်းကို ပြုလုပ် လာခဲ့ကြောင်း၊၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် တွင် အဆိုပါ ယာဉ်ရပ်နားခ ကောက်ခံ လုပ်ငန်းမှလေလံဝင်ငွေကျပ်သိန်း ၁၄၀၀၀ခန့်ရရှိခဲ့ကြောင်း သတင်းမီဒီယာများ တွင် ဖော်ပြခဲ့သည်ဟု ရန်ကုန်မြို့တွင်းနေထိုင်သူတစ်ဦးက ဆိုသည်။

ယခုရက်ပိုင်း ယာဉ်ရပ်နားခကောက်ခံမှုတွင် နံပါတ်တပ်လမ်းများ၊ အမည်တပ် လမ်းငယ်များ မပါဝင်ဟု သိရကြောင်း၊ နာရီအလိုက် ယာဉ်ရပ်နားခငွေကောက်ခံလာခြင်းကြောင့်ယာဉ်ရပ်နားရာတွင် အချိန်ကြာမြင့် စွာ ရပ် တန့်မှု နည်းလာ နိုင်ကြောင်း၊အထူးသဖြင့် ကားလမ်းမကြီးများတွင် နာရီ ရှည်ရပ်တန့် ထားခြင်းမျိုး နည်းလာကြောင်း၊ ယာဉ်ရပ်နားရန်နေရာများတွင် ယာဉ်ရပ်နားခငွေကောက်ခံမှုကြောင့် လမ်းဘေးဈေး သည်များ နံနက် ၈ နာရီ မှ ညနေ၆ နာရီအတွင်း ဈေးရောင်းချမှု နည်းလာနိုင်သည်ဟု လသာမြို့နယ်တွင်နေ ထိုင်သူ တစ်ဦး ကဆိုသည်။

ယခုရက်ပိုင်း ပြန်လည်၍ယာဉ်ရပ်နားခ ကောက်ခံ ရာတွင် လမ်းမတော်မြို့နယ်တွင်း ကောက်ခံမှု ရှိလာကြော င်း၊ ယာဉ် ရပ်နားခငွေပြန် လည်ကောက် ခံခြင်း ကြောင့် အခွန်ငွေရရှိလာသကဲ့သို့ ယာဉ်ရပ် နားမှု လျော့နည်း သွားမည်ဟု လမ်းအသုံးပြုသူတစ်ဦးက ဆိုသည်။

MOI Webportal Myanmar

No comments:

Post a Comment