Friday, 8 February 2013

ဟန်ဆောင်ရည်းစား ငှားရန်ရှိသည်


ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ဟာ တရုတ်နှစ်သစ်ကူးနေ့ ဖြစ်ပြီး တရုတ်ပြည်မှာ ရက်အနည်းငယ်ကနေ တစ်ပတ်နှစ်ပတ်အထိ အလုပ်တွေပိတ်၊ မီးရှုး မီးပန်းတွေလွတ်၊ မိသားစုဝင်တွေ ထမင်းဝိုင်းမှာစုံညီစွာ ဆုံတွေကြတဲ့ ပွဲတော်ကြီးဖြစ်ပါတယ်။ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာကြိုဆိုကြသူ ရှိသလို သန်းပေါင်းများစွာသော လက်မထပ်ရသေးတဲ့ တရုတ်
မိန်းကလေးများ အတွက် ဖိအားများတဲ့ပွဲတော်လည်း ဖြစ်ပါတယ်။

အထူးသဖြင့် တရုတ်လူမျိုးတွေရဲ့ ယနေ့ထိကျန်ရှိနေသေးတဲ့ ယဉ်ကျေးမှု
တွေးခေါ်မှုတစ်ခုက မိန်းကလေးတယောက်ဟာ အသက် ၃၀ မတိုင်မီမှာ ဘ၀ဖော်ယောက်ျားလေး တယောက်ကို ရှာတွေ့ပြီး အိမ်ထောင်ကျသင့်နေပြီ ဒါမှမဟုတ် အနည်းဆုံးတော့ ရည်းစားတယောက်ရှိသင့်ပြီ ဆိုတာဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးနေ့မှာ အိမ်ထောင်မကျသေးဘဲ အသက် ၃၀ နားနီးတဲ့ မိန်းကလေးတယောက် ရင်ဆိုင်ရမယ့်အခက်အခဲကို အိမ်ထောင်ရေး
အကြံပေးသူ Zhou Xiaopeng က အခုလိုရှင်းပြပါတယ်။

"တရုတ်နှစ်သစ်ကူး မတိုင်မီတစ်ရက်အကြို မိသားစုစုံလင်စွာရှိကြမယ့် ထမင်းဝိုင်းတစ်ခုကို မြင်ယောင်ကြည့်လိုက်ပါ။ အားလုံးက စုံတွဲတွေနဲ့ လာကြတယ်။ သင်ရဲ့ အကိုတွေညီတွေနဲ့ မရီးတွေ၊ ညီမအမတွေနဲ့ ခဲအိုတွေ စသဖြင့် အတွဲစုံလင်စွာရှိကြပြီး သင့်မှာတော့ တစ်ယောက်တည်း ကျန်နေတယ်။ သင့်အတွက် ဖိအားဘယ်လောက်ရှိမယ် ဆိုတာ စဉ်းစား
ကြည့်နိုင်ပါတယ်။ မိဘတွေကမေးကြမယ်၊ ကျန်တဲ့သူတွေကလည်း
မေးကြမယ် စသည်ဖြင့်ပေါ့၊ အိမ်ထောင်မကျသေးတဲ့ အသက် ၃၀ ပတ်ဝန်းကျင် မိန်းကလေးတယောက် အတွက် ဖိအားအလွန်များပါတယ်"။

ဒါကြောင့် အဲဒီလိုမိန်းကလေးများ အတွက် တရုတ်နှစ်သစ်ကူးပွဲတော် အတွင်းမှာ ကူညီပေးနိုင်မယ့် ဈေးကွက်တမျိုး ထွက်ပေါ်လာပါတယ်။ Taobao လို့အမည်ရတဲ့ အွန်လိုင်းမှာ ဟန်ဆောင်ရည်းစား ငှားရမ်းလို့ရတဲ့ ၀န်ဆောင်မှုရှိပါတယ်။ ယောက်ျားလေး ရည်းစားတယောက်ကို တစ်ရက်ကို ဒေါ်လာ ၅၀ လောက်နဲ့ ငှားလို့ရပြီး မိမိရဲ့ရည်းစားအဖြစ် ဟန်ဆောင်ခိုင်းနိုင်ပါတယ်။ ဈေးနှုံးတွေအမျိုးမျိုးရှိပါတယ်။ ဥပမာ ညစာအတူစားဖို့ တစ်နာရီကို ၅ ဒေါ်လာ၊ မိသားစုဝင်တွေရဲ့ရှေ့မှာ ပါးပြင်ပေါ်တစ်ချက်နမ်းဖို့ ၈ ဒေါ်လာ၊ မိသားစုရဲ့အိမ်မှာ သီးသန်းကုတင်မှာ ညအိပ်ပေးဖို့ ဒေါ်လာ ၈၀ ဖြစ်ပါတယ်။

Li Le ဆိုတဲ့ စိုက်ပျိုးရေးပစ္စည်း အရောင်းစာရေးတယောက်က သူကိုယ်တိုင် အငှားလိုက်ပေးဖို့ အင်တာနက်မှာ ကြော်ငြာထားပါတယ်။ ပိုက်ဆံရဖို့အတွက် မဟုတ်ဘဲ ရည်းစားအဖြစ် အငှားလိုက်ပေးရင်း သူနဲ့စိတ်သဘောကိုက်ညီတဲ့ အမျိုးသမီးတဦးကို ရှာတွေ့ကောင်းတွေ့လိမ့်မယ်လို့ မျှော်လင့်ရင်း တကယ်ဖြစ်လာပါက နှစ်ဦးစလုံးအတွက် ပျော်ရွှင်စရာဖြစ်မယ်လို့
Li Le က ရှင်းပြပါတယ်။

ဒီနေ့အထိ အမျိုးသမီးအယောက် ၃၀ လောက်က သူ့ကိုဆက်သွယ်ထားပြီး ဘယ်မိန်းကလေးကို ရွေးချယ်ဖို့ဆိုတာ ခက်နေကြောင်း သိရပါတယ်။


(Ref; BBC news, Feb 6, 2013, Boyfriends for hire to beat China's wedding pressure)

Myanmar1

ဆက်သွယ်ရေး နေရာ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း ဖြစ်လာမည်

ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမြတ်ဟိန်း (လက်ရှိကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ) ကို လည်းကောင်း၊နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းကိုလည်းကောင်းခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့် ထံ သို့ ဖေဖ၀ါရီ ၅ရက် ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ကြောင်း ယနေ့(ဖေဖ၀ါရီ ၈ရက်) ကျင်းပသောပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်နာယကက သမ္မတ၏ သ၀ဏ်လွှာကို ဖတ်ကြားကာ ပြောကြားသည်။ လက်ရှိနယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးသိန်းဌေးမှာ မူလ စစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ပေးရန် စီစဉ်ထားကြောင်းလည်း သမ္မတ၏ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
ထို့ကြောင့်ပြည်ထောင်စုလွှတ်တော်မှ ကိုယ်စားလှယ်များအနေဖြင့် ကန့်ကွက်လိုသူရှိပါက ဖေဖ၀ါရီ ၁၁ရက်နောက်ဆုံးထားအမည်စာရင်းပေး သွင်းရန် ပြည်ထောင်စုလွှတ်တော်နာယကကကြေညာခဲ့သည်။
7DaysNewsJouranl

ရခိုင်မုန့်တီချက်နည်း


လိုအပ်သော ပစ္စည်းများ

(၁)မုန့်တီ ၁ ပိသာ
(၂)ငါးရွှေ ၁၅ ကျပ်သား
(၃)ပုစွန်ငါးပိ ၅ ကျပ်သားခန့်
(၄)ကြက်သွန်ဖြူ(ဥအသေး) ၅ ကျပ်သား

Eleven Media Group ရဲ့ ရန်သူတော် Myanmar Express ၏ထူးခြားချက်


အမေရိကန်မှာနေထိုင်တဲ့ လင်မယားနှစ်ယောက်က တည်ထောင်ထားတဲ့ စစ်တပ်အားပေး သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Myanmar Express မှာ ထူးခြားပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကို သတိပြုမိပါတယ်။ အဲ့ဒီထူးခြားမှုကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုသတင်းတွေ ထူးထူးခြားခြားမတွေ့ရတော့တာဖြစ်ပါတယ်။ ဒီလ

“ဘာစီလိုနာနှင့် သက်တမ်းတိုးစာချုပ်သစ် မက်ဆီ တရားဝင် လက်မှတ်ရေးထိုး”

Messiအာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီသည် စပိန်ထိပ်သီး ဘာစီလိုနာအသင်းတွင် ၂၀၁၈ ခုနှစ်အထိ ဆက်ရှိနေမည့် ၂ နှစ်သက်တမ်းတိုး စာချုပ်သစ်ကို ကြာဿပတေးနေ့က တရားဝင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။ မက်ဆီ၊ ပူယိုးလ်၊ ဇာဗီတို့အား စာချုပ်သက်တမ်းတိုး ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း

Thursday, 7 February 2013

ဂိုးမသွင်းတတ်သေးသည့် မြန်မာအသင်း ဖိလစ်ပိုင်ကို ရှုံးနိမ့်

ပွဲချိန်တစ်လျှောက် ခြေအသာစီးနှင့် ဖိကစားနိုင်ခဲ့ပြီး သေချာပေါက် ဂိုးရခွင့် (၅)ကြိမ်ထက် မနည်း ရှိခဲ့သော်လည်း တစ်ဂိုးမျှ သွင်းယူနိုင်ခြင်း မရှိခဲ့သည့် မြန်မာအသင်းသည် ပွဲချိန် (၇၇)မိနစ်တွင် ဖိလစ်ပိုင် နောက်ခံလူ ပေါ့တီရီယာ သွင်းယူသည့် ဂိုးကြောင့် ပွဲအပြီးတွင် ရှုံးနိမ့်ခဲ့ရသည်။


မြန်မာအသင်းသည် ဂိုးသမား သီဟစည်သူကို အသင်းခေါင်းဆောင် အဖြစ် ပွဲထုတ်ခဲ့ပြီး ခံစစ်ကြောင်းကို ပုံမှန်ပွဲထုတ်နေကျ အစုအဖွဲ့ဖြစ်သည့် ရန်အောင်ဝင်း၊ အောင်ဟိန်းကျော်၊
ဇော်မင်းထွန်း၊ သိန်းသန်းဝင်းတို့ ကိုပင် အသုံးပြုခဲ့သည်။ ကွင်းလယ် ဗဟိုတွင် ရာဇာဝင်းသိန်း၊ ဖြိုးကိုကိုသိန်းတို့ကို နေရာပေးခဲ့ပြီး ရန်အောင်ကျော်က ညာတောင်ပံ၊ စိုးမင်းဦးက

မွန်ဘိုင်းရှိ ဆောက်လက်စ မိုးပျံလမ်း ပြိုကျမှုကြောင့် လူသုံးဦး သေဆုံး


ha-7-2-8အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွန်ဘိုင်းရှိ ပင်မလေဆိပ်တွင် ဆောက်လုပ်နေသော မိုးပျံလမ်းတစ်ခု ပြိုကျခဲ့ရာ လူသုံးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ခြောက်ဦးရှိခဲ့ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
တံတား၏ ကြီးမားသော အစိတ်အပိုင်း တစ်ခုသည် ဖေဖော်ဝါရီလ ၆

နှစ်နိုင်ငံ ပူးတွဲတည်ထောင်ထားသော ကေဆောင် စက်မှုဇုန်ကို ဖျက်ပစ်မည်ဟု မြောက်ကိုရီးယားက တောင်ကိုရီးယားကို ခြိမ်းခြောက်


ha-7-2-9
မြောက်ကိုရီးယား၏ ပြီးခဲ့သည့် ဒီဇင်ဘာလက ဒုံးပျံပစ်လွှတ်မှုနှင့် ပတ်သက်၍ ပိတ်ဆို့မှုများ ပြုလုပ်ရာတွင် တောင်ကိုရီးယားက ပါဝင်ပတ်သက်နေပါက မြောက်ကိုရီးယား နယ်စပ်၌ နှစ်နိုင်ငံ ပူးတွဲတည်ထောင်ထားသော ကေဆောင်စက်မှုဇုန်ကို

ခုံးကျော်တံတား စီမံကိန်းနေရာများတွင် ယာဉ်ကြောပိတ်ဆို့မူကို ဖြေရှင်းရန်အတွက် ယာဉ်ထိန်းဆိုင်ကယ်များ ထားရှိပြီး စောင့်ကြည့်အရေးယူ


ခုံးကျော်တံတား စီမံကိန်း နေရာများတွင် ယာဉ်ကြောပိတ်ဆို့မူများကို ဦးစားပေး ဖြေရှင်းရန်အတွက် စီမံကိန်းနေရာများတွင် ယာဉ်ထိန်းမော်တော်ယာဉ် နှစ်စီးထားရှိကာ

ရိုဟင်ဂျာများကို နိုင်ငံမဲ့မဖြစ်စေလိုသဖြင့် လက်ခံထားရဟု ဦးခင်ရီပြော

လူဝင်မှုကြီးကြပ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးခင်ရီ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


ရိုဟင်ဂျာများသည် နိုင်ငံသား မဟုတ်သော်လည်း နိုင်ငံမဲ့မဖြစ်စေလို သောကြောင့် မြန်မာနိုင်ငံတွင်း နေထိုင်ခွင့် ပေးထားခြင်းဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးခင်ရီက ပြောသည်။

"မိုးညှင်းမြို့နယ်မှာ ကျောက်တူးသူ နဲ့ ဈေးသည်တွေကို ပြောင်းရွှေ့ခိုင်းနေ"



ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာရဲ့ အနောက်ဘက် သုံးမိုင်အကွာမှာရှိတဲ့ နမ့်ချီမှော်မှာ ကျောက်စိမ်းနဲ့ ရွှေတူးဖော် လုပ်ကိုင်နေသူတွေနဲ့ ဈေးရောင်းချနေသူ အားလုံးကို အဲဒီဒေသတစ်ဝိုက်မှာ လုံခြုံရေးယူနေတဲ့ လှုပ်ရှားတပ်တွေ က ဖေဖေါ်ဝါရီလ ၆ ရက်နေ့ မနေ့ကစပြီး ၄ ရက်အတွင်း အပြီးပြောင်းရွေ့ခိုင်းနေပါတယ်

Tuesday, 5 February 2013

ဘဏ်ဖောက်ခံရသည့် သတင်း ရိုးမဘဏ်ငြင်း


အွန်လိုင်း စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ ရိုးမဘဏ် ဖောက်ထွင်းခံရသည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန် ပင်မ ရိုးမဘဏ် ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းရာ "အခု အချိန်အထိ ဘာမှ မကြားသေး ပါဘူး ဒီသတင်းကို ကျွန်မတို့အတည်မပြုနိုင်ပါဘူး " ဟု ပြောကြားသည်။

The Voice နှင့် မြန်မာ အစိုးရ၀က်ဆိုဒ်များကို ဘယ်သူတွေ တိုက်နေသလဲ..



ယခင်တစ်ခါ The Voice နှင့် Eleven အပါအ၀င် ကေအိုင်အေ အားပေး ၀က်ဆိုဒ်များကို တိုက်ခိုက်ကြမည် ဆို တုန်း က ကလစ် တစ်ချက်နှိပ်ယုံမို့ ၀င်ပါကြသည်။ ထိုသို့ တိုက်ခိုက်ကြပြီး kachinnet.net  စာမျက်နှာ ဖွင့် မရ တာမြင်တော့ ဟုတ်လှချည်လားဟု ထင်ခဲ့မိသည်။ သို့သော် နောက်သိပ်မကြာမီ အဆိုပါ ၀က်ဆိုဒ် ပြန်ဖွင့် ၍

သမ္မတရုံး ၀ဘ်ဆိုက်အား ဆိုက်ဘာတိုက်ခိုက်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ-၅

နိုင်ငံတော်သမ္မတရုံး၏ ၀က်ဘ်ဆိုက်စာမျက်နှာအား ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ မှ ၁၂ နာရီဝန်းကျင်အထိ သုံးကြိမ်တိုင်တိုင် ပြည်ပမှ DDos စနစ်ဖြင့် တိုက်ခိုက်ခံရမှု ကြုံတွေ့ခဲ့ရကြောင်း သတင်းရရှိသည်။

ဆိုက်ဘာတိုက်ခိုက်မှုတွင် (US, Malaysia, Russia) အစရှိသည့် IP လိပ်စာများမှတစ်ဆင့် DDos Request များ ပေးပို့ခြင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်)၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုများအပြင် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် IP-74.220.202.199 မှလည်း DDos Request သိန်းနှင့်ချီ၍ ဆက်လက်တိုက်ခိုက်လာခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတရုံး ၀ဘ်ဆိုက်ကို ဆိုက်ဘာတိုက်ခိုက်ခံရသည့်ကာလအတွင်း ၎င်းတို့၏ စာမျက်နှာအား ကြည့်ရှုရာတွင် သည်းခံပေးပါရန်နှင့် ၀ဘ်ဆိုက်တိုက်ခိုက်ခံရမှုအတွက် လိုအပ်သည့် လုံခြုံရေးများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၄ ရက် ၁၀ နာရီခန့်တွင် The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာကိုလည်း Online Hacker များက တိုက်ခိုက်ခဲ့သည်။

မည်သည့်အဖွဲ့အစည်းမှပြုလုပ်သည်ကို မသိရှိရသေးသော်လည်း ယခုလတ်တလောတွင် Admin Account ကိုပါ တိုက်ခိုက်ဖြုတ်ချလိုက်သည့်အတွက် Facebook သို့ Report ပြုလုပ်ထားကြောင်း သို့သော် ယင်းသည်လည်း မသေချာကြောင်း အဆိုပါဂျာနယ်၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောသည်။

ထိုကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဦးကျော်မင်းဆွေက ဆက်လက်ပြီး "တည်ဆဲဥပဒေအရ နိုင်ငံသားတွေကို အကာအကွယ်မပေးနိုင်ဘူးဖြစ်နေပါတယ်။ လက်ရှိဥပဒေက အီလက်ထရွန်နစ်ဥပဒေဆိုတာ နိုင်ငံရေးလုပ်တဲ့သူတွေကို ထောင်ချသလိုဖြစ်နေတယ်။ ဒီကိစ္စမျိုးဟာ လုံးဝမဖြစ်သင့်ပါဘူး။ အခုလို ဆိုက်ဘာ တိုက်ခိုင်မှုမျိုးကြုံလာတော့ ကျွန်တော်တို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ သတင်းတွေတင်မရတဲ့ ဆုံးရှုံးမှုကိုရပါတယ်" ဟု ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် လအနည်းငယ်ခန့်ကလည်း Eleven Media Group ၏ ၀ဘ်ဆိုက်စာမျက်နှာများအားလည်း အထက်ပါကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
7DaysNewsJournal

လုပ်ငန်းခွင်နှင့် လူမှုဆက်ဆံရေးတွင် ကျရှံးရသည့် အကြောင်း ၇ ချက်



၁။ မသိနားမလည်သဖြင့် လစ်လျူရှုလိုက်ခြင်း။

၂။ မိမိသေချာနားမလည်သည့် အကြောင်းအရာကို စွဲစွဲမြဲမြဲ ခံယူ ယုံကြည်ချက် ထားခြင်း။

Facebook တွင် Unfriend လုပ်ခြင်း၏ အကျိုးဆက်


သင့်ကို Facebook မှာ သင့်ရဲ့ သူငယ်ချင်း တစ်ယောက်လောက်က Unfriend လုပ်သွားတာ သင်သိရပြီဆိုရင် အဲ့ဒီအကြောင်းကို တအုံ့နွေးနွေးနဲ့ အမြဲတမ်း ပြန်စဉ်းစားမိနေတာ ဖြစ်ဖူးတယ် မဟုတ်ပါလား....

Colorado တက္ကသိုလ်က လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့တာက Online မှာ ဆက်ဆံရေး ရပ်ဆဲလိုက်မယ်ဆိုရင် တကယ့်လက်တွေ့ဘ၀နယ်ပယ်မှာပါ အကျိုးသက်ရောက်မှုရှိပြီး အခင်အမင်တွေ ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

လင်မယားနှစ်ယောက်ကိုဖမ်း ၊ ယောကျာင်္းကို ငယ်ပါဖြတ်သတ် ၊ အမျိုးသမီးကို အခုထိဖမ်းပြီး သတင်းဖျောက်ထားတဲ့ ကေအိုင်အေ ဗိုလ်မှူးတစ်ဦးရဲ့ လုပ်ရပ်

ကိုထွန်းအောင်ကျော်နဲ့ ဇနီးမသင်းသင်းအောင် တို့ဟာ တရုတ်ပြည်ကနေ မြစ်ကြီးနားကို မိုဘိုင်းဖုန်းနဲ့ဖုန်းအပိုပစ္စည်းသယ်ယူရောင်း ချတဲ့ အလုပ်လုပ်ကိုင်ပါတယ် ။(၁၈-၁၂-၂၀၁၂) ရက်နေ့ မှာ သူတို့ လင်မယား တရုတ်ပြည်ကနေ လိုင်ဇာကို ပြန်အဝင်မှာပဲ လိုင်ဇာမြို့ဟာ

စိတ်ပိုင်းဆိုင်ရာချို့တဲ့သည့် ကလေးများအား လင်းပိုင်ဖြင့်ကုသမှု အောင်မြင်

တရုတ်နိုင်ငံများတွင် စိတ်ပိုင်းဆိုင်ရာ အားနည်းချို့တဲ့မှု ရှိနေသော ကလေးငယ်များကို လင်းပိုင်များ အသုံးပြုသည့် ကုထုံးဖြင့် ကုသမှုများ အဆင်ပြေနေကြောင်း သိရှိရသည်။ ပုလင်းပုံ နှာခေါင်းနှင့် လင်းပိုင်စုံတွဲကို ဟန်ဇူး ပိုလာအိုးရှင်း အဏ္ဏဝါဥယျာဉ်တွင် တစ်နေ့ (၁၅)ကြိမ် အသုံးပြုကာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့သော ကလေးများကို ကုသပေးနေကြောင်း ဖခင်တစ်ဦးဖြစ်သော ဇန်ဂျွန်းက ရှင်းပြခဲ့သည်။

ဖိလစ်ပိုင်ကို အနိုင်ကစားမည်ဟု ဆိုလာခဲ့သည့် မြန်မာ နည်းပြချုပ် ပတ်ဆောင်ဟွာ


မြန်မာ့လက်ရွေးစင် နည်းပြချုပ် ပတ်ဆောင်ဟွာက ဖေဖော်ဝါရီ (၆)ရက်တွင် ကစားမည့် ဖိလစ်ပိုင်နှင့် ခြေစမ်းပွဲတွင် ဖိလစ်ပိုင်ကို အနိုင်ကစားသွားမည်ဟု ဖွင့်ဟခဲ့ကြောင်း သိရသည်။ မြန်မာအသင်းသည် သမိုင်းတစ်လျှောက် အနိုင်ရခဲ့သည့် ဖိလစ်ပိုင်ကို ပြီးခဲ့သည့် ဆူဇူကီးဖလား ပြိုင်ပွဲတွင် ပထမဆုံး အကြိမ်အဖြစ် ရှုံးနိမ့်ခဲ့ရာ ယခုတစ်ကြိမ်တွင် ပြန်လည် အနိုင်ကစားသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တန်ဖိုးနည်းဖုန်းကတ် ပြည်သူအများစု လက်လှမ်းမီမလား

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက အများစု လက်လှမ်းမီနိုင်သော ဈေးနှုန်းဖြင့် မိုဘိုင်းလ်ဖုန်းများ ချထားပေးမည်ဟု သတင်းထုတ်ပြန်ပြီးနောက် ဈေးကွက်တွင် မိုဘိုင်းလ်ဖုန်းကတ်(SIM Card) အရောင်းအ၀ယ်များ ရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။