
မြန်မာအသင်းသည် ပြီးခဲ့သည့် ဆူဇူကီးဖလား ပြိုင်ပွဲတွင် ဖိလစ်ပိုင် အသင်းနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အုပ်စု နောက်ဆုံးပွဲစဉ်တွင် တွေ့ဆုံခဲ့ရာ နှစ်သင်းစလုံး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခွင့် ရှိနေသည့် အနေအထားတွင် ဖိလစ်ပိုင်က မြန်မာ အသင်းကို အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက် သွားခဲ့သည်။ အဆိုပါ ရလဒ်များကြောင့် မြန်မာ ဘောလုံး ပရိသတ်များ မခံမရပ်နိုင် ဖြစ်ခဲ့သလို နည်းပြချုပ် အဖြစ် တာဝန်ယူခဲ့သည့် ပတ်ဆောင်ဟွာမှာလည်း မြန်မာတို့၏ ပထမဆုံး ရှုံးပွဲအတွက် အကြီးအကျယ် စိတ်ထိခိုက်ခဲ့ရပြီး ကျန်းမာရေး ထိခိုက်သည်အထိ ဖြစ်ခဲ့ရာ အဆိုပါ ရှုံးပွဲအတွက် ယခုတစ်ကြိမ်တွင် ဖိလစ်ပိုင်ကို ပြန်လှန်အနိုင်ယူမည်ဟု ကြုံးဝါးလာခြင်း ဖြစ်သည်။ ပတ်ဆောင်ဟွာက "ဖိလစ်ပိုင်ဟာ ဆူဇူကီးမှာတုန်းက မြန်မာနဲ့ ဖိလစ်ပိုင်ကို အနိုင်ရပြီး အဆင့်(၄) ရခဲ့တဲ့ အသင်းပါ။ အရှေ့တောင် အာရှမှာ အဆင့်မြင့်တဲ့ အသင်းဖြစ်တာမို့ သူတို့နဲ့ ပွဲက ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အိမ်ရှင် ဖြစ်နေလို့ အနိုင်ရဖို့ ကြိုးစားသွားမှာပါ"ဟု ခြေစမ်းပွဲ အကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

မကွေးနှင့် ခြေစမ်းပွဲမှ ကျော်ကိုကို၏ ကစားဟန်
မြန်မာအသင်းနှင့် ခြေစမ်း ကစားမည့် ဖိလစ်ပိုင် အသင်း နည်းပြချုပ် မိုက်ကယ်ဝီးဇ်က မိမိ၏ အသင်းမှာ ဆီးဂိမ်းစ် ပြိုင်ပွဲကို ဦးတည် ပြင်ဆင်နေသည့် အသင်းဖြစ်ကြောင်း ဆိုခဲ့ပြီး မြန်မာကို ခြေစမ်းပွဲတွင် အနိုင်ကစားသွားရန် ရည်မှန်းထားကြောင်း ဖွင့်ဟခဲ့သည်။ "ကျွန်တော့် အသင်းမှာ ပြီးခဲ့တဲ့ အင်ဒိုဆီးဂိမ်းစ်တုန်းက ကစားသမား တစ်ဝက်လောက် ပြန်ပါလာတယ်။ အဲဒီတုန်းက အတွေ့အကြုံ နုခဲ့တဲ့ ကစားသမားတွေဟာ လာမယ့် ၂၀၁၃ နေပြည်တော် ဆီးဂိမ်းစ်ကြရင်တော့ လုံလောက်တဲ့ အတွေ့အကြုံနဲ့ ရင့်ကျက်မှုတွေ ရှိနေမှာပါ။ မြန်မာအသင်းက ကစားသမားတွေက ခြေစွမ်းကောင်းကြလို့ ကျွန်တော်တို့ ခက်ခက်ခဲခဲ ကစားရဖို့ ရှိနေပါတယ်။ ဒါပေမဲ့ မြန်မာကို အနိုင်ရဖို့တော့ မှန်းထားပါတယ်"ဟု ဖိလစ်ပိုင် နည်းပြချုပ် မိုက်ကယ်ဝီးဇ်က ဖွင့်ဟခဲ့သည်။
မြန်မာအသင်းသည် ဖိလစ်ပိုင်နှင့် ပွဲမတိုင်မီ အကြို ခြေစမ်းမှု အဖြစ် မကွေး အသင်း ယနေ့ညနေက နှင့် ခြေစမ်းကစားခဲ့ရာတွင် (၂-၀)ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။ ပွဲကို မိနစ်(၃၀)စီ (၃)ပိုင်း ခွဲ၍ ကစားခဲ့ခြင်း ဖြစ်ပြီး မကွေး အသင်းတွင် လက်ရွေးစင် အသင်းသို့ ပေးထားသည့် ကစားသမား (၄)ဦးမှ လွဲ၍ နိုင်ငံခြားသား များပင် ပါဝင် ကစားခဲ့ကြကြောင်း သိရသည်။ လက်ရွေးစင် အသင်းအတွက် ပထမဂိုးကို ကောင်းစည်သူက ပင်နယ်တီမှ သွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကို လက်ရွေးစင် အသင်းတွင် ပထမဆုံး အဖြစ် ရွေးချယ် ခံခဲ့ရသည့် လူငယ် ကစားသမား စည်သူအောင်က သွင်းယူပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Soccer Myanmar
No comments:
Post a Comment