Thursday 7 February 2013

ခုံးကျော်တံတား စီမံကိန်းနေရာများတွင် ယာဉ်ကြောပိတ်ဆို့မူကို ဖြေရှင်းရန်အတွက် ယာဉ်ထိန်းဆိုင်ကယ်များ ထားရှိပြီး စောင့်ကြည့်အရေးယူ


ခုံးကျော်တံတား စီမံကိန်း နေရာများတွင် ယာဉ်ကြောပိတ်ဆို့မူများကို ဦးစားပေး ဖြေရှင်းရန်အတွက် စီမံကိန်းနေရာများတွင် ယာဉ်ထိန်းမော်တော်ယာဉ် နှစ်စီးထားရှိကာ
ယာဉ်ကြောပြောင်းပြန် ကျော်တက်မောင်းနှင်သော မော်တော်ယာဉ်များ၊ စည်းကမ်းပျက် မောင်းနှင်သော ယာဉ်များကို စောင့်ကြည့်ဖမ်းဆီး အရေးယူမူများ ပြုလုပ်လျက် ရှိသည်။
ခုံးကျော်တံတား စီမံကိန်း နေရာများဖြစ်သော လှည်းတန်းလမ်းဆုံ ရွှေဂုံတိုင်လမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံ နောက်ထပ်ယာဉ်ကြော ပိတ်သည့်နေရာများဖြစ်သော တာမွေငါးဂွ လမ်းဆုံနှင့် ရှစ်မိုင်လမ်းဆုံတို့တွင် တစ်နေရာလျှင် ယာဉ်ထိန်းမော်တော်ဆိုင်ကယ် နှစ်စီးစီ ထားရှိကာ စည်းကမ်းပျက် မော်တော်ယာဉ်များကို စောင့်ကြည့်ဖမ်းဆီး အရေးယူလျက်ရှိကြောင်း ရွှေဂုံတိုင်မီးပွိုင့်တွင် အဆိုပါ တာဝန်ကို ထမ်းဆောင်နေသော ယာဉ်ထိန်းရဲ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
''ခုံးကျော်တံတား စီမံကိန်း နေရာ သုံးနေရာ ရှိပါတယ်၊ တစ်နေရာကို ဆိုင်ကယ်နှစ်စီးနှင့် ခုံးကျော်တံတားတွေမှာ ဆိုင်ကယ်ခြောက်စီး ထားရှိတယ်၊ တခြားကားကြပ်တဲ့ တာမွေငါးဂွဆုံတို့ ရှစ်မိုင်လမ်းဆုံတွေမှာလည်း ချထားတယ် ဘယ်လိုအရေးယူ ဆောင်ရွက်တာလည်းဆိုတော့ ဒီလိုနေရာမျိုးတွေမှာ စောင့်နေတယ် လမ်းပြောင်းပြန်ကျော်တက် မောင်းနှင်လာတာတွေကို ဆိုင်ကယ်နဲ့လိုက်ပြီး ဖမ်းတယ် ဖမ်းတဲ့အခါမှာ ချလံဖြတ်ပြီးတော့ သူတို့ဆီက လိုင်စင်သိမ်းတယ်၊ လမ်းပြောင်းပြန်ပုဒ်မနဲ့ အရေးယူတယ် တားလို့မှ မရပ်ဘူး မောင်းပြေးတယ်ဆိုရင် ရဲတားမရပ်တဲ့ ပုဒ်မဆိုတာရှိတယ် အဲ့ဒါနဲ့ အရေးယူပါတယ်'' ဟု ရွှေဂုံတိုင်မီးပွိုင့်တွင် အဆိုပါ တာဝန်ကို ထမ်းဆောင်နေသော ယာဉ်ထိန်းရဲ တစ်ဦးက ပြောသည်။
ထိုသို့ဖြေရှင်းရန်အတွက် မြို့နယ်ဧရိယာပေါ် မူတည်၍ တပ်ဖွဲ့တစ်စုလျှင် ဒုရဲမှူးတစ်ဦး အပါအဝင် ၁ဝ ဦးမှ ၃ဝ ဦးထိ ပါဝင်ဖွဲ့စည်းထားကာ နောက်ထပ်ရွေ့လျား ယာဉ်ကြောထိန်းသိမ်းရေး အဖွဲ့ ဖွဲ့စည်းသွားမည်ဟု သိရသည်။
EMG

No comments:

Post a Comment