Friday 8 February 2013

ဆက်သွယ်ရေး နေရာ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း ဖြစ်လာမည်

ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမြတ်ဟိန်း (လက်ရှိကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ) ကို လည်းကောင်း၊နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းကိုလည်းကောင်းခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့် ထံ သို့ ဖေဖ၀ါရီ ၅ရက် ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ကြောင်း ယနေ့(ဖေဖ၀ါရီ ၈ရက်) ကျင်းပသောပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်နာယကက သမ္မတ၏ သ၀ဏ်လွှာကို ဖတ်ကြားကာ ပြောကြားသည်။ လက်ရှိနယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးသိန်းဌေးမှာ မူလ စစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ပေးရန် စီစဉ်ထားကြောင်းလည်း သမ္မတ၏ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
ထို့ကြောင့်ပြည်ထောင်စုလွှတ်တော်မှ ကိုယ်စားလှယ်များအနေဖြင့် ကန့်ကွက်လိုသူရှိပါက ဖေဖ၀ါရီ ၁၁ရက်နောက်ဆုံးထားအမည်စာရင်းပေး သွင်းရန် ပြည်ထောင်စုလွှတ်တော်နာယကကကြေညာခဲ့သည်။
7DaysNewsJouranl

1 comment:

  1. တို့ကတော့စောင့်ကြည်မယ် ။ဒီဝန်ကြီးက sim card ကို ငါးထောင်နှင့်ခုရောင်းပေးမလား
    ငါးသောင်းနှင့်ပဲခုချက်ချင်းရောင်းတော့မလား

    ReplyDelete