Thursday 7 February 2013

မွန်ဘိုင်းရှိ ဆောက်လက်စ မိုးပျံလမ်း ပြိုကျမှုကြောင့် လူသုံးဦး သေဆုံး


ha-7-2-8အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွန်ဘိုင်းရှိ ပင်မလေဆိပ်တွင် ဆောက်လုပ်နေသော မိုးပျံလမ်းတစ်ခု ပြိုကျခဲ့ရာ လူသုံးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ခြောက်ဦးရှိခဲ့ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
တံတား၏ ကြီးမားသော အစိတ်အပိုင်း တစ်ခုသည် ဖေဖော်ဝါရီလ ၆
ရက်နေ့က ပြုတ်ကျခဲ့ရာ အပျက်အစီးများ ကြားတွင် လူပေါင်းများစွာ ပိတ်မိခဲ့ကြောင်းနှင့် အများစုမှာ ဆောက်လုပ်ရေး လုပ်သားများ ဖြစ်ကြကြောင်း အကြီးတန်း စုံစမ်းစစ်ဆေးရေး ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
အဆိုပါ မိုးပျံလမ်း တည်ဆောက်ရေးသည် Chhatrapati Shivaji နိုင်ငံတကာ လေဆိပ်ဂိတ်ပေါက် အသစ်အတွက် အဓိက စီမံကိန်းတစ်ခု ဖြစ်သည်
EMG

No comments:

Post a Comment