Friday 8 February 2013

“ဘာစီလိုနာနှင့် သက်တမ်းတိုးစာချုပ်သစ် မက်ဆီ တရားဝင် လက်မှတ်ရေးထိုး”

Messiအာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီသည် စပိန်ထိပ်သီး ဘာစီလိုနာအသင်းတွင် ၂၀၁၈ ခုနှစ်အထိ ဆက်ရှိနေမည့် ၂ နှစ်သက်တမ်းတိုး စာချုပ်သစ်ကို ကြာဿပတေးနေ့က တရားဝင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။ မက်ဆီ၊ ပူယိုးလ်၊ ဇာဗီတို့အား စာချုပ်သက်တမ်းတိုး ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း
ဘာစီလိုနာက ယခင်ကတည်းက ပြောကြားထားခဲ့ပြီး ပူယိုးလ်နှင့် ဇာဗီတို့မှာ ပြီးခဲ့သည့် လအတွင်း၌ စာချုပ်သစ် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။



(သက်တမ်းတိုးစာချုပ်သစ်တွင် လက်မှတ်ရေးထိုးနေသည့် မက်ဆီ)

မက်ဆီကလည်း ၎င်းတို့နှစ်ဦးကဲ့သို့ပင် ဘာစီလိုနာအသင်းနှင့် စာချုပ်သစ်ကို ကြဿပတေးနေ့ လက်မှတ်ထိုးလိုက်ခြင်း ဖြစ်သည်။ မက်ဆီသည် စာချုပ်သစ်ကို ဘာစီလိုနာဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်၊ ဒုတိယဥက္ကဋ္ဌ ဂျိုးဇက်ပ် မာရီယာနှင့် အားကစားဒါရိုက်တာ အန်ဒိုနီ ဇူဘီဇာရက်တာတို့နှင့်အတူ လက်မှတ်ရေးထိုးခဲ့သည်။

Messi

(မက်ဆီနှင့် ဘာစီလိုနာဥက္ကဋ္ဌ ဆန်ဒရို)

စာချုပ်သစ်အရ မက်ဆီသည် ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်အထိ ဘာစီလိုနာတွင် ရှိနေမည်ဖြစ်ပြီး အသားတင် လုပ်ခလစာ ယူရိုငွေ ၁၁ သန်း ရရှိနိုင်မည်ဖြစ်သည်။ မက်ဆီသည် ယခုနှစ်ဘောလုံးရာသီတွင် လက်ရှိအချိန်အထိ ဘာစီလိုနာအတွက် ၃၄ ပွဲကစားပြီး ၄၅ ဂိုးသွင်းယူခဲ့သည်။

Messi

(ဘာစီလိုနာအသင်း ရုံးခန်သို့ ရောက်ရှိလာသည့် မက်ဆီ)

ထို့အပြင် မက်ဆီသည် ၂၀၁၂ ခုနှစ်အတွင်း စုစုပေါင်း ၉၁ ဂိုးသွင်းယူနိုင်ခဲ့ကာ ၁၉၇၂ ခုနှစ်က ဘိုင်ယန်မြူးနစ်နှင့် အနောက်ဂျာမနီ ကစားသမား ဂရတ်မူလာ၏ ၈၅ ဂိုးဖြင့် တစ်နှစ်အတွင်း ဂိုးအများဆုံးစံချိန်ကိုလည်း ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့သည်။
Planet.com.mm

No comments:

Post a Comment