Thursday 7 February 2013

"မိုးညှင်းမြို့နယ်မှာ ကျောက်တူးသူ နဲ့ ဈေးသည်တွေကို ပြောင်းရွှေ့ခိုင်းနေ"



ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာရဲ့ အနောက်ဘက် သုံးမိုင်အကွာမှာရှိတဲ့ နမ့်ချီမှော်မှာ ကျောက်စိမ်းနဲ့ ရွှေတူးဖော် လုပ်ကိုင်နေသူတွေနဲ့ ဈေးရောင်းချနေသူ အားလုံးကို အဲဒီဒေသတစ်ဝိုက်မှာ လုံခြုံရေးယူနေတဲ့ လှုပ်ရှားတပ်တွေ က ဖေဖေါ်ဝါရီလ ၆ ရက်နေ့ မနေ့ကစပြီး ၄ ရက်အတွင်း အပြီးပြောင်းရွေ့ခိုင်းနေပါတယ်


နမ့်ချီမှော်မှာစီးပွားရှာလုပ်ကိုင်နေသူတွေကိုလုံခြုံရေးအကြောင်းပြပြီး ဒေသခံလှုပ်ရှားတပ်တွေက နှုတ်မိန့်နဲ့ ပြောင်းရွှေ့ခိုင်းနေတာလို့ ဒေသခံ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီ နမ့်ချီမှော်မှာ စီးပွားရှာနေကြသူတွေဟာ လယ်ယာ လုပ်ငန်းတွေ အဆင်မပြေလို့ အနယ်နယ် အရပ်ရပ်က ရွှေ့ပြောင်းလုပ်ကိုင် စားသောက်ကြသူတွေဖြစ်ပြီးအနည်းဆုံးအိမ်ထောင်စုပေါင်း နှစ်ထောင်
လောက်ရှိပါတယ်။

အခုလို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေတဲ့အတွက် သူတို့ရဲ့စားဝတ်နေရေး အခက်အခဲဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းတွင်း လုပ်ကွက်တွေဖက်မှာလည်း တနိုင်တပိုင်လုပ်ကိုင်သူတွေကို ဒေသလုံခြုံရေး အာဏာပိုင်တွေက ပြောင်းရွှေ့ခိုင်းနေတယ်လို့ သိရပါတယ်။

Credit to :RFA Burmese

No comments:

Post a Comment