Monday, 7 January 2013

ထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု

ထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု

မြန်မာနိုင်ငံရဲ့ ရှမ်းရိုးမ တောင်တန်းကြီးတွေမှာ ရှိတဲ့ တောနက်တစ်နေရာမှာ ရှိတဲ့ ကန်ကြီးတစ်ကန်အနီးက ကျောက်ဆောင်တွေကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ။ နေရာအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ် ။ ဒီပုံဟာ ရှုထောင့်တစ်ခုကနေပြီး ကျောက်ဆောင်တွေပေါ်ကို နေရောင်ခြည် ကျရောက်နေတဲ့အချိန်မှာ ရိုက်ကူးထားတာဖြစ်ပါတယ် ။ သင့်ရဲ့ ဦးခေါင်းကို ဘယ်မှ ညာ ၊ ညာမှ ဘယ်သို့ စောင်းပြီးကြည့်ကြည့်ပါ ။ ဘာထူးခြားသလဲလို့ ။

ဘာထူးခြားမှုကို သင်တွေ့ပါသလဲ ။
အခုပုံကို အတည့်အတိုင်း ထောင်ကြည့်လိုက်ပါ ။

အံ့သြဖွယ်ကောင်းလောက်အောင်ပဲ ဘုရားရှိခိုးနေတဲ့ ပုံလေးထွက်ပေါ်လာပါတယ် ။သဘာဝတရားကြီးက အံသြဖွယ်ရာကောင်းပါတယ် ။ ဒါဟာ ဓါတ်ပုံပညာနဲ့ ဖန်တီးထားခြင်းမဟုတ်ပါဘူး ။ ထေရ၀ါဒ ဗုဒ္ဓဘာ သာနိုင်ငံမှာ သဘာဝကျောက်ဆောင်တွေမှာတောင် ဘုရား တရားရဲ့ အငွေ့အသက်တွေ ကိန်းအောင်း လို့နေပါတယ် ။

သဘာဝတရားကို လေးစား ချစ်ခင်မြတ်နိုးပါ ။ တန်ဖိုးထားပါ
မြန်မာနိုင်ငံရဲ့ ရှမ်းရိုးမ တောင်တန်းကြီးတွေမှာ ရှိတဲ့ တောနက် တစ်နေ ရာမှာ ရှိတဲ့ ကန်ကြီး တစ်ကန် အနီးက ကျောက်ဆောင်တွေကို ရိုက်ကူး ထားခြင်း ဖြစ်ပါတယ် ။ နေရာအတိအကျကိုတော့ စုံစမ်းနေ ဆဲဖြစ် ပါတယ် ။ ဒီပုံဟာ ရှုထောင့် တစ်ခု ကနေပြီး ကျောက်ဆောင်တွေပေါ် ကို နေရောင်ခြည် ကျရောက်နေတဲ့အချိန်မှာ ရိုက်ကူး ထားတာဖြစ်

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတတ်ရေး ပါတီ သဘောထား ကြေညာချက်



   ယခုအချိန်တွင် တပ်မတော်နှင့် ကေအိုင် အို၊ ကေအိုင်အေတို့အကြား တိုက်ပွဲ ဖြစ်ပွားနေ သည်မှာ နှစ်နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်ပါသည်။ ထိုစစ် ပွဲ များကြောင့် ဒေသခံရှမ်း၊ ကချင်ပြည်သူများ စစ်ဘေးရှောင် ဒုက္ခသည်များ အဖြစ်သို့ ရောက်ရှိ နေ ပါသည်။ မိမိတို့၏ ကျေးရွာ၊ အိုးအိမ်များကို စွန့်ပစ်၍ လုံခြုံမှုရှိရာ ဒေသများတွင် ဖြစ်သလို နေထိုင်

အိန္ဒိယ နိုင်ငံ၌ တရားမဝင် ကျောက်ကပ် အစားထိုးမှုတွင် ပါဝင်ခဲ့သူ ခုနစ်ဦး ဖမ်းဆီးရမိ

အိန္ဒိယ နိုင်ငံ၌ တရားမဝင် ကျောက်ကပ် အစားထိုးမှုတွင် ပါဝင်ခဲ့သူ ခုနစ်ဦး ဖမ်းဆီးရမိ

အိန္ဒိယ နိုင်ငံ ကာနာတာကာ ပြည်နယ် ရာမန် နဂါရာမြို့၌ မကြာသေးမီ ရက်ပိုင်း အတွင်းက တရားမဝင် ကျောက်ကပ် အစားထိုးမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ ခုနစ်ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ တရားခံ ခုနစ်ဦးအား အိန္ဒိယ ပြစ်မှုဆိုင်ရာ ဥပဒေနှင့် ၁၉၉၄ ခုနှစ်က ချမှတ်ခဲ့သည့် လူသားများ၏ ခန္ဓာကိုယ် အစိတ်အပိုင်း များအား တရားမဝင် အစားထိုး ကုသခြင်း ဆိုင်ရာ ဥပဒေများ အရ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းအဖွဲ့အား ဖမ်းဆီးနိုင်ရန် အတွက် အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း၍ လုပ်ဆောင် ခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ အကြီးအကဲ တစ်ဦးက ပြောကြားခဲ့သည်။

အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့သည် ၎င်းကျောက်ကပ် အစားထိုး လုပ်ငန်းတွင် ပါဝင်ခဲ့သည့် တရားမဝင် ဂိုဏ်းတစ်ခုမှ လူနှစ်ဦးအား ပုဂ္ဂလိက ဆေးရုံများမှ သိမ်းဆည်း ရမိသော သတင်းအချက် အလက်နှင့် အထောက် အထားများ အရ ရှေးဦးစွာ ဖမ်းဆီး မိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အထူး စုံစမ်းစစ်ဆေးရေး တပ်ဖွဲ့သည် ကျန်ရှိသော တရားခံ ငါးဦးအား သဲလွန်စ များပေါ် အခြေခံ၍ နှစ်ဦးချင်းစီ စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၄ ရက်က ဖမ်းဆီး မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/3767-2013-01-07-10-27-50 အိန္ဒိယ နိုင်ငံ ကာနာတာကာ ပြည်နယ် ရာမန် နဂါရာမြို့၌ မကြာသေးမီ ရက်ပိုင်းအတွင်းက တရားမဝင် ကျောက်ကပ် အစားထိုးမှုတွင် ပါဝင်ခဲ့ သည်ဟု ယူဆရသူ ခုနစ်ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

နှစ်ပေါင်းငါးဆယ်အတွင်း လူသားပုံတူမျိုးပွားနိုင်တော့မည်

နှစ်ပေါင်းငါးဆယ်အတွင်း လူသားပုံတူမျိုးပွားနိုင်တော့မည်
Monday, January 07, 2013 

မတော်တဆဖြစ်ရပ်များကြောင့် ရင်သွေးငယ်များဆုံးရှုံးခဲ့ရသူ မိဘများ အနေနှင့် နောင်နှစ်ငါးဆယ်အတွင်း ၄င်းတို့၏သွေးသားများအား ပုံတူပွား နိုင်မည်ဖြစ်ကြောင်း ၂၀၁၂ဆေးပညာ နိုဘယ်ဆုရဗြိတိန် သိပ္ပံပညာရှင်ကပြော ကြားလိုက်သည်။

၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များ အတွင်း ဖားများကိုပုံတူမျိုးပွားခဲ့သည့် ဆာဂျွန်ဂါဒင်၏ နည်းစနစ်ဖြင့် ၁၉၉၆ ခုနှစ်တွင် အီဒင်ဘာရာတက္ကသိုလ် သုတေသီများက ကမ္ဘာ့ပထမဆုံး ဒေါ်လီ သိုးမလေးကို ပုံတူမျိုးပွားနိုင်ခဲ့ သည်။ နိုဘယ်ဆုရှင် ဆာဂျွန်ဂါဒင်ကရာစုနှစ် ဝက်အတွင်းလူသားပုံတူ မျိုးပွားနိုင်တော့ မည်ဖြစ်ကြောင်းအခိုင်အမာဆိုထားသည်။

လူတစ်ယောက်လုံးကိုအတိအကျ ပုံတူမျိုးပွားခြင်းသည်ကျင့်ဝတ်ပိုင်းဆိုင် ရာ အငြင်းပွားမှုပြဿနာများ ရှိလာ မည်ဧကန်ဖြစ်သော်လည်းအဆိုပါနည်း ပညာသည်ဆေးပညာအရလူသားများ အားကောင်းစွာအကျိုးပြုလာနိုင်
သည့် အခါအငြင်းပွားမှုများ လျော့ပါးသွား မည်ဖြစ်ကြောင်းလည်း ဆာဂျွန်ဂါဒင်က ဆိုသည်။

ခန္ဓာကိုယ်ပြင်ပ သန္ဓေသားစပ်ခြင်းသည် စတင်ပေါ်ပေါက်စဉ်က သံသယဖြစ်ဖွယ်နည်းပညာတစ်ခုဖြစ် သော်လည်း ၁၉၇၈ ခုနှစ်တွင်ကမ္ဘာ့ ပထမဆုံးဖန်ပြွန်သန္ဓေသားဖြစ်လာသည့် လူဝီဘရောင်း ကို အောင်အောင်
မြင်မြင် မွေးဖွားပြီးနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့်လက်ခံ လာခဲ့သည့် နည်းပညာတစ်ခုဖြစ်လာခဲ့သည်။

ယနေ့ပုံတူမျိုးပွားခဲ့သမျှတိရစ္ဆာန် သန္ဓေသားများမှာ ပုံစံ ပျက်ယွင်းနေဆဲ
 ဖြစ်သောကြောင့်ပုံတူမျိုးပွား နည်းပညာများကို တိရစ္ဆာန်များတွင် စင်းလုံး ချောအပြစ်ကင်းအောင်လုပ်ဆောင်နိုင် မှသာလူသားတို့ အတွက်လက်တွေ့ စမ်းသပ်နိုင်မည် ဖြစ်သည်။

BBC ရေဒီယိုအစီအစဉ်တွင် ဆာဂျွန်ဂါဒင်က ဖားများကိုအောင် မြင်စွာ ပုံတူမျိုးပွားအပြီးမှာပင် နှစ်ငါး ဆယ်အတွင်း နို့တိုက်သတ္တဝါများ ပုံတူ
မျိုးပွားနိုင်တော့မည်ကို ကြိုတင် သိမြင်ခဲ့ကြောင်း၊ လူသားများပုံတူမျိုး ပွားနိုင်ရန်လည်း မကွာဝေးတော့ ကြောင်းထည့်သွင်းပြောကြားခဲ့သည်။
လူသားတစ်ဦးအား ပုံတူမျိုးပွား ခြင်းသည် ထပ်တူကျသည့် အမြွှာလူ သားတစ်ဦးဖန်တီးခြင်း ဖြစ်ရာသဘာဝ တရားကဖန်တီးထားသည်ကို ရိုးရှင်းစွာမိတ္တူပွားသည့် ဖြစ်စဉ်သာဖြစ်ကြောင်း ၄င်းကထပ်လောင်းပြော ကြားခဲ့သည်။ ကန်းဘရစ်ခ်ျတက္ကသိုလ် ကထိကတစ်ဦးလည်းဖြစ်သူ ဆာဂျွန် ဂါဒင်သည် သူ၏စာသင်ခန်းများ၌ ရင်သွေးဆုံးရှုံးထားသူ၊ ရင်သွေးမထွန်း ကားနိုင်တော့သူ မိဘများအနေနှင့် မိခင်ထံမှ သားဥအိမ်၊ ပထမရင်သွေး ထံမှ အရေပြားဆဲလ်တို့ကိုစုဆောင်း၍ နောက်ထပ်
ရင်သွေးတစ်ဦး ပုံတူပွား သင့်မသင့် မေးမြန်းလေ့ရှိသည်။ ထိုအယူအဆ
ကိုလက်ခံသူ ကျောင်းသား ၆၀ ရာနှုန်းခန့်ရှိပြီး ကျန်လက်မခံသူများမှာ
ပုံတူမျိုးပွားခံရသည့်ကလေး ငယ်သည် အဖြစ်မှန်ကိုသိရပါက မိမိကိုယ်ကို
အစားထိုးခံသတ္တဝါတစ်ဦး အဖြစ် သိမ်ငယ်စိတ်ဝင်မည့်အရေးကို ကန့်ကွက်
ကြခြင်းဖြစ်သည်။

Source: ANI
Health Updates Journal
မတော်တဆဖြစ်ရပ်များကြောင့် ရင်သွေးငယ်များဆုံးရှုံးခဲ့ရသူ မိဘများ အနေနှင့် နောင်နှစ်ငါးဆယ်အတွင်း ၄င်းတို့၏သွေးသားများအား ပုံတူ ပွား နိုင်မည်ဖြစ်ကြောင်း ၂၀၁၂ဆေးပညာ နိုဘယ်ဆုရဗြိတိန် သိပ္ပံ ပညာရှင် ကပြော ကြားလိုက်သည်။
၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များ အတွင်း ဖားများကိုပုံတူမျိုးပွားခဲ့သည့် ဆာဂျွန်ဂါဒင်၏ နည်းစနစ်ဖြင့် ၁၉၉၆ ခုနှစ်တွင် အီဒင်ဘာရာတက္ကသိုလ်

ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိမှုအပေါ် စစ်ဆေးမှု ပြီးစီခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဖြေရလဒ် တင်ပြထားကြောင်း သိရ

ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိမှုအပေါ် စစ်ဆေးမှု ပြီးစီခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဖြေရလဒ် တင်ပြထားကြောင်း သိရ 
Monday, 07 January 2013

ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်အတွင်းရှိ ဒိုင်းမွန်းစတားကုမ္ပဏီမှ မှာယူထားသော ဂျုံစေ့များထည့်ထားသည့် ကွန်တိန်နာအတွင်း လက်နက်ခဲ့ယမ်းများ တွေ့ရှိမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုပြီးစီးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဖြေရလဒ် တင်ပြထားပြီးဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူ
တစ်ဦး၏ ပြောကြားချက်အရ သိရသည်။      

"ကျွန်တော်တို့အနေနဲ့က ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ အားလုံးကို စစ်ဆေးပြီးသွားပါပြီ။ ရလာတဲ့အဖြေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ စစ်ဆေးချက်အဖြေကိုတော့
ပြောပိုင်ခွင့်တော့ မရှိပါဘူး" ဟု ကွန်တိန်နာအတွင်း လက်နက်ခဲယမ်း
ပါရှိမှုတွင် စုံစမ်းစစ်ဆေးခဲ့သည့်အဖွဲ့မှ ရဲမှူးမြင့်အေးမှ ပြောခဲ့သည်။         

အဆိုပါ လက်နက်ခဲယမ်းများပါရှိသော ကွန်တိန်နာမှာ M.V Vission 1204 သဘောင်္နှင့် ရန်ကုန်ဆိပ်ကမ်းရှိ MITT တံတားသို့ စက်တင်ဘာလ ၁၂ ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး ၄င်းကွန်တိန်နာ အပါအ၀င် ဒိုင်းမွန်းစတားကုမ္ပဏီ၏ ဂျုံစေ့ကွန်တိန်နာ အလုံး ၄၀ အား စက်တင်ဘာလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် ဆိပ်ကမ်းမှ ထုတ်ယူခဲ့ကြောင်း သိရသည်။

ကွန်တိန်နာအတွင်း လက်နက်ခဲယမ်းများ ပါရှိမှုမှာ ကုမ္ပဏီနှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့် လက်နက်ခဲယမ်းများ တွေ့ရှိချိန်မှစ၍လည်း သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း ကုမ္ပဏီတာဝန်ရှိသူမှ
ဖြစ်စဉ်ဖြစ်ပွားချိန်အတွင်း ပြောကြားခဲ့သည်။            

ယင်းဖြစ်စဉ်ဖြစ်ပွားချိန်တွင် သီလ၀ါဆိပ်ကမ်းရှိ X-ray စက်မှာ ပျက်နေကြောင်း၊ ကွန်တိန်နာအတွင်းရှိ ဂျုံအိတ်များကို X-ray နဲ့မစစ်ဘဲ ဆူးထိုးပြီးစစ်ဆေးခဲ့ကြောင်း၊ လက်နက်ခဲယမ်းပါရှိသော ကွန်တိန်နာမှာ စင်ကာပူဆိပ်ကမ်းမှ လာရောက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Eleven Media Group ဒဂုံမြို့သစ်အရှေ့ပိုင်း စက်မှုဇုန်အတွင်းရှိ ဒိုင်းမွန်းစတားကုမ္ပဏီမှ မှာယူ ထားသော ဂျုံစေ့များထည့်ထားသည့် ကွန်တိန်နာအတွင်း လက်နက် ခဲ့ယမ်းများ တွေ့ရှိမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုပြီးစီးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အဖြေရလဒ် တင်ပြ ထားပြီးဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြား ချက်အရ သိရသည်။

မြန်မာ့မီးရထား (မြို့ပတ်)အား မြန်နှုန်းတင်မောင်းနှင်ရင်ခက်ခဲမှုရှိဆဲ

မြန်မာ့မီးရထား (မြို့ပတ်)အား မြန်နှုန်းတင်မောင်းနှင်ရင်ခက်ခဲမှုရှိဆဲ 
( The Hot News )

ရန်ကုန်မြို့တွင်လည်ပတ်ပြေးဆွဲလျက်ရှိသော ရန်ကုန်မြို့ ပတ်ရထားသည် ခရီးသွားပြည်သူများအတွက်နှောင့်နှေးကြန့်ကြာမှုရှိခြင်းကြောင့် အောက်ခြေရှိ အခြေခံလူတန်းစားများသည် ရထားထက် ကားကိုသာအသုံးပြု  သွားလာနေရပြီး လက်ရှိရန်ကုန်   မြို့တွင်းပြေးဆွဲလျက်ရှိသော ရထားများသည် မြန်ဆန်မှုနှင့်မှန်ကန်မှုရှိရန်လိုအပ်နေကြောင်း သိရှိရသည်။
အဆိုပါကဲ့သို့ ရန်ကုန်မြို့ ပတ်ရထားအား ယခုထက်ပိုမိုမြန် ဆန်စွာပြေးဆွဲနိုင်ရန်အတွက် ကြိုးစားလျက်ရှိကြောင်းကို မြန်မာ့ မီးရထားလုပ်ငန်းမှမြို့ပြအင်ဂျင် နီယာဌာနမှူးဦးတင်ဝင်းကပြော ကြားရာတွင် ““ရန်ကုန်ဘူတာကြီး   အပါအ၀င် ၃၈ဘူတာလုံးကိုပထမ  ဦးစားပေး၊ဒုတိယဦးစားပေး၊တတိ ယဦးစားပေးဆိုပြီး သုံးပိုင်းခွဲခြား  လုပ်နေတယ်။ပထမဦးစားပေး အနေနဲ့ပြီးသွားပြီ။အခု ဒုတိယ  ဦးစားပေးနဲ့တတိယဦးစားပေးလုပ်  ဖို့ရုံးချုပ်ကိုတင်ပြဖို့လုပ်နေတယ်။   အဲဒီအပေါ်မှာလည်းလုပ်ငန်းရှင်တွေကို တင်ဒါခေါ်ပြီးတော့ဆက် လုပ်သွားမယ်””ဟု ပြောကြားခဲ့ သည်။
လက်ရှိမြန်မာ့မီးရထားလုပ် ငန်းနှင့်ပတ်သက်၍အထက်ပါ ပုဂ်္ဂိုလ်ကဆက်လက်ပြောကြားရာ တွင်လည်း ““အရင်တုန်းက ရထား လမ်းတွေက သစ်သားဇလီဖာတုံးတွေဖြစ်တဲ့အတွက် ရထားမောင်း  နှင်ရာမှာ မြန်နှုန်းများများမပေး နိုင်ဘူး။အခုဦးတို့အနေနဲ့ကွန်ကရစ်  ဇလီဖာတုံးတွေကိုလဲလိုက်ရတယ်  ရထားလမ်းတွေကလည်း တောင့် တင်းကြံ့ခိုင်လာတယ်။ရထားရဲ့ မြန်နှုန်းကိုလည်း ယခင်ထက်ပိုပြီးတော့တိုးမြှင့်လို့ရတယ်။အဲဒီလိုတိုး မြှင့်လိုက်တဲ့အတွက်ရထားစီးရတဲ့ အချိန်တွေကလည်းနည်းသွား မယ်။အဲဒီလိုမြန်နှုန်းမြင့်မောင်းဖို့က      အဝေးပြေးရထားလမ်းတွေမှာပဲ ဖြစ်နိုင်မယ်။မြို့ပတ်ရထားလမ်းမှာ တော့ မြန်နှုန်းကို ယခုထက်တိုး မြှင့်မောင်းနှင်ဖို့တော့ မဖြစ်နိုင် တော့ဘူး။ဘာလို့လည်းဆိုတော့  ရထားတစ်ဘူတာနဲ့တစ်ဘူတာ လည်း ကပ်တယ်။ရထားတစ်စင်း နဲ့တစ်စင်းကလည်း ဆက်နေတာ  ဆိုတော့ သူ့ထက်တော့မြန်နှုန်းမြှင့် ဖို့မောင်းဖို့မဖြစ်နိုင်သေးဘူး””ဟု ပြောကြားခဲ့သည်။
မြန်မာ့မီးရထားလမ်းအား ယခုထက်ပိုမိုအဆင့်မြင့်ပြေးဆွဲ  နိုင်ရန်အတွက် JICA  မှတာဝန်ရှိ သူများက မကြာခဏလာရောက် ကြည့်ရှုလျက်ရှိကြောင်း မကြာမီ တွင် ရန်ကုန်နှင့်မန္တလေးရထား လမ်းအား မြန်မာနှင့်ဂျပန်ပူးပေါင်း   ကာအဆင့်မြင့်တင်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

ဖြိုးအောင်

http://www.hotnewsweekly.com/archives/15628 ရန်ကုန်မြို့တွင်လည်ပတ်ပြေးဆွဲလျက်ရှိသော ရန်ကုန်မြို့ ပတ်ရထား သည် ခရီးသွားပြည်သူများအတွက်နှောင့် နှေးကြန့်ကြာမှု ရှိခြင်းကြောင့် အောက်ခြေရှိ အခြေခံလူတန်းစားများသည် ရထားထက် ကားကိုသာအသုံးပြု သွားလာနေရပြီး လက်ရှိရန်ကုန် မြို့တွင်းပြေး ဆွဲလျက် ရှိသော ရထားများသည် မြန်ဆန်မှုနှင့်မှန်ကန်မှုရှိရန်လို အပ်နေကြောင်း သိရှိရသည်။

၂ဝ၁၂ ခုနှစ် အတွင်း ရန်ကုန် မြို့တော်၌ ယာဉ်မတော် တဆ မှုပေါင်း ၁၂၄၂ မှု ဖြစ်ပွား၊ သေဆုံးသူ ၂၉၁ ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၁၆၉ ဦးရှိခဲ့

၂ဝ၁၂ ခုနှစ် အတွင်း ရန်ကုန် မြို့တော်၌ ယာဉ်မတော် တဆ မှုပေါင်း ၁၂၄၂ မှု ဖြစ်ပွား၊ သေဆုံးသူ ၂၉၁ ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၁၆၉ ဦးရှိခဲ့

၂ဝ၁၂ ခုနှစ် တစ်နှစ်တာ ကာလ အတွင်း ရန်ကုန် မြို့တော်၌ ယာဉ်မတော် တဆမှုပေါင်း ၁၂၄၂မှု ဖြစ်ပွား ခဲ့ပြီး အဆိုပါ ဖြစ်စဉ် များကြောင့် သေဆုံးသူ ၂၉၁ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ဦးရေမှာ ၁၈၆၉ ဦး အထိရှိ ခဲ့ကြောင်း  ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူး ရုံးမှ သိရသည်။

အဆိုပါယာဉ် မတော်တဆ မှုများအနက်  ဒီဇင်ဘာ လတွင် ယာဉ်မတော် တဆမှု ၁၃၆မှု ဖြစ်ခဲ့ပြီး  သေဆုံး သူ ၃၁ ဦးနှင့် ထိခိုက် ဒဏ်ရာ ရရှိသူ ၁၆၉ဦး အထိ ရှိခဲ့သည်။  မဆင်မခြင် မောင်းနှင် မှုများကြောင့်  ဒီဇင်ဘာလ ၂၅ရက် နောက်ပိုင်း နှစ်သစ် မကူးမီ ၃၁ရက် အထိ ယာဉ်မတော် တဆမှုများ စံချိန်တင်များ ပြားခဲ့သည်ဟု သိရသည်။ ထို့ပြင် ယာဉ်ယာဉ်ချင်း ဆင့်တိုက်မှု ဖြစ်စဉ် များလည်း အဖြစ်များ ခဲ့ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ တွင်လည်း ယာဉ်မတော် တဆ ဖြစ်ပွားမှု များပြားခဲ့ပြီး မတော်တဆ မှု ၁၁၂ မှု၊ သေဆုံးသူ ၃၁ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂၆ ဦး ရှိခဲ့သည်။ ယင်းအပြင် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ ဇွန်လနှင့်  နိုဝင်ဘာလ တို့တွင်လည်း ယာဉ်မတော် တဆမှု ၁ဝဝ မှု အထက် ဖြစ်ပွား ခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် ယာဉ် မတော် တဆမှုများ များပြားခဲ့ပြီး ပြီးခဲ့သည့် နှစ်ထက် ပိုမို အဖြစ်များ ခဲ့သည်ဟု သိရသည်။

ယာဉ်မတော် တဆ ဖြစ်ပွားခဲ့ မှုများသည် လစဉ်ပျမ်းမျှ အနေဖြင့် ၁ဝ၃ မှုနှင့် အထက် ရှိနေပြီး သေဆုံးမှုတွင်  လစဉ် ပျမ်းမျှ ၂၄ဦးခန့် ယာဉ်မတော် တဆ ဖြစ်စဉ် များကြောင့် သေဆုံး နေရသည်။ ထိခိုက်ဒဏ်ရာ ရရှိမှု တွင်လည်း ၁၅၆ ဦးခန့် လစဉ်ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ယာဉ်မတော် တဆ ဖြစ်စဉ်များသည် လမ်းများကို အသုံးပြု နေကြ သူများ၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အပေါ်တွင် မူတည်နေကြောင်း  မြို့ပြ ရေးရာ ကျွမ်းကျင်သူ သုတေ သီများက သုံးသပ် ကြသည်။

http://www.myawady.net.mm/allnews/localnews/item/3764-2013-01-07-10-21-17
၂ဝ၁၂ ခုနှစ် တစ်နှစ်တာ ကာလအတွင်း ရန်ကုန် မြို့တော်၌ ယာဉ်မတော် တဆမှုပေါင်း ၁၂၄၂မှု ဖြစ် ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များကြောင့် သေဆုံးသူ ၂၉၁ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ဦးရေမှာ ၁၈၆၉ ဦး အထိရှိ ခဲ့ကြောင်း ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူး ရုံးမှ သိရသည်။

ဂျွန်ဘရင်နန်အား CIA ညွှန်ကြားရေးမှူးအဖြစ် သမ္မတအိုဘားမား အမည်တင်သွင်း

ဂျွန်ဘရင်နန်အား CIA ညွှန်ကြားရေးမှူးအဖြစ် သမ္မတအိုဘားမား အမည်တင်သွင်း
Monday, January 07, 2013

အမေရိကန်သမ္မတ ဘာရတ် အိုဘားမားသည် ၎င်း၏ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အကြံပေးအဖွဲ့ အကြီးအကဲ ဂျွန်ဘရင်နန်အား CIA ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ရန် ယနေ့ အမည်စာရင်း တင်သွင်းလိုက်သည်။ ဘရင်နန်သည် CIA တွင် ၂၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ဝါရင့်ထောက်လှမ်းရေး အရာရှိ
တစ်ဦးလည်း ဖြစ်သည်။

၎င်းသည် နိုင်ငံရပ်ခြားတွင် အမေရိကန်၏ မောင်းသူမဲ့တိုက်လေယာဉ်များ အသုံးပြုရေးနှင့် ၂၀၁၁ ခုနှစ်က အယ်လ်ကေဒါး အကြမ်းဖက်အဖွဲ
ခေါင်းဆောင် အိုစမာ ဘင်လာဒင်အား ရှာဖွေသုတ်သင်ရေးတို့တွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

Planet Myanmar Network
အမေရိကန်သမ္မတ ဘာရတ် အိုဘားမားသည် ၎င်း၏ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အကြံပေးအဖွဲ့ အကြီးအကဲ ဂျွန်ဘရင်နန်အား CIA ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ရန် ယနေ့ အမည်စာရင်း တင်သွင်းလိုက်သည်။ ဘရင်နန်သည် CIA တွင် ၂၅ နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့သော ဝါရင့်ထောက်လှမ်းရေး အရာရှိ တစ်ဦး လည်း ဖြစ် သည်။

အိမ်ခေါင်ပေါ်မှ ငါးမန်းတောင်များ

အိမ်ခေါင်ပေါ်မှ ငါးမန်းတောင်များ
Monday, January 07, 2013

ဟောင်ကောင်တွင် ငါးမန်းတောင် ရောင်းချသည့် လုပ်ငန်းများက ငါးမန်းတောင်များကို အခြောက်လှန်းရာတွင် နေအိမ် အမိုးပေါ်တွင် ထားရှိနေကြကြောင်း သိရသည်။ ယခင်က လမ်းဘေးများတွင် ငါးမန်းတောင်များကို ဖြန့်ကျက်ကာ လှန်းထားလေ့ ရှိသော်လည်း လမ်းသွားလမ်းလာများက ကန့်ကွက်မှုများ ကျယ်ပြန့်လာချိန်တွင် ယခုလို နေရာပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ပုံတွင် အိမ်ခေါင်မိုးများပေါ် လှန်းထားသည့် ထောင်နှင့်သောင်းနှင့်ချီသော ငါးမန်းတောင်များကို တွေ့မြင်နိုင်သည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ရှိသူများက ယင်းကဲ့သို့ ငါးမန်းများစွာကို သတ်ဖြတ်ပြီး ဆူးတောင်များ ရယူနေခြင်းကြောင့် အနာဂတ်တွင် သမုဒ္ဒရာဇီဝ ပတ်ဝန်းကျင် မညီမှုမျှများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေး ပြောဆိုထားသည်။

ငါးမန်းတောင် ရောင်းဝယ်ဖောက်ကားမှုသည် ပြီးခဲ့သည့် နှစ်ပိုင်းများ
အတွင်း ကျဆင်းလာသော်လည်း ဟောင်ကောင်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဈေးကွက်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။ ငါးမန်းတောင်ကို (အထူးသဖြင့် တရုတ်ပြည်တွင်) ဟင်းချိုအဖြစ် ပြုလုပ် စားသုံးလေ့ ရှိကြောင်းလည်း သိရသည်။

Planet Myanmar Network ဟောင်ကောင်တွင် ငါးမန်းတောင် ရောင်းချသည့် လုပ်ငန်းများက ငါးမန်းတောင်များကို အခြောက်လှန်းရာတွင် နေအိမ် အမိုးပေါ်တွင် ထားရှိနေကြကြောင်း သိရသည်။ ယခင်က လမ်းဘေးများတွင် ငါးမန်းတောင်များကို ဖြန့်ကျက်ကာ လှန်းထားလေ့ ရှိသော်လည်း လမ်းသွားလမ်းလာများက ကန့်ကွက်မှုများ ကျယ်ပြန့်လာချိန်တွင် ယခု လို နေရာပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ကေအိုင်အေအဖွဲ့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော တပ်ဖွဲ့ဝင်များအား နိုင်ငံတော်မှ နွေးထွေးစွာ ကြိုဆိုလျက်ရှိ


အိန္ဒိယကာကွယ်ရေးဝန်ကြီး ယခုလအတွင်း လာရောက်လည်ပတ်မည်

Photo: အိန္ဒိယကာကွယ်ရေးဝန်ကြီး ယခုလအတွင်း လာရောက်လည်ပတ်မည်
Monday, January 07, 2013 

မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်
နိုင်ရေး အတွက် အိန္ဒိယကာကွယ်ရေးဝန်ကြီး  A K Antony လာမည့်
ရက်သတ္တပတ်အနည်းငယ်အတွင်း လာရောက်လည်ပတ်မည်ဖြစ်ကြောင်း Press Trust of India ကရေးသားဖော်ပြသည်။

မစ္စတာ A K Antony သည် ဇန်နဝါရီလ ၂၂ ရက်မှ ၂၃ ရက်နေ့အထိ
မြန်မာနိုင်ငံသို့လာရောက်လည်ပတ်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာ စစ်တပ်အတွက် အရည်အသွေးတည်ဆောက်မှုဆိုင်ရာ ပူးပေါင်း လုပ်ဆောင်မှုများပြုလုပ်ရန် ဆွေးနွေးမည်ဖြစ်သည်ဟု အိန္ဒိယအစိုးရ အရာရှိကြီးများက ပြောကြားသည်။

မြန်မာလေတပ်မှ အရာရှိများကို ရုရှားနိုင်ငံလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် အိန္ဒိယလေတပ်က လေ့ကျင့်သင်ကြားပေးမှုများ တိုးမြှင့်ပြုလုပ်မည်ဟု မျှော်လင့်ရကြောင်း၊ မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်
များကို အိန္ဒိယရှိ စစ်တက္ကသိုလ်နှင့် အခြားသော အင်စတီကျုများသို့
ခေါ်ယူလေ့ကျင့်သင်ကြားပေးရန် သဘောတူညီချက်များ ပြုလုပ် လာမည်ဟုလည်း ခန့်မှန်းရကြောင်း ၎င်းတို့က ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် လတ်တလောနှစ်များအတွင်း မြန်မာနိုင်ငံနှင့် စေ့စပ် ညှိနှိုင်းမှုများ တိုးမြှင့်လုပ်ဆောင်လာသည်။ မကြာသေးခင်ကလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆယ်လမန်ကူးရှစ်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သေးသည်။ အိန္ဒိယ-မြန်မာနှစ်နိုင်ငံသည် ကီလို
မီတာ ၁၆၀၀ ရှည်လျားသော နယ်နမိတ်ချင်းထိစပ်လျက်ရှိပြီး နယ်စပ်
ဒေသရေးရာ စီမံခန့်ခွဲမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်ရန်လည်း ပြင်ဆင်လျက်ရှိသည်။

MTG
ကိုးကား - Bernama
The Myanma Age မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများ မြှင့်တင်နိုင်ရေး အတွက် အိန္ဒိယကာကွယ်ရေးဝန်ကြီး A K Antony လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း လာရောက် လည်ပတ် မည်ဖြစ်ကြောင်း Press Trust of India ကရေး သားဖော်ပြ သည်။
မစ္စတာ A K Antony သည် ဇန်နဝါရီလ ၂၂ ရက်မှ ၂၃ ရက်နေ့ အထိ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်မည်ဖြစ်ပြီး ခရီးစဉ်

မျှော်လင့်နေကြတဲ့ တန်ဖိုးနည်း တစ်သိန်းဖုန်း လာပြီ

Photo: မျှော်လင့်နေကြတဲ့ တန်ဖိုးနည်း တစ်သိန်းဖုန်း လာပြီ
Monday, January 07, 2013

ကျပ်တစ်သိန်းတန် GSM နှင့် ကျပ် ၁၂၀၀၀၀ တန် WCDMA ဆင်းမ်ကတ်များကို ဇန်နဝါရီ ဒုတိယပတ်မှ စတင်၍ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မိုဘိုင်း အင်ဂျင်နီယာဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောကြားသွားသည်။

အဆိုပါ မိုဘိုင်း ဆင်းမ်ကတ်များကို ယခင်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတစ်ခုတည်းမှ ရောင်းချသွားမည်ဟု ကြေညာခဲ့သော်လည်း ယခုအခါ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ပုဂ္ဂလိက ကုမ္ပဏီ ၁၃ ခုမှ တစ်ဆင့် ဖြန့်ဖြူး၍ ပြင်ပ ဖုန်းအရောင်းဆိုင်များတွင် လွတ်လပ်စွာ ဝယ်ယူနိုင်တော့မည်ဟု ယင်းက ဆိုသည်။

“ဆက်သွယ်ရေးက သတ်မှတ်ထားတဲ့ ဆိုင်တွေမှာ ရောင်းမယ်။ ရတနာပုံ၊ Elite အစရှိတဲ့ ကုမ္ပဏီတွေကနေ တစ်ဆင့်လည်း ဖြန့်ဖြူးသွား မယ်။ နှစ်သိန်းတန်ဖုန်းလိုပဲ ဘယ်ဆိုင်မှာမဆို ဝယ်လို့ရမှာပါ” ဟု ၎င်းက ပြောသည်။

ပြင်ပ ဖုန်းအရောင်းဆိုင်များသည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ရောင်းချခြင်း မပြုဘဲ ဆင်းမ်ကတ်များကို ဈေးနှုန်းမြှင့်၍ ရောင်းချပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

“အပြင်ဖုန်းဆိုင်တွေကိုတော့ ရောင်းတဲ့ရက် မတိုင်မီ ဈေးပိုမရောင်းဖို့ သတိပေးထားတယ်။ ဒါကလည်း ၂ သိန်းဖုန်းတုန်းကလို ဈေးနှုန်း မဖောင်းပွစေချင်လို့ပါ။ ရောင်းမယ့်ရက်ကိုတော့ ၁၁/၁၂ ရက်လောက် ခန့်မှန်းထားပါတယ်။ မရောင်းမီလည်း သတင်းစာထဲကနေ ကြေညာမှာပါ” လို့ ယင်းက ဆက်ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရန်ကုန်တိုင်းဒေသကြီးတွင် ရောင်းဆိုင် ၁၈ ခု ဖွင့်လှစ်ရောင်းချသွားမည် ဖြစ်ပြီး ကျန်တိုင်းနှင့် ပြည်နယ်များတွင် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ကြသည့် ကုမ္ပဏီများမှတစ်ဆင့် ဖြန့်ဖြူးနိုင် မည် ဖြစ်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်၍ Elite Tech မှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက “ကတ်တွေ ဖြန့်ချိရေး အပိုင်းကိုတော့ ကျွန်တော်တို့ ကုမ္ပဏီအပါအဝင် တခြားကုမ္ပဏီတွေကလည်း လုပ်ကြမယ်။

ဒီတစ်ခေါက် ချပေးမယ့်လိုင်းက များပြီး ကတ်များများချနိုင် မှာ ဖြစ်တဲ့အတွက် ဈေးနှုန်းကစားတာမျိုး မဖြစ်လောက်ပါဘူး။

အပြင်ဆိုင်တွေမှာလည်း ဝယ်လို့ရမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအတွက် အဆင်ပြေမှာပါ” ဟု ပြောသည်။ GSM Sim ကတ်များကို ကျပ် ၂ သိန်းဖြင့်လည်းကောင်း WCDMA Sim ကတ်များကို ကျပ် ၂ သိန်းခွဲဖြင့်လည်းကောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စတင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

By Smart News ကျပ်တစ်သိန်းတန် GSM နှင့် ကျပ် ၁၂၀၀၀၀ တန် WCDMA ဆင်းမ်ကတ်များကို ဇန်နဝါရီ ဒုတိယပတ်မှ စတင်၍ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မိုဘိုင်း အင်ဂျင် နီယာဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင် က ပြောကြား သွား သည်။
အဆိုပါ မိုဘိုင်း ဆင်းမ်ကတ်များကို ယခင်က မြန်မာ့ဆက်သွယ်ရေး

သကြားဖြင့် အနာကို ပျောက်စေ

Photo: သကြားဖြင့် အနာကို ပျောက်စေ
Monday, January 07, 2013 

သကြားနဲ့ တကယ်ပဲ အနာကို ပျောက်စေပါတယ်။ ယင်းနည်းလမ်းကို အာဖရိကတိုက်မှာ ဟိုးအရင်ကတည်းက အသုံးပြုနေတာ ဖြစ်ပါတယ်။

စားဖို့၊ သောက်ဖို့ မဟုတ်ပါဘူး။ ထိခိုက်ရှနာ၊ ပြည်တည်နာ၊ ဒဏ်ရာ၊
အနာဖြစ်တဲ့နေရာကို သကြားနဲ့ တိုက်ရိုက် ဖုံးအုပ်ခြင်းဖြင့်ပျောက်ကင်း
စေပါတယ်။ ဘာလို့လဲဆို သကြားမှာ ပါတဲ့ hygroscopic ဟာ ဘက်တီးရီးယားတွေ အသက်ရှင်ဖို့လိုအပ်တဲ့ ရေမှန်သမျှကို ဆုပ်ယူပါတယ်။

ဒါကြောင့် အနာကို ဆက်ရှင်သန်စေမယ့် ဘက်တီးရီးယား ပိုမွားများကို တိုက်ရိုက် သေစေပါတယ်။
--
Ref: medic-facts
Inernational news for myanmar 
သကြားနဲ့ တကယ်ပဲ အနာကို ပျောက်စေပါတယ်။ ယင်းနည်းလမ်းကို အာဖရိကတိုက်မှာ ဟိုးအရင်ကတည်းက အသုံးပြုနေတာ ဖြစ်ပါတယ်။ စားဖို့၊ သောက်ဖို့ မဟုတ်ပါဘူး။ ထိခိုက်ရှနာ၊ ပြည်တည်နာ၊ ဒဏ်ရာ၊ အနာဖြစ်တဲ့နေရာကို သကြားနဲ့ တိုက်ရိုက် ဖုံးအုပ်ခြင်းဖြင့်ပျောက် ကင်း စေပါတယ်။ ဘာလို့လဲဆို သကြားမှာ ပါတဲ့ hygroscopic ဟာ

ABSDF မြောက်ပိုင်းအဖွဲ့မှ သံဃာတော်များထံပန်ကြားချက် သံဃာများနှင့် ပြည်သူအများစုလက်မခံ

Photo: ABSDF မြောက်ပိုင်းအဖွဲ့မှ သံဃာတော်များထံပန်ကြားချက်
သံဃာများနှင့် ပြည်သူအများစုလက်မခံ
Monday, January 07, 2013

ကချင်ပြည်နယ်တွင် KIA နှင့် အတူပူးတွဲ၍ အစိုးရတပ်များကို တိုက်ခိုက်
နေသော ABSDF (မြောက်ပိုင်း) အဖွဲ့မှ သံဃာတော် အရှင်သူမြတ်များအား
လျှောက်ထားပန်ကြားခြင်း ခေါင်းစဉ်ဖြင့် (၇-၁-၂၀၁၃)  ကြေငြာချက်
တစ်စောင်နှင့် ကြေငြာချက်အား ABSDF တပ်ဖွဲ့ဝင် ရဲမေတစ်ဦးမှ 
ဖတ်ပြ၍ Online မှတစ်ဆင့် ထုတ်ပြန်ခဲ့ပါသည်။

၎င်းပန်ကြားချက်တွင် ပြည်တွင်းရှိ သံဃာတော်များမှ ကချင် ပြည်နယ်
အတွင်း အစိုးရမှဆင်နွှဲနေသော စစ်ပွဲကို ၀ိုင်းဝန်းဆန့်ကျင်ကန့်ကွက်
ပေးကြပါရန် ကျောင်းသား တပ်မတော်(မြောက်ပိုင်း)မှ လျှောက်ထား
ပါသည် ဟူ၍ပါရှိပါသည်။ 

၎င်းပန်ကြားချက်နှင့်ပတ်သက်၍ ပြည် တွင်းရှိသံဃာများနှင့် ပြည်သူများမှ လက်ခံမှုမရှိကြောင်း သိရှိရပါသည်။ မန္တလေး မစိုးရိမ်တိုက်သစ်တွင် သီတင်းသုံးနေသော သံဃာတော်တစ်ပါးက " ဒီကိစ္စမှာ ABSDF အနေနဲ့ ဘုန်းကြီးတွေကို သူတို့ပြဿနာထဲ ဆွဲထည့်နေတယ်လို့ ယူဆပါတယ်။ ဘုန်းကြီးတွေကို နိုင်ငံရေးမှာ အသုံးချချင်တိုင်း အသုံးချလို့ရတယ် ထင်နေကြတယ်။ ABSDF ဆိုတာကလည်း ကျောင်းသားတပ်မတော်သာ
ဆိုတယ်။ ဘယ်တုန်းက ကျောင်းသား တွေလဲ မသိဘူး။ ဖတ်ပြသွားတဲ့ ဒကာမ ဆိုရင်လည်း ဗုဒ္ဒဘာသာတောင် ဟုတ်ပုံမရဘူး။ သူတို့ ခေါင်းဆောင်
တောင် ပြည်တွင်းကိုရောက်လာပြီး ဆွေးနွေးနိုင်သေးတာ သူတို့က ဘာလို့ ငြိမ်းချမ်းရေး ကိုလက်မခံတာလဲ။ သံဃာတော်တွေကို သွားလုပ်ပေးပါ သွားလုပ်ပေးပါလို့ မတောင်းဆိုသင့်ပါဘူး။ လက်ပံ တောင်းတောင် ကိစ္စတုန်းကလဲ ဘယ်နိုင်ငံရေးသမားကမှ ဦးဇင်းတို့ကို တောင်းဆို
ခဲ့တာမဟုတ်ဘူး။ ပြည်သူ့ အတွက်လိုအပ်တယ်ထင်လို့ ပါဝင်ခဲ့တာ။ အခုကိစ္စက စစ်ရေးစစ်ရာကိစ္စ၊ သံဃာတော်တွေနဲ့ လုံးဝ မသက်ဆိုင်ပါဘူး" ဟု မိန့်ကြားသွားသည်။
 
ထို့ပြင် ပြည်ပရှိ သံဃာတော်များမှလည်း ၎င်းပန်ကြားချက်နှင့်ပတ်သက်၍ သံဃာတော်များအားလုံး ဂရုစိုက်ကြရန်နှင့် ၎င်းကြေငြာချက်၏ ရည်ရွယ်ချက်မှာ သံဃာတော်များအား အသုံးချလိုခြင်းဖြစ်ကြောင်း
ပြောကြားထားသည်။ ၎င်း ABSDF (မြောက်ပိုင်း)၏ ပ န်ကြားချက်အား Online သတင်းဌာနများတွင် တင် ထားရာ ကြည့်ရှုသူအများစုမှာ ၎င်းပန်ကြားချက်အား လုံးဝလက်မခံကြောင်း မှတ်ချက်ပေးထားသည်ကို
တွေ့ရှိရပါသည်။ ကချင်ပြည်နယ်တွင် KIA နှင့် အတူပူးတွဲ၍ အစိုးရတပ်များကို တိုက်ခိုက်နေသော ABSDF (မြောက်ပိုင်း) အဖွဲ့မှ သံဃာတော် အရှင် သူမြတ်များအားလျှောက်ထားပန်ကြားခြင်း ခေါင်းစဉ်ဖြင့် (၇-၁-၂၀၁၃) ကြေငြာ ချက်တစ်စောင်နှင့် ကြေငြာချက်အား ABSDF တပ်ဖွဲ့ဝင် ရဲမေတစ်ဦးမှ ဖတ်ပြ၍ Online မှတစ်ဆင့် ထုတ်ပြန် ခဲ့ပါ သည်။၎င်းပန်ကြားချက်တွင် ပြည်တွင်းရှိ သံဃာတော်များမှ ကချင် ပြည်နယ်အတွင်း အစိုးရမှဆင်နွှဲနေသော စစ်ပွဲကို ၀ိုင်းဝန်း ဆန့်ကျင် ကန့်ကွက် ပေးကြပါရန် ကျောင်းသား တပ်မတော် (မြောက်ပိုင်း) မှ လျှောက်ထားပါသည် ဟူ၍ပါရှိပါသည်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုပေးပွဲ အခမ်းအနား ယနေ့ည ကျင်းပမည်

Photo: ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုပေးပွဲ အခမ်းအနား ယနေ့ည
ကျင်းပမည်
Monday, January 07, 2013

ကမ္ဘာပေါ်တွင် ဘောလုံးသမားတို့၏ အမြင့်ဆုံးဆုတံဆိပ်ဖြစ်သော ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)မှ ပေးအပ်သည့် ၂၀၁၂ ရွှေဘောလုံးဆု
ပေးပွဲ အခမ်းအနားကို ယနေ့ညတွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ အခမ်းအနားတွင် တစ်နှစ်တာ အမျိုးသား/အမျိုးသမီး အကောင်း
ဆုံးဆု၊ တစ်နှစ်တာ အမျိုးသား/အမျိုးသမီး နည်းပြ အကောင်းဆုံးဆု၊ အသန့်
ရှင်းဆုံးဆု စသည်တို့အပြင် ကမ္ဘာ့အကောင်းဆုံး ပရော်ဖက်ရှင်နယ်ကစား
သမား ၁၁ ဦး ရွေးချယ်ပွဲကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဘာစီလိုနာမှ တောင်ပံကစားသမား မက်ဆီ၊ ကွင်းလယ်ကစားသမား အင်နီယေစတာနှင့် ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ရော်နယ်ဒို
တို့အား ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုအတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်မှ ဆန်ကာတင် ရွေးချယ်ထားကြောင်း သိရသည်။

မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ဖာဂူဆန်က ယခုနှစ် ကမ္ဘာ့ အ
ကောင်းဆုံး ဘောလုံးသမားဆု အတွက် ရော်နယ်ဒိုကို ရရှိစေလိုကြောင်း
ပြောကြားခဲ့သည်။

“ရော်နယ်ဒိုဟာ ဒီနှစ်အတွက် အထိုက်တန်ဆုံးသူပါ။ သူဟာ နည်းစနစ်ပိုင်းမှာလည်းကောင်းမွန်သလို၊ တည်ကန်ဘောတွေ၊ ပင်နယ်တီတွေကိုလည်း အကောင်းဆုံးအဆုံးသတ် ဂိုးတွေအဖြစ်
သွင်းပေးနိုင်ပါတယ်။ ပြီးတော့ သူဟာ အသင်းကိုလည်း အကောင်းဆုံး ဦးဆောင်နိုင်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ သူသာ ကမ္ဘာ့အကောင်းဆုံး ဖြစ်သင့်ပါတယ်” ဟု ဖာဂူဆန်က ပြောကြားသည်။

ရော်နယ်ဒိုသည် မန်ချက်စတာ ယူနိုက်တက်အသင်းတွင်၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် နှင့် ဥရောပ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် အပြင် အခြားဆုဖလား ၆ ခုလည်း ရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့သူဖြစ်သည်။

ဘာစီလိုနာအသင်းနည်းပြဟောင်း ဂွါဒီယိုလာက တောင်ပံကစားသမား မက်ဆီသာလျှင် ၂၀၁၂ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကို ရထိုက်သည်ဟု ဟောကိန်းထုတ်ခဲ့သည်။

“မိုက်ကယ်ဂျော်ဒန်က ဘက်စကတ်ဘောမှာထင်ရှားကျော်ကြားပြီး
အောင်မြင်သလို မက်ဆီကလည်း ဘောလုံးအားကစားမှာ သမိုင်းဝင်ကစားသမား တစ်ဦးပါပဲ။ သူတို့လို လူမျိုးတွေက ရှားပါတယ်။ မက်ဆီဟာ ဘယ်သူနဲ့မှ မတူအောင် ပါရမီရှင်တစ်ယောက်
ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် မက်ဆီပဲ 
ဒီဆုကို ရထိုက်ပါတယ်” ဟု ဂွါဒီယိုလာက ပြောကြားသည်။

ပြီးခဲ့သည့် ၃ နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆုကို 
ရရှိထားသည့် မက်ဆီသည် ၂၀၁၂ ခုနှစ်အတွင်း ဘာစီလိုနာအသင်းအတွက် တစ်ရာသီလုံးတွင် ၉၁ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဆုအတွက် ရေပန်းစားနေသူဖြစ်သည်။

ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့သော ဘာစီလိုနာအသင်း ကွင်းလယ်
ကစားသမား အင်နီယေစတာသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု တစ်ကြိမ်မှ မရရှိဖူးသေးသော်လည်း ပြီးခဲ့သည့် ဥရောပ အကောင်းဆုံး
ဘောလုံးသမားဆုကို ရော်နယ်ဒိုနှင့် မက်ဆီတို့အား ကျော်ဖြတ်ကာ ရယူနိုင်ခဲ့သည်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုပေးပွဲကို ၁၉၉၁ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့ပြီး ဘရာဇီးနိုင်ငံမှ ကစားသမားများက ၈ ကြိမ်တိုင်
ရရှိထားကာ အများဆုံး စံချိန်တင်ထားသည်။

ပြီးခဲ့သည့် ၁၀ နှစ် ကမ္ဘာ့အကောင်းဆုံး ဆုရှင်များ
မက်ဆီ - အာဂျင်တီးနား (၂၀၁၁)
မက်ဆီ - အာဂျင်တီးနား (၂၀၁၀)
မက်ဆီ - အာဂျင်တီးနား (၂၀၀၉)
ရော်နယ်ဒို - ပေါ်တူဂီ (၂၀၀၈)
ကာကာ - ဘရာဇီး (၂၀၀၇)
ကမ်နာဗားရိုး - အီတလီ (၂၀၀၆)
ရော်နယ်ဒင်ဟို - ဘရာဇီး (၂၀၀၅)
ရော်နယ်ဒင်ဟို - ဘရာဇီး (၂၀၀၄)
ဇီဒန်း - ပြင်သစ် (၂၀၀၃)
ရော်နယ်ဒို - ဘရာဇီး (၂၀၀၂)

သက်နေဒီဇော်
Ref: BBC
The Myanma Age ကမ္ဘာပေါ်တွင် ဘောလုံးသမားတို့၏ အမြင့်ဆုံးဆုတံဆိပ်ဖြစ်သော ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)မှ ပေးအပ်သည့် ၂၀၁၂ ရွှေဘောလုံးဆု
ပေးပွဲ အခမ်းအနားကို ယနေ့ညတွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ အခမ်းအနားတွင် တစ်နှစ်တာ အမျိုးသား/အမျိုးသမီး

၁၅သိန်းတန်ဖုန်းများကို လဲလှယ်ပေး၍ငွေပြန်အမ်းမည်ဟု သတင်း များ ထွက်ပေါ်......

Photo: ၁၅သိန်းတန်ဖုန်းများကို လဲလှယ်ပေး၍ငွေပြန်အမ်းမည်ဟု 
သတင်း များ ထွက်ပေါ်......
Monday, January 07, 2013

မြန်မာ့ ဆက်သွယ်ရေးမှယခင်ကချထားပေးသည့် ၁၅သိန်းတန်ဆင်း ကတ်များကိုယခုထွက်ရှိလာမည့် 3G စနစ်သုံးဖုန်းများ ထွက်ပေါ် 
လာချိန် တွင်ယင်းဖုန်းများနှင့် လဲလှယ်ပေးမည်ဟုသတင်းများ
ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ၁၅ သိန်းတန်ဖုန်းများသည် 2.5 G အဆင့်မှာ သာကျန် ရစ်ခဲ့ မည့် ဖုန်းများဖြစ်ပြီး ဆက်လက်ထွက်ပေါ်လာမည့် 3G စနစ်ကိုမရရှိပါ။ ယင်းကဲ့သို့  မရရှိနိုင်တော့သည့် အတွက် 2G ဖုန်းများနှင့် 3G ဖုန်း စနစ် သို့ ပြောင်းလဲပေးရန် စီစဉ်ခြင်းသာဖြစ်ကြောင်း အွန်လိုင်း စာမျက်နှာ ၏
တစ်ချို့ တွင်သိရသည်။

ပြည်တွင်းအသုံးပြုလျက်ရှိသောဖုန်းများမှာ ယခုလက်ရှိ အသုံးပြု လျက်ရှိသောဖုန်းများမှာ WCDMA / CDMA 800 မှလွဲ၍ ကျန်ဖုန်းများမှာ
2G Network အဆင့် သာရှိသောဖုန်းများဖြစ်ပြီး အင်တာ နက်အမြန်နှန်းမှာ လည်းလေးလံလျက်ရှိနေကြောင်း အသုံးပြုသူများ၏ပြောချက်အရသိရသည်။ 

အင်တာနက်လိုင်းနှေးကွေးမူများသာမက မိုဘိုင်းလ်ဒေတာကောက်ခံမှု
များပါ ကြီးမြင့်နေခြင်းကြောင့် မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက်သုံးစွဲ သူများအခက်တွေ့ လျက်ရှိသည်။

လာမည့်လ အနည်းငယ်တွင်ရောင်းချပေးတော့မည်ဖြစ်သည့် 3G စနစ် ဖုန်းများကို ပြည်ပကုမ္မဏီများဖြစ်သည့် ZTE ၊ Huawei ကုမ္မဏီများနှင့်ပါ ပူးပေါင်းဆောင်ရွက်မည်ဟုသိရသည့်အတွက် မိုဘိုင်းလ်အင် တာနက်လိုင်း များပိုမိုကောင်းမွန်နိုင်ကြောင်း MPT မှ တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ သိရပါသည်။

Myanmar Digital Life Journal မြန်မာ့ ဆက်သွယ်ရေးမှယခင်ကချထားပေးသည့် ၁၅သိန်းတန်ဆင်း ကတ်များကိုယခုထွက်ရှိလာမည့် 3G စနစ်သုံးဖုန်းများ ထွက်ပေါ် လာချိန် တွင်ယင်းဖုန်းများနှင့် လဲလှယ်ပေးမည်ဟုသတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ၁၅ သိန်းတန်ဖုန်းများသည် 2.5 G အဆင့်မှာ သာကျန် ရစ်ခဲ့ မည့် ဖုန်းများဖြစ်ပြီး ဆက်လက်ထွက်ပေါ်လာမည့် 3G စနစ်ကို မရ

မှောင်ခို တင်သွင်းလာသော ဆင်စွယ်များ ဟောင်ကောင် အာဏာပိုင်များ သိမ်းဆည်းရမိ

Photo: မှောင်ခို တင်သွင်းလာသော ဆင်စွယ်များ ဟောင်ကောင် အာဏာပိုင်များ သိမ်းဆည်းရမိ
Monday, January 07, 2013

ကင်ညာ နိုင်ငံမှ တင်သွင်းလာသော အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ သန်းခန့် တန်ဖိုးရှိသော ဆင်စွယ် တစ်တန်ကျော်ကို ဟောင်ကောင် အာဏာပိုင်များက သိမ်းဆည်း ရမိခဲ့ကြောင်း၊ ယင်း သိမ်းဆည်း ရမိမှုသည် သုံးလ အတွင်း တတိယ အကြိမ်မြောက် အကြီးမားဆုံး သိမ်းဆည်း ရမိမှု ဖြစ်ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။
ကုန်တင်သင်္ဘော အတွင်း ကျောက်ပြား များနှင့်အတူ သစ်သား သေတ္တာ ၅ ခုအတွင်း လျှို့ဝှက် သယ်ဆောင် လာသော တန်ချိန် ၁ ဒသမ ၃ တန်ရှိသော အဆိုပါ ဆင်စွယ် အပိုင်းအစ ၇၇၉ ခုကို ဇန်နဝါရီ ၃ ရက်က ဖမ်းဆီး ရမိခဲ့ကြောင်း အကောက်ခွန် ဌာနက ပြောကြားခဲ့သည်။

အဆိုပါ ဆင်စွယ်များသည် ခန့်မှန်းခြေအားဖြင့် ဟောင်ကောင် ဒေါ်လာ ၁ဝ ဒသမ ၆ သန်း ရှိကြောင်း သိရသည်။ မလေးရှား နိုင်ငံကို ဖြတ်ကျော်၍ အဆိုပါ ဆင်စွယ်များအား သယ်ဆောင် လာသော်လည်း မည်သည့် နေရာသို့ ဦးတည် သွားမည် ဆိုခြင်းနှင့် စပ်လျဉ်း၍ ပြောဆိုရန် အကောက်ခွန် ဌာနက ငြင်းဆိုလျက် ရှိပြီး ယခုချိန်ထိ ဖမ်းဆီးမှု ပြုလုပ်ခြင်း မရှိသေးကြောင်း သိရသည်။

မြ၀တီ ကင်ညာ နိုင်ငံမှ တင်သွင်းလာသော အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ သန်းခန့် တန်ဖိုးရှိသော ဆင်စွယ် တစ်တန်ကျော်ကို ဟောင်ကောင် အာဏာပိုင်များက သိမ်းဆည်း ရမိခဲ့ကြောင်း၊ ယင်း သိမ်းဆည်း ရမိမှု သည် သုံးလ အတွင်း တတိယ အကြိမ်မြောက် အကြီးမားဆုံး သိမ်းဆည်း ရမိမှု ဖြစ်ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၄ ရက် တွင် ပြောကြားခဲ့သည်။
ကုန်တင်သင်္ဘော အတွင်း ကျောက်ပြား များနှင့်အတူ သစ် သား သေတ္တာ ၅ ခုအတွင်း လျှို့ဝှက် သယ်ဆောင် လာသော တန်ချိန်

Standard Chartered ဘဏ် မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်မည်

Photo: Standard Chartered ဘဏ် မြန်မာနိုင်ငံသို့ ပြန်လည်
ဝင်ရောက်မည်
Monday, January 07, 2013

၁၈၆၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးဘဏ်ခွဲဖွင့်လှစ်ခဲ့ပြီး နိုင်ငံပေါင်း ၇၀ ကျော်တွင် ဘဏ်ခွဲပေါင်း ၁၇၀၀ ဖွင့်လှစ်ထားသော Standard Chartered နိုင်ငံတကာဘဏ်ကြီးသည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။

Standard Chartered ဘဏ်ရုံးခွဲ ပြန်လည်ဖွင့်လှစ်နိုင်ရေး မြန်မာနိုင်ငံ ဗဟိုဘဏ်က လိုင်စင်ချပေးရေး အလျှင်အမြန် ခွင့်ပြုပေးလိုက်၍ အားရ၀မ်းသာဖြစ်မိကြောင်းနှင့် မြန်မာနိုင်ငံမှ ပေါ်ထွက်လာသော အခွင့်အရေးသစ်များကို ဆွတ်ယူနိုင်ရေး ကြိုးပမ်းနေသော ၎င်းတို့၏ ဖောက်သည်များကို ဘဏ်၏ ကမ္ဘာလုံးဆိုင်ရာကွန်ရက်နှင့် ချိတ်ဆက်ပံ့ပိုးပေးနိုင်ရန် မျှော်လင့်ပါသည်ဟု အဆိုပါ ဘဏ်၏ အာရှရုံးအမှုဆောင်အရာရှိချုပ် ဂျက်စပယ်ဘင်ဒရာက ပြောကြားသည်။

၁၉၆၃ ခုနှစ်တွင်ဘဏ်လုပ်ငန်းများ ပြည်သူပိုင်လုပ်ခဲ့ပြီးနောက် မြန်မာ
ဈေးကွက်အတွင်းမှ ထွက်ခွာသွားခဲ့သော Standard Chartered ဘဏ်သည် ၁၉၉၅-၂၀၀၄ တွင်လည်း မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်
လုပ်ကိုင်ခဲ့သည်။ 

ဘဏ်၏ ကိုယ်စားလှယ်ရုံးအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့၌ ဖွင့်လှစ်သွားမည်ဖြစ်သည်။ အဆိုပါ ဘဏ်သည် အခြားအာဆီယံနိုင်ငံ ကိုးနိုင်ငံတွင်လည်း ဘဏ်လုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်နေပြီဖြစ်သည်။

7Day News Journal
၁၈၆၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးဘဏ်ခွဲဖွင့်လှစ်ခဲ့ပြီး နိုင်ငံပေါင်း ၇၀ ကျော်တွင် ဘဏ်ခွဲပေါင်း ၁၇၀၀ ဖွင့်လှစ်ထားသော Standard Chartered နိုင်ငံတကာဘဏ်ကြီးသည် မြန်မာနိုင်ငံတွင် ကိုယ်စား လှယ်ရုံးခွဲ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။

ကချင်ပြည်နယ်တွင်းဖြစ်ပွားလျှက်ရှိသော စစ်ရေးပဋိပက္ခအပေါ် ABSDF အဖွဲ့မှ သဘောထားထုတ်ပြန်ချက်

ကချင်ပြည်နယ်တွင်းဖြစ်ပွားလျှက်ရှိသော စစ်ရေးပဋိပက္ခအပေါ်
ABSDF အဖွဲ့မှ သဘောထားထုတ်ပြန်ချက်တစ်ရပ် ယနေ့
ဇန်န၀ါရီလ ၇ ရက်စွဲဖြင့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ကျောက်ဖြူ မွတ်ဆလင်များ နေရာချထားရေး မရေရာသေး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ထွက်ပြေးသွားကြသော မွတ်ဆလင် များအား ပြန်လည် နေရာချထားပေးနိုင်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူများကျောက်ဖြူမြို့သို့ လာရောက်ဆွေးနွေးသော် လည်း အခြေအနေမှာ မရေရာသေးဘဲ ဖြစ်နေကြောင်း သတင်း ရရှိ သည်။