Saturday, 29 October 2011

အဖေ သို့ အဓိဌါန်ခြင်း

 ထကြည့်ပါအုံး အဖေ..
 အဖေ အသက်ပေးခဲ့ တဲ့
 ဒီနိုင်ငံမြေမှာ..ရိုဟင်ဂျာ ဆိုပြီး
 ဒီကုလားနာတွေ ကို
 သမိုင်းလိမ်ပေးနေကြလေရဲ့ ..

ပြောပြပေးပါအဖေ..
အဖေ့သွေး အဖေ့ချွေးနဲ့
လွတ်လပ်ရေး ယူပေးခဲ့တဲ့
ဒီ မြန်မာ့ မြေမှာ..
ဘယ်ကုလားနာမှ
တိုင်းရင်းသားမဟုတ်ခဲ့ဘူးဆိုတာ..။

ဒေါ်လာရရင် ပြီးရော..
ပြည်တွင်း ပြည်ပ အတိုက်အခံများက
ရိုဟင်ဂျာ ဆိုတာ မြန်မာပြည်ဖွါးပါ
လုပ်နေကြတယ်..

ကျူပ်စိတ်နာတယ် အဖေ..
မြန်မာ့ သမိုင်းမှာ..
ဘယ်အခါမှ ရိုဟင်ဂျာဆိုတာ မကြားဖူးခဲ့တာ..
ဒီခေတ် ဒီအခါမှာမှ  ..
ရိုဟင်ဂျာ ဆိုတာ မြန်မာနွယ်ဖွါး
အာရကန်  နယ်ဟာ သူတို့ နယ်
ကိုယ်ပိုင်နယ်တောင် သတ်မှတ်ပေးရမတဲ့...
မုတ်ဆိတ်ဖွါးနဲ့ ဒီကုလားတွေ
ကျုပ်တို့ အနွယ်ဖွါး တိုင်းရင်းသားလို့
ကျုပ်တို့ဘယ်တော့မှ လက်မခံဘူးအဖေ...

ကျုပ်  အဓိဌါန်တယ် အဖေ..
ဗုဒ္ဓဘာသာ မကွယ်ပျောက်ဖို့ 
မြန်မာလူမျိုး တိမ်မညှိုးဖို့ 
မျိုးဆက်သစ် လက်တွေ ခိုင်ခိုင်ဆက်လို့ 
အဖေ အသက်ပေးခဲ့တဲ့ ဒီမြေ
ကျုပ်တို့ အစဉ်အမြဲ ကာကွယ်နေမယ် အဖေ..။

                                                         မောင်စစ်
                                                (16:56:29.10.2011)
မူ၇င်းလင့် 

ထောင်တန်တဲ့စကား ရယ်လျှင်ပေါ့

အခုတလော မြန်မာနိုင်ငံ အစိုးရသစ်၏ ဒုတိယ အကြိမ် လွတ်ငြိမ်း ချမ်းသားခွင့် ပေးခဲ့ပြီး မကြာခင် အချိန် အတွင်း အင်တာနက် စာမျက်နှာများ၊ ဂျာနယ်များ၊ ပြည်ပက ရုပ်မြင်သံကြား ဌာနများ၊ ပြည်ပက အသံလွှင့်ဌာနများ စသည့် မီဒီယာ လောကတွင် လွတ်မြောက် လာသူများ၏ တွေ့ဆုံမေးမြန်းခန်းများ၊ ပြောကြားချက်များ ပလူပျံနေ ပေသည်။
ထိုအထဲတွင် မြန်မာ့ အနုပညာ လောကမှ စွယ်စုံရ အနုပညာရှင်ကြီး (သူတို့ခေါ်ကြသလို) ကိုဇာဂနာ၏ သတင်းများမှာ များမြောင် လှပေရာ အချိန် ခဏတာ အတွင်း မြန်မာ့ နိုင်ငံရေး လောကနှင့် ကမ္ဘာ့ နိုင်ငံရေး လောကတွင် နိုင်ငံရေး လောက အတွင်းမှ တစ်ကယ့်ကို တိုင်းကျိုး၊ ပြည်ကျိုး အတွက် နိုင်ငံရေး လုပ်ဆောင် ပါသည်ဟု ဆိုနေသူ များထက် သာလွန်သော ဟီးရိုးကြီး တစ်ဦးပင် ဖြစ်နေမည် ထင်သည်။
အနုပညာ လောကမှ တစ်ဆင့် နိုင်ငံရေး လောကထဲသို့ ကူးပြောင်း ဝင်ရောက် လာခဲ့သူ တစ်ဦး ဖြစ်သည့် အားလျော်စွာ စွယ်စုံ အနုပညာရှင်ကြီး ကိုဇာဂနာ၏ အသုံး အနှုန်းများမှာ ကြားရ မြင်ရ သူများ အဖို့ သွားရည် ကျစရာ ဖြစ်နေ ပြန်သည်။ သြော်.. မေ့လို့ သွားရည် ကျစရာ ဖြစ်ဆို အနုပညာ လောက အတွင်းတွင် ဇာတ်သဘင် လူရွှင်တော် ဆိုသူ သူများထဲမှ ကိုဇာဂနာကဲ့သို့ သူများမှာလည်း ပရိသတ် သဘောကျဖို့ အရေး သာမာန် ပျက်လုံး များထက် နိုင်ငံရေး ပျက်လုံးများ၊ ခါးအောက်ပိုင်းနှင့် သက်ဆိုင်သော ပျက်လုံးများ ကဲ့သို့ ကြည့်ရှု နားဆင် နေကြသော ပရိသတ်များ အတွက် အဓိပ္ပာယ် နှစ်ခွ ထွက်သော အတွေး အမြင် ပျက်လုံး များသာ ပြောဆို၍ ပရိသတ်၏ စိတ်ဝင်စားမှုအား ရယူ တတ်ကြသည် မှာလည်း အားလုံး အသိပင် ဖြစ်သည်။
ကိုဇာဂနာက မိမိ၏ ရှေးကံကြောင့် ရရှိ လာသော တင်္ခဏုပ္ပတ္တိဉာဏ် အား “ထောင်တန်သည့် စကား ရယ်လျှင် ပေါ့သည် ဆိုသကဲ့သို့ အပြောင် အပြက် သဘောနှင့် ပျက်လုံး ထုတ်သည့် ဘက်တွင် အသုံးပြု နေသည်ကို တွေ့ရသည်။ ဤကမ္ဘာ လောက အတွင်းမှ ဖြစ်ပျက်မှု များအား ကြည့်မြင် နားထောင် သူချင်း သူသော်လည်း မိမိ၏ စိတ်သဋ္ဌာန် အရ ရှုထောင့် အမျိုးမျိုး၊ အသွင် အမျိုးမျိုး ဖြင့် မြင်တွေ့ တတ်ကြ သည်ကိုလည်း တွေ့ရသည်။ သစ်တုံး ပေါ်တွင် ရေးထွင်း ထားသော“၃ ၁” ဟူသည့် အက္ခရာ နှစ်လုံးအား မိမိ၏ အမြင်ဖြင့် (မိမိ နေထိုင် ကျင်လည်ရာ ပတ်ဝန်းကျင် အမြင်ဖြင့်) အမျိုးမျိုး ပြောဆို ကြသော်လည်း နောက်ဆုံးတွင် သစ်ခုတ်သမား၏ “၃ ၁” ဟူသည် “သစ်တုံး”သာ ဖြစ်သည် ဆိုသော ပုံပြင်ကဲ့သို့ ပကတိ အရှိ တရားအား အကောင်း အမြင်ဖြင့် မရှုမြင်ပဲ မိမိ အထင်၊ မိမိ အမြင် ဖြင့်သာ ပျက်လုံး ထုတ်နေခြင်း အားလည်း တွေ့ရသည့် အတွက် စိတ်မကောင်း ဖြစ်မိသည်။ နိုင်ငံရေး လုပ်ခြင်း ဆိုသည့် လေးနက်သည့် အသုံးအနှုံးအား လှောင်ပြောင် ရယ်သွမ်း သွေး၍ ဟာသ လုပ်ခြင်းဖြင့် ရောနှော ပစ်လိုက် ခြင်းမျိုး မဖြစ် စေချင်ပါ။
ကိုဇာဂနာ အကျဉ်းထောင်မှ လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် လွတ်မြောက် လာပြီး မကြာမီ မှာပင် အပြောင် အပျက် ပြောဆို သွားသော ပျက်လုံး ကဲ့သို့ ပြန်လည် အသွင်ပြောင်း ပြောရလျှင်-
ကိုဇာဂနာက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တကယ် လိုလားတယ် ဆိုရင် အပြောင် အပျက် သရော် စကား များဖြင့် ယခု ကဲ့သို့ လူစိတ်ဝင်စား စေမည့် ပျက်လုံးများ ထုတ်နေမည့် အစား “အပြောနှင့် မဟုတ် အလုပ်နှင့် သက်သေပြပါ” ဟု ဆိုချင်သည်။ ထိုသို့ မဟုတ်လျှင် ကိုဇာဂနာ၏ ယခု ပုံစံက “ဝါးခြမ်းအား မြင်နေ သော်လည်း အရင်က ဝါးလုံးကြီးပါ”ဟု ပြောဆိုနေ သကဲ့သို့ လည်ကောင်း၊ “စကားတတ် သည်နှင့် အကောင်း အဆိုး၊ အကြောင်း အကျိုး စဉ်းစား ဆင်ခြင်မှု မရှိပဲ တစာစာ ပြောနေသော ရွှေဂဲ ကြက်တူရွေး”ကဲ့သို့ လည်းကောင်း ဖြစ်နေပေ ဦးမည်။ ထို့ကြောင့် “ဝါသနာ အရင်းခံဖြင့် ဇာဂနာ ရယ်လို့ ဖြစ်လာ ပေမယ့် ဘာလချာ အပျင်းဉာဏ်နဲ့ နိုင်ငံရေး အပြောင် အပျက် ပြောနေမယ် ဆိုရင် ဘာဝနာ အားမထုတ် နိုင်ပဲ အပယ်ငရဲ အထိ ဟာသ ပြက်လုံးများ ထုတ်နေဦး မည်လား”ဟု မေးလိုက် ချင်သည်။ အာသွက်ခရာ 

အာဏာရှင် အနံ့အသက်တွေ ကင်းရှင်းဖို့

လူထုစိန်ဝင်း
(၂၀၁၁ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ထုတ် Weekly Eleven ဂျာနယ်က ဆောင်းပါး ဖြစ်ပါတယ်။)
'မိကျောင်းမင်း ရေခင်းပြသလို' ဖြစ်မှာတော့ စိုးတယ်။ ဒါပေမဲ့ 'ပညာရှိ သတိဖြစ်ခဲ' မဖြစ်ဖို့အတွက် ရေးသင့် ရေးထိုက် တာလေးတွေတော့ ရေးပါရစေ။ ဒီလိုရေးဖို့အတွက် စာနယ်ဇင်း သမား ဆိုတာ ရှိနေရတာ မဟုတ်လား။
ရာထူးကြီးလေ ဇိမ်မရှိလေ
ခေါင်းဆောင်တွေ ဆိုတာက နေ့စဉ်နဲ့အမျှ စားချိန်၊ အိမ်ချိန်မှာတောင် တိုင်းရေး ပြည်ရေးတွေ စဉ်းစားရင်းနဲ့ စားကြ အိပ်ကြရတာပါ။ ရာထူးကြီးလေ ဇိမ်မရှိလေလို့တောင် ဆိုနိုင်တယ်။ အရေးကြီးကိစ္စ မှန်သမျှ ကိုယ်တိုင် ဆုံးဖြတ် ရတာ ဖြစ်လေတော့ တာဝန် သိပ်ကြီးပြီး စိုးရိမ် ကြောင့်ကြရတာတွေ သိပ်များတယ်။ ကိစ္စကြီးတွေကို ခေါင်းထဲ ထည့်ထားပြီး စက္ကန့်နဲ့အမျှ စဉ်းစားခန်း ထုတ်နေရတာကြောင့် တော်ရုံကိစ္စလေးတွေကို 'သတိမမူ ဂူမမြင်' ဖြစ်နေ တတ်တယ်၊ အဲဒီလိုမျိုးမှာ သတင်းစာတွေကို အားကိုး အားထားပြုရတယ်။ စဉ်းစားရလွန်းလို့ ခေါင်းတွေပူတဲ့အခါ သတင်းစာတွေကို လှန်လှောကြည့်ရင်း ခေါင်းအေးအောင် လုပ်ကြရတယ်။
ထမင်းစား ရေသောက်သလို
သတင်းစာ ဆိုတာက လူ့လောက အတွင်း ဖြစ်ပျက်သမျှ ကိစ္စကြီးငယ် မျှသမျှ ရေးသားဖော်ပြကြတာ ဖြစ် လေတော့ သာမန် အချိန်တွေမှာ သတိမထားမိတဲ့ ကိစ္စလေးတွေကို သတိထားမိ သွားတတ်တယ်။ အဲဒါကြောင့် တိုင်းရေး ပြည်ရေး ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မှန်သမျှ သတင်းစာတွေကို နေ့စဉ် ထမင်းစား ရေသောက်တဲ့ အလုပ်တွေ လုပ်သလို တာဝန်တစ်ရပ် အဖြစ် သဘောထားပြီး မဖြစ်မနေ ဖတ်ဖို့ လိုအပ်တယ်။ သတင်းစာ မဖတ်သူဟာ ဘယ်နည်းနဲ့မှ တာဝန်ကျေတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် မဖြစ်နိုင်ပါဘူး။
ခွဲခြမ်းစိတ်ဖြာပေးရ
သတင်းစာတွေကလည်း စတုတ္ထမဏ္ဍိုင်ပီသဖို့အတွက် ခေါင်းဆောင်တွေ အပါအဝင် တိုင်းသူပြည်သား အားလုံး သိရှိသင့်တဲ့၊ လုပ်ကိုင်ဆောင်ရွက်သင့်တဲ့ ကိစ္စမှန်သမျှကို ကိစ္စကြီး ကိစ္စငယ် မခွဲခြားဘဲ ဖော်ထုတ် ရေးသားကြဖို့ လိုအပ်တယ်။ အကြောင်းအရာ အလိုက် ဆစ်ပိုင်းပြီး ခွဲခြားစိတ်ဖြာ ပြသင့်တဲ့အခါလည်း ပြရတယ်။ သတင်းစာ ဖတ်သူတိုင်းဟာ အားလပ် နေကြသူတွေ မဟုတ်ဘူး။ သတင်းစာက ခွဲခြမ်းစိတ်ဖြာ ပြတဲ့အတွက် အချိန်ကုန် သက်သာပြီး အများကြီး အထောက်အကူ ဖြစ်စေတယ်။ ဒါကြောင့် တာဝန်သိ သတင်းစာ သမားတိုင်း ဒီကိစ္စကို အထူး အလေးထား လုပ်ဆောင် ကြရတယ်။

အချိန်မှီပါသေးတယ်...

နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုကို သိမ်းသွင်းအုပ်ချုပ်တဲ့ အစိုးရပဲ ဖြစ်ဖြစ်၊ တည်ထောင်တဲ့အစိုးရပဲ ဖြစ်ဖြစ် လူဦးရေ သန်းခေါင်စာရင်းကို ကောက်ခံကြရပါတယ်။ မိသားစုမှာ လူဘယ်နှစ်ယောက်ရှိလဲ သိမှ သူတို့နဲ့ ညီမျှတဲ့ အလုပ်တွေကို အကောင်းမွန်ဆုံး၊ အထိရောက်ဆုံး လုပ်နိုင်မှာပါ။ ဥပမာ- သုံးယောက်ပဲ ရှိတဲ့ မိသားစုအတွက် တစ်ရက်စားဖို့ ၀က်သား ၁၀ ပိဿာ ၀ယ်လာရင် ပိုလျှံပြီး ပုပ်သိုးဆုံးရှုံးရမှာပါ။ Efficient မဖြစ်ပါဘူး။ အဲဒါကြောင့် ရခိုင်ပြည်ကို အုပ်ချုပ်တဲ့ အင်္ဂလိပ်တွေဟာ ထိထိရောက်ရောက် အုပ်ချုပ်သိမ်းပိုက်ထားနိုင်ဖို့အတွက် သန်းခေါင်စာရင်းတွေ ကောက်ယူခဲ့ပါတယ်။


၁၉၀၆ ခုနှစ် Akyab (စစ်တွေ) District Gazetter အရ ရခိုင်ပြည်မှာ ရှိနေတဲ့ တိုင်းဦးသားနဲ့ တိုင်းဦးသားမဟုတ်တဲ့ လူဦးရေ စာရင်းကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။


တိုင်းဦးသားလူမျိုးများ (Indigenous Races) - Arakanese (239,649), Burmese (35,751), Kamis (11,595), Mros (10,074), Chins (9,415), Daingnets (3,412), Chaungthas (247) and Thets (232)



တိုင်းဦးသားမဟုတ်သူများ (Non-Indigenous Races) - British (209), Eurasians (159), Chinese (939), Shaikhs (152,074), Saiyyads (1,254), Pathans (126), Zairbadis (108), other Muslmans (1,325), Sudras (6,016), Kayasths (2,888), Uriyas (625), Brahmans (398), Chatris (377), Dhobis (263), Waddars (233), Nats (226), Burua Maghs (165), Chetties (164), Doms (143), Malas (142), Marabans (125), Banias (114) and other Hindus Castes (2104)


ြှဗိတိသျှအစိုးရရဲ့ ဒီလောက် စုံလင်တဲ့ လူမျိုးတွေကို စုစည်းထားတဲ့ စာရင်းထဲမှာ ရိုဟင်ဂျာဆိုတဲ့ သူတို့ ပြောပြောနေတဲ့ လူမျိုးအမည် ပါပါသလား။ စာဖတ်သူတို့ စဉ်စားကြပါကုန်။


ရခိုင်ပြည်ကို ဘိုးတော်မောင်ဝိုင်းသိမ်းတော့ သေတဲ့လူက သေ၊ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း၊ ပင်လယ်ကမ်းနားက ကျွန်းစုတွေနဲ့ Sunderbuns ဘက်တွေကို ထွက်ပြေးတဲ့သူက ပြေး၊ စစ်သုံ့ပန်းအဖြစ်ပါတဲ့လူက ပါနဲ့ လူဦးရေက အရမ်းနည်းပါးသွားပါတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေကို စိုက်ပျိုးကုန်ထုတ်လုပ်ငန်းတွေမှာ သုံးဖို့ ခေါ်လာပါတယ်။ အဲဒီအချိန်တုန်းက ရခိုင်ပြည်မှာ ရတဲ့လုပ်ခဟာ ဘင်္ဂလားဒေသမှာ ရတဲ့ လိုခထက် အရမ်းများတယ်လို့ ကိုလိုနီအစိုးရ အရာရှိကြီး Sir Arthur Phayre က ရေးပါတယ်။ (ဒါ့အပြင် အင်္ဂလိပ်မြန်မာ စစ်ပွဲသုံးပွဲအတွက် ခေါ်လာတဲ့ ဘင်္ဂလီတွေလည်း ရှိပါသေးတယ်။) အဲဒါကြောင့်လည်း ကိုလိုနီစနစ်အောက်မှာ စစ်တွေခရိုင်ရဲ့ လူဦးရေ တိုးနှုန်းဟာ ၁၅၅ ရာခိုင်နှုန်းထိ ရှိခဲ့တာ ဖြစ်ပါတယ်။ အတွင်းပိုင်းကျတဲ့ ကျောက်တော်လိုမြို့မှာတောင် နှစ်ပေါင်း ၂၀ အတွင်း လူဦးရေ ၇၇ ရာခိုင်နှုန်း တိုးလာတာ တွေ့ရပါတယ်။

ဘင်္ဂလီတွေရဲ့ နောက်ဆုံးပန်းတိုင်


မီဒီယာ အခန်းကဏ္ဍကို တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် မှတ်ယူကြပါတယ်။ မီဒီယာသမားတွေဟာ ဘက်လိုက်မှု အနည်းနဲ့အများ ရှိကြတယ်ဆိုတာကို လက်ခံတယ်။ ဥပမာ ပြောရရင် လက်ယာယိမ်းမီဒီယာဖြစ်တဲ့ Fox News နဲ့ လယ်ဝဲမီဒီယာ ဖြစ်တဲ့ MSNBCတို့ရဲ့ သတင်းတွေကို နားထောင်ရင် သတိနဲ့ ချင့်ချိန်နားထောင်ရတယ်။ နှစ်ဘက်စလုံးကို နားထောင်တာဟာ တစ်ဘက်တည်းကို နားထောင်တာထက် ပိုအကျိုးရှိပါတယ်။ မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀မရှိတော့ နှစ်ဘက်အမြင်ကို သေသေချာချာ ကြားနိုင်ဖို့ ခဲယဉ်းပါတယ်။ မြန်မာပြည်သူပြည်သားတွေဟာ ပြည်ပအတိုက်အခံမီဒီယာတွေကို ပုံအောပြီး အားပေးကြပါတယ်။ ပြည်ပအတိုက်အခံတွေဟာ မြန်မာပြည်သူတွေ အများစုရဲ့ ပြတင်းပေါက်ကြီးလို့လည်း ပြောနိုင်ပါတယ်။ ဒါကြောင့် အဲဒီသတင်းဌာနမှာ လုပ်နေတဲ့လူတွေဟာ အရမ်းတာဝန်ကြီးတယ်။ ဘက်လိုက်မှုမရှိတဲ့ သတင်းအမှန်တွေကို ဖော်ထုတ်ဖို့ တင်ပြဖို့ အရေးကြီးပါတယ်။ အဲဒီလိုပဲ တံခါးပိတ်ခံထားရတဲ့ မြန်မာပြည်အကြောင်းကို တင်ပြတဲ့ နိုင်ငံခြားသားတွေဟာလည်း ဂဃဏန လေ့လာဖို့၊ အချက်အလက်တွေ သေချာ စုဆောင်းဖို့၊ အထူးသတိပြု တင်ပြဖို့ လိုအပ်တယ်။


အကြောင်းအရာတစ်ခု၊ Issueတစ်ခုကို သုံးသပ်တဲ့အခါမှာ ခွဲခြမ်းစိတ်ဖြာ (analytically) ကြည့်တတ်ဖို့လိုပါလိမ့်မယ်။ လူ့အခွင့်အရေးဆိုတာနဲ့ တိုင်းရင်းသား အရေးဆိုတာ မတူပါဘူး။ နိုင်ငံသားဖြစ်တာနဲ့ တိုင်းဦးသားဖြစ်တာနဲ့ မတူပါဘူး။ ခွဲခြားသိတတ်ရပါမယ်။ BBC သတင်းဌာနက Anna Jones ဆိုတဲ့အမျိုးသမီးဟာ သတင်းသမားတစ်ယောက်မှာ ရှိရမယ့် ခွဲခြမ်းစိတ်ဖြာမှုပဲ ညံ့ဖျင်းတာလား၊ အချက်အလက် စုဆောင်းဖို့ ပျင်းတာလားတော့ မသိဘူး။ မြန်မာနိုင်ငံရဲ မြေပုံကို သောက်တလွဲ ဆော်ထည့်လိုက်ပါပြီ။ ရခိုင်ပြည်နယ်ကို ဘင်္ဂလီပြည်နယ် လုပ်ချလိုက်ပါပြီ။ အဲဒီမြေပုံကို ဘယ်ကနေ ဘယ်လို ရလာလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် နှစ်နှစ်လောက်က ရှိမယ်ထင်ပါတယ်။ ဂျပန်က မိတ်ဆွေတစ်ယောက်က ပြောပြဖူးတယ်။ “ဟဲ့ကောင် ရခိုင်ပြည် ကုလားပြည်ဖြစ်သွားပြီတဲ့”။ ကျနော်က... ဟာ ဘာလို့ ဖြစ်ရမှာလဲပေါ့.. နောက်မှ သူက ရိုဟင်ရျာအမည်ခံ ဘင်္ဂလီစာစောင်တစ်ခုမှာ ရခိုင်ပြည်နယ်ရဲ့ နေရာမှာ သူတို့ လူမျိုးတွေနဲ့ အစားထိုးထားတာတဲ့။ ကဲ.. ကောင်းကြသေးရဲ့လား.. အရပ်ကတို့ရေ။ ဒီဖြစ်ရပ်နှစ်ခု ဆက်စပ်နေတာကတော့ စိတ်ဝင်စားစရာပါ။

BBC မီဒီယာရဲ့  အမှားတွေတင်ပြတာကို ထုတ်ဖော်ပါ။ ကန့်ကွက်ပါ။

ဘီဘီစီ (BBC) နှင့် သတင်းထောက် Anna Jones တို့ဟာ တာဝန်မဲ့စွာ မြန်မာနိုင်ငံရဲ့ လူမျိုးစာရင်းကို တလွဲပြုစုခဲ့ပါတယ်... ဒါတွေဟာ သမိုင်းကျောင်းကို ဇောက်ထိုးမိုးမျှော် ဖြစ်စေတဲ့အတွက် လုံးဝကို ကန့်ကွက်ပါတယ်......
အားလုံးသော အမျိုးချစ်သူများလည်း http://www.facebook.com/bbcburmese မှာ သွားရောက် ကန့်ကွက်ပေးကြပါလို့ တောင်းဆိုလိုပါတယ်....
Anna Jones ရဲ့ မူရင်းဆောင်းပါးကိုတော့ ဒီ http://www.bbc.co.uk/news/world-asia-pacific-11595983 မှာ ဖတ်ရှုနိုင်ပါတယ်...
ဘီဘီစီလို သိက္ခာရှိ သတင်းဌာနအနေနဲ့ ဒီလို လွဲမှားနေတဲ့ သတင်းအချက်အလက်တွေကို စီစစ်မှုမရှိပဲ ထုတ်လွှင့်တဲ့အတွက် ဖြေရှင်းမှု တစ်ခုခု ထုတ်ပြန်သင့်ပါတယ်.....
ရခိုင်လူမျိုးတွေကိုလည်း စာနာသင့်ပါတယ်.... ဘူးသီးတောင် မောင်တောမှာ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေ ကျူးလွန်နေတဲ့ လူမသိ သူမသိ ပြစ်မှုတွေကိုလည်း ဖော်ထုတ်စေချင်ပါတယ်....
ထောက်ပံ့ငွေရဖို့ မတရားနည်းလမ်းနဲ့ ပိုက်ဆံရဖို့အတွက် Monkey Business ပြလုပ်တဲ့ Anna Jone ကိုလည်း အပြင်းအထန် ရှုံချပါတယ်.....
ရခိုင်လူမျိုးများက ဗုဒ္စဘာသာဝင်တွေပါ။ မဟာမြတ်မုနိဘုရားကိုအဲ့ဒီကနေသယ်လာကတည်းရှင်းပါတယ်။ BBC မှာလုပ်ကိုင်သွားတဲ့ မြန်မာတွေထဲမှာလည်းရခိုင်လူမျိုးတွေပါပါတယ်။ ဒီလိုကိစ္စလေးက သေးသေးလေးဆိုတဲ့အကြောင်းချစ်ရာပေမဲ့ အခုအနေ အထားက ခေါင်းလေးဝင်ပါရစေ၊ ကိုယ်လေးဝင်ပါရစေနဲ့ ရခိုင်ပြည်နယ်ရဲ့ အနေအထားကို ချိုးနင်းလိုက်တဲ့ အပြုအမှုပါဘဲ။
ဒါကို BBC အနေနဲ့ ကျယ်ကျယ်ပြန့် ပြန့် မကြည့်ဘဲ ၊မတွက်ဘဲ သတင်း တစ်ခုအနေနဲ့ တင်ပြတဲ့ အနေအထားနဲ့ဆိုအုံး ကျွန်တော်တို့ 
ကန့် ကွက်ပါတယ်။
ကြီးမားသော ပြဿနာကို ထောင်ပေးသော၊ အက်ကြောင်းပေးသော အနေအထားကို လုပ်ဆောင်သည့် သတင်းဌာနအဖြစ်ကိုတော့ မလုပ်စေချင်ပါဘူး။
ဒီရိုဟင်ဂျာကိစ္စ ထိုင်းမှာပေါ်လာကတည်း ဒီလိုပြဿနာတွေတက်လာတော့ မယ်ဆိုတာကိုသိလို့ ဝိုင်းတားကြတဲ့သူတွေများပါတယ်။ ဒါကို အသီးသီးသော အဖွဲ့ အစည်းပေါင်းစုံက ၀ိုင်းပြီးတော့ တံဆိပ်ကပ်ကြပါတယ်။

ရိုးသားမှုလုံးဝမရှိ အလိမ်အညာတွေ ပြည့်နေတဲ့ရိုဟင်ဂျာ လှုပ်ရှားမှု


ရိုဟင်ဂျာအား မြန်မာ တိုင်းရင်းသားပြုရေး လိမ်လည်မှုပြသနာမှာ လူအချို့ဟာ လူအခွင့်အရေးဆိုတာ တစ်ခုတည်းကို လက်ကိုင်ထားပြီး ရောယောင် ထောက်ခံမှု ပြုကြတာကို တွေ့မိလို့ ဒီစာကိုရေးမိခြင်း ဖြစ်ပါတယ်။ စာရေးသားရာမှာ လူမျိုး ဘာသာ ခွဲခြားရေး ရှူထောင့်ကနေ တင်ပြတာမဟုတ်ဘဲ လူ့အခွင့်အရေး ဆိုတာကိုလဲ လက်ခံပြီး အမျိုးသားရေး (မူလနိုင်ငံသားများရဲ့အကျိုးစီး
ပွား) ရှူထောင့်ကနေ ရပ်တည်ရေးသားပါတယ်။ ကျွန်တော်တို့ဟာ ရိုဟင်ဂျာရဲ့ လူသားအခွင့်အရေးကို ဆန့်ကျင်နေတာ မဟုတ်ဘူး၊ သူတို့ကို မုန်းတီး နေကြတာလဲ မဟုတ်ဘူး။ သူတို့ကိုဖိနှိပ်ဖို့ လိုလား တောင်းဆိုနေကြတာမဟုတ်ဘူး။ ကျွန်တော်တို့ သွေးချင်း ရခိုင်သားတွေ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်ကြတဲ့ မြေမှာ ၎င်းတို့ဟာ အုံကျင်းလိုက် ကျူးကျော် နေထိုင် ကြတယ်။ ရိုးရိုးသားသား ပြောရရင် လူမျိုးစွဲမပါဘဲ အမျိုးသားရေး စိတ်ဓါတ်အရ ကျွန်တော်တို့ ဒါကို မကျေနပ်ကြဘူး၊

Friday, 28 October 2011

ဘင်္ဂါလီ ကုလားမှန်သမျှကို မြန်မာနိုင်ငံက ရိုဟင်ဂျာတိုင်းရင်းသား လူမျိုးစုအဖြစ်လက်ခံရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။


ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘလော့ဂ်မှာ သမိုင်းဖြစ်စဉ်တွေကို ဖော်ပြပြီး ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသား မဟုတ်ဘူးဆိုတဲ့ သုံးသပ်ချက်ကို အဏ္ဏ၀ါစစ်သည်နဲ့ ရခိုင်သား တို့က တင်ပြခဲ့ပြီး ဖြစ်ပါပေတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ဒီအဆိုကို သဘောတူလို့ ရိုဟင်ဂျာဟာ ဒုက္ခသည် မဟုတ်ဘူးဆိုတဲ့ ပို့စ်ကို တင်ခဲ့ပါတယ်။ သို့သော် ရိုဟင်ဂျာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး နောက်ခံသမိုင်းကို ထဲထဲဝင်ဝင် မသိခဲ့ပါဘူး။ ဒါ့ကြောင့် အချိန်ပေးပြီး လေ့လာခဲ့ပါတယ်။ အဲဒီအခါမှာ ဒီရိုဟင်ဂျာ လှုပ်ရှားမှုဟာ ခုမှ ဗြုံးကနဲ ပေါ်လာတာမဟုတ်။ ဘင်္ဂါလီ ကုလားများဟာ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ အင်္ဂလိပ်ခေတ်က အခြေချ နေထိုင်သူများ၊ လွတ်လပ်ရေး နောက်ပိုင်း ခိုးဝင်လာသူများကို မြန်မာ တိုင်းရင်းသား လူမျိုးစု တစ်စုအဖြစ် အသိအမှတ် ပြုခံရအောင် ရေရှည်မဟာဗျူဟာ ချပြီးလုပ်လာခဲ့တယ် ဆိုတာ သိလာရသလို ဒီပြဿနာဟာ အမျိုးသားရေး အတွက် အလွန်အန္တရာယ်ကြီးတဲ့ ကိစ္စဆိုတာ မြင်လာပါတယ်။

မူဂျာဟစ် ခေါ် ကုလားဆိုးများ
မြန်မာနိုင်ငံထဲမှာ ရောက်နေတဲ့ ဘင်္ဂါလီ ကုလားတွေကို သီးခြားလူမျိုးစု တစ်ခုဖြစ်အောင် လုပ်ဖို့၊ ဒီကုလားတွေ အများစုဖြစ်သွားတဲ့ နယ်စပ်ဒေသတွေကို စစ်တကောင်းဒေသ ( နောင် အရှေ့ ပါကစ္စတန်၊ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်) နဲ့ ပူးပေါင်းဖို့ဆိုတဲ့ လှုပ်ရှားမှုတွေဟာ ၁၉၃၂ ခုနှစ် လောက်ထဲ ကပေါ်ခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံကို အန္ဒိယနိုင်ငံကနေ ခွဲရေး၊ တွဲရေး လှုပ်ရှားမှုတွေဖြစ်တဲ့ အချိန်ပါ။ စစ်တကောင်းမှာရှိတဲ့ မူဆလင်လိဂ် ခေါင်းဆောင်တွေက မြန်မာကို အိန္ဒိယရဲ့ အစိတ်အပိုင်း အဖြစ် ဆက်ထားဖို့ လှုံ့ဆော်မှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ခွဲရေးဘက်က အနိုင်ရသွားတဲ့ အခါကျတော့ ရခိုင်ပြည်နယ်ထဲက ကုလားအများစု နေတဲ့ဘူးသီးတောင်၊ မောင်တော ဒေသတွေကို စစ်တကောင်း ဒေသနဲ့ပေါင်းဖို့ဆိုတဲ့ လှုပ်ရှားမှု စပေါ်လာပါတယ်။ အဲဒီ လှုပ်ရှားမှုကြောင့် ရခိုင်ပြည်နယ်ထဲကို နောက်ထပ် ဘင်္ဂါလီကုလားတွေ အလုံးအရင်းနဲ့ ၀င်လာခဲ့လို့ ၁၉၃၅ ခုနှစ် နောက်ပိုင်းမှာ အင်္ဂလိပ်ဘုရင်ခံက ဘင်္ဂါလီ ကုလားတွေကို အထူးနှုန်းနဲ့ သယ်ပေးနေတဲ့ သဘောင်္ ခရီးစဉ်တွေကို ရပ်ပစ်လိုက်ရတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကုလား တစ်သန်း ကျော်လောက် ရခိုင်ပြည်နယ်ထဲကို ရောက်နေပါပြီ။

Monday, 24 October 2011

ပြည်သူတွေရဲ့ လုံခြုံရေးကို ထိပါးစော်ကားနေသူများ၏ လုပ်ရပ်များ

KIA အဖွဲ့ ရမ်းကားမှုများ
၂၀-၁၀-၂၀၁၁ ရက်နေ့တွင် KIA အဖွဲ့ဟု ယူဆရသော အဖွဲ့မှ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲအတွင်းရှိ တုံအော် ကျေးရွာအုပ်စုနှင့် မန်ကန် (တိုနား) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၂)ဦးအား ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါသည်။ တုံအော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဂမ်ဂျီ၏ အလောင်းကို နောက်တစ်နေ့တွင် ရှာဖွေတွေ့ရှိ ရသော်လည်း မန်ကန်(ဟိုနား) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယိန်းတီးမှာ ယနေ့ထိ ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရပါသည်။
မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
၂၁-၁၀-၂၀၁၁ရက်နေ့ နံနက် (၅)နာရီခွဲက မူဆယ်မြို့နယ်၊ ပန်ဆိုင်းကြူကုတ် မြို့နယ်ခွဲ၊ မူဆယ်-ပန်ဆိုင်း၊ လမ်းအကြား နမ့်တောင် ကျေးရွာရှိ နမ်းကွက်တာတံတားတွင် မိုင်း (၁)လုံး ပေါက်ကွဲခဲ့ပြီး အခြား ထောင်ထားသော မိုင်း (၄)လုံးအား မူဆယ်ဘီအီးတပ်မှ ရှာဖွေနိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တံတားမှာ မိုင်တိုင် အမှတ် (၄၅/၄၆)တွင်ရှိပြီး တံတားအရှည် (၁၅)ပေ၊ အကျယ် (၂၀)ပေ ရှိကြောင်းနှင့် မိုင်းပေါက်ကွဲ မှုကြောင့် တံတားအခန်း(၁)ခန်း ကြမ်းပြင်ပျက်စီးသွားကြောင်း သိရှိရပါသည်။ မိုင်း ပေါက်ကွဲမှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။
မြဝတီမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
၂၄-၁၀-၂၀၁၁ ရက်နေ့ နံနက် ၈း၃၀ အချိန်က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီး ပေါ်တွင် ရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးအဝင်ဝ ယာဘက်ခြမ်း ကပ်လျက်တွင်ရှိသော မောင်သိန်း (၄၅)နှစ် (ဘ) ဦးမောင်ဘအေး၏ ဘကြီးဖြိုး ကွမ်းယာဆိုင် ဘေးတွင် ရပ်ထားသော ပိုင်ရှင်မဲ့ ကလေးစီး စက်ဘီး တစ်စီးမှ အသံမြည် မိုင်း(၁)လုံး ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုတွင် စက်ဘီးနောက်ဘီး ကြေမွပျက်စီးခြင်း၊ ယမ်းထုတ်ထား သည်ဟု ယူဆရသော (၂)လက်မ ပတ်လည်ခန့်ရှိ ပလပ်စတစ် (၃)စနှင့် (၂)လက်မ ပတ်လည်ရှိသော ပတ္တူ(၂)စ အား တွေ့ရှိရပြီး အခြား တစ်စုံတစ်ရာ ထိခိုက် ဒဏ်ရာရ ပျက်စီးမှု မရှိကြောင်း သိရသည်။
အခင်း ဖြစ်ပွားစဉ် အချိန်က ကွမ်းယာဆိုင် ပိုင်ရှင်မှာ ၎င်း၏ ကလေးငယ်အား အနီးတွင် ရှိသော လက်ဘက်ရည် ဆိုင်တွင် အိပ်ရန် သွားရောက် အပ်နှံပြီး ပြန်လာစဉ် အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးနှင့် တပ်မတော်မှ တာဝန်ရှိ သူများမှ သွားရောက် ကြည့်ရှုခဲ့ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

သဘာဝ အဖိုးတန် ရတနာများအား အစဉ်ကာကွယ်ကြမည်…

ကမ္ဘာတွင် သက်ရှင်နေထိုင် ကြသူများအတွက် အခြေခံ အကျဆုံးအရာမှာ စားနပ်ရိက္ခာ ဖူလုံပြည့်စုံ စေရေးပင် ဖြစ်သည်။ စားနပ်ရိက္ခာ အခက်အခဲကြောင့် ဖြစ်ပေါ်လာရသည့် ဆင်းရဲငတ်မွတ်မှု အကျိုးဆက် များဖြစ်သော ကျန်းမာရေး ချို့တဲ့မှု၊ လူ့သက်တမ်း တိုတောင်းမှု၊ အလုပ်စွမ်းရည် ကျဆင်းမှု၊ ပညာသင်ယူနိုင်မှုစွမ်းရည် ကျဆင်းမှုတို့သည် လတ်တလော ဘ၀များကိုသာမက နောင်လာမည့် မျိုးဆက်များ တိုင်အောင် ထိခိုက်နစ်နာ စေမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် သဘာဝ သယံဇာတ အရင်းအမြစ် များဖြစ်သည့် ရေအရင်းအမြစ်၊ မြေအရင်းအမြစ်များစွာ ဖြစ်တည် ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ အဆိုပါ သဘာဝ သယံဇာတ အရင်းအမြစ်များကို အရင်းပြု၍ စားနပ်ရိက္ခများ ပြည့်စုံကြွယ်ဝစွာ ထုတ်လုပ် ပေးနိုင်ခဲ့ပါသည်။ အလားတူ ကျေးလက်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း လယ်ယာ စိုက်ပျိုးရေးကို အခြေခံကာ လုပ်ဆောင် ပေးနေပါသည်။ စိုက်ပျိုးရေး ကောင်းမွန်ရေးအတွက် ရာသီဥတု ကောင်းမွန်မှုသည်လည်း များစွာ အရေးပါသည်ဖြစ်ရာ ဥတုရာသီ၊ တောကိုမှီဟူသည့် ဆိုရိုးအတိုင်း သစ်တောသစ်ပင်များ ပြုန်းတီးမှု မရှိစေရေးအတွက် သဘာဝသစ်တော အရင်းအမြစ်များကို ထိမ်းသိမ်းကာ ဆောင်ရွက် လျက်ရှိပါသည်။ သစ်တောများ ပြုန်းတီးမှု မရှိစေရေး၊ သစ်တောများ ထာဝစဉ် တည်တံစေရေးအတွက် ပြုန်းတီး သစ်တော နေရာများတွင် သစ်တောစိုက်ခင်း အသစ်များကို အစားထိုးကာ လုပ်ဆောင်ပေး လျက်ရှိပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သစ်တော ပြုန်းတီးမှုကို ကာကွယ် နိုင်ရုံသာမက ကာဗွန်ထုတ်လုပ်မှု လျှော့ချသည့် နည်းစနစ်ကိုပါ ဖြစ်ပေါ် စေနိုင်ပါသည်။ အလားတူ သစ်တောဆိုင်ရာ အစိမ်းရောင် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာ အထောက်အကူ ဖြစ်စေမှာလည်း ဖြစ်ပါသည်။

စစ်တပ် ဆိုတာ

စစ်တပ် က အပြစ်မဲ့အရပ်သားတွေ ပစ်ပြန်ပြီ..
စစ်တပ်က မုဒိန်းကျင့်ပြန်ပြီ...
စစ်တပ်က ပေါ်တာဆွဲပြန်ပြီ...
စစ်တပ် က မိုင်းထောင်ပြန်ပြီ..
ငါလခွမ်းမှတဲ့..နိုင်ငံတစ်နိုင်ငံရဲ့ တရားဝင် တပ်မတော် ကြီး က အဲဒီအပြောတွေနဲ့  မသိရင်ပဲ
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ကင်ပေတိုင်တွေ ရောက်လာနေတဲ့အတိုင်းပဲ..
မနေ့တစ်နေ့ကမှ တွေ့ရာသေနတ်ကောက်ဆွဲ သစ်ခိုးထုတ်ပြီး M-16/A-1/A2နဲ့ AK 47 / AK 74 /RPG/RPK တွေကိုမှောင်ခိုဈေးနဲ့ မီိးကျိုးမောင်းပျက် ဝယ်နဲ့ 
ထိုင်းဈေးထဲက တွေ့ကရာ ပြောက်ကျားဝတ်စုံ ဆင်ပေးထားတဲ့ အဖွဲ့ တွေလိုများအောင့်မေ့နေလားမသိဘူး..

စစ်တပ်ဆိုတာ မိုက်မိုက်ရိုင်းရိုင်းပြောရရင် "မ.တစ်ထောင်သားတွေ" ကို တစ်သွေးထဲတသံတည်း ဖြစ်အောင်
အမိန့် ရယ် ဥပဒေရယ်နဲ့  ထိန်းချူပ်ထားတာ...။စစ်သားတွေလည်းလူတွေပဲ...။ဘယ်သူမှ ခေတ်လွန်ဇာတ်ကားတွေလို လူသားစက်ရုပ် တွေမပါဘူး...။တခါတလေတော့ လူဆိုတာ အမှားနဲ့တော့မကင်းဘူး...။စစ်မြေပြင်ဆိုတာ ဘယ်ကောင်ကမှ ပန်းနဲ့ခင်းပြီးမကြိုဘူး...။အရာရာကို သကာင်္မကင်းစိတ်နဲ့  ကြည့်နေရတာ...။ ၂၄ နာရီလုံးလုံး သတိ ဆိုတာကို ခေါင်းထဲမှာထည့်နေရတာ...။
တကယ့်ကိုခေတ်မီပါတယ်ဆိုတဲ့  ခင်ဗျားတို့ အထင်ကြီးပါတဲ့ USတပ်တွေ ညမှာတောင် နေ့ခင်းလိုမြင်နိုင်တဲ့အစွမ်းရှိတဲ့ ကိရိယာတွေတပ်ဆင်ထားတဲ့ တပ်တွေတောင် မှားယွင်းပစ်ခတ်မှု ဆိုတာ
စစ်ဆင်ရေးတခါပြီးတိုင်း တတ်လာတဲ့တင်ပြချက်ဇယားတွေမှာ နံပါတ်စဉ် ၃ နဲ့ ၄ ကြားမှာ ရှိတယ်။ဒါတောင်ဖုံးထားတာတွေရှိရင်ရှိအုံးမှာ...။
မြန်မာနိုင်ငံ စစ်ဆင်ရေးနယ်မြေအရ စစ်တပ်ကို ပြန်တိုက်နေတဲ့ အဖွဲ့အစည်းပေါင်းစုံ လုပ်နေကြပုံလေး ပြောပြအုံးမယ်...။မြန်မာနိုင်ငံလို၇ ရက်သားသမီးများ က နားယောင်တာတော့ ဘယ်နိုင်ငံမှာမှ မရှိဘူး...။
ဒါကြောင့်ပြောပြရအုံးမယ်...။
အဲဒီသောင်းကျန်သူတွေက အင်တာနက်ပေါ်တတ်ချင်ရင် ယူနီဖောင်းအပြည့်အစုံဝတ်တယ်...။စစ်ရေးပြလေးလျှောက်ပြီး စည်းကမ်းရှိချင်ယောင်ဆောင်တယ်...။
တကယ်တမ်းကျတော့ ရွှာသားတွေလို သူလိုငါလို ၀တ်တယ်...။ရွှာထဲမှာ နေတယ်...။ဒီကစစ်တပ်ဆိုတာ
ယူနီဖောင်းဆင်တူနဲ့  သေနတ်ကို series အလိုက် ကိုင်လာတာ...။ဒင်းတို့ က ရွာသားတွေလိုပဲ လမ်းလေးလျှောက်လိုက် ပျိုးလေးနှုတ်လိုက်နဲ့  အခွင့်သာရင် ဖွက်ထားတဲ့ သေနတ်နဲ့ ပစ်ပြီး ရွာသားတွေနဲ့ ရောပြေးရော...။ကဲ...စစ်တပ်က ပြန်ပစ်ရင် ရွာသားကိုပစ်ပါတယ် ပြောရော...ငါလခွမ်းမှတဲ့...။
တခါတလေများ စခန်းနားလာပြီး မျှစ်ချိုးသလိုလို ဝါးခုတ်သလိုလိုနဲ့  မိုင်းထောင်သွားတာတို့  ချောင်းပစ်သွားတာတို့ နဲ့ ခင်ဗျ...။ပထမတစ်ခါလောက် စစ်တပ်ကခံလိုက်ရရင်မှတ်သွားပြီလေ...။နောက်တခေါက်လာရင် ဒီကကောင်တွေကထပ်အနာမခံတော့ဘူး..။ပစ်ပြီလေ..အဲ---အဲလိုဖြစ်ရော...အပြစ်မဲ့ရွှာသားတဲ့လေ...။
တခါတခါကျတော့လည်း တကယ့်ရွာသားတွေ ဖြစ်နေတတ်တယ်..ဒါကလည်း အပေါ်မှာကျနော် ပြောခဲ့သလိုပဲ...အဲဒီသောင်းကျန်သူ က ရွှာသားတွေလိုဝတ်ပြီး ရွှာသားတွေလို အလုပ်လုပ်ချင်ယောင်ဆောင်ပြီး ပစ်-ပြေး လုပ်တတ်လွန်းလို့ ...။ အဲလိုလေးတွေ အမှား ရှိတတ်တာတော့ ဝန်ခံပါတယ်...။ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ပေါ့ဗျာ...။အဲဒါမျိုးမှန်နေရင် တကယ်လည်းကြေကွဲရပါတယ်..။
အဲလိုလုပ်မိတဲ့ စစ်သည်တွေအတွက် ဥပဒေ ရှိပါတယ်...။စစ်ဘက်ဆိုင်ရာ ဥပဒေ နဲ့ အညီ အရေးယူပါတယ်..။

ဇာဂနာ လွတ်မြောက်လာမှုအပေါ် စိုးရိမ်မိကြောင်း ဗြိတိန်လွှတ်တော်အမတ် ပြောဆို

မြစ်ကြီးနား အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ဝေဖန်ရေးလုပ်ဆောင်သူ ဇာဂနာ ရဲ့ တစ်ရက်နှစ်ရက်အတွင်း စည်းမဲ့ကမ်းမဲ့နဲ့ ကရားရေလွှတ်ပြောနေတဲ့ စကားတွေအတွက် အလွန်အင်မတန် စိုးရိမ်မိကြောင်း ဗြိတိန်နိုင်ငံမှ အမည်မဖော်လိုတဲ့ လွှတ်တော်အမတ်တစ်ဦးက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဇာဂနာ ကဲ့သို့ လက်လွှတ်စပယ် ပြောတတ်တဲ့ အစိုးရအတိုက်အခံကို ဘယ်နိုင်ငံမှာမှ မတွေ့ဖူးကြောင်းနဲ့ သူ့ရဲ့ အပြောအဆိုအတွက် ပြန်တောင်းပန်သင့်တယ်လို့ ပြောခဲ့ပါတယ်။ သူ့အနေနဲ့ အရင်တုန်းက ဇာဂနာကို အလွန် အထင်ကြီးခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဇာဂနာဟာ အိုင်ကျူ ၅၀ ရှိသူတွေကို လွှတ်တော်ထဲမှာ ဘာဆွေးနွေးခဲ့လဲဆိုပြီး မိန်းမဆန်စွာ ပုတ်ခတ်ပြောဆိုခဲ့ပါတယ်။ ဇာဂနာရဲ့ ပြောဆိုချက်က တစ်ကမ္ဘာလုံးမှ ရှိသမျှ လွှတ်တော်အမတ်တွေ အားလုံးကို စော်ကားလိုက်ခြင်းဖြစ်ကြောင်း ဝါရှင်တန်မှ ဥပဒေ ပညာရှင်တစ်ဦးက ပြောပါတယ်။

"ဇာဂနာ ပြောတာတွေနဲ့ပတ်သက်ပြီး အရမ်းစိတ်ပျက်မိပါတယ်... လက်ရှိလွှတ်တော်အမတ်တွေဖြစ်တဲ့ ဂျွန်မက်ကိန်း တို့လည်း ဇာဂနာကို စိတ်ပျက်နေကြတယ်... ဇာဂနာရဲ့ ပရမ်းပတာ စကားတွေအတွက် အလွန်စိုးရိမ်မိပါတယ်" လို့ ပြောပါတယ်။

Saturday, 22 October 2011

အတိုက်အခံဆိုတာ ထွေးပိုက် အားပေးရမယ့်အရာ

(၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် Popular News ဂျာနယ်က ဆောင်းပါး ဖြစ်ပါတယ်။)
ဒီမိုကရေစီဆိုတာ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေး စနစ် ဖြစ်တယ်ဗျာ။ ပြည်သူလူထု ဆိုတာ အားလုံး သိကြတဲ့ အတိုင်း လူမျိုးပေါင်းစုံ၊ ကိုးကွယ်တဲ့ ဘာသာပေါင်းစုံ၊ ယုံကြည်ချက် ခံယူချက်ပေါင်းစုံ၊ ရည်ရွယ်ချက် မျှော်မှန်းချက် ပေါင်းစုံ၊ နောက်ခံ ကားပေါင်းစုံ ရှိကြတဲ့ လူတွေ ပါဝင်တယ်ဗျ။ အဲဒီလို လူပေါင်းစုံကို ကိုယ်စားပြု နိုင်ဖို့ ရည်ရွယ်တဲ့ ဒီမိုကရေစီစနစ်မှာ အဓိက ထားရှိရမယ့် စိတ်အခြေခံ (Mindset) ကတော့ စိတ်ရှည်သည်းခံမှု (Tolerance) ပဲ ဖြစ်တယ်ဗျ။ မိမိနဲ့ လူမျိုးချင်း၊ အယူဝါဒချင်း၊ ဘာသာ စကားချင်း၊ ယုံကြည်မှုချင်း မတူတဲ့ အခြားသူတွေ အပေါ် စိတ်ရှည် သည်းခံမှု မရှိဘူးဆိုရင် အဲဒီလိုလူမျိုးဟာ ဒီမိုကရေစီကို မြတ်နိုးပါတယ်လို့ ပါးစပ်က ဘယ်လောက်ပဲ ကျယ်ကျယ် လောင်လောင် အော်ဟစ် နေပါစေ။ ဒီမိုကရေစီရဲ့ ဆူးညှောင့် ခလုတ် အမှိုက် သရိုက်သာ ဖြစ်ပါတယ်ဗျာ။
တစ်ရောင်တည်းခြယ်မဟုတ်
သမိုင်း အဆက်ဆက် ပန်းချီ ဆရာကျော်ကြီးတွေရဲ့ သမိုင်း တင်လောက်တဲ့ ဘယ်ပန်းချီကားမှ ဆေးရောင် တစ်ရောင်တည်းနဲ့ ရေးဆွဲထားတာ မဟုတ်ဘူးဗျာ။ ထွေပြားစုံလင်တဲ့ ဆေးရောင်တွေကို အဖိအဖေါ့ အထူအပါး မှန်ကန်စွာ နေရာတကျ ထည့်သွင်းပေါင်းစပ် ဖွဲ့စည်းရေးဆွဲ ထားတာချည်း ဖြစ်တယ်ဗျ။ အဲသလိုပဲ ဒီမိုကရေစီ ဆိုတာလည်း 'မတူကွဲပြား ခြားနားမှုများရဲ့ ပေါင်းစည်းညီညွတ်မှု' (Unity of Diversities) ဖြစ်တယ်ဗျ။ 'ငါနဲ့မတူ ငါ့ရန်သူ' အတွေးအခေါ်ဟာ ဒီမိုကရေစီကို အခြေက တူးဖြို လှိုက်စားပစ်မယ့် အန္တရာယ် ဖြစ်ပါတယ်ဗျာ။ 'ပန်းပေါင်းတစ်ရာ ပွင့်ကြပါစေ။ အတွေးအခေါ် ဂိုဏ်းပေါင်းတစ်ရာ ဆွေးနွေး ငြင်းခုံကြပါစေ' ဆိုတဲ့ အတွေးအခေါ်သာ ဒီမိုကရေစီနဲ့ ကိုက်ညီ ဆီလျော်တဲ့ အတွေးအခေါ် ဖြစ်တယ်ဗျ။

Friday, 21 October 2011

ရယ်ဒီကယ်တွေကို မေ့လိုက်တော့

ဒဂုံသား
အခုတစ်လော နိုင်ငံရေး အပြောင်း အလဲတွေက မြန်လွန်း လှသဖြင့် ဒဂုံသားတို့ ဘာမှ မရေးနိုင် ဖြစ်ခဲ့ရသည်။ ဖြစ်နေသမျှ သတင်းတွေကို လိုက်ဖတ်ရလို့ပင် မလောက်။ ဘာပဲဖြစ်ဖြစ် အခု အခြေအနေ အားလုံးကို သုံးသပ် လိုက်လျှင် အခြေခံဥပဒေ ဘောင်ထဲကနေ အလုပ်လုပ်လို့ ရနိုင်သည်ဟု သုံးသပ်ပြီး ရွေးကောက်ပွဲ င်ခဲ့သည့် ပါတီများ၊ ထိုကဲ့သို ရွေးကောက်ပွဲ ၀င်ရန် ထောက်ခံ ရေးသား အားပေးခဲ့သူများ မှန်သည် ဆိုတာတော့ ထင်ရှားလာပြီ ဖြစ်သည်။ ဟိုအချိန်တုန်း ကတော့ ဒီလူတွေကို စစ်တပ်နဲ့ ပေးစားခဲ့ကြပြီး အမျိုးသား သစ္စာဖောက် စာရင်းတောင် သွင်းခဲ့ကြသည်။ သားအရွယ် လောက် လူများက အဖိုး အရွယ်လောက် နိုင်ငံရေး သမားကြီးများကို အင်တာနက်ပေါ်မှာ ရစရာ မရှိအောင် ဖဲ့ခဲ့ကြသည်။ ကွန်ပြူတာ တစ်လုံးနဲ့ တော်လှန်ရေး လုပ်နေသူများက ရွေးကောက်ပွဲ ပျက်အောင် လက်နက်ကိုင် တိုက်ပွဲ ဆင်ကြစို့ဟု လှုံ့ဆော်ရင်း တပ်ပေါင်းစု ရန်ပုံငွေ ကောက်ခဲ့တာလည်း မှတ်မိသေးသည်။ အခုတော့ အဲဒီ တပ်ပေါင်းစု အသံလည်း မကြားရတော့၊ ငွေတွေလည်း ပလုံ ဖြစ်ကုန်ပြီ ထင်သည်။
မတ်လ ၃၀ ရက်နေ့ အစိုးရသစ် ပေါ်လာပြီးနောက် အပြောင်းအလဲ တွေက အားလုံးသိပြီး ဖြစ်၍ ပြန်မပြော ပြတော့ပါ။ သို့သော် ဒီအပြောင်း အလဲတွေက ရလာသည့် လွတ်လပ်မှုတွေကို ပြည်တွင်းမှာ ပျော်ပျော်ကြီး အသုံးချ နေသူများ ထဲတွင် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး၊ စစ်ကျွန်ဘဲ ဆက်ဖြစ်နေမှာဟု ပြောဆိုခဲ့သူတွေက ရှေ့ဆုံးက ပါနေတာကို တွေ့ရတာလည်း တရားကျဖို့ ကောင်းသည်။ တစ်ခါတစ်ခါ ကျတော့လည်း ဒီလူတွေကပင် ဒီအစိုးရ လက်ထက်မှာ တိုးတက်မှု နှေးတယ်၊ အားမရဘူး ဆိုပြီး ပြောတာ တွေလည်း ကြားရသည်။ သို့သော် သူတို့ အဲဒီလို ပြောတာတွေကို ဂျာနယ်တွေပေါ်မှာ ဖော်ပြခွင့်ရ တာ၊ ပြည်ပ မီဒီယာတွေ အပေါ်မှာ ပြောလို့ ဘာမှအရေးယူမခံရတာတွေသည်ပင်လျှင် တိုးတက်မှု ဖြစ်သည် ကိုတော့ မြင်ပုံ မရကြပါ။ အစိုးရနှင့် စကားပြောနေသူ ဒေါ်အောင်ဆန်းစုကြည် ကိုပင် မသိမသာ ပုတ်ခတ် ပြောဆိုသည် အထိ လုပ်တာ၊ ဒေါ်အောင်ဆန်း စုကြည်က လေပြည် ထိုးနေချိန်မှာ နောက်က ဗိန်းဗောင်း တီးတာတွေ လုပ်နေတာလည်း တွေ့ရသည်။

Thursday, 20 October 2011

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မထိုက်တန်တဲ့ ကိုဇာဂနာ

သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့)မှာ အကျဉ်းသားပေါင်း (၆၃၅၉)ယောက်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ပါတယ်။ အဲဒီလို လွတ်ငြိမ်း ချမ်းသာခွင့်ပေးတဲ့ အထဲမှာ တည်ဆဲ ဥပဒေကို ချိုးဖောက်တဲ့ အတွက် အကျဉ်းကျ နေသူတွေထဲက နိုင်ငံတော် တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်မှု မရှိဘူးလို့ ယူဆရတဲ့သူ၊ တစ်နည်းအားဖြင့်တော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ၊ ကျန်းမာရေး ချို့တဲ့သူတွေ၊ အသက်အရွယ် ကြီးရင့်သူတွေလည်း အများအပြား ပါဝင်ခဲ့ပါတယ်။
အဲဒီအထဲက လူပျက် ဇာဂနာလည်း ပါဝင်လာတာကို တွေ့ရပါတယ်။ ကိုဇာဂနာဟာ နိုင်ငံတော်က ပေးလိုက်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာလို့ နိုင်ငံတော်ကို ကျေးဇူးတင် စကားပြောလိမ့်မယ်လို့ ထင်ရင် မှားပါလိမ့်မည်။ မြန်မာ အစိုးရသစ်ရဲ့ အပြုသဘော ခြေလှမ်းတွေကို နိုင်ငံတကာကတောင် တအံ့တသြ ဖြစ်နေရတဲ့ အချိန်မှာ လူပျက် ဇာဂနာ ကတော့ အကျဉ်းထောင်က လွတ်လွတ်ခြင်းပဲ စောင့်ကြည့်ကြပါအုံး၊ သိပ်မယုံကြည်ဘူး၊ အကျဉ်းသားတွေကို အကုန် လွှတ်ပေးလိုက်ပါလား၊ ကိုယ့်အိပ်ကပ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ၊ ဖမ်းထားတဲ့သူတွေက သမ္မတဦးသိန်းစိန် လက်ထက်မှာ ဖမ်းထားတဲ့သူတွေ မဟုတ်ဘူး စတဲ့ စကားလုံးတွေနဲ့ မြန်မာအစိုးရသစ်နဲ့ ပြည်သူတွေu လက်နဲ့ရေးနေ တာကို ခြေနဲ့ဖျက် လုပ်လာတာ တွေ့ရပါတယ်။

KIA က အယ်ဂျားဇီးယားသတင်းဌာနနှင့်ပူးပေါင်း၍ လုပ်ကြံသတင်းများထုတ်လွှင့်ရန်စီစဉ်နေဟုဆို

  သတင်းထောက် Abderrahim Foukara
အယ်ဂျားဇီးယားသတင်းဌာနမှ သတင်းထောက် Gabriel Elizondo နှင့် Abderrahim Foukara တို့ဟာ ရွှေလီမြို့ မှတစ်ဆင့် KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ရောက်ရှိနေကြောင်း ကချင်နေ့စဉ်သတင်း ၏ အင်တာနက်စာမျက်နှာတွင်ဖေါ်ပြထားချက်အရသိရှိရပါသည် ။

 သတင်းထောက် Gabriel Elizondo

 
 မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ KIA  ဖြစ်နေသော တိုက်ပွဲများကြောင့် ကချင်လူထုမှာ တော်တော်လေး ဒုက္ခရောက်နေတဲ့အကြောင်းနဲ့ လက်ရှိတိုက်ပွဲများကြောင့် တရုတ်မြန်မာနယ်စပ်က ဒုက္ခသည်တွေဟာ ဆင်းရဲကျပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတဲ့ ပုံစုံမျိုးဖန်တီးရိုက်ကူးပြီး အယ်ဂျားဇီးယားသတင်းဌာနမှာ ထုတ်လွှင့်သွားမမှာဖြစိကြောင်း အဆိုပါသတင်းမှာဖေါ်ပြထားပါတယ် ။

ဇာဂနာဆေးစစ်ဖို့ လိုနေပြီလား (သို့) ဇာဂနာအပေါ် မေးချင်သော မေးခွန်းများ


သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ထောင်ကနေ သူများထက်စောပြီး လွတ်လာတဲ့ လူပျက်ဇာဂနာ တစ်ယောက်ဟာ SSA ကဗိုလ်ချုပ်ဆေထင်လို လွတ်လွတ်ချင်း ကျန်းမာရေး ဆေးစစ်ချက် ခံယူသင့်ပါတယ်။ ဇာဂနာအနေနဲ့ ဆေးစစ်သင့်တာကတော့ သူရဲ့ စိတ်ရောဂါ ကျန်းမာရေးကိုပါပဲ။ ဘာလို့လဲ ဆိုတော့ ထောင်ကထွက်လာလာချင်း သူ့ကိုလွှတ်ပေးခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးကို ကျေးဇူးတင် စကားမပြောဘဲ အဖွဲ့အစည်းပေါင်းစုံက မေးသမျှ ဟာတွေကို စိတ်လွတ်ကိုယ်လွတ် ပေါက်ကရ လျှောက်ပြောခဲ့လို့ပါပဲ။

အောက်က မေးခွန်းလေးတွေနဲ့ ပုံတွေကို ကြည့်ကြည့်ရင် ရှေ့နောက် အပြောမညီစွာနဲ့ စိတ်လွတ် ကိုယ်လွတ်ဖြစ်နေတဲ့ ဇာဂနာရဲ့ စိတ်အခြေအနေကို သိရှိနိုင်ပါလိမ့်မယ်။
 

Wednesday, 19 October 2011

ရှိရင်းစွဲ ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများ ဆတက်ထမ်းပိုး တိုးတက် အောင်မြင်ပါစေ

မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်ပြီး လူအများက စိတ်ဝင်စားနေကြ သလို မီဒီယာတိုင်းကလည်း ဒီကိစ္စကို ပုံစံအမျိုးမျိုးနဲ့ ဝေဖန်သုံးသပ် ရေးသား ထုတ်လွှင့်လျက် ရှိကြပါတယ်။ ဒီစီမံ ကိန်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတကြီးက လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ပြီး နောက်ပိုင်းမှာတော့ အိမ်နီးချင်းနိုင်ငံ ဘက်မှာရော၊ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ မီဒီယာတွေက သူ့သဘောသူ ဆောင်ပြီး အမျိုးမျိုး ရေးသားဝေဖန် နေကြပါတယ်။ အထူးသဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး ထိုးနှက်မှုတွေ ရှိနေတာကိုလည်း တွေ့ ရှိရပါတယ်။
မြစ်ဆုံဆည် စီမံကိန်းကို ၂ဝဝ၆ ခုနှစ်က တရုတ် China Power Investment Corporation(CPI) နဲ့ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာနတို့ စာချုပ်ချုပ်ဆိုပြီး စတင်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် ဒေါ်လာ သန်း ၃၆ဝဝ ကုန်ကျမယ့် မြစ်ဆုံ စီမံကိန်းအပါအဝင် မေခ၊ မလိခ မြစ်ပေါ်ရှိ ရေအားလျှပ်စစ်ဆည် ခုနစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၂ဝ လောက် ရှိတယ်လို့ ဆိုပါတယ်။ သို့သော် မြန်မာပြည်သူတွေ ဘက်ကလည်း ဒီမြစ်ဆုံဆည် စီမံကိန်းတွေကြောင့် ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးသွားမှာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး နောက်ဆက်တွဲ ထိခိုက်ဆုံးရှုံးမှုတွေ ခံစားရမှာ စတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိလာခဲ့ပါတယ်။ ဒီစိုးရိမ် ပူပန်မှုတွေ ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့်၊ ထဲထဲဝင်ဝင် ဖြစ်လာတဲ့အချိန်မှာ နိုင်ငံတော် အစိုးရအနေနဲ့လည်း ပြည်သူများရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးထား ဖြေရှင်း ဆောင်ရွက်ပေးဖို့ တာဝန်ရှိလာ ပါတယ်။ ဒါကြောင့် လက်ရှိအစိုးရ လက်ထက်မှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီးက လွှတ်တော်ကတစ်ဆင့် ပြည်သူကို အသိပေး ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရ ပီပီ ပြည်သူများရဲ့ဆန္ဒကို အလေးထား ဦးထိပ်ပန်ဆင်ပြီး ဆုံးဖြတ်ဆောင် ရွက်လိုက်ခြင်း ဖြစ်တဲ့အတွက် အားလုံးက ကြိုဆိုရမယ့် ဆောင်ရွက်မှု တစ်ရပ်သာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတအကြံပေးပုဂ္ဂိုလ် ဦးကိုကိုလွင်နှင့် ဧရာဝတီတို့ အင်တာဗျူး

မေး။ ။ ကျနော်တို့ ကြားရတဲ့ Swedish ရေဒီယိုမှာ ဦးကိုကိုလှိုင်ကနေပြီးတော့ နိုင်ငံရေးအကျဉ်းသား မြန်မာပြည်မှာ ၆၀၀ ပဲရှိတယ်လို့ ပြောတယ်ဆိုပြီးတော့ ကျနော်တို့ သတင်း တခုကြားရတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ Confirm လိုချင်လို့ပါ။

ဖြေ။ ။ ကျနော်တို့ကတော့ အတိအကျစာရင်းတော့ မရှိဘူးပေါ့။ အတိအကျ စာရင်းလိုချင်ရင်တော့ ပြည်ထဲရေးဝန်ကြီးဌာနကို တောင်း နိုင်ပါတယ်။ သူတို့လုပ်ထားတာ ဆိုတော့။

မေး။ ။ ကုလသမဂ္ဂ အပါအ၀င် တခြား လူ့အခွင့်ရေးစောင့်ကြည့်ရေး အဖွဲ့တွေကနေပြီးတော့ ၂၀၀၀ လို့ ပြောနေတာ ဆိုတော့ ဒီလို မျိုး ကွာခြားချက် နှစ်ခုဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ဦးကိုကိုလှိုင်အနေနဲ့ ဘာများမှတ်ချက်ပေးနိုင်မလဲ။

ဖြေ။ ။ အပြင်ဘက်က စာရင်းကတော့ ဖြစ်နိုင်တာပေါ့နော်။ သူတို့အနေနဲ့ အတိအကျကောက်ခံဖို့ အခွင့်အလမ်း တော်တော်နည်း တာပေါ့ အပြင်ကကောက်ရတာကိုး။ အပြင်ကကောက်ရတဲ့အခါကြတော့ စာရင်းတွေကအတိအကျရနိုင်မယ်လို့ မထင်ဘူးပေါ့နော်။ အဲဒီအခါ သူတို့လည်းပဲ စိတ်မှန်းတဲ့ အထဲကပဲ ရှိကောင်းလည်း ရှိလိမ့်မယ်။ တချို့လည်း လွတ်သွားတာ မသိလိုက်တာလည်း ဖြစ် ကောင်းလည်း ဖြစ်မှာပေါ့နော်။ ဒီဘက်မှာကြတော့ သူတို့ကတော့ သေချာစရင်းဇယားနဲ့ ကိုင်ပြီးတော့ တွက်တာကြတော့ ပိုပြီး တိ ကျနိုင်တာပေါ့။ ဒါပေမယ့်လည်း ကျနော်ထင်တယ်၊ တချို့ဟာလည်း ဒါ ယုံကြည်ချက်ကြောင့် ကျတဲ့အကျဉ်းသားလား၊ ရိုးရိုးအကျဉ်းသားလား ဆိုတာ Definition သတ်မှတ်ချက်ပေါ်မှာလည်း ကွဲလွဲချက်ရှိရင်လည်း ရှိမှာပေါ့။ အဲဒါတော့ ကျနော် အသေအချာ မသိဘူး။ မသိဘူးဆိုတာ အဲဒီစာရင်းဇယား အတိအကျတော့ ကျနော်တို့ဆီမှာ မရှိဘူးပေါ့နော်။

မေး။ ။ ဒီကြားထဲမှာလည်း ထပ်လွှတ်ပေးမယ်ဆိုပြီးတော့ ကြားနေရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဦးကိုကိုလှိုင် အနေနဲ့ ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ အဲဒါတော့လည်း ကျနော်တို့က သေချာမသိဘူးပေါ့နော်။ သို့သော်ငြားလည်း တာဝန်ရှိတဲ့သူတွေ ပြောနေကြတာတော့ နောက်ထပ် လွှတ်ပေးလိမ့်မယ်လိုတော့ ပြောနေကြတာပဲ။ ကျနော်တို့ကတော့ အကြံပေးဆိုတော့ အဲဒီလိုမျိုးအင်မတန် တိကျတဲ့ သတင်းမျိုးတွေကတော့ ကျနော်တို့က ပြောနိုင်ဖို့ တော်တော်ခက်ပါတယ်။

Tuesday, 18 October 2011

ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်မှာ ဆန္ဒပြလျှင် ရဲက ငရုတ်ကောင်ရည်နဲ့ မျက်လုံးကို ပက်ဖျန်း သည်ဟုသိရ

အမေရိကန် ဘဏ္ဍာရေး နှင့် ငွေကြေး ဈေး ကွက် ဖြစ်သည့် ဝေါလ်ထရိတ် လမ်းရှိ မသမာ သည့် အရင်း ရှင် များ ကို အကြမ်းမဖက်သောနည်းဖြင့် ယုံကြည်ချက်ကြောင့် ငြိမ်းငြိမ်းချမ်းချမ်း ဆန့် ကျင် ဆန္ဒ ပြ နေ သည့် Occupy Wall Street လှုပ် ရှား မှု အဖွဲ့  ၀င်များ ကို အမေရိကန်ရဲများ က ငရုတ် ကောင်း မှုန့် များ ထည့် ထား သည့် မှုတ် ဆေး ဗူးများဖြင့် ပက် ဖျန်း ခံ တယ်လို့ သတင်းစာများမှာ ရေးသားထားတာ တွေ့ရပါတယ်။



သမ္မတအိုဘားမား တက်လာပြီးကတည်း စီးပွားရေး ချွတ်ခြုံကျခဲ့တဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံသားတွေက စိတ်မရှည်နိုင်တော့ပဲ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာ ဒါနဲ့ဆို ခဏခဏ ရှိနေပြီ ဖြစ်ပါတယ်။ ၀ါရှင်တန် ဒီစီ ရှိ ဆန္ဒပြ သူများက ဝေါလ်စထရိ ၊ H လမ်းမ နဲ့ နေရာ အတော်များများမှာ စုဝေး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

နယူးယောက် တွင် လည်း ထောင် နှင့် ချီ သည့် ဆန္ဒပြ သူ များ သည် ၎င်း တို့  ၂၂ ရက်ကြာ စခန်း ချရာ ဇာကိုတီ ပန်းခြံ မှ အောက် မက်ဟတ်တန် ရှိ ၀ါရှင်တန် ရင်ပြင် သို့  ချီတက်ကြ ရာ လူထောင် ပေါင်း များ စွာ ပါဝင် ခဲ့ သည်။

ကော်လိုယာဒို ပြည်နယ် ဒင်ဗာ မြို့  မှာလည်း လူ ၇၀၀ ခန့် က ဗဟို ဘဏ် ရှေ့  တွင် စု ရုံး ပြီး ဆန္ဒပြ ကြသည်။

OWS လှုပ်ရှား မှု များ ကို အမေရိကန် မြို့  ပေါင်း ၁၀၀၀ ကျော် နှင့် နိုင်ငံ တကာ ရှိ မြို့  ပေါင်း ၁၀၀ ခန့် တွင် ကျင်း ပ နိုင်ခဲ့ သည် ။