Saturday 29 October 2011

ထောင်တန်တဲ့စကား ရယ်လျှင်ပေါ့

အခုတလော မြန်မာနိုင်ငံ အစိုးရသစ်၏ ဒုတိယ အကြိမ် လွတ်ငြိမ်း ချမ်းသားခွင့် ပေးခဲ့ပြီး မကြာခင် အချိန် အတွင်း အင်တာနက် စာမျက်နှာများ၊ ဂျာနယ်များ၊ ပြည်ပက ရုပ်မြင်သံကြား ဌာနများ၊ ပြည်ပက အသံလွှင့်ဌာနများ စသည့် မီဒီယာ လောကတွင် လွတ်မြောက် လာသူများ၏ တွေ့ဆုံမေးမြန်းခန်းများ၊ ပြောကြားချက်များ ပလူပျံနေ ပေသည်။
ထိုအထဲတွင် မြန်မာ့ အနုပညာ လောကမှ စွယ်စုံရ အနုပညာရှင်ကြီး (သူတို့ခေါ်ကြသလို) ကိုဇာဂနာ၏ သတင်းများမှာ များမြောင် လှပေရာ အချိန် ခဏတာ အတွင်း မြန်မာ့ နိုင်ငံရေး လောကနှင့် ကမ္ဘာ့ နိုင်ငံရေး လောကတွင် နိုင်ငံရေး လောက အတွင်းမှ တစ်ကယ့်ကို တိုင်းကျိုး၊ ပြည်ကျိုး အတွက် နိုင်ငံရေး လုပ်ဆောင် ပါသည်ဟု ဆိုနေသူ များထက် သာလွန်သော ဟီးရိုးကြီး တစ်ဦးပင် ဖြစ်နေမည် ထင်သည်။
အနုပညာ လောကမှ တစ်ဆင့် နိုင်ငံရေး လောကထဲသို့ ကူးပြောင်း ဝင်ရောက် လာခဲ့သူ တစ်ဦး ဖြစ်သည့် အားလျော်စွာ စွယ်စုံ အနုပညာရှင်ကြီး ကိုဇာဂနာ၏ အသုံး အနှုန်းများမှာ ကြားရ မြင်ရ သူများ အဖို့ သွားရည် ကျစရာ ဖြစ်နေ ပြန်သည်။ သြော်.. မေ့လို့ သွားရည် ကျစရာ ဖြစ်ဆို အနုပညာ လောက အတွင်းတွင် ဇာတ်သဘင် လူရွှင်တော် ဆိုသူ သူများထဲမှ ကိုဇာဂနာကဲ့သို့ သူများမှာလည်း ပရိသတ် သဘောကျဖို့ အရေး သာမာန် ပျက်လုံး များထက် နိုင်ငံရေး ပျက်လုံးများ၊ ခါးအောက်ပိုင်းနှင့် သက်ဆိုင်သော ပျက်လုံးများ ကဲ့သို့ ကြည့်ရှု နားဆင် နေကြသော ပရိသတ်များ အတွက် အဓိပ္ပာယ် နှစ်ခွ ထွက်သော အတွေး အမြင် ပျက်လုံး များသာ ပြောဆို၍ ပရိသတ်၏ စိတ်ဝင်စားမှုအား ရယူ တတ်ကြသည် မှာလည်း အားလုံး အသိပင် ဖြစ်သည်။
ကိုဇာဂနာက မိမိ၏ ရှေးကံကြောင့် ရရှိ လာသော တင်္ခဏုပ္ပတ္တိဉာဏ် အား “ထောင်တန်သည့် စကား ရယ်လျှင် ပေါ့သည် ဆိုသကဲ့သို့ အပြောင် အပြက် သဘောနှင့် ပျက်လုံး ထုတ်သည့် ဘက်တွင် အသုံးပြု နေသည်ကို တွေ့ရသည်။ ဤကမ္ဘာ လောက အတွင်းမှ ဖြစ်ပျက်မှု များအား ကြည့်မြင် နားထောင် သူချင်း သူသော်လည်း မိမိ၏ စိတ်သဋ္ဌာန် အရ ရှုထောင့် အမျိုးမျိုး၊ အသွင် အမျိုးမျိုး ဖြင့် မြင်တွေ့ တတ်ကြ သည်ကိုလည်း တွေ့ရသည်။ သစ်တုံး ပေါ်တွင် ရေးထွင်း ထားသော“၃ ၁” ဟူသည့် အက္ခရာ နှစ်လုံးအား မိမိ၏ အမြင်ဖြင့် (မိမိ နေထိုင် ကျင်လည်ရာ ပတ်ဝန်းကျင် အမြင်ဖြင့်) အမျိုးမျိုး ပြောဆို ကြသော်လည်း နောက်ဆုံးတွင် သစ်ခုတ်သမား၏ “၃ ၁” ဟူသည် “သစ်တုံး”သာ ဖြစ်သည် ဆိုသော ပုံပြင်ကဲ့သို့ ပကတိ အရှိ တရားအား အကောင်း အမြင်ဖြင့် မရှုမြင်ပဲ မိမိ အထင်၊ မိမိ အမြင် ဖြင့်သာ ပျက်လုံး ထုတ်နေခြင်း အားလည်း တွေ့ရသည့် အတွက် စိတ်မကောင်း ဖြစ်မိသည်။ နိုင်ငံရေး လုပ်ခြင်း ဆိုသည့် လေးနက်သည့် အသုံးအနှုံးအား လှောင်ပြောင် ရယ်သွမ်း သွေး၍ ဟာသ လုပ်ခြင်းဖြင့် ရောနှော ပစ်လိုက် ခြင်းမျိုး မဖြစ် စေချင်ပါ။
ကိုဇာဂနာ အကျဉ်းထောင်မှ လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် လွတ်မြောက် လာပြီး မကြာမီ မှာပင် အပြောင် အပျက် ပြောဆို သွားသော ပျက်လုံး ကဲ့သို့ ပြန်လည် အသွင်ပြောင်း ပြောရလျှင်-
ကိုဇာဂနာက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တကယ် လိုလားတယ် ဆိုရင် အပြောင် အပျက် သရော် စကား များဖြင့် ယခု ကဲ့သို့ လူစိတ်ဝင်စား စေမည့် ပျက်လုံးများ ထုတ်နေမည့် အစား “အပြောနှင့် မဟုတ် အလုပ်နှင့် သက်သေပြပါ” ဟု ဆိုချင်သည်။ ထိုသို့ မဟုတ်လျှင် ကိုဇာဂနာ၏ ယခု ပုံစံက “ဝါးခြမ်းအား မြင်နေ သော်လည်း အရင်က ဝါးလုံးကြီးပါ”ဟု ပြောဆိုနေ သကဲ့သို့ လည်ကောင်း၊ “စကားတတ် သည်နှင့် အကောင်း အဆိုး၊ အကြောင်း အကျိုး စဉ်းစား ဆင်ခြင်မှု မရှိပဲ တစာစာ ပြောနေသော ရွှေဂဲ ကြက်တူရွေး”ကဲ့သို့ လည်းကောင်း ဖြစ်နေပေ ဦးမည်။ ထို့ကြောင့် “ဝါသနာ အရင်းခံဖြင့် ဇာဂနာ ရယ်လို့ ဖြစ်လာ ပေမယ့် ဘာလချာ အပျင်းဉာဏ်နဲ့ နိုင်ငံရေး အပြောင် အပျက် ပြောနေမယ် ဆိုရင် ဘာဝနာ အားမထုတ် နိုင်ပဲ အပယ်ငရဲ အထိ ဟာသ ပြက်လုံးများ ထုတ်နေဦး မည်လား”ဟု မေးလိုက် ချင်သည်။ အာသွက်ခရာ 

No comments:

Post a Comment