ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘလော့ဂ်မှာ သမိုင်းဖြစ်စဉ်တွေကို ဖော်ပြပြီး ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသား မဟုတ်ဘူးဆိုတဲ့ သုံးသပ်ချက်ကို အဏ္ဏ၀ါစစ်သည်နဲ့ ရခိုင်သား တို့က တင်ပြခဲ့ပြီး ဖြစ်ပါပေတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ဒီအဆိုကို သဘောတူလို့ ရိုဟင်ဂျာဟာ ဒုက္ခသည် မဟုတ်ဘူးဆိုတဲ့ ပို့စ်ကို တင်ခဲ့ပါတယ်။ သို့သော် ရိုဟင်ဂျာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး နောက်ခံသမိုင်းကို ထဲထဲဝင်ဝင် မသိခဲ့ပါဘူး။ ဒါ့ကြောင့် အချိန်ပေးပြီး လေ့လာခဲ့ပါတယ်။ အဲဒီအခါမှာ ဒီရိုဟင်ဂျာ လှုပ်ရှားမှုဟာ ခုမှ ဗြုံးကနဲ ပေါ်လာတာမဟုတ်။ ဘင်္ဂါလီ ကုလားများဟာ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ အင်္ဂလိပ်ခေတ်က အခြေချ နေထိုင်သူများ၊ လွတ်လပ်ရေး နောက်ပိုင်း ခိုးဝင်လာသူများကို မြန်မာ တိုင်းရင်းသား လူမျိုးစု တစ်စုအဖြစ် အသိအမှတ် ပြုခံရအောင် ရေရှည်မဟာဗျူဟာ ချပြီးလုပ်လာခဲ့တယ် ဆိုတာ သိလာရသလို ဒီပြဿနာဟာ အမျိုးသားရေး အတွက် အလွန်အန္တရာယ်ကြီးတဲ့ ကိစ္စဆိုတာ မြင်လာပါတယ်။
မူဂျာဟစ် ခေါ် ကုလားဆိုးများ
မြန်မာနိုင်ငံထဲမှာ ရောက်နေတဲ့ ဘင်္ဂါလီ ကုလားတွေကို သီးခြားလူမျိုးစု တစ်ခုဖြစ်အောင် လုပ်ဖို့၊ ဒီကုလားတွေ အများစုဖြစ်သွားတဲ့ နယ်စပ်ဒေသတွေကို စစ်တကောင်းဒေသ ( နောင် အရှေ့ ပါကစ္စတန်၊ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်) နဲ့ ပူးပေါင်းဖို့ဆိုတဲ့ လှုပ်ရှားမှုတွေဟာ ၁၉၃၂ ခုနှစ် လောက်ထဲ ကပေါ်ခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံကို အန္ဒိယနိုင်ငံကနေ ခွဲရေး၊ တွဲရေး လှုပ်ရှားမှုတွေဖြစ်တဲ့ အချိန်ပါ။ စစ်တကောင်းမှာရှိတဲ့ မူဆလင်လိဂ် ခေါင်းဆောင်တွေက မြန်မာကို အိန္ဒိယရဲ့ အစိတ်အပိုင်း အဖြစ် ဆက်ထားဖို့ လှုံ့ဆော်မှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ခွဲရေးဘက်က အနိုင်ရသွားတဲ့ အခါကျတော့ ရခိုင်ပြည်နယ်ထဲက ကုလားအများစု နေတဲ့ဘူးသီးတောင်၊ မောင်တော ဒေသတွေကို စစ်တကောင်း ဒေသနဲ့ပေါင်းဖို့ဆိုတဲ့ လှုပ်ရှားမှု စပေါ်လာပါတယ်။ အဲဒီ လှုပ်ရှားမှုကြောင့် ရခိုင်ပြည်နယ်ထဲကို နောက်ထပ် ဘင်္ဂါလီကုလားတွေ အလုံးအရင်းနဲ့ ၀င်လာခဲ့လို့ ၁၉၃၅ ခုနှစ် နောက်ပိုင်းမှာ အင်္ဂလိပ်ဘုရင်ခံက ဘင်္ဂါလီ ကုလားတွေကို အထူးနှုန်းနဲ့ သယ်ပေးနေတဲ့ သဘောင်္ ခရီးစဉ်တွေကို ရပ်ပစ်လိုက်ရတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကုလား တစ်သန်း ကျော်လောက် ရခိုင်ပြည်နယ်ထဲကို ရောက်နေပါပြီ။
အဲဒီလှုပ်ရှားမှုကြောင့်ပဲ အရင်ပို့စ်တွေထဲမှာ ပါခဲ့တဲ့ မူဂျာဟစ်ခွဲထွက်ရေးလှုပ်ရှားမှုတို့ ၁၉၄၂ ခုနှစ်မှာ မောင်တော် ဒေသက ရခိုင်တွေကို အစုလိုက်အပြုံ လိုက်တိုက်ခိုက်မှု တို့ဆိုတာတွေ ဖြစ်ခဲ့တာ ပါ။ အခု နိုင်ငံတကာ ရိုဟင်ဂျာ အဖွဲ့အစည်းများက ထုတ်ဝေတဲ့ စာတမ်းတွေမှာ မူဂျာဟစ် ခွဲထွက်ရေး လှုပ်ရှားမှု အကြောင်း လုံးဝဖော်ပြတာ မရှိသလို ၁၉၄၂ ခုနှစ် ဖြစ်ရပ်ကိုတော့ ရခိုင်တွေက ကုလားတွေ ကို တိုက်ခိုက်သတ်ဖြတ်မှု အဖြစ် ပုံဖော်ထားခဲ့တယ်။ စစ်ပြီးခေတ် အင်္ဂလိပ် CASB အုပ်ချုပ်ရေး အစီရင် ခံစာမှာပါတဲ့ ရခိုင်ရွာ တစ်ရာကျော်လောက် ဖျက်ဆီးခံရတဲ့ကိစ္စ၊ ရခိုင်တွေ သောင်းနဲ့ချီပြီး တောင်ဘက်ကို ထွက်ပြေးခဲ့တဲ့ ကိစ္စတွေကိုတော့ တစ်စွန်းတစ်စမှ ရေးမထားခဲ့ဘူး။ ရခိုင်ဒေသကို ဂျပန်တွေ သိမ်းပိုက်ထားချိန်မှာ စစ်တကောင်းဒေသနဲ့ ရခိုင်ဒေသမှာရှိတဲ့ ကုလားများဟာ အင်္ဂလိပ် တပ်တွေရဲ့ ရခိုင်ဒေသ စစ်ဆင်ရေးတွေမှာ အားတက်သရော ပါဝင်ခဲ့တယ်။ ကုလားတွေက ဒီလိုလုပ်တဲ့အတွက် နောင်တစ်ချိန်မှာ ဒီဒေသကို Arakistan ဆိုတဲ့အမည်နဲ့ သီးခြားပြည်နယ် ဒါမှမဟုတ် စစ်တကောင်း ဒေသထဲကို သွတ်သွင်းပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ ရခိုင်စစ်ဆင်ရေးတွေကို ကွပ်ကဲခဲ့တဲ့ ဗြိတိသျှဗိုလ်ချုပ် အာဝင်က ဘင်္ဂါလီ ကုလားတွေကို သစ္စာရှိ တိုင်းရင်းသားများ အဖြစ်နဲ့ အစီရင်ခံစာတွေမှာ ဖော်ပြပေးခဲ့တယ်။ ဒါ့ပေမယ့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့အချိန်မှာ ကုလားတွေအတွက် သီးခြား ပြည်နယ် လည်းမရ၊ အရှေ့ပါကစ္စတန်နဲ့ လည်းပေါင်း မပေးဘူးဆိုတာ ထင်ရှားလာတဲ့အချိန်မှာ မူဂျာဟစ် ခေါ်ကုလားဆိုး လှုပ်ရှားမှု ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
၁၉၅၄ ခုနှစ်မှာ အရှေ့ပါကစ္စတန် နယ်စပ်(အခုဘင်္ဂလားဒေ့ရှ်)က တောင်ပြိုမှာရှိတဲ့ မူဂျာဟစ် ခေါ် ကုလားဆိုးများရဲ့ စခန်းကို တပ်မတော်က သိမ်းပြီးချိန်မှာ မူဂျာဟစ်သူပုန်တွေ ပြိုကွဲသွားတယ်။ ဒီအခါမှာ ဘင်္ဂါလီကုလား နိုင်ငံရေးသမားများက လက်နက်နဲ့ ခွဲထွက်ရေးလုပ်တာ မအောင်မြင်နိုင်ဘူး ဆိုတာကို လက်ခံခဲ့တယ်။ ဒါ့ကြောင့် သူတို့ဟာ နံမည်ပျက်နေတဲ့ မူဂျာဟစ်ဆိုတဲ့ အမည်အစား ရခိုင် ဒေသက လူတွေကို ကုလားတွေက ခေါ်တဲ့ ရိုဟင်ယွာ ဆိုတဲ့စကားကနေ ရိုဟင်ဂျာဆိုတဲ့ လူမျိုး တစ်မျိုး မွေးထုတ်ဖို့ လုပ်ခဲ့တယ်။
ရိုဟင်ဂျာအစ
ဘင်္ဂါလားကုလား သမိုင်းပညာရှင် ဘာဟာက ရခိုင်ဒေသမှာ ရှိတဲ့ ရခိုင်နဲ့ ဘင်္ဂါလီ ကုလား တွေက မျိုးရင်းက အတူတူပဲ။ အသားမည်းတဲ့ နီဂရွိုက် အနွယ်တွေဖြစ်တယ်။ မြန်မာနိုင်ငံ အလယ်ပိုင်း မှာနေရာကနေ မွန်ခမါတွေ၊ မွန်ဂိုလွိုက်တွေဝင်လာလို့ တောင်ဘက် ဆင်းလာရင်း တစ်ချို့က ရခိုင် ဒေသကိုရောက်၊ တစ်ချို့ ပသျှူးဖြစ်။ တစ်ချို့က ထိုင်းတောင်ပိုင်းနဲ့ မလေးရှားကို ရောက်သွားတယ်။ ရခိုင်ဒေသ မြောက်ဘက်ကို ရောက်သွားတဲ့ အုပ်စုက အာရပ်ကုန်သည်တွေနဲ့တွေ့ပြီး ၈ရာစုမှာ မူဆလင် ဖြစ်ကုန်တယ်။ တောင်ဘက်က အုပ်စုဗုဒ္ဓဘာသာ ဖြစ်သွားတယ်။ ဗုဒ္ဓဘာသာ ဖြစ်သွားတဲ့ အုပ်စုက ရခိုင် ဖြစ်လာပြီး မြောက်ဘက်က အုပ်စုက ရိုဟင်ဂျာ ဖြစ်သွားတယ်။ မူရင်းစကား က Rakhuses ဆိုတဲ့ နံမည်ကနေ ရခိုင်၊ ရိုဟင်ဂျာဆိုပြီး ကွဲသွားတာ ဖြစ်တယ်ဆိုတဲ့ စာတမ်းတစ်ခုကို ရေးခဲ့ဖူးတယ်။ ဒါဟာ ရခိုင် ဒေသမှာ ရှိတဲ့ ဘင်္ဂါလီကုလားများကို မြန်မာနိုင်ငံအတွင်းက လူမျိုးစုတစ်ခုအဖြစ် ပုံဖော်ဖို့ ကြိုးစား လိုက်တာပဲဖြစ်တယ်။
အဲဒီဘင်္ဂါလီ ကုလားပညာရှင်တွေကပဲ ၁၄၃၀ ခုနှစ်မှာ အိန္ဒိယဒေသကို အုပ်ချုပ်နေတဲ့ မူဆလင် မွန်ဂိုအင်ပါယာရဲ့ တိုက်ခိုက်မှုကြောင့် ရခိုင်ထီးနန်းကို မူဆလင်ဘုရင်တွေကို နှစ်တစ်ရာကျော်အုပ်ချုပ် ခဲ့တဲ့ကာလကို ဒေသခံ ရိုဟင်ဂျာတွေက ရခိုင်ထီးနန်းကို ဆက်ခံတဲ့ပုံစံ၊ ရခိုင်ဘုရင်တွေ ကိုယ်တိုင်က မူဆလင်ဘာသာ အဆုံးအမကို ခံယူတဲ့ ပုံစံရေးကြတယ်။ သူတို့က ရခိုင်တွေဟာ မူဆလင် ဘာသာရဲ့ ကြီးကျယ်မှု၊ သန့်စင်မှုကြောင့် မူဆလင် ဘာသာကို ၀င်ကုန်တယ်လို့ အခုလိုရေးတယ်။
According to history, Islam came through the sea borne Sufis and merchants. The superior morality of those devout Muslims attracted large number of people towards Islam.
ဒီလိုနဲ့ ရိုဟင်ဂျာ ဆိုတဲ့စကားလုံးဟာ ဘူးသီးတောင်၊ မောင်တောဒေသက မူဆလင်အမတ် တွေက တဆင့် မြန်မာ့နိုင်ငံရေးနဲ့ မြန်မာသတင်းစာတွေပေါ်မှာ ရောက်လာတယ်။ ဘာဖြစ်လို့ ဘင်္ဂါလီ ကုလားအမတ်တွေ လွှတ်တော်ထဲ ရောက်လာတယ်ဆိုတာနဲ့ နောက်ဆုံး ဦးနုက မေယုအထူးခရိုင် အဖြစ် သတ်မှတ်ပေးခဲ့တဲ့ အဖြစ်တွေကို တစ်ခြားပို့စ်တွေမှာ ဖော်ပြထားပြီး ဖြစ်လို့မပြောတော့ပါ။ နောက်ဆုံးမှာတော့ ဦးနုအစိုးရ ကောင်းမှုနဲ့ ရိုဟင်ဂျာ အသံလွှင့်အစီအစဉ်ဆိုတာပေါ်လာတဲ့အပြင် မေယုအထူးခရိုင် သတ်မှတ်ပေးတာကို အကြောင်းပြုပြီး စွယ်စုံကျမ်းထဲက မေယုခရိုင်ဆိုတဲ့ ခေါင်းစဉ် အောက်မှာ မေယုခရိုင်မှာ ရိုဟင်ဂျာ တိုင်းရင်းသား အများစု နေထိုင်တယ် ဆိုတာအထိ ဖော်ပြတဲ့ ဘ၀ ကိုရောက်သွားပါတယ်။ ဒါဟာ ဘင်္ဂါလီ ကုလားများကို ရိုဟင်ဂျာ အမည်ပေးနိုင်ဖို့ ကြိုးစားခဲ့တဲ့ ကုလား တွေအတွက် မဟာအောင်မြင်မှုကြီး ဖြစ်ပါတယ်။
အဲဒီလို ရိုဟင်ဂျာဆိုတဲ့ အမည်ပေါက်သွားတဲ့ နောက်ပိုင်းမှာ ဘင်္ဂါလီ ကုလားပညာရှင်တွေဟာ ရခိုင်ဒေသကို ရိုဟင်ဂျာများရဲ့ မူလဌာနအဖြစ် ပုံဖော်ဖို့ ဆက်တိုက် ကြိုးစားခဲ့ပါတယ်။ ရိုဟင်ဂျာ ဘက် ကသမိုင်းစာတမ်းတွေမှာ အခုလိုပြောလေ့ရှိတယ်-
တစ်။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်းက တိုင်းနဲ့ ပြည်နယ် ၁၄ ခုအနက် မူဆလင်အများစု နေထိုင်တဲ့ တစ်ခုတည်းသောပြည်နယ်ဖြစ်တယ်။
နှစ်။ ရခိုင်ပြည်နယ်မှာ လူဦးရေလေးသန်းရှိပြီး ရခိုင်နဲ့ ရိုဟင်ဂျာထက်ဝက်စီဖြစ်တယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခွဲကို ထည့်မတွက်ထားဘူး။
သုံး။ ရိုဟင်ဂျာတွေရဲ့သမိုင်းကြောင်းဟာ ကြီးကျယ်ခမ်းနားတယ်။ ရခိုင်ပြည်နယ်ကို ၁၄၃၀ ခုနှစ် ကနေ မြန်မာဘုရင်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ၁၇၈၄ ခုနှစ်အထိ ရခိုင်ထီးနန်းကို မူဆလင်ဘာသာဝင် ရိုဟင်ဂျာတွေက စိုးစံခဲ့တယ်။
လေး။ ၁၉၃၇ ခုနှစ်မှာ အင်္ဂလိပ်အစိုးရက ရခိုင်ပြည်သူတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ရခိုင်ဒေသကို မြန်မာနိုင်ငံထဲမှာထည့်ခဲ့တယ်။ အဲဒီအချိန်ကစပြီး ရိုဟင်ဂျာတွေဟာ ရခိုင်နဲ့ ဗမာတွေရဲ့ လူမျိုးရေး ဖိနှိပ်မှုတွေကိုခံရတယ်။ ရိုဟင်ဂျာတွေဟာ ကက်ရှ်မီးယားက မူစလင်တွေနဲ့ ဘ၀တူပဲ။
အဲဒါတွေဟာ ရိုဟင်ဂျာတွေက သမိုင်းကို ပြန်ပြင်ရေးခဲ့တဲ့ အချက်တွေထဲက အနည်းငယ်မျှသာ ဖြစ်ပါတယ်။ အဲဒီလို ရိုဟင်ဂျာ ဆိုတဲ့နံမည်ကို လူတွေလက်ခံလာအောင် လုပ်နိုင်ပေမယ့် ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား လူမျိုးစုဖြစ်အောင် လုပ်ဖို့အတွက် အဓိက အတားအဆီး တစ်ခု ကျန်နေသေးတယ်။ အဲဒါကတော့ မှတ်ပုံတင်ရရေးပါဘဲ။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြဋ္ဌာန်းတဲ့ ၁၉၄၈ ခုနှစ် နို်င်ငံသားဥပဒေမှာ ၁၈၂၃ ခုနှစ် မတိုင်မီကထဲက မြန်မာနိုင်ငံထဲမှာ နေထိုင်ခဲ့သူတွေကိုသာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုမယ် လို့ ပါဝင်ပါတယ်။ ဒီအချက်အရဆိုရင် ရခိုင်ဒေသမှာ ရှိတဲ့ ဘင်္ဂါလီ ကုလားအများစုဟာ နိုင်ငံသား မဖြစ်နိုင်၊ ဧည့်နိုင်ငံသား သာဖြစ်ရမယ်။ ဒါကို ဦးနုဖြေရှင်းပေးပုံက ဘူးသီးတောင်၊ မောင်တောဒေသမှာ ရှိတဲ့ ကုလားတွေရဲ့ မိဘတွေဟာ ၁၈၂၃ မတိုင်ခင်ထဲက အဲဒီဒေသမှာနေထိုင်ကြောင်း သက်သေပြနိုင် ရင် နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးရမယ်လို့ လုပ်လိုက်တာပဲ။ ဘယ်သူကထောက်ခံမလဲဆိုတော့ အဲဒီ ရွာကသူကြီးက ထောက်ခံရမယ်လို့ သတ်မှတ်ပေးတယ်။( ဦးရွှေဇံရေးတဲ့ ရိုဟင်ဂျာပြဿနာ စာတမ်း ) ကုလားကို ကုလားသူကြီးက ထောက်ခံတယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့။ ဒီလိုနဲ့ ကုလားတွေ မှတ်ပုံတင်ရသွားတယ်။ ဒီပြဿနာဟာ လမ်းစဉ်ပါတီလက်ထက်နဲ့ န၀တလက်ထက်မှာ ရခိုင်ပြည်နယ် မှာ မှတ်ပုံတင် စစ်ဆေးလို့ ထွက်ပြေးသွားတဲ့ ကုလားတွေ ကိစ္စမှာ ဒုက္ခပေးတာပဲ။ ဘာလို့လဲဆိုတော့ ထွက်ပြေးတဲ့ ကုလားအများစုဟာ အဲဒီကာလက မှတ်ပုံတင်ရခဲ့တဲ့ ကုလားတွေရဲ့ သားသမီ၊ မြေးမြစ် တွေဖြစ်နေတယ်။ ခိုးဝင်လာပြီး အဲဒီမြေးမြစ်တွေနဲ့ အိမ်ထောင်ကျနေသူတွေဖြစ်နေလို့ပဲဖြစ်တယ်။
ဒီလိုမှတ်ပုံတင်ရအောင် လုပ်ပြီးတဲ့နောက် တိုင်းရင်းသား လူမျိုးစုအဖြစ် သက်သေပြဖို့ဘင်္ဂါလီ ကုလားတွေ လုပ်တာကတော့ ရိုဟင်ဂျာ စာပေဆိုတာကို တီထွင်တာပဲ ဖြစ်ပါတယ်။ တကယ်တော့ ရိုဟင်ဂျာလို့ပြောနေတဲ့ ဘင်္ဂါလီကုလားများဟာ စစ်တကောင်းဒေသက ကုလားများပြောတဲ့ ဘင်္ဂါလီ စကားကိုပဲ ပြောပါတယ်။ အင်္ဂလိပ်ခေတ်၊ လွတ်လပ်ရေး ရပြီးခေတ်မှာလဲ ဘင်္ဂါလီ ကုလားတွေဟာ အူရဒူစာ၊ အင်္ဂလိပ်စာ၊ မြန်မာစာကို ပဲသုံးခဲ့တာပါ။ ကိုရမ်ကိုတော့ အာရေဗီ စာနဲ့ရေးဖတ်တယ်။ ဒါပေမယ့် ၁၉၆၉ မှာတော့ အာရေဗီစာရယ်၊ အူရဒူစာရယ်ကို ပေါင်းပြီး ရိုဟင်ဂျာ စာကိုတီထွင် ခဲ့ပါတယ်။ အဲဒီစာ က ရေးရခက်ပြီး တွင်ကျယ်မှုလည်းမရှိတော့ ၁၉၈၀ နောက်ပိုင်းမှာ အင်္ဂလိပ် အက္ခရာ ၂၆ လုံးကို အခြေ ခံပြီးတီထွင်တဲ့ Rohingyalish ဆိုတာကို ထွင်ခဲ့ပါတယ်။ တကယ်တော့ ဆင်းရဲတဲ့ ဘင်္ဂါလီကုလား အများစုဟာ အဲဒီစာကို မတတ်ပါဘူး။ ဒီစာကို ထွင်ရတဲ့ ရည်ရွယ်ချက်ကလည်း ရိုဟင်ဂျာစာဆိုတာ ကမ္ဘာကသိပြီး ရိုဟင်ဂျာကို သီးခြားလူမျိုးစု တစ်ခုအဖြစ် လက်ခံအောင်သာ လုပ်တာဖြစ်ပါတယ်။ ကုလားတွေဟာ ဒီရည်ရွယ်ချက်ကို စိုက်လိုက် မတ်တတ်ကြိုးစားခဲ့တာ အခုဆိုရင် Rohingyalish ကို ISO နံပါတ် ISO 639-3 "rhg" နဲ့အသိအမှတ် ပြုခံရတဲ့ ဘ၀ရောက်သွားပါပြီ။
ကျွန်တော်တို့အားနည်းချက်
အထက်မှာပြောခဲ့တာတွေကို ပြန်ကြည့်ရင် ဘင်္ဂါလီ ကုလားများဟာ သူတို့ရည်မှန်းချက်ကို ရဖို့ အတွက် ၁၉၃၂ ခုနှစ်ကနေ နှစ်ပေါင်း ရှစ်ဆယ်နီးပါး အဆက်မပြတ် ကြိုးစားခဲ့တာ တွေ့နိုင်ပါတယ်။ သူတို့ဒီလိုလုပ်နေချိန်မှာ ကျွန်တော်တို့မြန်မာတွေက အဲဒီလောက် ရေရှည်မတွေးခဲ့ကြဘူး။ မိမိ ပါတီ အကျိုးအတွက် ကုလားကို အခွင့်အရေးပေးခဲ့တယ်။ အဲဒီဒေသမှာ တာဝန်ကျတဲ့ လ၀က ၀န်ထမ်းများဟာ ငွေကြေးကြောင့် ကုလားတွေကို မှတ်ပုံတင် ထုတ်ပေးခဲ့တာ တွေရှိခဲ့မယ်။ အချင်းချင်းမတဲ့တာနဲ့ ကုလားကို ပစားပေးပြီး မိတ်ဆွေ ဖွဲ့ခဲ့ကြတယ်။ ကုလားအရေးကို အစိုးရကို ထိုးနှက်ဖို့ လက်နက်ကောင်း အဖြစ်သုံးရင်း ကုလားကို ရိုဟင်ဂျာ အဖြစ်လူရာဝင်အောင် လုပ်ပေးခဲ့ကြတယ်။
အခု ရိုဟင်ဂျာ ပြဿနာဖြစ်တော့ အစိုးရကို ဆန့်ကျင်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် အဖွဲ့အများစုက နှာစေးနေကြတယ်။ ကြည့်ရတာ ရိုဟင်ဂျာအရေးမှာ မြန်မာဘက်က ရပ်တည်လိုက်ရင် နအဖကို ထောက်ခံရကျသွားလိမ့်မယ်လို့ ကောက်ယူနေပုံရတယ်။ ၀မ်းနည်းစရာ ပါပဲ။တစ်ချို့ကတော ရိုဟင်ဂျာဘက်က ထောက်ခံပြီး ရေးကြတယ်။ ဘလော့ဂ်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာနဲ့ပတ်သက်ပြီး မြန်မာပြည်မှာ မွေးရင် မြန်မာ တိုင်းရင်းသား ပေါ့လို့ ပြောခဲ့တယ် ဆိုတာကိုကိုးကားပြီး ရိုဟင်ဂျာကို တိုင်းရင်းသား လူမျိုးစု အဖြစ် သတ်မှတ်သင့်ကြောင်း ပြောထားတာ ကို ဖတ်မိတယ်။ ဒေါ်အောင်ဆန်းစုကြည် ဒီလိုပြောတာ မဖြစ်ပါစေနဲ့လို့ပဲဆုတောင်းပါတယ်။
ကျွန်တော်တို့ ဘလော့ဂ်မှာ မှတ်ချက်ရေးသူထဲမှာရော၊ တစ်ခြားနေရာတွေမှာ ရိုဟင်ဂျာ ကိစ္စ ကိုအမျိုးသားရေးအမြင်နဲ့ ရေးသူတွေတွေ့ရလို့လည်း အားတက်မိပါတယ်။သို့သော် ကျွန်တော် တို့ဟာ မြန်မာတွေရဲ့ စိတ်ဟာ ကောက်ရိုးမီးလိုပဲလို့ အပြောခံနေရတာကို မမေ့ဖို့လိုပါတယ်။ သွေးပူတုံးမှာ ဒုတ်ထမ်း၊ ဓါးထမ်းပြောပြီး သွေးအေးတော့ မေ့မသွားဖို့လိုပါတယ်။ တစ်ဖက်က ဘင်္ဂါလီ ကုလားများဟာ မျိုးဆက်နဲ့ ချီပြီး သူတို့ရည်မှန်းချက် အောင်မြင်ဖို့အတွက် နည်းမျိုးစုံနဲ့ ဆောင်ရွက် နေတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။
ရိုဟင်ဂျာကိစ္စကို ကျွန်တော်တို့ ပြောနေတာဟာ လူမျိုးခွဲခြားစိတ်၊ ဘာသာရေး ခွဲခြားစိတ်နဲ့ ပြောတာမဟုတ်ပါဘူး။ ဒီလိုအမြင်နဲ့ ချဉ်းကပ်တာ မှန်သမျှကိုလည်း ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ သို့သော် ဒီလူတွေကို တိုင်းရင်းသားလူမျိုးစုတစ်ခုအဖြစ် လက်ခံရမယ်ဆိုတာတော့ မဖြစ်နိုင်ဘူး၊ နောက်တစ်ခါ ဟိုဘက်မှာ ခိုးဝင်ဖို့စောင့်နေတဲ့ ဘင်္ဂါလီ ကုလားမှန်သမျှကိုလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာတိုင်းရင်း သားလူမျိုးစုအဖြစ်လက်ခံရမယ်ဆိုတာ ပိုပြီး မဖြစ်နိုင်ပါဘူး။
ဒီလိုတိုင်းရင်းသားအဖြစ်နဲ့ လွယ်လွယ်လေး လက်ခံလိုက်မယ်ဆိုရင် နိုင်ငံရေးအရ ရေရှည်မှာ ပြဿနာ ဖြစ်နိုင်တာတွေ အများကြီး ရှိသေးတယ်။ ဥပမာ အခု နအဖသွားနေတဲ့ အခြေခ ဥပဒေသစ် အရပဲကြည့်၊ အမျိုးသားလွှတ်တော်လို့ခေါ်တဲ့ အထက်လွှတ်တော်နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်တွေမှာ သတ်မှတ်လူဦးရေကို ပြည့်မီတဲ့ တိုင်းရင်းသား လူမျိုးစုများအတွက် အမတ်နေရာ သီးခြားသတ်မှတ်ပေး ရမယ်။ ဒီထက်ပိုစိုးရိမ်စရာ ကောင်းတာက တိုင်းရင်းသား လူမျိုးစုတစ်ခုဟာ အနည်းဆုံး မြို့နယ်နှစ်ခုမှာ လူဦးရေ အများစုဖြစ်မယ်။ အဲဒီမြို့နယ်နှစ်ခုဟာ နယ်နမိတ် တစ်ဆက်တည်း ဖြစ်မယ်ဆိုရင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် နယ်မြေသတ်မှတ် ပေးရမယ်။ အဲဒါဆိုရင် ဘူးသီးတောင်၊ မောင်တောမှာ အများစု ဖြစ်နေတဲ့ ရိုဟင်ဂျာတွေဟာ ပအို့ဝ်၊နာဂ၊ ပလောင် တို့လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရသွားတော့မယ်။ အဲဒါဟာ အရင်ဦးနုပေးခဲ့တဲ့ မေယု အထူးခရိုင်နဲ့အတူတူ ဖြစ်သွားမှာပဲ။ မဖြစ်နိုင်ဘူးလို့ မထင်ပါနဲ့။ ၁၉၆၀ တုံးက ဦးနု ရိုဟင်ဂျာကို အခွင့်အရေး ပေးခဲ့တုံးက နောင်နှစ်လေးဆယ်ကျော်မှာ ရိုဟင်ဂျာ အရေးဟာ နိုင်ငံတကာ စင်မြင့်ပေါ် ရောက်လာမယ်လို့ ထင်ခဲ့မှာမဟုတ်ပါဘူး။
အားလုံးပြန်ချုပ်လိုက်ရင်တော့ တစ်ဘက်မှာ ရေရှည်မဟာဗျူဟာချပြီးလုပ်နေတဲ့ ဘင်္ဂါလီ ကုလားတွေ ရှိနေတယ်။ တစ်ဘက်မှာ ရေတိုအကျိုးကိုပဲကြည့်တဲ့၊ အပြင်ရန်ကာကွယ်ဖို့ထက် အချင်း ချင်းချဖို့အားသန်တဲ့၊ ပွဲပြီးမီးသေဖြစ်တတ်တဲ့ ကျွန်တော်တို့ မြန်မာတွေရှိနေတယ်။ ဒါကို မမြင်နိုင်ရင် တော့ အမျိုးကို စောင့်ရှောက်သူလို့ အဓိပ္ပါယ်ရတဲ့ ရခိုင်အမျိုးသားများဟာ ရခိုင်ပြည်နယ်မှာ လူနည်းစု ဖြစ်တော့မယ်။ ဒီတော့ ကျွန်တော်တို့အားလုံး အမျိုးသားရေးအမြင်နဲ့ ရေရှည်ကြည့်ဖို့လိုပြီလို့သာ တိုက်တွန်းချင်ပါတယ်။

ငပိစားတဲ့ရခိုင်တွေ၏ဦးနှောဏ်မှာငပိလိုဘဲပုပ်သိုသွားပြီ၊
ReplyDeleteအရက်သောက်သောသူ၏ချွေးမှအရက်အနံ့ထွက်သလို၊ အပုပ်စားသူ၏ပါးစပ်မှအပုပ်စကားထွက်တာမထူး
ဆန်းပါဘူး၊ရခိုင်ဆိုတာရန်လိုသမား၊ အမှန်တရား၊ မှန်ကန်မှု ၊
အရှိတရား၊အများသဘောတူ၊ဟူသောလူသားတို့၏သဘာဝတ၇ားကိုဆန့်ကျင်တာမြန်ပြည်မှာနေသူတိုင်းသိပါတယ်။ မြွေပွေးနှင့်ရခိုင်တွေ့ဘယ်သူ့ကိုသတ်မလဲ။သိတယ်နော်။အကြောက်လွန်ပြီးညမသေလိုက်နဲ့ဦး။ ပြောစရာအများကြီးကျန်နေသေးတယ်။
ရခိုင် အကြောင်း ကျွမ်းကျင်သူ ဘဘ