Monday 24 October 2011

ဇာဂနာ လွတ်မြောက်လာမှုအပေါ် စိုးရိမ်မိကြောင်း ဗြိတိန်လွှတ်တော်အမတ် ပြောဆို

မြစ်ကြီးနား အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ဝေဖန်ရေးလုပ်ဆောင်သူ ဇာဂနာ ရဲ့ တစ်ရက်နှစ်ရက်အတွင်း စည်းမဲ့ကမ်းမဲ့နဲ့ ကရားရေလွှတ်ပြောနေတဲ့ စကားတွေအတွက် အလွန်အင်မတန် စိုးရိမ်မိကြောင်း ဗြိတိန်နိုင်ငံမှ အမည်မဖော်လိုတဲ့ လွှတ်တော်အမတ်တစ်ဦးက ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဇာဂနာ ကဲ့သို့ လက်လွှတ်စပယ် ပြောတတ်တဲ့ အစိုးရအတိုက်အခံကို ဘယ်နိုင်ငံမှာမှ မတွေ့ဖူးကြောင်းနဲ့ သူ့ရဲ့ အပြောအဆိုအတွက် ပြန်တောင်းပန်သင့်တယ်လို့ ပြောခဲ့ပါတယ်။ သူ့အနေနဲ့ အရင်တုန်းက ဇာဂနာကို အလွန် အထင်ကြီးခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဇာဂနာဟာ အိုင်ကျူ ၅၀ ရှိသူတွေကို လွှတ်တော်ထဲမှာ ဘာဆွေးနွေးခဲ့လဲဆိုပြီး မိန်းမဆန်စွာ ပုတ်ခတ်ပြောဆိုခဲ့ပါတယ်။ ဇာဂနာရဲ့ ပြောဆိုချက်က တစ်ကမ္ဘာလုံးမှ ရှိသမျှ လွှတ်တော်အမတ်တွေ အားလုံးကို စော်ကားလိုက်ခြင်းဖြစ်ကြောင်း ဝါရှင်တန်မှ ဥပဒေ ပညာရှင်တစ်ဦးက ပြောပါတယ်။

"ဇာဂနာ ပြောတာတွေနဲ့ပတ်သက်ပြီး အရမ်းစိတ်ပျက်မိပါတယ်... လက်ရှိလွှတ်တော်အမတ်တွေဖြစ်တဲ့ ဂျွန်မက်ကိန်း တို့လည်း ဇာဂနာကို စိတ်ပျက်နေကြတယ်... ဇာဂနာရဲ့ ပရမ်းပတာ စကားတွေအတွက် အလွန်စိုးရိမ်မိပါတယ်" လို့ ပြောပါတယ်။


ဇာဂနာရဲ့ ပြောဆိုမှုက ကမ္ဘာမှာရှိတဲ့ လက်ရှိ လွှတ်တော်အမတ်တွေကိုသာမက ၉၀ ရွေးကောက်ပွဲကို လက်ကိုင်ထားသူ ကိုယ်စလှယ် ဘဘ ကြီးတွေကိုပါ ထိခိုက်စေကြောင်းနဲ့ ဇာဂနာရဲ့ အိုင်ကျူက ၁၀ တောင် မရှိကြောင်းကို NLD ပါတီဝင်တစ်ဦးက အခုလိုပြောဆိုပါတယ်

"ကိုဇာဂနာရဲ့ မဆင်မခြင် ပြောတာကို လုံးဝ ကန့်ကွက်ပါတယ်.. ပါတီက ဘဘ တွေကလည်း ကိုဇာဂနာကို မနှစ်မြို့ကြဘူး.. လွှတ်တော်အမတ်ဆိုတာ ရွေးကောက်ပွဲမှာ နိုင်တဲ့လူတွေကို ပြောတာပဲလေ... လွှတ်တော်အမတ်ကို အိုင်ကျူ ၅၀ ဆိုတော့ ရွေးကောက်ပွဲ နိုင်တဲ့လူတွေက အိုင်ကျူ ၅၀ ဖြစ်သွားမှာပေါ့.. အန်တီစု တို့ ဘဘဦးအောင်ရွှေတို့၊ ဘဘဦးတင်ဦးတို့ကို အိုင်ကျူ ၅၀ ရှိတယ်ဆိုရင် ဇာဂနာက အိုင်ကျူ ၁၀ တောင် ပြည့်မှာမဟုတ်ဘူး... ဒါကြောင့် အိုင်ကျူ ၁၀ မပြည့်တဲ့ ဇာဂနာရဲ့ စကားအားလုံးကို ကန့်ကွက်ပါတယ်..." တို့ ပြောပါတယ်။

ဇာဂနာဟာ ထောင်က ထွက်လာလာချင်းမှာပဲ သတင်းဌာနတွေနဲ့ တွေ့ဆုံချိန်မှာ မေးမြန်းတာတွေကို ဖြေကြားခဲ့ပါတယ်။ သတင်းဌာနတွေအနေနဲ့ နိုင်ငံရေးနဲ့ ဆိုင်တဲ့ မေးခွန်းတွေကို ဇာဂနာဂ ဥပဒေ အကြောင်းမပါ၊ နိုင်ငံရေး ပညာမပါတဲ့ အရပ်သုံးစကားတွေနဲ့ အခြေအမြစ်မရှိပြောခဲ့တာကြောင့် ဇာဂနာကို အလွန်အင်မတန် စိတ်ပျက်မိကြောင်းကို မြန်မာ့အရေး အကဲခက် တစ်ဦးက အခုလို ပြောပါတယ်

"စိတ်ပျက်ဖို့တော့ ကောင်းတာအမှန်ပဲဗျာ... ထောင်ထဲမှာကတည်းက ဘာရည်ရွက်ချက်၊ ဘာဗဟုသုတတွေ ရှိလည်းဆိုတာ ထောင်ကထွက်လာလာချင်း ပထမဆုံး ပြောတဲ့ စကားတွေက ဖော်ပြပါတယ်။ " လေးဖြူကို ကလေးသီချင်း ဖြစ်တဲ့ ရောင်စုံ ဘောလုံး သီချင်းကို ဆိုခိုင်းသလို လေဖြတ်နေတဲ့ သက်ကြီး အမျိုးသမီးကို မိတ်ကပ်လိမ်းပြီး အရပ်ထဲ လွှတ်သလို... " ဆိုပြီး အရပ်စကား၊ ဇတ်စကားတွေနဲ့ အရင်ဆုံး ပြောပြီး အစိုးရကို ဝေဖန်နေတာ တွေ့ရတော့... အဲဒီ အချိန်ကတည်း က သတိထားမိလိုက်တယ်ဗျ... ဇာဂနာကတော့ ကလေးကလားနဲ့ ရပ်ကွက်ထဲ ရန်ဖြစ်သလိုစကားတွေနဲ့ နိုင်ငံရေးလုပ်တော့မယ်ဆိုတာ ပေါ်လွင်သွားလို့ လည်း အရမ်းစိတ်ပျက်မိတယ်..." လို့ ပြောပါတယ်။

ဒါ့အပြင် လက်ဖက်ရည်ဆိုင်မှာ ကလေးချင်းရန်ဖြစ်သလို ငါ့ အသက်အပေါင်ပေးပြီး အာမခံတယ်၊ ငါ့အသက်နဲ့ လောင်း တယ်ဆိုတဲ့ စကားတွေကို မပြောသင့်ကြောင်းနဲ့ ဒီစကားတွေကို နိုင်ငံရေးအကြောင်း ပြောဆိုချိန်မှာ ထည့်သုံးခြင်းက ဇာဂနာရဲ့ ရင့်ကျက်မှု အတိုင်းအတာ ဘယ်လောက်ရှိကြောင်း ပြတာနဲ့ အတူတူဖြစ်ကြောင်းကို အခုလို သူကပဲ အခုလို ဆက်ပြောပါတယ်။

"အဆိုးဆုံးကတော့ ကျွန်တော့အသက်ပေါင်ထားမယ်၊ လမ်းပေါ်ထွက်ရင် ကျွန်တော့ကို သတ်ပစ်လိုက် ... ဆိုတဲ့ စကားပေါ့ဗျာ... ဘယ်နိုင်ငံ ဘယ်အစိုးရကိုမှ အဲ့လို သွားပြောလို့မှမရတာ... တကယ်ကလေးဆန်ပြီး စိတ်ပျက်ဖို့ကောင်းတယ်ဗျ... နိုင်ငံရေးအကြောင်း ပြောနေချိန်မှာ ဒါမျိုးတွေ လျှောက်ပြောတာက သူ့ရဲ့ ရင့်ကျက်မှုအတိုင်းအတာ၊ ဥပဒေ အသိပညာ မရှိတဲ့ အတိုင်းအတာကို ထုတ်ပြတာပဲလေ..." လို့ ဆက်ပြောပါတယ်။

ဇာဂနာကို ပြည်ပအခြေဆိုက် သတင်းမီဒီယာတွေက ကမ္ဘာကျော်လူရွှင်တော်၊ စွယ်စုံရ လူရွှင်တော် ဆိုပြီး ခေါ်ဝေါ်ရေးသားနေကြတာ တွေ့ရပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံမှ ဘယ်ပြည်သူ တစ်ယောက်ကမှ ဇာဂနာကို မသိပါဘူး။ စွယ်စုံရတယ် ပြောရအောင်လည်း ဇာဂနာက တခြား ပညာရပ်အကြောင်း ရေးသားထားတဲ့ စာအုပ်တစ်အုပ်မှ မရှိသလို ဆွေးနွေးထားတဲ့ ဆွေးနွေးပွဲ တစ်ခုမှ မရှိပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စင်္ကာပူရောက် မြန်မာကျောင်းသား တစ်ဦးက အခုလို ပြောပြပါတယ်..

"BBC မှာ ရေးထားတယ်ဗျ.. ကမ္ဘာကျော် လူရွှင်တော်တဲ့၊ ဒါနဲ့ ကျွန်တော် ဒီကလူတွေမေးကြည့်တယ်.. ဇာဂနာ သိလားဆိုတော့.. မသိဘူးတဲ့... ဘာလဲတဲ့.. လူလား.. တိရိစ္ဆာန်လား... မြို့လား.. ဘာလဲတဲ.... ဒါနဲ့ ကျွန်တော် ဓာတ်ပုံပြပြီး မေးတယ်.. သူပဲ ဆိုတော့ တစ်ခါမှ မတွေ့ဖူးဘူးတဲ့... တခြားလူတွေလည်း အတူတူပဲဗျ.. ဒါနဲ့ အွန်လိုင်းက တခြားနိုင်ငံကလူတွေမေးတော့လည်း တစ်ယောက်မှ မသိဘူး... BBC နဲ့ တခြားသတင်းတွေကပြောတဲ့ ကမ္ဘာကျော်တယ်ဆိုတာ ကျွန်တော် လုံးဝ လက်မခံပါဘူး... ပြီးတော့ မြန်မာစာပေမှာ စွယ်စုံရ ဆိုတဲ့ စာလုံးကို ဘက်စုံထူးချွန်ပြီး အရမ်းတော်တဲ့လူတွေမှာ သုံးတာလေ... ခု ဇာဂနာက ဘာမှလည်း မတတ်၊ ဘာမှလည်း မသိဘူး.. ပါးစပ်ထဲရှိတာတွေ လျှောက်ပြောနေတာ... " လို့ ပြောပါတယ်။

သီးလေးသီးနဲ့ပတ်သက်ပြီး ဇာဂနာက အမွေဖျက်မယ်၊ သေခန်းပျက်ပဲ ဆိုပြီး ခဏခဏ ပြောနေခြင်းကြောင့် ဇာဂနာကို အာဏာရှင်ဆန်တယ်၊ လွှတ်လပ်စွာ သဘောထားကွဲလွှဲမှုလုံးဝ မရှိဘူးဆိုပြီး ဝေဖန်ကြသူတွေလည်း ရှိပါတယ်။

အချို့ကတော့ ဇာဂနာဟာ ဒေါ်အောင်ဆန်းစုကြည်လိုပဲ လွှတ်ခါစ မှ လေလုံးထွားလျှောက်ပြောနေပြီး နောက်ပိုင်းကျရင် ကိုယ့်အခြေအနေကိုယ်သိကာ ငြိမ်သွားမှာ ဖြစ်ကြောင်းနဲ့၊ ထုံးစံအတိုင်း လုပ်နေတဲ့ အပေါစား စည်းရုံးမှုကာလ အခိုက်အတန့်ကို သည်းခံသင့်ကြောင်း သုံးသပ်ကြပါတယ်။

မြန်မာ့အရေးကျွမ်းကျင်သူများကတော့ ဇာဂနာအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဘယ်အခန်းတစ်နေရာကမှ မပါဝင်ခဲ့ဖူးကြောင်း၊ ဘာတစ်ခုမှလည်း လုပ်မပေးခဲ့ဖူးကြောင်း။ အဆိုးဆုံးမှာ ဘာ နိုင်ငံရေး အသိပညာနဲ့ ဘာ ဥပဒေ အသိပညာမှမရှိကြောင်း ပြောဆိုကြပါတယ်။ ဒါကြောင့် ဇာဂနာအနေနဲ့ ကိုယ်ဝါသနာပါပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လူပျက်အလုပ်အလုပ်ကိုပဲ ဆက်လုပ်သင့်ကြောင်း အကြံပေးထားကြပါတယ်။

နိုင်ငံတကာက ဇာဂနာပရိတ်သက်တွေအနေနဲ့လည်း ဇာဂနာကို ဘုမသိ ဘမသိနဲ့ နိုင်ငံရေးလောကထဲ မဝင်ဖို့ တားသင့်ကြောင်းနဲ့ နိုင်ငံရေးကို စိတ်မဝင်စားပဲ လူပျက်လုပ်တာကိုမှ စိတ်ဝင်တစား တစိုက်မတ်မတ်လုပ်လာခဲ့ပြီး အခုမှ နိုင်ငံရေးလိုလို ဝေဖန်ရေးလိုလို လုပ်နေတဲ့ ဇာဂနာကို နိုင်ငံရေးအသိတွေ သင်ပေးကြဖို့လည်း တိုက်တွန်းပါတယ်။

နိုင်ငံရေးသမားလား၊ လူပျက်လား၊ အိုင်ကျူ ၁၀ ရှိတဲ့ အရူးလား

အောက်တိုဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့က မြစ်ကြီးနားထောင်ကနေ ဇာဂနာကို နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ လွှတ်ပေးခဲ့ပါတယ်။ ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်တာတွေ လုံးဝမရှိပဲ ကောင်းကောင်းမွန်မွန် ထားကြောင်း နဲ့ ထောင်ကမလွှတ်ခင်မှာ အစိုးရဖက်က လာညှိတာတွေ လည်း လုံးဝ မရှိဘူးလို့ ဇာဂနာ ကိုယ်တိုင်က ပြောဆိုခဲ့ပါတယ်။

No comments:

Post a Comment