Monday 24 October 2011

ပြည်သူတွေရဲ့ လုံခြုံရေးကို ထိပါးစော်ကားနေသူများ၏ လုပ်ရပ်များ

KIA အဖွဲ့ ရမ်းကားမှုများ
၂၀-၁၀-၂၀၁၁ ရက်နေ့တွင် KIA အဖွဲ့ဟု ယူဆရသော အဖွဲ့မှ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲအတွင်းရှိ တုံအော် ကျေးရွာအုပ်စုနှင့် မန်ကန် (တိုနား) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၂)ဦးအား ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါသည်။ တုံအော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဂမ်ဂျီ၏ အလောင်းကို နောက်တစ်နေ့တွင် ရှာဖွေတွေ့ရှိ ရသော်လည်း မန်ကန်(ဟိုနား) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယိန်းတီးမှာ ယနေ့ထိ ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရပါသည်။
မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
၂၁-၁၀-၂၀၁၁ရက်နေ့ နံနက် (၅)နာရီခွဲက မူဆယ်မြို့နယ်၊ ပန်ဆိုင်းကြူကုတ် မြို့နယ်ခွဲ၊ မူဆယ်-ပန်ဆိုင်း၊ လမ်းအကြား နမ့်တောင် ကျေးရွာရှိ နမ်းကွက်တာတံတားတွင် မိုင်း (၁)လုံး ပေါက်ကွဲခဲ့ပြီး အခြား ထောင်ထားသော မိုင်း (၄)လုံးအား မူဆယ်ဘီအီးတပ်မှ ရှာဖွေနိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တံတားမှာ မိုင်တိုင် အမှတ် (၄၅/၄၆)တွင်ရှိပြီး တံတားအရှည် (၁၅)ပေ၊ အကျယ် (၂၀)ပေ ရှိကြောင်းနှင့် မိုင်းပေါက်ကွဲ မှုကြောင့် တံတားအခန်း(၁)ခန်း ကြမ်းပြင်ပျက်စီးသွားကြောင်း သိရှိရပါသည်။ မိုင်း ပေါက်ကွဲမှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။
မြဝတီမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
၂၄-၁၀-၂၀၁၁ ရက်နေ့ နံနက် ၈း၃၀ အချိန်က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင် လမ်းမကြီး ပေါ်တွင် ရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးအဝင်ဝ ယာဘက်ခြမ်း ကပ်လျက်တွင်ရှိသော မောင်သိန်း (၄၅)နှစ် (ဘ) ဦးမောင်ဘအေး၏ ဘကြီးဖြိုး ကွမ်းယာဆိုင် ဘေးတွင် ရပ်ထားသော ပိုင်ရှင်မဲ့ ကလေးစီး စက်ဘီး တစ်စီးမှ အသံမြည် မိုင်း(၁)လုံး ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုတွင် စက်ဘီးနောက်ဘီး ကြေမွပျက်စီးခြင်း၊ ယမ်းထုတ်ထား သည်ဟု ယူဆရသော (၂)လက်မ ပတ်လည်ခန့်ရှိ ပလပ်စတစ် (၃)စနှင့် (၂)လက်မ ပတ်လည်ရှိသော ပတ္တူ(၂)စ အား တွေ့ရှိရပြီး အခြား တစ်စုံတစ်ရာ ထိခိုက် ဒဏ်ရာရ ပျက်စီးမှု မရှိကြောင်း သိရသည်။
အခင်း ဖြစ်ပွားစဉ် အချိန်က ကွမ်းယာဆိုင် ပိုင်ရှင်မှာ ၎င်း၏ ကလေးငယ်အား အနီးတွင် ရှိသော လက်ဘက်ရည် ဆိုင်တွင် အိပ်ရန် သွားရောက် အပ်နှံပြီး ပြန်လာစဉ် အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးနှင့် တပ်မတော်မှ တာဝန်ရှိ သူများမှ သွားရောက် ကြည့်ရှုခဲ့ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment