Saturday, 28 March 2015
ပုဏ္ဏားကျွန်းမှာ ငါးရှာသူ အသတ်ခံရပြီး မင်းပြားမှာ ကဏန်းရှာသူ ဓားခုတ်ခံရ
ကိုးကန့်တိုက်ပွဲအတွင်း တိမ်းရှောင်သွားသော ရဲတပ်ဖွဲ့ဝင်များကို ဥပဒေအရ အရေးယူမည်
စစ်ရှောင်ဒုက္ခသည်များအား ထောက်ပံ့ရန်ဟု အကြောင်းပြ၍ KIA အဖွဲ့မှ ရိက္ခာနှင့် ဆက်ကြေးငွေများကောက်ခံ

ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များအား ထောက်ပံ့ရန် အတွက်ဟုဆိုကာ ရွှေကူမြို့နယ် အတွင်းရှိ ကျေးရွာများအား ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ရိက္ခာနှင့် ဆက်ကြေးငွေများ ကောက်ခံ လျက်ရှိကြောင်း ယင်းဒေသခံတစ်ဦးထံမှ သိရသည်။
ရာထူးကြီးလေ လစာပိုတိုးလေ ဖြစ်နေဟု ဆို

လစာတိုးတဲ့ ဇယားတွေကို ကြည့်လိုက်တဲ့ အခါကျတော့ အောက်ခြေ ၀န်ထမ်းတွေက တိုးတာ နည်းတယ်။ အထက်ပိုင်း ရာထူး သမားတွေက တိုးတာ များတယ်။ ဥပမာ ညွှန်ချုပ်ဆိုရင် ၂ ဆနီးပါး ဖြစ်သွားတယ်။
မှောင်ခို အမဲလိုက်သမားများကို ဟန့်တားပေးမည့် ဒရုန်းလေယာဉ်

မှောင်ခိုအမဲလိုက်သမားတွေကု
တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အချည်းနှီးဖြစ်နေ

လတ်တလော တနိုင်ငံလုံး နေရာအနှံ့ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကို ချက်ခြင်းရပ်တန့်ပေးဖို့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ် ကောင်စီ (ယူအန်အက်ဖ်စီ) က တောင်းဆိုလိုက်ပါတယ်။
တပ်မတော်နေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ ကြောင့် တက်ရောက်ခဲ့ခြင်းမရှိ

နေပြည်တော် တွင် ပြုလုပ်သည့် အနှစ်(၇၀)ပြည့် တပ်မတော်နေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့ခြင်းမရှိကြောင်း သိရသည်။
လေကြောင်းဆိုင်ရာ အားနည်းချက်များကြောင့် အာဆီယံဒေသ အတွင်း လွတ်လပ်စွာပျံသန်းနိုင်ရေးမူဝါဒ မချမှတ်နိုင်သေး
မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံ အချို့ လေကြောင်း ဆိုင်ရာလုပ်ငန်းများတွင် အားနည်းချက်များ ရှိနေသေးသဖြင့် အာဆီ ယံဒေသအတွင်း လွတ်လပ်စွာ ပျံသန်းနိုင်ရေး မူဝါဒမချမှတ် နိုင်ခဲ့ ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရသည်။
ဖမ်းဆီးခံရသူများ ပြန်လွှတ်ရန် ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် နန္ဒစစ်အောင်ဖမ်းဆီးခံရ

သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော နန္ဒစစ်အောင်(ယာ)ကို ဆန္ဒပြပွဲတစ်ခုတွင် တွေ့ ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဖမ်းဆီးခံရသည့် ကျောင်းသားနှင့် ၀န်းရံသူများ လွတ် မြောက်စေရန် မတ်လ ၂၇ ရက်က ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲ တွင် တရားခံပြေးအဖြစ် ကြေညာခံထားရသည့် နန္ဒစစ်အောင် အ ပါအ၀င် သုံးဦးဖမ်းဆီးခံ ရကြောင်း သတင်းရရှိသည်။
သာမန်အသုံးစရိတ်များထဲမှ ကျပ်ငွေ ရှစ်ဘီလီယံ ဖြတ်တောက်ရန် ဘဏ္ဍာရေးဝန်ကြီး လွှတ်တော်သို့ တင်ပြ
နိုင်ငံတကာမီဒီယာညီလာခံကျင်းပစဉ် ဂျာနယ်လစ်အချို့ဆန္ဒပြ

နိုင်ငံတကာမီဒီယာညီလာခံတွင် သတင်းထောက်တစ်ဦးက ဆန္ဒပြနေစဉ်(ဓာတ်ပုံ-ကောင်းထက်ဖေ့စ် ဘွတ်ခ်)
ရန်ကုန်မြို့တွင် ပထမ ဆုံးအကြိမ် နိုင်ငံတကာမီဒီယာ ညီလာခံ(IPI)ကို ချက်ထရီယံဟို တယ်၌ ကျင်းပ နေစဉ်မြန်မာဂျာနယ်လစ်များ ဖိနှိပ်ခံရမှုနှင့် တိုက်ခိုက်မှုရပ်တန့်ရန် မြန်မာဂျာနယ် လစ်အချို့ ဆန္ဒထုတ်ဖော်မှု ပြုလုပ် ခဲ့ကြောင်းသတင်းရရှိသည်။
အင်ဒီယားနားပြည်နယ်တွင် HIV ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာထား
အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်၏ ဒေသတချို့တွင် HIV ဗိုင်းရပ်စ် ပျံ့နှံ့မှုဆိုးရွားသော အခြေ အနေသို့ ရောက်ရှိခဲ့ပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေ အနေ ကြေညာထားသည်။
လောက်ကိုင်ဒေသတွင် ကယ်ဆယ်ရေးလုပ်ကိုင်နေစဉ် ကျည်ဆန်ထိမှန်ခဲ့ သည့် ကြက်ခြေနီစေတနာ့ဝန်ထမ်း တစ်ဦး မန္တလေးဆေးရုံကြီး တွင် ဆေးကု သမှုခံယူနေစဉ် သေဆုံး
လောက်ကိုင်ဒေသ သို့ ကယ်ဆယ်ရေးသွားရောက်လုပ် ကိုင်ရာမှ ဝမ်းဗိုက်သေနတ်ကျည်ဆန် ထိမှန်သည့် ကြက်ခြေနီစေတနာ့ဝန် ထမ်းတစ်ဦး မတ် ၂ရ ရက်က မန္တ လေးဆေးရုံကြီးတွင် ဆေးကုသမှုခံ ယူနေရင်း သေဆုံးသွားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲ မှူးကြီးစိန်ထွန်းက ပြောသည်။
ဘန်ဂျီနာကျွန်းရောက် ကျွန်ပြုခံမြန်မာနိုင်ငံသားများအား ကူညီကာကွယ်ပေး ရန် မြန်မာအစိုးရဆောင်ရွက်နေဟုဆို
အင်ဒိုနီးရှားနိုင် ငံဘန်ဂျီနာကျွန်းတွင် ညှဉ်းပန်းနှိပ် စက်ကျွန်ပြုခံနေရသည့် မြန်မာနိုင်ငံသားများအား ကူညီကာကွယ်ပေးရန် မြန်မာအစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မ တရုံးမှ အကြီး တန်းအရာရှိကြီးက ပြောသည်။
တောင်ကိုရီးယားနှစ်ဦးကို သူလျှိုဟု စွပ်စွဲပြီး မြောက်ကိုရီးယား ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံသား နှစ်ဦးကို သူလျှိုဟု စွပ်စွဲပြီး မြောက်ကိုရီးယားက ဖမ်းဆီးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
တောင်ကိုရီးယားနှစ်ဦးကို သူလျှိုဟု စွပ်စွဲပြီး မြောက်ကိုရီးယား ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံသား နှစ်ဦးကို သူလျှိုဟု စွပ်စွဲပြီး မြောက်ကိုရီးယားက ဖမ်းဆီးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
Friday, 27 March 2015
သင်္ကြန်ကာလ အစိုးရရုံးပိတ်ရက် အဝေးပြေးယာဉ်လိုင်း ၆ လိုင်း ပိတ်ရက်မရှိ ပြေးဆွဲမည်

ရန်ကုန်တိုင်းဒေသကြီး အခြေပြု ယာဉ်လိုင်း ၁၈၀ ကျော်ရှိသည့်အနက် ယာဉ်လိုင်း ၆ လိုင်းသည် အနယ်နယ် အရပ်ရပ်မှ မဟာသင်္ကြန်ကာလ အစိုးရရုံး ပိတ်ရက်များတွင် ပိတ်ရက်မရှိ ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်း သိမ်းရေးကော်မတီ (အဝေးပြေး)ထံမှ သိရ သည်။
ပညာရေး အသုံးစရိတ်ကို ငါးနှစ်အတွင်း ၂ဝ ရာခိုင်နှုန်းထိပေးရန် သတ်မှတ်ချက်ကို ပယ်ဖျက်၍ ပညာရေးဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု

ပညာရေး အသုံးစရိတ်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂ဝ ရာခိုင်နှုန်း သုံးစွဲရန် မူလပြဋ္ဌာန်းချက်ကို ပယ်ဖျက်၍ အမျိုးသား ပညာရေး ဥပဒေကြမ်းကို မတ်လ ၂၆ ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည်။
အေပီဂျာနယ်လစ်များက မြန်မာအများစု ပါဝင်သော ငါးဖမ်းသမားများနှင့် တွေ့ဆုံကာ အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်း၌ ကျွန်ပြုခိုင်းစေမှုနှင့် လူကုန်ကူးမှုကို ဖော်ထုတ်နိုင်ခဲ့

၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က ရိုက်ကူးထားသော ဗီဒီယိုမှ ရယူထားသည့် ဓာတ်ပုံတွင် ဘင်ဂျီနာမြို့၌ ထိုင်းအလံလွှင့်ထားသော ကုန်တင်သင်္ဘောပေါ်သို့ ငါးများတင်နေသော မြန်မာအလုပ်သမားများကို တွေ့ရစဉ် (ပုံကြီး)၊ ဘင်ဂျီနာမြို့ရှိ ငါးဖမ်းကုမ္ပဏီဝင်းထဲမှ အကျဉ်းစခန်းတစ်ခုတွင် တွေ့ရသော ထိုင်းနှင့်မြန်မာ အလုပ်သမားများ (ပုံသေး)
အေပီသတင်းဌာနမှ အဖွဲ့တစ်ဖွဲ့က တစ်နှစ်ကြာ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အရှေ့တောင်အာရှ ငါးဖမ်းလုပ်ငန်းရှိ ကျွန်ပြုခိုင်းစေမှုနှင့် လူကုန်ကူးမှုများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှား အရှေ့ဖျားရှိ ကျွန်းနှစ်ကျွန်းကို ခွလျက်တည်ရှိသော မြို့ငယ်တစ်မြို့ဖြစ်သည့် ဘင်ဂျီနာမြို့အထိ အေပီသတင်းအဖွဲ့က သွားရောက်ခဲ့ခြင်းဖြစ်သည်။
လက်ပံတောင်း နှိပ်ကွပ်သူ တရားစွဲဖို့ကြိုးပမ်းချက် Washington မှာ ရှင်းပြ

ဝါရှင်တန်အခြေစိုက် Justice Trust အဖွဲ့ကကြီးမှုးကျင်းပတဲ့ ဆရာတော် ဦးတိက္ခဉာဏနဲ့ ရှေ့နေကြီးဦးအောင်သိန်းတို့ရဲ့ ဝါရှင်တန်ဒီစီက ရှင်းလင်းပွဲ။ (မတ် ၂၆၊ ၂၀၁၅)
မြန်မာအာဏာပိုင်တွေက လက်ပံတောင်းအရေးမှာ မီးလောင်ဗုံးသုံးပြီး အကြမ်းဖက်နှိမ်နှင်းခဲ့လို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဆရာတော် ဦးတိက္ခဉာဏနဲ့ ရှေ့နေကြီး ဦးအောင်သိန်းတို့ဟာ တာဝန်ရှိသူတွေကို တရားစွဲဆိုဖို့ ကြိုးပမ်းရာမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ ပထမဆုံးအကြိမ် မတ်လ (၂၆)ရက်နေ့က တင်ပြပြောဆိုခဲ့ကြ ပါတယ်။ ၀ါရှင်တန် အခြေစိုက် Justice Trust အဖွဲ့က ကြီးမှုးကျင်းပတဲ့ ဒီဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။
Subscribe to:
Posts (Atom)