Saturday 28 March 2015

တပ်မတော်နေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ ကြောင့် တက်ရောက်ခဲ့ခြင်းမရှိ


နေပြည်တော် တွင် ပြုလုပ်သည့် အနှစ်(၇၀)ပြည့် တပ်မတော်နေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ခဲ့ခြင်းမရှိကြောင်း သိရသည်။

ယနေ့ မတ် ၂ရ ရက်နေ့တွင် နေပြည်တော် ဇေယျာသီရိမြို့နယ်၊ တပ်မတော်စစ်ရေးပြကွင်းတွင် ကျင်းပ သော တပ်မတော်နေ့အခမ်းအနား သို့ အစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများမှတာဝန်ရှိသူများ၊ လွှတ် တော် ကိုယ်စားလှယ်များ၊ အနုပညာရှင်များ တက်ရောက်ခဲ့ကြသော်လည်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်ကျန်းမာ ရေးအခြေအနေကြောင့် တက်ရောက်နိုင်ခဲ့ခြင်းမရှိဟု ပြည်ပသတင်းဌာန များက ရေးသားဖော်ပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်မိသား စုဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုး ဝင်းက''နေပြည်တော်ကပွဲတက်တာ မတက်တာတော့မသိဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီတစ် ပတ်ထဲမှာ တတ်နိုင်သမျှ အနားယူဖို့ တော့ ပြောထားတယ်။ ကျန်းမာရေး ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အနားယူဖို့လိုအပ်တယ်။ နေကလဲ အရမ်းပူတယ်။ ချွေးတောင် ထွက်လို့ မရပါဘူး''ဟု ဒီမိုကရေစီတူဒေးသတင်းစာသို့ပြောသည်။

တပ်မတော်နေ့အခမ်းအနား တက်ရောက်ခြင်းမရှိမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ပြောရေးဆိုခွင့်ရှိသူများ လွှတ်တော် ကိုယ်စားလှယ်များအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယင်းနှင့် ပတ်သက်၍ သိရှိခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့ကြသည်။

အသက်၆၉နှစ်ရှိပြီဖြစ်သော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးအခြေအနေ ကြောင့် နေပြည်တော်ခုတင်တစ် ထောင်ဆေးရုံတွင် ပြီးခဲ့သည့် အ ပတ်က ဆေးကုသမှုခံယူခဲ့ပြီး တစ်ပတ် ခန့် လွှတ်တော် တက်ရောက်နိုင် ခဲ့ခြင်းမရှိပေ။

ယခု အနှစ်(၇၀)ပြည့် တပ်မတော်နေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ခြင်း မရှိ သော်လည်း ပြီးခဲ့သည့်နှစ်များအတွင်းက ကျင်းပခဲ့သည့် တပ်မတော်နေ့အခမ်းအနားများသို့ တက်ရောက် ခဲ့သည်။

SYMZ
‎Democracytoday‬

No comments:

Post a Comment