Saturday 28 March 2015

နိုင်ငံတကာမီဒီယာညီလာခံကျင်းပစဉ် ဂျာနယ်လစ်အချို့ဆန္ဒပြ


နိုင်ငံတကာမီဒီယာညီလာခံတွင် သတင်းထောက်တစ်ဦးက ဆန္ဒပြနေစဉ်(ဓာတ်ပုံ-ကောင်းထက်ဖေ့စ် ဘွတ်ခ်)

ရန်ကုန်မြို့တွင် ပထမ ဆုံးအကြိမ် နိုင်ငံတကာမီဒီယာ ညီလာခံ(IPI)ကို ချက်ထရီယံဟို တယ်၌ ကျင်းပ နေစဉ်မြန်မာဂျာနယ်လစ်များ ဖိနှိပ်ခံရမှုနှင့် တိုက်ခိုက်မှုရပ်တန့်ရန် မြန်မာဂျာနယ် လစ်အချို့ ဆန္ဒထုတ်ဖော်မှု ပြုလုပ် ခဲ့ကြောင်းသတင်းရရှိသည်။

ရန်ကုန်မြို့၊  ချက်ထရီယံ ဟိုတယ်၌  (၆၅) ကြိမ်မြောက် International Press Institute (IPI)ညီလာခံကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပနေပြီးအ ဆိုပါညီလာခံကျင်းပသည့်ခန်းမ အတွင်းနှင့် ဟိုတယ်ရှေ့တို့တွင် မြန်မာသတင်းသမားအချို့က ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၇ရက်က ညီလာခံ ဖွင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဦး ရဲထွဋ်အဖွင့်အမှာစကားပြော ကြားနေစဉ် ခန်းမအတွင်း၌ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့်ဂျာနယ်လစ်များအား ဖိနှိပ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းများ ရပ်တန့်ရန် စာသားပါဗီနိုင်းကို သ တင်းသမားတစ်ဦးက  ကိုင် ဆောင်ကာ မတ်တတ်ရပ်ပြခဲ့ပြီး ချက်ထရီယံဟိုတယ်ရှေ့တွင်လည်း နံနက် ၈နာရီခွဲမှ ၉နာရီခွဲအထိ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့်ရိုက်နှိပ်ထားသည့် မီဒီယာကို တိုက်ခိုက်မှုရပ် စာသားပါဗီနိုင်း ကို သတင်းသမားနှစ်ဦး ကိုင် ဆောင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။


ခန်းမတွင်း ဆန္ဒပြသူသည် နှာခေါင်းစည်းအုပ်ထားပြီး ငါးမိ နစ်ခန့်အကြာတွင် ခန်းမအတွင်းမှ ငြိမ်းချမ်းစွာပြန်လည်ထွက်ခွာ သွားခဲ့ကာ ဟိုတယ်ရှေ့၌ ဆန္ဒပြ သည့်ဗီနိုင်းပေါ်တွင် မြန်မာသ တင်းသမား ၁၅ဦးက လက်မှတ် ရေးထိုးခဲ့ကြောင်းအဆိုပါလှုပ်ရှား မှုတွင်ပါဝင်ခဲ့သူမော်ကွန်းမဂ္ဂဇင်း အယ်ဒီတာကိုကျော်ဇေယျာထွန်းကပြောသည်။

‘‘အဓိကက မြန်မာနိုင်ငံမှာ သတင်းစာလွတ်လပ်ခွင့်အတွက် နိုင်ငံတကာက ပွဲကျင်းပတယ်။  ဒီ ပွဲကိုတော့သဘောကျပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့်ဆိုတာတကယ်မရှိ ဘူးဆိုတဲ့အကြောင်းကို ဆန္ဒထုတ် ဖော်တဲ့သဘောမျိုးပါ’’ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာ မီဒီယာညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေမှုနှင့်ညီလာခံ ကျင်းပရာခန်းမတွင်းနှင့်ဟိုတယ် ရှေ့တွင် မီဒီယာဖိနှိပ်မှုနှင့် ပတ် သက်၍ ဆန္ဒပြမှုများဖြစ်ပေါ်နေ ခြင်းသည် မြန်မာနိုင်ငံ၏ အ ပြောင်းအလဲတစ်ခုပင်ဖြစ်ကြောင်းပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်ကညီလာခံခန်းမတွင် ရယ်မောလက်ခုပ်တီး၍ တုံ့ပြန်ခဲ့သည်။

မီဒီယာအပေါ်အစိုးရကပေး ထားသည့် လွတ်လပ်ခွင့်ကို အယုံ အကြည်မရှိဘဲ အစိုးရဌာနများတွင် သတင်းကိုမှန်ကန်သည့်နည်း လမ်းများဖြင့် လွတ်လပ်စွာရယူလိုပြီးမီဒီယာလွတ်လပ်ခွင့်ရလိုကြောင်း

နှင့် လက်ပံတန်းဖြစ်ရပ်မှာ မီဒီယာလွတ်လပ်ခွင့်ဆုံးရှုံးသည့်သာဓကတစ်ခုဖြစ်ကြောင်း ကိုကျော်ဇေယျာထွန်းကပြောသည်။

 သတင်းထောက်များအား ရိုက်နှက်ထိန်းသိမ်းခြင်း၊ဖမ်းဆီး ထောင်ချခြင်းများဖြစ်ပေါ်နေ သောကြောင့် ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက် သော နိုင်ငံတကာမီဒီယာညီလာခံ သို့  မြန်မာသတင်းသမားများ တက်ရောက်ခြင်းမပြုဘဲ သပိတ် မှောက်ရန် မြန်မာဂျာနယ်လစ် ကွန်ရက်က ကြေညာထားသည်။ မြန်မာဂျာနယ်လစ်ကွန်ရက်သည် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထဲ ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်သမ္မတနှင့်ပတ်သက်သည့်သတင်း ဖော်ပြခြင်းများကို ရက်အကန့်အ သတ်တစ်ခုသတ်မှတ်ကာဖော်ပြ ခြင်းမပြုရန် Campaign ပြုလုပ် ထားသည်။

မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)၏ Campaign အပေါ်မြန် မာပို့စ်ဂျာနယ်၊ မြန်မာပို့စ်ဂလို ဘယ်ဂျာနယ်၊ Venus Newsဂျာ နယ်၊Reporterဂျာနယ်၊ The Voiceသတင်းစာ၊ Daily Eleven သတင်းစာအစရှိသည့် ပြည်တွင်းထုတ်  သတင်းမီဒီယာများကလည်း ဖိနှိပ်ဖမ်းဆီးခံသတင်းသမားများနှင့်အတူ  ရပ်တည်ကြောင်းထုတ် ဖော်ကြေညာထားသည်။

နိုင်ငံတကာမီဒီယာညီလာခံ ကို မတ် ၂၇မှ ၂၉ရက်အထိ သုံး ရက်ကြာကျင်းပမည်ဖြစ်ပြီးကမ္ဘာ့ နိုင်ငံပေါင်း ၆၀၏ သတင်းမီဒီယာ အဖွဲ့အစည်းများမှ ထုတ်ဝေသူ များ၊ အယ်ဒီတာများနှင့်သတင်း စာဆရာများစုစုပေါင်း နှစ်ရာခန့် တက်ရောက်ဆွေးနွေးနေကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment