Saturday 28 March 2015

စစ်ရှောင်ဒုက္ခသည်များအား ထောက်ပံ့ရန်ဟု အကြောင်းပြ၍ KIA အဖွဲ့မှ ရိက္ခာနှင့် ဆက်ကြေးငွေများကောက်ခံ


ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များအား ထောက်ပံ့ရန် အတွက်ဟုဆိုကာ ရွှေကူမြို့နယ် အတွင်းရှိ ကျေးရွာများအား ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ရိက္ခာနှင့် ဆက်ကြေးငွေများ ကောက်ခံ လျက်ရှိကြောင်း ယင်းဒေသခံတစ်ဦးထံမှ သိရသည်။

ရွှေ့ကူမြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ မိုးစစ်၊ ရေလဲ၊ ဆင်တပ်၊ ကျောက်တလုံးကျေးရွာများသို့ မတ်လ ၂၆ ရက်၊ မနက် ၉ နာရီအချိန် တွင် ရောက်ရှိလာပြီး သတ်မှတ်ထားသော ရိက္ခာနှင့် ဆက်ကြေး ငွေများ အား မတ်လ ၂၉ ရက်နေ့နောက်ဆုံးထားပြီး လမိုက်ယန် KIA စခန်းသို့ ပေးဆောင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ခြိမ်းခြောက်ပြောကြားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ပြောပြခဲ့ ပါသည်။

KIA အဖွဲ့၏ ယခုကဲ့သို့ ရိက္ခာနှင့် ဆက်ကြေးငွေများတောင်းခံမှုနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး များမှ ကျေးရွာများအတွင်း ကောက်ခံ စုဆောင်းပေးသည်ဟု အစိုးရဌာနဆိုင်ရာများမှ သိရှိလျင် အရေးယူ ခံရမည်ဟု ပြောကြားထားကြောင်းနှင့် ၎င်းဆက်ကြေးငွေများအား ကောက်ခံ မပေးပါက KIA အဖွဲ့မှ ဖွင့်လှစ်သော စစ်သင်တန်းများတွင်တက်ရောက်ပြီး ၎င်းတို့အဖွဲ့ ထဲသို့ ၀င်ရောက် ရမည် ဖြစ်ကြောင်း KIA အဖွဲ့မှ လည်း ပြောကြားထားသောကြောင့် ဒေသခံများ အနေဖြင့် နီးရာ ဓါးကြောက်နေ ရသလို ဖြစ်နေကြောင်း ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးမှလည်း ပြောသည်။

ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲ များပြန် လည်ဖြစ် ပွားခဲ့ခြင်းကြောင့် KIA အဖွဲ့ အနေဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များ အား ထောက်ပံ့ရန်အကြောင်းပြပြီး ဒေသခံများထံမှ ဆက်ကြေးငွေ များအား ကောက်ခံပြီး ရိက္ခာ စုဆောင်းနေခြင်းဖြစ်ကြောင်း ရွှေ ကူမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ သူတစ်ဦးမှ ပြောပြခဲ့ပါသည်။

Seng Naw
Cread >>> Kachin Daily News

No comments:

Post a Comment