Saturday 28 March 2015

သာမန်အသုံးစရိတ်များထဲမှ ကျပ်ငွေ ရှစ်ဘီလီယံ ဖြတ်တောက်ရန် ဘဏ္ဍာရေးဝန်ကြီး လွှတ်တော်သို့ တင်ပြ

ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းထားသည့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ သာမန် အသုံး စရိတ်များအနက်မှ ကျပ်ငွေရှစ် ဘီလီယံကျော်ကို ဖြတ်တောက်ရန် ဘဏ္ဍာရေးဝန်ကြီးက လွှတ် တော်သို့ တင်ပြကြောင်း သတင်း ရရှိသည်။

ထိုသို့ဖြတ်တောက်ရာတွင် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန  ၁၈ ခု၏ သာမန်အသုံးစရိတ်များကို လျှော့ချ ဖြတ်တောက်မည်ဖြစ် ကာ ကျန်းမာရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်မှ လေးဘီလီ ယံကျော်ဖြတ် တောက် ရန် လွှတ် တော်သို့ တင်ပြခဲ့သည်။

မတ်လ ၂၆ ရက်က ပြုလုပ် သော ပြည်ထောင်စုလွှတ်တော်တွင် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း ပါ သာမန်အသုံးစ ရိတ် တောင်းခံမှုများအနက်မှ လျှော့ချအသုံးပြုနိုင်ရေးနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တင်ပြခဲ့ ခြင်းဖြစ်သည်။

၂၀၁၅ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းပါ သာမန်အသုံးစရိတ်များအနက်မှ ကာကွယ်ရေး ၀န်ကြီးဌာနနှင့် ဘတ်ဂျက်ပြင်ပအဖွဲ့အစည်းများလွဲ၍ ဗဟိုအဖွဲ့အစည်းများနှင့် ဦးစီးဌာနများမှ သာမန် အသုံးစရိတ်များကို မိမိတို့ဌာနဆန္ဒအလျောက် ဖြတ်တောက်ပေးရန် ပြည်ထောင် စုလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက အဆိုပြုတင်ပြ တောင်းခံခြင်းအပေါ် ပြန်လည် တင်ပြခဲ့ခြင်းဖြစ်သည်။

ဝန်ထမ်းလစာနှင့် ပင်စင် လစာများ ပါဝင်ခြင်းမရှိသည့် သာမန်အသုံးစရိတ်မှ ၂ ရာခိုင်နှုန်းကို လျှော့ချဖြတ် တောက် မည်ဖြစ် ကြောင်း ဘဏ္ဍာရေးပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်ကဆိုသည်။

‘‘သာမန်အသုံးစရိတ်တွေရှိ တဲ့ ဦးစီးဌာန၊ ၀န်ကြီးဌာနတွေမှာ   အဲဒီသာမန်အသုံးစရိတ်တွေကို ဖြတ်ပါ။ မဖြတ်ရမယ့် ခေါင်းစဉ်ကို မဖြတ်ပါနဲ့။ ဖြတ်သင့်ဖြတ်ထိုက်တဲ့ ခေါင်းစဉ်ကနေပြီးတော့ ၅ ရာခိုင်နှုန်းစီ ဖြတ်ပေးပါ။ မိမိဘာ သာမိမိ ချုပ်တည်းပြီးတော့ ဖြတ် ပါပြောတော့ အဖြတ်မခံနိုင်တဲ့ ၀န်ကြီးဌာနတွေ ပါတယ်။ ဖြတ်ပါပြောတဲ့ ၀န်ကြီးဌာနပါတယ်။ ဘာမှ မှတ်ချက်မပေးဘူးဆိုတဲ့ ဌာနပါတယ်။ သူတို့က ၂ ရာခိုင် နှုန်းဖြတ်တယ်ဆိုပေမယ့် အကုန် လုံးခြုံကြည့်ရင် ဒသမ ၁ ရာခိုင် နှုန်းကို ဖြတ်တဲ့ သဘောဖြစ် တယ်’’ဟု ယင်းအဆိုကို တင်သွင်းခဲ့သူ ဦးဇော်မြင့်ဖေကဆို သည်။ ထိုကဲ့သို့ အဖြတ်ခံရသည့် ၀န်ကြီးဌာန များမှာ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ ပြန်ကြားရေး၊ လျှပ်စစ်စွမ်းအားတို့မှ အများဆုံး လျှော့ချဖြတ် တောက်ခဲ့ခြင်းဖြစ် သည်။

7Day DILY

No comments:

Post a Comment