Saturday 28 March 2015

လောက်ကိုင်ဒေသတွင် ကယ်ဆယ်ရေးလုပ်ကိုင်နေစဉ် ကျည်ဆန်ထိမှန်ခဲ့ သည့် ကြက်ခြေနီစေတနာ့ဝန်ထမ်း တစ်ဦး မန္တလေးဆေးရုံကြီး တွင် ဆေးကု သမှုခံယူနေစဉ် သေဆုံး

လောက်ကိုင်ဒေသ သို့ ကယ်ဆယ်ရေးသွားရောက်လုပ် ကိုင်ရာမှ ဝမ်းဗိုက်သေနတ်ကျည်ဆန် ထိမှန်သည့် ကြက်ခြေနီစေတနာ့ဝန် ထမ်းတစ်ဦး မတ် ၂ရ ရက်က မန္တ လေးဆေးရုံကြီးတွင် ဆေးကုသမှုခံ ယူနေရင်း သေဆုံးသွားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲ မှူးကြီးစိန်ထွန်းက ပြောသည်။
ဆေးကုသမှုခံယူရင် သေဆုံးသွားသူမှာ ကြက်ခြေနီစေတနာ့ဝန် ထမ်းဦးမိုးကျော်သန်းဆိုသူဖြစ်ပြီး ၎င်း သည် ဖေဖော်ဝါရီ ၁ရရက်က လောက် ကိုင်ဒေသမှ စစ်ရှောင်ဒုက္ခသည်များ၊ မီဒီယာအဖွဲ့များနှင့်အတူ လောက်ကိုင်ဒေသမှ ပြန်အဆင်းလမ်းတွင် ကိုးကန့်တိမ်းရှောင်အဖွဲ့ဝင်တချို့၏ ပစ်ခတ်မှုကြောင့် ဝမ်းဗိုက် တွင် သေ နတ်ဒဏ်ရာရပြီး မန္တလေးဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေရာမှ ယခု ကဲ့သို့သေဆုံး သွားခြင်းဖြစ်သည်။

ဒုရဲမှူးကြီးစိန်ထွန်းက''မွန်းလွဲ ၃နာရီလောက်က မန္တလေးဆေးရုံ ကြီးအရေးပေါ်ဌာနမှာ ဆေးကုသ မှုခံယူ နေရင်း သေဆုံး သွားတာပါ''ဟု ပြောသည်။

ဖေဖော်ဝါရီ ၁ရရက်က လောက် ကိုင်ဒေသမှ စစ်ရှောင်ဒုက္ခသည်များ၊ ကြက်ခြေနီအလံတပ်ဆင်ထားသော ကယ်ဆယ်ရေးအဖွဲ့များစီး လာသော မော်တော်ယာဉ်တန်းသည် ချင်း ရွှေဟော်အနီးတွင် ကိုးကန့် လက်နက် ကိုင်အချို့၏ ပစ်ခတ်ခံရမှုကြောင့် စေတနာ့ဝန်ထမ်း တစ်ဦးဖြစ်သူ ဦးမိုး ကျော်သန်းမှာ ဝမ်းဗိုက် တွင် ထိခိုက် ဒဏ်ရာရရှိပြီး မော်တော်ယာဉ်ဒရိုင် ဘာတစ်ဦးမှာ မျက်လုံးကို ကျည်ဆန် ထိမှန်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရသည်။

လောက်ကိုင်ဒေသမှ စစ်ရှောင် ဒုက္ခသည်များ၊ စေတနာ့ဝန်ထမ်းများ၊ သတင်းမီဒီယာများ စီးနင်းလိုက်ပါ လာသော မော်တော်ယာဉ်တန်း မှာ နှစ်ကြိမ်တိုင် ကိုးကန့်တိမ်းရှောင် အဖွဲ့၏ပစ်ခတ်မှုကိုခံခဲ့ရပြီး သတင်း ထောက်တစ်ဦးလည်း ကျည်ဆန်ထိမှန် ခဲ့သေးကြောင်း သိရသည်။

KMZ
Democracy today

No comments:

Post a Comment