Saturday 28 March 2015

ဖမ်းဆီးခံရသူများ ပြန်လွှတ်ရန် ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် နန္ဒစစ်အောင်ဖမ်းဆီးခံရ



သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော နန္ဒစစ်အောင်(ယာ)ကို ဆန္ဒပြပွဲတစ်ခုတွင် တွေ့ ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ဖမ်းဆီးခံရသည့် ကျောင်းသားနှင့် ၀န်းရံသူများ လွတ် မြောက်စေရန် မတ်လ ၂၇ ရက်က ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲ တွင် တရားခံပြေးအဖြစ် ကြေညာခံထားရသည့် နန္ဒစစ်အောင် အ ပါအ၀င် သုံးဦးဖမ်းဆီးခံ ရကြောင်း သတင်းရရှိသည်။

ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားခေါင်းဆောင်များဖြစ်သော ကျော်ကိုကို၊ နန္ဒစစ်အောင်၊ ရဲရင့်ကျော်နှင့် မြတ်သူ တို့ကို လက်ပံတန်းမြို့နယ် တရားရုံးက တရားခံပြေးအဖြစ် မတ်လ ၂၅ ရက်တွင် ကြေညာခဲ့ ပြီး နန္ဒစစ်အောင်ကို မင်္ဂလာတောင်ညွန့်မြို့နယ်၌ မတ်လ ၂၇ ရက်က ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

‘‘နန္ဒစစ်အောင်နဲ့ နောက်နှစ် ယောက်ကို မင်္ဂလာတောင်ညွန့် မြို့နယ်ထဲမှာ မိတာ။ သူတို့ကို ဒီ ကမြို့နယ် တွေမှာ စွဲထားတဲ့အမှုတွေ နဲ့ စစ်ဦးမယ်။ နန္ဒစစ်အောင်ကိုဒီမှာ အမှုဖွင့်ထားတဲ့ မြို့နယ်တွေ အများကြီး ရှိတယ်။ အများစုက ပုဒ်မ ၁၈ နဲ့ပါ။ ဘယ်မှာထားတယ် ဆိုတာကိုတော့ ပြောလို့မရဘူး’’ ဟု ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဝင်းကြည်က ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ ကို ရန်ကုန်မြို့  သိမ်ကြီးဈေးအရှေ့ ဘက်၌ မတ်လ ၂၇ ရက် နံနက် ၁၀ နာရီ ကျော် က ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသား ၁၀ ဦး ခန့်က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

‘‘လက်ပံတန်း သပိတ်စစ် ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခဲ့ တယ်။ ဒီလိုအကြမ်းဖက်နှိမ်နင်းမှု ဟာ ကောင်း မွန်တဲ့ အဖြေရရှိမှာ မဟုတ်ပါဘူး။ အခုမြို့တိုင်းမြို့ တိုင်းမှာ ပင်မသပိတ်စစ်ကြောင်း တွေ ရောက်ရှိလာပြီ ဖြစ်တယ်။ ဒါကြောင့် ငြိမ်းချမ်းစွာ အမြန်ဆုံး ညှိနှိုင်းဖြေရှင်းပေးဖို့၊ ဖမ်းဆီးခံရ တဲ့ ကျောင်းသားတွေ၊ ပြည်သူ တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ လေးပွင့်ဆိုင်ကတိကိုတည်ဖို့ တောင်းဆိုပါတယ်’’ဟု ကျောင်းသား ခေါင်း ဆာင် နန္ဒစစ်အောင်က ဖမ်းဆီးမခံရမီ သိမ်ကြီးဈေး ရှေ့ တွင် ပြုလုပ်သည့် ဆန္ဒထုတ်ဖော် ပွဲ၌ ပြောသည်။

တရားခံပြေးအဖြစ် ကြေ ညာခံရသော ကျောင်းသားခေါင်း ဆောင်လေးဦးကို လက်ပံတန်း မြို့နယ် တရားရုံးက မတ်လ ၂၅ ရက်တွင် ပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅ (ခ)၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ တို့ဖြင့် တရားစွဲဆို ထားသည်။

သိမ်ကြီးဈေးရှေ့တွင် ပြုလုပ်သည့်ဆန္ဒထုတ်ဖော်ပွဲ၌ ကျော်ကိုကိုနှင့် နန္ဒစစ်အောင်တို့ ပါဝင်ခဲ့ပြီး ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌကျော်ကိုကိုမှာ ဖမ်းဆီးချိန်တွင် တိမ်းရှောင် သွားခဲ့ပြီး တရားခံပြေးအဖြစ် ကြေညာခံထားရသည့် ကျော်ကိုကို၊ ရဲရင့်ကျော်နှင့် မြတ်သူတို့မှာ လွတ်မြောက် နေဆဲ ဖြစ်သည်။

7Day DAILY

No comments:

Post a Comment