လောက်ကိုင်ဒေသ ပြန်လည်ထူထောင်ရေး ကိုးကန့် အမတ်တို့ ဖောင်ဒေး ရှင်းထောင်မည်
နေပြည်တော် (မဇ္ဈိမ)။ ။ ရက်သတ္တပတ်ကျော် ကြာမြင့်လာပြီး နှစ်ဘက်အ ကျ အဆုံး
များစွာရှိနေသဖြင့် ရက်ပေါင်းကိုးဆယ် စစ်အုပ်ချုပ်ရေး နယ်မြေ အဖြစ်
ဖေဖော်ဝါရီ ၁၇ ရက်က သတ်မှတ်လိုက် ရသော လောက်ကိုင် တိုက်ပွဲတွင် ကိုးကန့်
အဖွဲ့ဘက်မှ တရုတ် ကြေးစားတပ်များ ပါဝင်မှု ရှိ/မရှိ သိအောင်လုပ်ဖို့
လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
DASSK
လောက်ကိုင်တိုက်ပွဲတွင် ကိုးကန့်တပ်များဘက်က တရုတ်ကြေးစားတပ်များပါ
ဝင်တိုက်ခိုက်နေသည်ဟု သတင်းများ ပေါ်ထွက်နေမှုကြောင့် တရုတ် -မြန်မာ
နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နိုင်ပါသလားဟု မဇ္ဈိမက ဖေဖော်ဝါရီ ၁၈ ရက်
နေ့လယ် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး မေးခဲ့သည်ကို ''ဒီလို ပြောနေတာ တွေ
(တရုတ်ကြေးစားတပ်တွေ ပါနေတယ် လို့ ပြောနေ တာတွေ)ဟာ ဘယ်လောက်
တိကျမှန်ကန်သလဲ၊ ဘယ်လောက် အခြေ အမြစ်ရှိသလဲဆိုတာ သိအောင်လုပ်ဖို့က
အရေးကြီးတယ်။ အဲဒီလိုမှ မဟုတ်ရင် မလိုလား အပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်''
ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။




















