ချင်းတွင်းမြစ်တစ်ဖက် ကမ်း ဆားလင်းကြီးမြို့နယ်ရှိ စံ ပယ်တောင်၊ ကြေးစင်တောင် ကြေး နီစီမံကိန်းများအကောင်အ ထည်ဖော်ရန် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က သိမ်းဆည်း ခဲ့သော မြေယာများအတွက် လျော်ကြေးရရှိရန် မြေယာနစ်နာကြေး တောင်းဆိုနေသည်မှာ ပြေလည်မှု မရှိသေးဘဲ ပြေလည်အောင်ဖြေ ရှင်းမပေးပါက ကြေးစင်တောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်း ရေး တောင်းဆိုသွားမည်ဖြစ် ကြောင်း ဒေသခံမြေအသိမ်းခံ တောင်သူများကဆိုသည်။
‘‘လွန်ခဲ့တဲ့ ၁၉၉၁-၉၂ ၀န်း ကျင်တုန်းက ကြေးနီစီမံကိန်းအ တွင်း လယ်ယာမြေ ၆၂၅၃ဒသမ ၄ဧကကို ၂၉သိန်းသုံးသောင်းပြားငါးဆယ်ပေးလျော်ခဲ့တယ်လို့ သက်ဆိုင်ရာကပြောတယ်။ ဘယ်တုံးက ဘယ်သူ့ကို လျော်ခဲ့တာလဲတော့ မသိဘူး။ အဲဒီလျော်ကြေးက ဒီနေ့ခေတ်လယ်ယာမြေဈေးနဲ့ နှိုင်း ယှဉ်ရင်အရမ်းနည်းပါတယ်’’ဟုလက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင် ကံကုန်းကျေးရွာဒေသခံဦးဘိုသန်းက ပြောကြားခဲ့သည်။