Sunday 19 October 2014

ကျပ်သိန်း ၁၆,၀၀၀ မပေးဘဲ တိမ်းရှောင်နေသော ပဲလုပ်ငန်းရှင် ၂၀ ရာခိုင်နှုန်း ပြန်ပေးမည်ဟု ကတိပြု

မန္တလေးမြို့ ပဲလောက အတွင်း ကျပ်သိန်းပေါင်း တစ် သောင်းခြောက်ထောင်ကျော် မပေးချေဘဲ တိမ်းရှောင်နေသည့် ကုန်သည်က ၂၀ ရာခိုင်နှုန်း ပြန် လည်ပေးဆပ်မည်ဟု သဘောတူ ညီမှုရထားကြောင်း မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာ ကထိန်တော်အသင်း(မန္တလေး ကုန်စည်ဒိုင်)မှ တာဝန်ရှိသူများက ပြောသည်။

၀၁၄ ခုနှစ် ဇူလိုင်လကုန် ပိုင်းကတည်းက တိမ်းရှောင်နေခဲ့သည့် ကုန်သည်သည် အသင်းတိုက် တာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့ပြီးနောက် ကုန်သည် ၄၄ ဦးအား ၎င်းပေးချေရမည့် ငွေပမာဏ၏ ၂၀ ရာခိုင်နှုန်းကို ပြန်လည်ပေး ချေမည်ဟု သဘောတူညီမှုယူ ထားကြောင်း မန္တလေးမြို့ ပွဲစား ကုန်သည်စက်ပိုင်များ မဟာက ထိန်တော်အသင်း(မန္တလေးကုန် စည်ဒိုင်) အတွင်းရေးမှူးဦးကျော် သွင်က ပြောသည်။ ‘‘နှစ်ဦး သဘောတူညှိနှိုင်းထားတဲ့ သဘောပါ။ ကျေနပ်တဲ့သူလည်း ရှိတယ်။ မကျေနပ်တဲ့သူလည်း တရား ဆက်စွဲကြမယ်ထင်တယ်’’ ဟု ၎င်းကပြောသည်။

ပေးချေရမည့် ကုန်သည်က ၎င်းပိုင်ဆိုင်သည့် မြေကွက်နှင့်အ တွင်းပစ္စည်းများ ထုခွဲရောင်းချ ပေးမည်ဟုဆိုသော်လည်း ယခုအချိန်ထိ ငွေပေးချေနိုင်ခြင်း မရှိသေး ကြောင်း ဦးကျော်သွင်က ပြော သည်။ ကုန်ဖိုးငွေမပေးချေသည့် အတွက် ၎င်းကုန်သည်အား အမှတ် (၉)နှင့် အမှတ်(၇)ရဲစခန်း များတွင် တရားစွဲဆိုထားသူ ကုန် သည်နှစ်ဦးက အမှုကို ဆက် လက်ဆောင်ရွက်သွားမည်ဟု ကုန်စည်ဒိုင် တာဝန်ရှိသူများက ပြောသည်။ ‘‘သုံးပုံတစ်ပုံလောက် က မကျေနပ်ကြဘူး။ တော်တော် များများကတော့ ကျေနပ်ကြ တော့ ကိုယ်လည်းလက်သင့်ခံရ တော့မယ့် သဘောပဲ’’ ဟု ကျပ်သိန်းတစ်ရာခန့် ရရန်ရှိသည့်ကျောက် ဆည်ပွဲရုံမှ ဦးမောင်စိုးက ပြော ကြားသည်။

ယခင်ကလည်း ကုန်ဖိုးငွေ ရှင်းလင်းပေးနိုင်ခြင်းမရှိ၍ ဖြေ ရှင်းညှိနှိုင်းပေးသော်လည်း မရ သည့် ကုန်သည် ခြောက်ဦးခန့် ကို အမည်ပျက်စာရင်းသွင်းကာ အသင်းမှထုတ်ပယ်ခဲ့ဖူးကြောင်း မန္တလေးကုန်စည်ဒိုင် တာဝန်ရှိသူ များထံမှ သတင်းရရှိသည်။
7Day News Journal

No comments:

Post a Comment