Sunday 19 October 2014

မြန်မာတွင် အလုပ်သမားခဈေးပေါမှု တခုတည်းမကြည့်ရန် ဂျပန်ဝန်ကြီးချုပ်ကတော်ပြော

Photo: မြန်မာတွင် အလုပ်သမားခဈေးပေါမှု တခုတည်းမကြည့်ရန် ဂျပန်ဝန်ကြီးချုပ်ကတော်ပြော

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်

ဂျပန်ဝန်ကြီးချုပ်ကတော်က ဂျပန်စီးပွာရေးသမားများအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အလုပ်သမားခ ဈေးပေါတာတခုတည်းကို မကြည့်ဘဲ ရေရှည် စီးပွားရေးဘက်အဖြစ် မျှော်မှန်းလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တို ဘာ ၁၈ ရက်နေ့က မြန်မာ ပွဲတော် ရဲ့  စီးပွားရေးဖို ရမ် ဆွေးနွေး ပွဲမှာ ဂျပန်ဝန်ကြီးချုပ်ကတော် မစ္စ အခိအယ် အာဘေး က ပြောကြားခဲ့တာပါ။

ဂျပန်ဝန်ကြီးချုပ်ကတော် ဦးစီးကျင်းပတဲ့ ၂၀၁၄ မြန်မာပွဲတော်ကို ဂျပန်-မြန်မာ သံတမန် နှစ် ၆၀ အထိမ်းအမှတ်အဖြစ် ပူးတွဲကျင်းပခဲ့ပြီး ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
၂၀၁၄ မြန်မာပွဲတော်ကို အောက်တိုဘာ ၁၇ ၇က်နဲ့ ၁၈ ရက်နေ့တွေ ကျင်းပခဲ့တာဖြစ်ပြီး ဂျပန်-မြန်မာနှစ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် အများအပြား ပြခန်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။

အနုပညာရှင်တွေဖြစ်တဲ့ မေဆွိ၊ မေခလာနဲ့ ဇော်ပိုင်တို့ကလည်း တိုကျိုပွဲတော်မှာ တေးဂီတာတွေနဲ့ လာရောက်သီဆိုပေးခဲ့ပါတယ်။
ဒီဗွီဘီ

No comments:

Post a Comment