Sunday 19 October 2014

မြေယာလျော်ကြေးကိစ္စမပြေလည်ပါက ကြေးစင်တောင်စီမံကိန်းဖျက်သိမ်းရေးတောင်းဆိုမည်ဟု ဒေသခံများပြောကြား


ချင်းတွင်းမြစ်တစ်ဖက် ကမ်း ဆားလင်းကြီးမြို့နယ်ရှိ စံ ပယ်တောင်၊ ကြေးစင်တောင် ကြေး နီစီမံကိန်းများအကောင်အ ထည်ဖော်ရန် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က သိမ်းဆည်း ခဲ့သော မြေယာများအတွက် လျော်ကြေးရရှိရန် မြေယာနစ်နာကြေး တောင်းဆိုနေသည်မှာ ပြေလည်မှု မရှိသေးဘဲ ပြေလည်အောင်ဖြေ ရှင်းမပေးပါက ကြေးစင်တောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်း ရေး တောင်းဆိုသွားမည်ဖြစ် ကြောင်း ဒေသခံမြေအသိမ်းခံ တောင်သူများကဆိုသည်။

‘‘လွန်ခဲ့တဲ့ ၁၉၉၁-၉၂ ၀န်း ကျင်တုန်းက ကြေးနီစီမံကိန်းအ တွင်း လယ်ယာမြေ ၆၂၅၃ဒသမ ၄ဧကကို ၂၉သိန်းသုံးသောင်းပြားငါးဆယ်ပေးလျော်ခဲ့တယ်လို့ သက်ဆိုင်ရာကပြောတယ်။ ဘယ်တုံးက ဘယ်သူ့ကို လျော်ခဲ့တာလဲတော့ မသိဘူး။ အဲဒီလျော်ကြေးက ဒီနေ့ခေတ်လယ်ယာမြေဈေးနဲ့ နှိုင်း ယှဉ်ရင်အရမ်းနည်းပါတယ်’’ဟုလက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင် ကံကုန်းကျေးရွာဒေသခံဦးဘိုသန်းက ပြောကြားခဲ့သည်။

စံပယ်တောင်၊ ကြေးစင် တောင်ကြေးနီစီမံကိန်းအနီး ၀န်း ကျင်ရှိ ကံကုန်း၊ဒုန်းတော၊ ဂုဏ် တော၊ ရွာသာ၊ ရွှေပန်းခိုင်၊ ရေ ကြည်ပင်၊ မြရိပ်၊ တယ်ပင်ကန်၊ ၀ါးတန်း၊ ဖောင်းကား(မြောက်)၊ သဲတောကြီးစသည့် ကျေးရွာ ပေါင်း (၁၁) ရွာမှ သိမ်းဆည်းခံ မြေယာနစ်နာကြေးရရှိရေး၊ အလုပ်သမားများ တန်းတူအခွင့်အရေးရ ရှိရေး၊ အကျိုးခံစားခွင့်အားလုံး လက်ပံတောင်းတောင်ကြေးနီစီမံ ကိန်းကဲ့သို့ တန်းတူရရှိရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့်အချက်များ တင်ပြတောင်းဆိုခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း၃၀ ကျော်က စံပယ်တောင်၊ ကြေးစင် တောင်စီမံကိန်းများအတွက် သိမ်းဆည်းထားခဲ့သော မြေယာလျော် ကြေးများကို လက်ပံတောင်းကြေးနီစီမံကိန်းအတွက် လျော်ကြေးများပေးအပ်ချိန်တွင် ပြန်လည် တောင်းဆိုခဲ့ကြပြီး ယနေ့တိုင် ညှိနှိုင်း၍မပြေလည်ခြင်းဖြစ်သည်။

စံပယ်တောင်၊ ကြေးစင် တောင် ကြေးနီစီမံကိန်းအနီး ၀န်းကျင်ဒေသခံကိုယ်စားလှယ် ၁၅ ဦးနှင့် တိုင်းဒေသကြီးအစိုးရအ ဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူး၊ မြန်မာယမ်စီ ကြေးနီကုမ္ပဏီတာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဦးပိုင်တာဝန်ရှိ သူများ၊ ယင်းမာပင်ခရိုင်အုပ်ချုပ် ရေးမှူး၊ ဆားလင်းကြီးမြို့နယ်အုပ် ချုပ်ရေးမှူးတို့ လေးနာရီခန့်တွေ့ ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၈ရက်က စံပယ်တောင်ကြေးစင် တောင်ကြေးနီစီမံကိန်းနယ်မြေ မြန်မာယမ်စီကုမ္ပဏီတွင် လက်ခံ ကျင်းပခဲ့သည်။

ကြေးနီစီမံကိန်းနယ်မြေအ တွင်း မြေယာနစ်နာမှုများနှင့်ပတ် သက်၍ သက်ဆိုင်ရာတာဝန်ရှိသူ များက မြေယာတိုင်းတာမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
7daydaily

No comments:

Post a Comment