Monday, 20 October 2014

မြန်မာ့လေကြောင်းမှ ချောင်းသာ၊ ငွေဆောင်ကမ်းခြေနှင့် မော်တင်စွန်းသို့ လေယာဉ်ဖြင့် ရှုခင်းကြည့်ခရီးစဉ် စတင်ပျံသန်း

Photo: မြန်မာ့လေကြောင်းမှ ချောင်းသာ၊ ငွေဆောင်ကမ်းခြေနှင့် မော်တင်စွန်းသို့ လေယာဉ်ဖြင့် ရှုခင်းကြည့်ခရီးစဉ် စတင်ပျံသန်း
Monday, October 20, 2014

မြန်မာ့လေကြောင်းမှ ချောင်းသာ၊ ငွေဆောင်ကမ်းခြေများနှင့် ပုသိမ်မော်တင်စွန်းဘုရားသို့ လေယာဉ်ဖြင့် ရှုခင်းကြည့်ခရီးစဉ်အား အောက်တိုဘာ ၂၄ ရက်တွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် တစ်ခုတည်းသော လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အခြေပြု၍ Beech Craft လေယာဉ်နှင့် Grand Caravan လေယာဉ်အမျိုးအစားများဖြင့် ပုသိမ်မြို့သို့ ပုံမှန်ခရီးစဉ်နှင့် ရှုခင်းကြည့်ခရီးစဉ်အား ပျံသန်းခြင်းဖြစ်သည်။

“ချောင်းသာနဲ့ငွေဆောင် ပင်လယ်ကမ်းခြေတစ်လျှောက်နဲ့ မော်တင်စွန်းဘုရား ရှုခင်းတွေကို ဝေဟင်ကနေ ကြည့်ရှုနိုင်မှာပါ။ အပတ်စဉ် သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ပုံမှန်ပျံသန်းသွားမှာပါ” ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ရှုခင်းကြည့်ခရီးစဉ်အတွက် ဈေးနှုန်းများမှာ ရန်ကုန်မှ ပုသိမ်မြို့သို့ ကျပ်သုံးသောင်းနှင့် ပုသိမ်မြို့မှ ကမ်းခြေရှုခင်းကြည့် ခရီးစဉ်အတွက် ကျပ်သုံးသောင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့မှ စတင်မည့် ခရီးစဉ်အသွားအပြန် တစ်ကြောင်းစာအတွက် ကျပ်ခြောက်သောင်းကျသင့်မည်ဖြစ်ပြီး၊ ပုသိမ်မြို့မှစတင်မည့် ရှုခင်းကြည့်ခရီးစဉ် သီးသန့်အတွက် ကျပ်သုံးသောင်း ကျသင့်မည်ဖြစ်သည်။

အဆိုပါ ရှုခင်းကြည့်ခရီးစဉ်များတွင် အမြင့်ပေ ၁၅ဝဝ ခန့်မှ ပျံသန်းပြသမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြင် ကျိုက်ထီးရိုးနှင့် ဘားအံမြို့ရှုခင်းကြည့် ခရီးစဉ်ကိုလည်း စီစဉ်ထားကြောင်း သတင်းရရှိသည်။

မြန်မာ့လေကြောင်းသည် ခရီးသည်နှင့် ကုန်ပစ္စည်းတင် လေယာဉ်ငယ်အဖြစ် အသုံးပြုနိုင်မည့် ဘက်စုံသုံးလေယာဉ်ငယ်များဖြစ်သည့် Beech Craft နှင့် Grand Caravan အမျိုးအစားလေယာဉ် စုစုပေါင်းလေးစင်းကို ၂ဝ၁၂ အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါလေယာဉ်များအား စင်းလုံးငှားခရီးစဉ်များအတွက်လည်း ငှားရမ်းအသုံးပြုနိုင်မည်ဖြစ်ကာ ခရီးသည် ၁၅ ယောက်ဆံ့ Beech Craft လေယာဉ်အား တစ်နာရီလျှင် ဒေါ်လာ ၁၉ဝဝ ဖြင့်လည်းကောင်း၊ Grand Caravan လေယာဉ်အား တစ်နာရီလျှင် ကျပ်ခုနစ်သိန်းခွဲဖြင့်လည်းကောင်း ငှားရမ်းနိုင်မည်ဟု သိရသည်။

Eleven Media Group 

ချောင်းသာကမ်းခြေအား ဝေဟင်မှ တွေ့မြင်ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
ချောင်းသာကမ်းခြေအား ဝေဟင်မှ တွေ့မြင်ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
မြန်မာ့လေကြောင်းမှ ချောင်းသာ၊ ငွေဆောင်ကမ်းခြေများနှင့် ပုသိမ်မော်တင်စွန်းဘုရားသို့ လေယာဉ်ဖြင့် ရှုခင်းကြည့်ခရီးစဉ်အား အောက်တိုဘာ ၂၄ ရက်တွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

PR စနစ်အား ကျင့်သုံးမည်ကို အလိုမရှိကြောင်း လှိုင်သာယာမြို့နယ်မှ ပြည်သူ ၃၀၀ ကျော် လမ်းလျှောက်ဆန္ဒထုတ်ဖော်

Photo: PR စနစ်အား ကျင့်သုံးမည်ကို အလိုမရှိကြောင်း လှိုင်သာယာမြို့နယ်မှ ပြည်သူ ၃၀၀ ကျော် လမ်းလျှောက်ဆန္ဒထုတ်ဖော်
Monday, October 20, 2014

လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် PR (အချိုးကျကိုယ်စားပြု) စနစ်ကိုကျင့်သုံးရန် လက်မခံကြောင်း လှိုင်သာယာမြို့နယ်ရှိ ပြည်သူ ၃ဝဝ ကျော်မှ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် မြို့နယ်အတွင်း လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထိုသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို လှိုင်သာယာမြို့နယ် (၂ဝ) ရပ်ကွက်အနီးရှိ (၈၆) ဂိတ်ဟောင်းမှ ဆရာစံလမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ ညောင်တုန်းလမ်းမကြီးမှတစ်ဆင့် အောင်မြေသာယာ ဘောလုံးကွင်းအထိ ဗီနိုင်းများကိုင်ဆောင်ကာ စီတန်းလှည့်လည် ကြွေးကြော်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒပြရာတွင် “တရားမျှတမှု ရရှိရေး၊ အာဏာရှင်အဟောင်းအသစ် အလိုမရှိ၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ PR စနစ် အလိုမရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်မှန်သောဒီမိုကရေစီနည်းကျ ရေးဆွဲပြဋ္ဌာန်းပေးရေး” စသည့်ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးက “ပြည်သူတွေမလိုလားတဲ့ စနစ်ဆိုရင် အစိုးရအနေနဲ့ ဖျက်သိမ်းပေးရမှာပါ။ ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုလည်း ပြိုကွဲသွားနိုင်တယ်။ ကျွန်တော်တို့ လုံးဝလက်မခံဘူး။ ကန့်ကွက်တယ်” ဟု ဆန္ဒပြနေစဉ်အတွင်း ပြောကြားခဲ့သည်။

လာမည့် အောက်တိုဘာ ၂၆ ရက်တွင်လည်း PR စနစ်ကို အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြမှုတစ်ရပ်ကို ရွှေပြည်သာမြို့နယ်တွင် ပြုလုပ်သွားမည်ဟု သိရသည်။

၂ဝ၁၄ ခုနှစ် ဇူလိုင် ၂၄ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းဝေးတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၄၂ ဦးက ကန့်ကွက်ခဲ့သော်လည်း အများစုက ထောက်ခံခဲ့၍ အချိုးကျကိုယ်စားပြုစနစ် (PR) ကို လက်ခံဆွေးနွေးရန် အတည်ပြုခဲ့ပြီး တိုင်းရင်းသားလွှတ်တော် ကိုယ်စာလှယ်များကလည်း လွှတ်တော်မတက်ဘဲ ပြည်သူ့လွှတ်တော်တွင် ပထမဦးဆုံး ကန့်ကွက်ဆန္ဒပြခဲ့သည်။ ထို့ပြင် မြို့တော်ခန်းမရှေ့နှင့် ပုဇွန်တောင်မြို့နယ်တို့တွင်လည်း PR စနစ်အား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့သည်။

PR စနစ်တွင် ပါတီကိုသာ မဲပေးရွေးချယ်ရသောစနစ်၊ ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်ရသောစနစ်၊ ကိုယ်စားလှယ်လောင်းအား တစ်ကြိမ်၊ ပါတီအားတစ်ကြိမ် မဲပေးရွေးချယ်ရမည် ဖြစ်သော်လည်း လူပုဂ္ဂိုလ်အား နေရာအများစုပေးထားသော စနစ်နှင့် ကိုယ်စားလှယ်လောင်းများအနက် နှစ်သက်ရာဦးစားပေး ၁၊ ၂၊ ၃၊ ၄ တပ်ပြီး ရွေးချယ်ရသောစနစ် စသည့်လေးမျိုးရှိသည်ဟု သိရသည်။

Eleven Media Group 

PR စနစ်ကို သဘောမတူသည့် ပြည်သူများက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြ သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
PR စနစ်ကို သဘောမတူသည့် ပြည်သူများက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြ သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် PR (အချိုးကျကိုယ်စားပြု) စနစ်ကိုကျင့်သုံးရန် လက်မ ခံကြောင်း လှိုင်သာယာမြို့နယ်ရှိ ပြည်သူ ၃ဝဝ ကျော်မှ အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းတွင် မြို့နယ် အတွင်း လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဆင်မကြီးမိုမိုမွေးနေ့ တိရစ္ဆာန်ရုံ လူဝင်များပြီး ၀န်ဆောင်မှုမနိုင်

Photo: ဆင်မကြီးမိုမိုမွေးနေ့ တိရစ္ဆာန်ရုံ လူဝင်များပြီး ၀န်ဆောင်မှုမနိုင်
Monday, October 20, 2014

ဆင်မကြီးမိုမို၏ အသက်(၆၁)နှစ်ပြည့်    မွေးနေ့တွင် တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်ကြည့်ရှုသူ ပြည်သူတစ်ထောင်ကျော်ရှိခဲ့သော်လည်း ဥယျာဉ်အတွင်း အများပြည်သူဝန်ဆောင်မှုမှာအလွန်အားနည်းနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

အောက်တိုဘာ ၁၉ ရက် တွင် ကျင်းပခဲ့သော ဆင်မကြီးမိုမို သည် ဥယျာဉ်အတွင်းသို့ အသက် (၇)နှစ်အရွယ်ကတည်းက ရောက်ရှိနေ ခြင်းဖြစ်ပြီး  ၁၉၆၁  ခုနှစ်တွင် ကယားပြည်နယ်၊ လွိုင်ကော်မှ ဦးခွန်စန္ဒကမှ ပေးပို့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ယခင်မြန်မာအသံမှ တနင်္ဂ နွေနေ့များတွင် ထုတ်လွှင့်နေကျ မိသားစုတနင်္ဂနွေသီချင်းကြောင့် ဆင်မိုမိုကို လူသိများခဲ့သည်။

‘‘မနက်က လူတစ်ထောင် လောက်ရှိတယ်။ မိုမိုမွေးနေ့အတွက်က ခုံ ၃၀၀ ကျော်လောက်ပဲ ခင်းထားတာ။ ဒါကြောင့်မို့ အပန်းဖြေသူတွေ အဆင်မပြေဖြစ်သွားတာပါ။ မနှစ်က အဲဒီလောက် မလာဘူးလေ။ မထင်မှတ်ဘဲ လူပိုများသွားတာ’’ဟု တိရစ္ဆာန်ရုံမန်နေဂျာ ဦးရဲလင်းစိုးက ပြောသည်။

  တိရစ္ဆာန်များထားရှိရာ လှောင်အိမ်များ၊ ခြံများ၊ ကန်များ မသန့်ရှင်းမှုမှာ မထူးခြားတော့ သော်လည်း ဧည့်သည်များအ တွက် ယခုကဲ့သို့နေ့မျိုးတွင် သေ ချာစွာပြင်ဆင်ထားသင့်ကြောင်း ထိုနေ့တွင် သွားရောက်ခဲ့သူများကပြောကြားသည်။

   မိုးရာသီ မကုန်သေး၍ ပြင်ဆင်မှုများ မပြုလုပ်ရသေးခြင်းဖြစ်ပြီး ပွင့်လင်းရာသီရောက်ပါက တိရစ္ဆာန်များထားရှိသော လှောင်အိမ်နေရာများကို သပ်ရပ်သန့်ရှင်းမှုရှိရန် ရေဆေးခြင်း၊ ဆေးပြန်သုတ်ခြင်းစသည့်အစီအစဉ်များရှိကြောင်း ၎င်းကရှင်းပြသည်။

ပွဲတော်ရက်များနှင့် စနေ၊ တနင်္ဂနွေအားလပ်ရက်များတွင် အပန်းဖြေသူများ စွန့်ပစ်သွား သော အမှိုက်များ များပြားလေ့ရှိကြောင်း အမှိုက်ပုံများလည်း နေ ရာတော်တော်များများတွင် ချပေး ထားကြောင်း၎င်းကဟု ဆိုသည်။

လူအများ စိတ်ဝင်စားသော မြင်းကျား၊ သစ်ကုလားအုပ်များ နှင့် အခြားတိရစ္ဆာန်များကိုလည်း တိုးချဲု့ပြသရန် စီမံချက်ဆွဲ၍ ပြု လုပ်နေကြောင်း တိရစ္ဆာန်ရုံ၏ အကြံပေး ရာထူးယူထားသော ဒေါက်တာမြင့်သိန်းက ပြောသည်။

ဥယျာဉ်ဝင်းအတွင်း နာရီ ၀က်ခန့်စီးရပြီး ကျပ် ၅၀၀၀ တန် ဥယျာဉ်ပတ်ကားမှာ ခြောက်စီးသာရှိ၍ တိရစ္ဆာန်ဥယျာဉ်ဝင်း အတွင်း ခြေကျင်လျှောက်လျှင် ၁ နာရီခန့်ကြာမြင့်မည် ဖြစ်သည်။ ၀င်ကြေးမှာ လူကြီး ၁၀၀၀ ကျပ်၊ ကလေး ၅၀၀ ကျပ် ဖြစ်သည်။

အသီးအနှံများဖြင့် လုပ်ထား သော မွေးနေ့ကိတ်ပုံစံပေါ်တွင် ဖယောင်းတိုင် ၆၁ တိုင်ကို အသက်(၆၁)နှစ်ရှိ ဆင်မကြီး မိုမိုနှင့် အခြားဆင်အဖော်များက မီးမှုတ်ပြီး ကျင်းပခဲ့သည်။ ဥယျာဉ်အတွင်း အသက်(၇)နှစ်အရွယ်ကတည်းကရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၅၃ နှစ်ကျော်ကြာ   ကျန်းမာစွာဖြင့် တိရစ္ဆာန်ရုံသို့ ရောက်ရှိသူတိုင်းကို  အသက်ကြီးလာသည့်တိုင်အောင်ဖျော်ဖြေရင်း၊ လူထုမေတ္တာကို ခံယူနေဆဲဖြစ်ကြောင်း  ဆင်ထိန်းကြီး ဦးမောင်မောင်ကပြော သည်။

‘‘အရင်တုန်းက ဖျော်ဖြေရေး တွေမှာ ကင်းမြီးကောက်ထောင် နိုင်တယ်။ ခုတော့ အသက်ကြီးလို့ မခိုင်းတာ ဆယ်နှစ်ရှိပြီ’’ဟု ၎င်း က ရှင်းပြသည်။

မိုမိုသည် ယခုအခါ အရပ် အမြင့် ၇ ပေ ၈ လက်မရှိပြီး လုံး ပတ် ၁၇၄ လက်မ၊ အစွယ်မှ ဟိုင်းဆင်ဖြစ်ပြီး၊ ကျောကပြာသာဒ်၊ မျက်လုံးဘုတ်၊ နားရွက်က နားကြီး၊ ခြေသည်းရှေ့ ၄၊ နောက် ၄၊ အသားအရေသြဇာ ကွက်ရှိပြီး အမူအကျင့်ကောင်းမွန်သည်။

မိုမို၏မွေးနေ့သို့ လာကြည့်သူများထဲမှ တိရစ္ဆာန်များနှင့်ပတ် သက်သော ဗဟုသုတမေးခွန်းများ ကို ဖြေဆိုနိုင်သူ ကလေး၊ လူကြီးများကို တိရစ္ဆာန်များအား ကျွေးရန် အသီးအနှံခြင်း တောင်းများပြန်လည်  လက်ဆောင်ပေးခဲ့သည်။

  ဆင်မကြီးမိုမိုမွေးနေ့နှင့် တနင်္ဂနွေ အားလပ်ရက်ဖြစ်၍ မိသားစုများ လာရောက်အပန်း ဖြေကြပြီး မွေးနေ့တွင် မျက်လှည့် ပွဲ၊  Unplug Show နှင့် တိရစ္ဆာန် ကပွဲများ ပါဝင်ခဲ့ပြီး တိရစ္ဆာန်ရုံ ကိုလာသည့် ဧည့်သည်များ ယခင်နေ့များထက် သုံးဆများခဲ့ကြောင်း တိရစ္ဆာန်ရုံ အုပ်ချုပ်ရေးပိုင်းထံမှ သိရသည်။

‘‘သစ်တောမှာဆို သစ်လုံးဆွဲ နေရမှာလေ။ ခုတိရစ္ဆာန်ရုံမှာ ချမ်းချမ်းသာသာနေရတယ်’’ ဆင်မိုမိုအလှူရှင်၏ မြေးမတစ်ဦးဖြစ် သူ ဒေါ်တင်တင်နွယ်က မွေးနေ့လက်ဆောင် လာပေးရင်းပြောသည်။

တိရစ္ဆာန်ရုံတွင် မိုမိုနှင့် စား ဖော်စားဖက်၊ လမ်းလျှောက်ဖက်၊ ပြပွဲများတွင် ကပြဖက်များဖြစ် သော မိုမိုအပါအ၀င် စုစုပေါင်း ဆင်ကိုးကောင်ရှိကြောင်း ဆင် ထိန်းများထံမှ သိရသည်။

7Day DAILY 

ဆင်မကြီးမိုမို (၆၁)နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပနေစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဆင်မကြီးမိုမို (၆၁)နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပနေစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ဆင်မကြီးမိုမို၏ အသက်(၆၁)နှစ်ပြည့် မွေးနေ့တွင် တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်ကြည့်ရှုသူ ပြည်သူ တစ်ထောင်ကျော် ရှိခဲ့သော်လည်း ဥယျာဉ်အတွင်း အများပြည်သူဝန်ဆောင်မှုမှာအလွန် အားနည်းနေေ ကြာင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ အောက်တိုဘာ ၂၄ ရက်တွင် အဆိုပြုလွှာနောက်ဆုံးတင်ရမည်

Photo: စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ အောက်တိုဘာ ၂၄ ရက်တွင် အဆိုပြုလွှာနောက်ဆုံးတင်ရမည်
Monday, October 20, 2014

ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ ရွေး ကောက်ပွဲဝင်မည့် ကိုယ်စားလှယ် လောင်းများ အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထားပြီး အဆိုပြု လွှာတင်သွင်းရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရွေးကောက်ခံမည့် ကိုယ်စားလှယ်များ၏ အဆိုပြုလွှာကို အောက်တိုဘာ ၂၄ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ အဆိုပြုမည်ဟု မြို့တော်ခန်းမရှိ မြို့တော်ကော်မရှင် ဥက္ကဋ္ဌရုံးက သတင်းထုတ်ပြန်သည်။

၎င်းရွေးကောက်ပွဲမှ ကိုယ် စားလှယ်လောင်း ၁၁၂ ဦး ရွေး ချယ်သွားမည်ဖြစ်ပြီး ယင်းအထဲမှ အရေးပါသည့် ကော်မတီဝင် လေးဦးကို ပြန်လည်ရွေးချယ်မည် ဖြစ်သည်။

နှစ်ပေါင်း ၆၀ ကျော်မှ ပြန် လည် ရွေးကောက်ပွဲကျင်းပသည့် အဆိုပါ ရွေးကောက်ပွဲကို အများစုက မသိရှိသဖြင့်  ပွင့်လင်းမြင်သာစွာ စည်ပင်က ချပြနေသည်မှာ အားနည်းပြီး အများပြည်သူနှင့်နီးစပ်သည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်က ပြောသည်။

အဆိုပါ ရွေးကောက်ပွဲကို မဲပေးရန်အတွက် အိမ်ထောင်စု တစ်စုလျှင် တစ်ဦးသာ မဲပေးခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်စည်ပင်သာယာရေး ကော်မတီအတွက် ၀င်ရောက်အ ရွေးချယ်ခံမည့် ကိုယ်စားလှယ် လောင်းအနေဖြင့် အသက်(၄၀) နှစ်မှ (၆၀)နှစ်အတွင်း ဖြစ်ရမည် ဟုသတ်မှတ်ထားပြီး မြို့နယ်စည် ပင်သာယာရေးကော်မတီမှ ၀င် ရောက်ရွေးချယ်ခံမည့် ကိုယ်စား လှယ်မှာ အသက်(၃၅)နှစ်မှ (၅၅) နှစ်အတွင်း ဖြစ်ရမည်ဟုလည်း သတ်မှတ်ထားသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ကော်မ တီဝင်ကိုယ်စားလှယ်လောင်းအ ဖြစ် အမည်စာရင်း တင်သွင်းခြင်း ဖြစ်ပါက မှတ်ပုံတင်ကြေး ကျပ် သုံးသိန်း၊ ခရိုင်စည်ပင်သာယာ ရေးကော်မတီ ကိုယ်စားလှယ် လောင်းအဖြစ် အမည်စာရင်း တင်သွင်းခြင်းဖြစ်ပါက မှတ်ပုံ တင်ကြေး ကျပ်နှစ်သိန်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ကိုယ်စားလှယ်လောင်းအဖြစ် အ မည်စာရင်း တင်သွင်းခြင်းဖြစ်ပါ က မှတ်ပုံတင်ကြေးကျပ်တစ်သိန်း ပေးသွင်းရမည် ဖြစ်သည်။ ရွေး ချယ်ခံရပြီး ကော်မတီတွင် ထမ်း ဆောင်ရသည့် အဆင့်ဆင့်တာ ၀န်အလိုက် ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်တို့အတွက် ကုန်ကျငွေများကို ကော်မတီရန် ပုံငွေမှ ကျခံသုံးစွဲရမည်ဟုလည်း နည်းဥပဒေတွင် ဖော်ပြပါရှိသည်။ 

7Day DAILY 

ရန်ကုန်မြို့တော်ခန်းမရှေ့၌ စည်ပင်ဝန်ထမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ရန်ကုန်မြို့တော်ခန်းမရှေ့၌ စည်ပင်ဝန်ထမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)) 
ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ ရွေး ကောက်ပွဲဝင်မည့် ကိုယ်စားလှယ် လောင်းများ အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထားပြီး အဆိုပြု လွှာတင်သွင်းရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လာမည့်နှစ်ဆန်းပိုင်းမှစ၍ ပုဂံဒေသဇုန်ဝင်ကြေးတိုးမြှင့်ကောက်ခံမည်

Photo: လာမည့်နှစ်ဆန်းပိုင်းမှစ၍ ပုဂံဒေသဇုန်ဝင်ကြေးတိုးမြှင့်ကောက်ခံမည်
Monday, October 20, 2014

ပုဂံဒေသသို့ လာရောက် လည်ပတ်သော နိုင်ငံခြားသားခရီးသွားဧည့်သည်များကို ကောက်ခံသော ဇုန်ဝင်ကြေးများ ဇန်န၀ါရီ ၁ ရက်မှစ၍ ငါးဒေါ်လာ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

‘‘ပုဂံဒေသဟာ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ဖြစ်လာအောင် လုပ်နေတဲ့အတွက် အခုထက်ပိုပြီး ဒေသကို ထိန်းသိမ်းကာကွယ်တဲ့ လုပ်ငန်းတွေ လုပ်နိုင်အောင်လို့ ၀င်ကြေးတိုးပြီး ကောက်ခံလိုက်တာပါ’’ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ပုဂံသည် လူသိများသော ဒေသတစ်ခုဖြစ်ပြီး ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် ဒေသတစ်ခုဖြစ် စေရန် ဆောင်ရွက်နေသော ဒေသတစ်ခုလည်းဖြစ်၍ ယခုကဲ့သို့ဝင်ကြေးတိုးမြှင့်ကောက်ခံခြင်းကြောင့် ခရီးသွားဝင်ရောက်မှု အပေါ်တွင် ထိခိုက်မှုမရှိနိုင်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ပုဂံဒေသ၌ ဇုန် ၀င်ကြေးကို  နိုင်ငံခြားသားတစ် ဦးလျှင် ၁၅ ဒေါ်လာဖြင့် ကောက် ခံလျက်ရှိပြီး ၂၀၁၅  ဇန်န၀ါရီ ၁ ရက်မှစပြီး ၂၀ ဒေါ်လာသို့ တိုးမြှင့်ကောက်ခံမည်ဖြစ်ကာ ငါး ရက်လည်ပတ်ခွင့်ရရှိမည်ဖြစ်သည်။

‘‘ငါးဒေါ်လာပဲ တိုးကောက် တဲ့အတွက် ကမ္ဘောဒီးယားတို့နဲ့ ယှဉ်ရင်ဝင်ကြေးက မများပါဘူး။ အဲဒီအတွက်ကြောင့် ခရီးသွားဝင် ရောက်မှုကို သိပ်ပြီးထိခိုက်စရာ မရှိပါဘူး။ ဒီကရတဲ့ ၀င်ငွေရဲ့ တချို့တစ်ဝက်ကို ပုဂံဒေသဖွံ့ဖြိုး ရေးအတွက်လည်း အသုံးချသင့် ပါတယ်’’ဟု မြန်မာနိုင်ငံဧည့်လမ်း ညွှန်အသင်း ဥက္ကဋ္ဌဦးဇော်ဝင်းချို က ပြောသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှုနှုန်းမှာ ၂၀၁၂ တွင် ၁ ဒသမ ၂ သန်း သာရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ၂ ဒသမ ၀၄ သန်းအထိ ရှိလာသည့်အတွက်နှစ်ဆကျော် တိုးတက်လာခဲ့သည်။

ယခုနှစ်တွင် ကမ္ဘာလှည့်ခရီး သွား သုံးသန်းအထိ ၀င်ရောက် မည်ဟု ၀န်ကြီးဌာနက ခန့်မှန်းထားပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလ ကုန်အထိ ခရီးသွား၂ သန်းကျော် ၀င်ရောက်ခဲ့ပြီဖြစ်၍ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကထက် ၅၀ ရာခိုင်နှုန်းကျော် တိုးတက်နေကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းထံမှ သတင်းရရှိသည်။

7Day DAILY

အာနန္ဒာဘုရားဝင်းအတွင်းရှိ ဘုရားဖူးများ၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
အာနန္ဒာဘုရားဝင်းအတွင်းရှိ ဘုရားဖူးများ၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ပုဂံဒေသသို့ လာရောက် လည်ပတ်သော နိုင်ငံခြားသားခရီးသွားဧည့်သည်များကို ကောက်ခံသော ဇုန်ဝင်ကြေးများ ဇန်န၀ါရီ ၁ ရက်မှစ၍ ငါးဒေါ်လာ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

အမ်ပီတီမှ ၎င်းတို့၏ ဝန်ဆောင်ခနှုန်းထားများ ဖြေလျှော့ရန်စီစဉ်နေဟုဆို

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၎င်းတို့၏ မိုဘိုင်းဆက် သွယ်ရေးဆိုင်ရာဝန်ဆောင်မှုနှုန်းထားများကို အသုံးပြု သူများ အဆင်ပြေစေမည့်ပုံစံမျိုးဖြင့် ဖြေလျှော့သွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

နိုင်ငံသားစိစစ်ခြင်းကို ရခိုင်သာမကဘဲ တစ်နိုင်ငံလုံး ဆောင်ရွက်ရန် ရခိုင်အမျိုးသားအင်အားစုများ တောင်းဆို

၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းများကို ရခိုင်ပြည်နယ်တွင် သာမကတစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆောင်ရွက်ပေးရန် ရခိုင်အမျိုး သားအင်အားစုများက တောင်းဆို လိုက်သည်။

ဖားကန့် ဒေသခံသုံးဦး မြေမြှုပ်မိုင်း နင်းမိ၍ ဒဏ်ရာရ

ဖားကန့်မြို့နယ် ကံစီ ကျေးရွာမှ ဒေသခံသုံးဦး မြေမြှုပ်မိုင်းနင်းမိသဖြင့် ဒဏ်ရာရရှိခဲ့ရာဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်းသတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီးအချို့ အပြောင်းအလဲ ပြုလုပ်မည်ဟု သတင်းထွက်ပေါ်

လက်ရှိ အစိုးရသက် တမ်း သုံးနှစ်ကျော်လာပြီဖြစ်သော် လည်း ပြည်ထောင်စုဝန်ကြီးအချို့ မကြာမီ အပြောင်း အ လဲပြု လုပ်ရန်ရှိကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။

မကွေးဆေးကျောင်းသားများ မကြာခဏ တိုက်ခိုက်ခံနေရ၍ လုံခြုံရေးပေးရန် အာဏာပိုင်များထံတောင်းဆို

မကွေးဆေးတက္ကသိုလ် ကျောင်းသားများအား အုပ်စုဖွဲ့ တိုက်ခိုက်မှု မကြာ ခဏဖြစ်ပေါ် နေခြင်းကြောင့် ကျောင်းသားများ ၏ လုံခြုံရေးကို အာမခံချက် အပြည့်အဝပေးရန် ဆေးတက္က သိုလ်ကျောင်းသားများက တက္က သိုလ်နှင့် အစိုးရအာဏာပိုင်များ ထံ တောင်းဆိုလိုက်သည်။

ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အဖြစ် ဖော်ဆောင်ရန် ဆန္ဒပြတောင်းဆို

Photo: ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အဖြစ် ဖော်ဆောင်ရန် ဆန္ဒပြတောင်းဆို
Monday, October 20, 2014

တပ်မတော် အရာရှိဟောင်းနှင့် အငြိမ်းစား အင်အား ၃၀ ခန့်က ဖက်ဒရယ် စနစ်ဖြင့် တည်ဆောက်ထားသည့် ပြည်ထောင်စု တပ်မတော် တစ်ရပ် ပုံဖော်ပေး ရန် အောက်တိုဘာလ ၁၉ ရက်က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သည့် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဗိုလ်ကြီးဟောင်း နေမျိုးဇင် က မဇ္ဈိမကို ပြောသည်။

၎င်းက "ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ထားတဲ့ မူဝါဒအတိုင်း တိုင်းရင်းသားအားလုံး ကိုယ်စားပြုတဲ့ တပ်မတော်၊ ပြည်သူလေးစားရတဲ့ တပ်မတော်တစ်ခုအဖြစ် ဖော်ဆောင်ပေးဖို့ တောင်းဆိုတာပါ" ဟု ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မြို့တော်ခန်းမရှေ့တွင် အောက်တိုဘာ ၁၉ ရက်နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလိုလားသည့် တပ်မတော်တစ်ရပ် ထူထောင်ပေးရန် ဗီနိုင်းများကိုင်ဆောင်ကာ ဆန္ဒပြကြခြင်း ဖြစ်သည်။ "ကျွန်တော်တို့ တောင်းဆိုတဲ့ ပြည်ထောင်စု တပ်မတော်ဆိုတာ ဖက်ဒရယ်စနစ်နဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စု တပ်မတော်ကို ဆိုလိုတာဖြစ်တယ်။ တိုင်းရင်းသားတွေ အချိုးကျပါဝင်တဲ့ တပ်မတော်ဖြစ်မှသာ ပြည်ထောင်စု တပ်မတော်ဖြစ်မှာ ဖြစ်တယ်" ဟု ဦးနေမျိုးဇင်က ပြောသည်။

တိုင်းရင်းသားများ လက်ခံထားသည့် ဖက်ဒရယ်စနစ်သည် ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးတို့ကို ဆိုလိုခြင်းဖြစ်ပြီး တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုသည်မှာ စစ်မှန်သော၊ တန်းတူညီတူရှိသော၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော
ဖက်ဒရယ်တပ်မတော် ဖြစ်သည်။

မြန်မာ့လူမှုဘဝဖွံဖြိုးတိုးတက်ရေး အသင်းအဖွဲ့က နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ ထောင်ကျခံနေရသည့် တပ်မတော်သားများကို ပြန်လွှတ်ပေးရန်၊ ပရော်ဖက်ရှင်နယ်ကျသော တပ်မတော်အဖြစ် ထူထောင်ပေးရန်၊ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရာတွင် တပ်မတော်က တာဝန်သိသိဖြင့် ပါဝင်ရန်၊ ပြည်သူများလေးစားသည့် တပ်မတော်အဖြစ် အကောင်အထည်ဖော်ပေးရန်တို့ကို အောက်တိုဘာ ၁၉ ရက်က ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့သည်။

မြန်မာ့တပ်မတော်ကို ပရော်ဖက်ရှင်နယ် တပ်မတော်အဖြစ် အသွင်ပြောင်းရေးတွင် အမေရိကန်၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ်ကအောက်တိုဘာလ တတိယပတ်အတွင်းက သတင်းသမားအချို့နှင့် သီးသန့်တွေ့ဆုံစဉ်
ပြောကြားခဲ့သည်။

"ကျွန်တော်တို့က စံမီတဲ့ ပရော်ဖက်ရှင်နယ် မြန်မာ့တပ်မတော်ဖြစ်ဖို့ ပြောပါတယ်။ အဲဒီမှာ လူ့အခွင့် အရေးဆိုင်ရာ ဥပဒေတွေ၊
အရပ်သားတွေကို ထိန်းချုပ်မှုဆိုင်ရာတွေ၊ မှန်ကန်တဲ့ အမိန့်နဲ့ စည်းကမ်းကိစ္စတွေ၊ ပွင့်လင်းမြင်သာမှု၊ တပ်ရဲ့လုပ်နိုင်စွမ်းဆိုင်ရာတွေကို ပြောဆိုဆွေးနွေးတာတွေ ရှိပါတယ်။ "တခြားဘာမှ ဖုံးကွယ်ထားစရာလည်း မရှိပါဘူး။ မြန်မာ့တပ်မတော်ကို နည်းပညာနဲ့ လက်နက်တွေ ထောက်ပံ့တာ မရှိပါဘူး" ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀ဝ) ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့တပ်မတော်ကို စတင်ထူထောင်ခဲ့သည့် ဗိုလ်ချုပ်၏ ရည်ရွယ်ချက်များ၊ တပ်မတော်၏ သမိုင်းကြောင်းများကို မော်တော်ယာဉ်ပေါ်တွင် ပြဇာတ်အသွင်ဖြင့် နိုဝင်ဘာလတွင် လှည့်လည်ပြသကာ စည်းရုံးလှုံ့ဆော်သွားမည် ဖြစ်သည်။

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၇)တွင် တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့သည် နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ဖော်ပြပါရှိသည်။

Mizzima - News in Burmese 

ရန်ကုန်မြို့တော်၊ ခန်းမရှေ့တွင် အောက်တိုဘာ ၁၉ ရက်က ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖော်ဆောင်ပေးရေး ဆန္ဒ ပြနေသည့် မြန်မာ့လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေး အသင်းသားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - နေမျိုးဇင်)
ရန်ကုန်မြို့တော်၊ ခန်းမရှေ့တွင် အောက်တိုဘာ ၁၉ ရက်က ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖော်ဆောင်ပေးရေး ဆန္ဒ ပြနေသည့် မြန်မာ့လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေး အသင်းသားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - နေမျိုးဇင်) 
တပ်မတော် အရာရှိဟောင်းနှင့် အငြိမ်းစား အင်အား ၃၀ ခန့်က ဖက်ဒရယ် စနစ်ဖြင့် တည်ဆောက် ထားသည့် ပြည်ထောင်စု တပ်မတော် တစ်ရပ် ပုံဖော်ပေး ရန် အောက်တိုဘာလ ၁၉ ရက်က ဆန္ဒ ထုတ်ဖော် တောင်းဆိုခဲ့သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သည့် မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဗိုလ်ကြီးဟောင်း နေမျိုးဇင် က မဇ္ဈိမကို ပြောသည်။

Sunday, 19 October 2014

ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးအုတ်မြစ်ပဲ ချနိုင်တော့မည်ဟုဆို

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေးအုတ်မြစ်ပဲ ချနိုင်တော့မယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ကောက်ချက်ချ ပြောကြားလိုက်ပါတယ်။
နေပြည်တော်မှာ အောက်တိုဘာ ၁၈၊ ၁၉ နှစ်ရက် ကျင်းပပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လွှတ်တော်အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ အမ်ပီစီက ခုလို ကောက်ချက်ချခဲ့တာလို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ မကွေးတိုင်း၊ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ပြောပါတယ်။

ကျပ်သိန်း ၁၆,၀၀၀ မပေးဘဲ တိမ်းရှောင်နေသော ပဲလုပ်ငန်းရှင် ၂၀ ရာခိုင်နှုန်း ပြန်ပေးမည်ဟု ကတိပြု

မန္တလေးမြို့ ပဲလောက အတွင်း ကျပ်သိန်းပေါင်း တစ် သောင်းခြောက်ထောင်ကျော် မပေးချေဘဲ တိမ်းရှောင်နေသည့် ကုန်သည်က ၂၀ ရာခိုင်နှုန်း ပြန် လည်ပေးဆပ်မည်ဟု သဘောတူ ညီမှုရထားကြောင်း မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာ ကထိန်တော်အသင်း(မန္တလေး ကုန်စည်ဒိုင်)မှ တာဝန်ရှိသူများက ပြောသည်။

၀၁၄ ခုနှစ် ဇူလိုင်လကုန် ပိုင်းကတည်းက တိမ်းရှောင်နေခဲ့သည့် ကုန်သည်သည် အသင်းတိုက် တာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့ပြီးနောက် ကုန်သည် ၄၄ ဦးအား ၎င်းပေးချေရမည့် ငွေပမာဏ၏ ၂၀ ရာခိုင်နှုန်းကို ပြန်လည်ပေး ချေမည်ဟု သဘောတူညီမှုယူ ထားကြောင်း မန္တလေးမြို့ ပွဲစား ကုန်သည်စက်ပိုင်များ မဟာက ထိန်တော်အသင်း(မန္တလေးကုန် စည်ဒိုင်) အတွင်းရေးမှူးဦးကျော် သွင်က ပြောသည်။ ‘‘နှစ်ဦး သဘောတူညှိနှိုင်းထားတဲ့ သဘောပါ။ ကျေနပ်တဲ့သူလည်း ရှိတယ်။ မကျေနပ်တဲ့သူလည်း တရား ဆက်စွဲကြမယ်ထင်တယ်’’ ဟု ၎င်းကပြောသည်။

ခိုတောင်းကျွန်းလူသတ်မှု ဗြိတိန်တိုက်ရိုက်ဝင်မပါဘူးလို့ ထိုင်းဝန်ကြီးချုပ်ပြောလေသလား

ခိုတောင်းကျွန်းပေါ်၌ ဗြိတိန်နှစ်ဦး အသတ်ခံရသည့်ကိစ္စကို စုံစမ်းစစ်ဆေးရာတွင် ဗြိတိန်ရဲများ တိုက်ရိုက်ပါဝင် ပတ်သက်မှုမရှိကြောင်း ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် ပရာဝတ်ဝမ်ဆူဝန်က စနေနေ့တွင် ငြင်းပယ်ပြောဆိုလိုက် ကြောင်း သိရသည်။ 
ဗြိတိန်တာဝန်ရှိသူများ အနေဖြင့် ထိုင်းနိုင်ငံတွင် လေ့လာသူအဖြစ်သာ ရှိနေကြမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသည့် ဒုတိယ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝတ်က ရှင်းလင်းပြောဆိုခဲ့ သည်။ ထိုင်းရဲများ ကိုင်တွယ်နေသည့်အမှုကို ဗြိတိန်နိုင်ငံမှ ယုံကြည်စိတ်ချမှုရှိသည်ကို ပြသရန် ရည်ရွယ်၍ ဗြိတိန်ရဲများ လာရောက်လည်ပတ်ခြင်းဖြစ်ပါကြောင်း ပရာဝတ်က ဆိုပြန်သည်။
အမှုအားစုံစမ်းစစ်နေမှုကိုလည်း ဗြိတိန်ထောက်လှမ်းရေးများအနေဖြင့် ကြားဝင်စွက်ဖက်ကြမည်မဟုတ်ကြောင်း ဒုတိယ၀န်ကြီးချုပ်ပရာဝတ်က ဆိုသည်။ ပရာဝတ်သည် ရဲတပ်ဖွဲ့အပါအ၀င် လုံခြုံရေးကိစ္စများကို တာဝန်ယူ ထားသူဖြစ်သည်။ 

မြန်မာတွင် အလုပ်သမားခဈေးပေါမှု တခုတည်းမကြည့်ရန် ဂျပန်ဝန်ကြီးချုပ်ကတော်ပြော

Photo: မြန်မာတွင် အလုပ်သမားခဈေးပေါမှု တခုတည်းမကြည့်ရန် ဂျပန်ဝန်ကြီးချုပ်ကတော်ပြော

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်

ဂျပန်ဝန်ကြီးချုပ်ကတော်က ဂျပန်စီးပွာရေးသမားများအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အလုပ်သမားခ ဈေးပေါတာတခုတည်းကို မကြည့်ဘဲ ရေရှည် စီးပွားရေးဘက်အဖြစ် မျှော်မှန်းလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တို ဘာ ၁၈ ရက်နေ့က မြန်မာ ပွဲတော် ရဲ့  စီးပွားရေးဖို ရမ် ဆွေးနွေး ပွဲမှာ ဂျပန်ဝန်ကြီးချုပ်ကတော် မစ္စ အခိအယ် အာဘေး က ပြောကြားခဲ့တာပါ။

ဂျပန်ဝန်ကြီးချုပ်ကတော် ဦးစီးကျင်းပတဲ့ ၂၀၁၄ မြန်မာပွဲတော်ကို ဂျပန်-မြန်မာ သံတမန် နှစ် ၆၀ အထိမ်းအမှတ်အဖြစ် ပူးတွဲကျင်းပခဲ့ပြီး ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
၂၀၁၄ မြန်မာပွဲတော်ကို အောက်တိုဘာ ၁၇ ၇က်နဲ့ ၁၈ ရက်နေ့တွေ ကျင်းပခဲ့တာဖြစ်ပြီး ဂျပန်-မြန်မာနှစ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် အများအပြား ပြခန်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။

အနုပညာရှင်တွေဖြစ်တဲ့ မေဆွိ၊ မေခလာနဲ့ ဇော်ပိုင်တို့ကလည်း တိုကျိုပွဲတော်မှာ တေးဂီတာတွေနဲ့ လာရောက်သီဆိုပေးခဲ့ပါတယ်။
ဒီဗွီဘီ

ဂျပန်ဝန်ကြီးချုပ်ကတော်က ဂျပန်စီးပွာရေးသမားများအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အလုပ်သမားခ ဈေးပေါတာတခုတည်းကို မကြည့်ဘဲ ရေရှည် စီးပွားရေးဘက်အဖြစ် မျှော်မှန်းလုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တို ဘာ ၁၈ ရက်နေ့က မြန်မာ ပွဲတော် ရဲ့  စီးပွားရေးဖို ရမ် ဆွေးနွေး ပွဲမှာ ဂျပန်ဝန်ကြီးချုပ်ကတော် မစ္စ အခိအယ် အာဘေး က ပြောကြားခဲ့တာပါ။

ဖြူး သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူဟု ဆိုသူကို ဖမ်းမိပြီ

ပဲခူးတိုင်းဒေသကြီး ဖြုးမြို့နယ် အိုးဘိုကုန်းကျေးရွာမှာ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပွားခဲ့တဲ့ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူဟု ဆိုသူကို ငါးနာရီအတွင်း ဖမ်းမိတယ်လို့ ဖြူးမြို့နယ် မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မျိုးသိန်း(ခ)ငမျိုးကို အိုးဘိုကုန်းရွာ အပြင်ဘက် လယ်ကွင်းထဲမှာ ည ၁၀ နာရီခွဲလောက်မှာ ကိုင်းခုတ်ဓားနဲ့အတူ ဖမ်းမိတာ။ လောလောဆယ်တော့ ဖြူးဆေးရုံကြီးမှာ တင်ထားတယ်” လို့ သူက ဆိုပါတယ်။
လွန်ခဲ့တဲ့ ငါးနှစ်ခန့်က စိတ်ကျန်းမာရေး အားနည်းမှုကြောင့် ခွဲစိတ်ကုသမှု ခံယူထားရတဲ့ မျိုးသိန်းက တစ်ရွာတည်းနေ မိခင်နဲ့ ညီမအပါအဝင် သံဃာတော်တစ်ပါးကို ကိုင်းခုတ်ဓားဖြင့် ခုတ်သတ်ခဲ့တာ ဖြစ်တယ်လို့ အိုးဘိုကုန်းကျေးရွာ ဒေသခံတွေ ဆီကနေ သိရပါတယ်။

သင်္ခါရကို အလှခြယ်သူ

အအေးခန်းဟူသည့် ဆိုင်းဘုတ်အစိမ်းရောင်၏ အောက်တွင် အစိမ်းရောင် သံတံခါးနှစ်ချပ် ရှိသည်။ အစိမ်းရောင် သံတံခါးများပေါ်တွင်တော့ “တာဝန်မှအပ မဝင်ရ” ဟူသော စာတန်းနှင့် အလောင်းထုတ်ရန် နှစ်ဦးသာ ဝင်ခွင့်ပြုသည်ဆိုသည့် စာတန်းကို ရေးထိုးထားသည်။
ယင်းတံခါးနှစ်ချပ်၏ အနောက်ဘက် ကပ်လျက် အခန်းကျယ်၏ထိပ်တွင် ခုံတစ်လုံးနှင့်အတူ စည်ပင်ယူနီဖောင်းကို ဝတ်ထားသည့် အအေးခန်းကြီးကြပ်သူ တစ်ယောက် စာအုပ်တစ်အုပ်နှင့် အလုပ် ရှုပ်နေသည်။ သူနှင့် ခပ်လှမ်းလှမ်း တစ်နေရာတွင် နာမည်မျိုးစုံ ရေးထိုးထားသည့် သစ်သား အခေါင်းအချို့၊ မှန်ခေါင်းတလား အချို့ကို အပုံလိုက် ထပ်တင်ထားသည်။ ခေါင်းတလားများဘေးတွင် အလောင်းတင်သည့် ဆေးရုံသုံး တွန်းလှည်းသုံးခု ရှိနေသည်။ ဆေးရုံသုံး တွန်းလှည်းများ၏ ညာဘက်အခြမ်း တွင်တော့ “မ၀င်ရ” ဟူသည့် နောက်ထပ် ဆိုင်းဘုတ်တစ်ခုနှင့် ပိတ်ထားသော အခန်းငယ်တစ်ခု ရှိနေပြန်သည်။

ထပ်တိုးထီအက္ခရာများ ထီဆိုင်ကြီးအချို့ မရရှိဟုဆို

(၃၁၀) ကြိမ်မြောက် အောင်ဘာလေ သိန်းထီဖွင့်ပွဲအတွက် ထပ်မံတိုးမြှင့် ရိုက်နှိပ်ထားသော မြန်မာ့အောင်ဘာလေထီ အက္ခရာများကို အချို့သော ထီဆိုင်ကြီးများ ရရှိခြင်း မရှိကြောင်း ပြည်တွင်း ထီအရောင်းဆိုင်ကြီးများထံမှ သိရသည်။

မြန်မာအောင်ဘာလေထီကို ယခင်က အက္ခရာ ၃၃ လုံး (က မှ အ) အထိ ရိုက်နှိပ်ထုတ်ဝေရာမှ ယခု အောက်တိုဘာလမှ စတင်၍ (ကက မှ ကဇ အထိ) အက္ခရာခုနှစ်လုံး ထပ်မံရိုက်နှိပ်ခဲ့ပြီး ထပ်တိုးထုတ်ဝေသည့် အဆိုပါ အက္ခရာများကို အချို့သော ထီဆိုင်ကြီးများက ဝယ်ယူရရှိခြင်း မရှိကြောင်း မိတ္ထီလာမြို့နယ်ရှိ ရွှေမြန်မာ ထီအရောင်းကိုယ်စားလှယ် ဦးမင်းစိန်ဝင်းက ပြောကြားသည်။

ကျားကိုက်သေသူ ဆေးပညာမှတ်တမ်းဝင်ဖြစ်လာ

ကျားကိုက်လို့သေသည်၊ ဆင်နင်းလို့သေသည် စသည့် သေဆုံးမှုများသည် သိပ်မထူးဆန်းလှသော်လည်း လွန်ခဲ့တဲ့လက အိန္ဒိယ၌ ဖြစ်ပွားခဲ့သည့် နယူးဒေလီတိရစ္ဆာန်ရုံ ကျားကိုက်မှုသည် မူခင်းဖြေရှင်းနည်း သိပ္ပံအနေနှင့် လေ့လာရမည့် ကိစ္စတခုဖြစ်လာကြောင်း သိရသည်။ အိန္ဒိယဆေးသိပ္ပံကျောင်းမှ ဆရာဝန်များက ယင်းအမှုအား ထူခြားဖြစ်စဉ်အဖြစ် ရှုမြင်သည်။

နယူးဒေလီ တိရစ္ဆာန်ရုံ၌ အသက် ၂၀ အရွယ် မာဆု အမည်ရ အမျိုးသားတဦး မည်သို့မည်ပုံ ကျားလှောင်ရုံထဲရောက်သွားသည် ယခုတိုင် တိတိကျကျ မသိရသေးသော်လည်း ထိုသို့ ရောက်ရှိသွားပြီးနောက် မာဆုအား ကျားက ဘာလုပ်ရမှန်း မသိသဖြင့် ၁၀-၁၅ မိနစ်လောက်စူးစိုက်ကြည့်ရှုနေခဲ့သည်။ လူများ၊ တိရစ္ဆာန်ရုံတာဝန်ရှိသူများက ခဲများဖြင့် ဝိုင်းဝန်းပစ်ပေါက်ကြသည်တွင် ကျားက ရုတ်တရက် မာဆုကို ကိုက်ဆွဲ၍ ၎င်းတို့နှင့် ဝေးရာ လှောင်ရုံအတွင်းပိုင်းသို့ ထွက်ပြေးသွားခဲ့သည်။

မြေယာလျော်ကြေးကိစ္စမပြေလည်ပါက ကြေးစင်တောင်စီမံကိန်းဖျက်သိမ်းရေးတောင်းဆိုမည်ဟု ဒေသခံများပြောကြား


ချင်းတွင်းမြစ်တစ်ဖက် ကမ်း ဆားလင်းကြီးမြို့နယ်ရှိ စံ ပယ်တောင်၊ ကြေးစင်တောင် ကြေး နီစီမံကိန်းများအကောင်အ ထည်ဖော်ရန် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က သိမ်းဆည်း ခဲ့သော မြေယာများအတွက် လျော်ကြေးရရှိရန် မြေယာနစ်နာကြေး တောင်းဆိုနေသည်မှာ ပြေလည်မှု မရှိသေးဘဲ ပြေလည်အောင်ဖြေ ရှင်းမပေးပါက ကြေးစင်တောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်း ရေး တောင်းဆိုသွားမည်ဖြစ် ကြောင်း ဒေသခံမြေအသိမ်းခံ တောင်သူများကဆိုသည်။

‘‘လွန်ခဲ့တဲ့ ၁၉၉၁-၉၂ ၀န်း ကျင်တုန်းက ကြေးနီစီမံကိန်းအ တွင်း လယ်ယာမြေ ၆၂၅၃ဒသမ ၄ဧကကို ၂၉သိန်းသုံးသောင်းပြားငါးဆယ်ပေးလျော်ခဲ့တယ်လို့ သက်ဆိုင်ရာကပြောတယ်။ ဘယ်တုံးက ဘယ်သူ့ကို လျော်ခဲ့တာလဲတော့ မသိဘူး။ အဲဒီလျော်ကြေးက ဒီနေ့ခေတ်လယ်ယာမြေဈေးနဲ့ နှိုင်း ယှဉ်ရင်အရမ်းနည်းပါတယ်’’ဟုလက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင် ကံကုန်းကျေးရွာဒေသခံဦးဘိုသန်းက ပြောကြားခဲ့သည်။