Friday, 29 August 2014

ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ရှေ့ပြေးလူဦးရေစာရင်းဆိုင်ရာ ထုတ်ပြန်ကြေ ညာချက်ထုတ်ပြန်

၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းအား ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယား ပြုစုခြင်းနှင့် စာရင်းထုတ်ပြန်ခြင်းဟူ၍ အဆင့် (၄) ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ဒုတိယအဆင့်ဖြစ်သော မြေပြင်ကွင်းဆင်း သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ တတိယအဆင့်ဖြစ်သော စာရင်းဇယား ပြုစုခြင်း (Data Processing) လုပ်ငန်းအား ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
တတိယအဆင့်ဖြစ်သော စာရင်းဇယားပြုစုခြင်း လုပ်ငန်းစဉ်တွင် နိုင်ငံတစ်ဝန်း စာရင်းကောက်ကွက်အသီးသီးမှ ပြန်လည်စုစည်းရရှိပြီးသော အိမ်ထောင်စုတစ်စုခြင်းစီ၏ မေးခွန်းပုံစံအချက်အလက် ကိန်းဂဏန်းများအား အသေးစိတ်စစ်ဆေးခြင်း၊ ပုံရိပ်ဖတ်စက်တွင် အသင့်အသုံးပြုနိုင်ရန် ပြင်ဆင်ခြင်း၊ ကွန်ပျူတာစနစ်အတွင်း မှတ်တမ်းတင်ခြင်း၊ ပုံရိပ်ဖတ်ခြင်းနှင့် အမှားပြင်ဆင်ခြင်းစသည့် လုပ်ငန်းအဆင့်ဆင့်အား အချိန်ယူ ဆောင်ရွက် ရသည်ဖြစ်၍ ပင်မသန်းခေါင်စာရင်း အချက်အလက်များအား ၂၀၁၅ ခုနှစ်၊ မေလခန့်တွင် ထုတ်ပြန်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့အတွက် တစ်ကိုယ်တော်ဆန္ဒပြ

မိုးကုတ်မှာ သြဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်းက တရားရေးမဏ္ဍိုင် တည့်မတ်စေဖို့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

အရက်ယမကာထိန်းချုပ်ရာတွင်အခွန်တိုးမြှင့်ကောက်ခံခြင်းကို ထည့်သွင်းသင့်ဟု ကျန်းမာရေးဝန်ကြီးပြော

Photo: အရက်ယမကာထိန်းချုပ်ရာတွင်အခွန်တိုးမြှင့်ကောက်ခံခြင်းကို ထည့်သွင်းသင့်ဟု ကျန်းမာရေးဝန်ကြီးပြော
Friday, August 29, 2014

အရက်ယမကာ ထိန်းချုပ်ရေးအတွက်စဉ်းစားရာ တွင် ကုန်သွယ်မှုထိန်းချုပ်ရေးနှင့် အခွန်တိုးမြှင့်ကောက်ခံခြင်းတို့ကို ထည့်သွင်းဆောင်ရွက်သွားကြ ရန်လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင် က ပြော ကြားသည်။

သြဂုတ် ၂၈ ရက်က နေပြည် တော်ရှိမင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသည့် အရက်ယမကာသုံး စွဲမှုထိန်းချုပ်ရေးမူဝါဒနှင့် မဟာ ဗျူဟာများရေးဆွဲနိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲ၌ ဝန်ကြီးက အထက် ပါအတိုင်း   ပြောကြားသွားခြင်း ဖြစ်သည်။

‘‘အရက်ယမကာထိန်းချုပ် ရေးအတွက် စဉ်းစားရာမှာ အရက်ဝယ်ယူရေးကို ခက်ခဲစေ ရန်စီစဉ်ခြင်း၊ အရက်ရောင်းချမှု ထိန်းချုပ်ခြင်း၊ အရက်ရောင်းအား မြှင့်တင်မှုထိန်းချုပ်ခြင်း၊ ကုန် သွယ်မှုထိန်းချုပ်ရေးနှင့် အခွန်တိုး မြှင့်ကောက်ခံခြင်း စတာတွေကို ထည့်သွင်းစဉ်းစား ဆောင်ရွက် ကြရမှာဖြစ်ပါတယ်’’ဟု  ဒေါက် တာသန်းအောင်ကပြောသည်။

အရက်ထုတ်လုပ်ရောင်းချ ခြင်းကို  နိုင်ငံတော်၏ ထိန်းချုပ် မှုအောက်၌ထားရှိပြီး အရက်ကို ပြည်ပမှတင်သွင်းသည့်အခါဖြစ် စေ၊ ပြည်တွင်းမှ ထုတ်လုပ်သည့် အခါဖြစ်စေ ကန့်သတ်ထိန်းချုပ် ထားကြခြင်း   ဖြစ်သော်လည်း လွတ်လပ်သောစီးပွားရေးမူများ ချမှတ်လာသည့်အခါ ပုဂ္ဂလိက လက်သို့လွတ်လပ်စွာထုတ်လုပ် ခွင့်လွှဲအပ်ချိန်မှစ၍  အရက်သုံး စွဲမှု ပိုမိုများပြားလာသည်ကိုတွေ့ရှိရကြောင်း ဒေါက်တာသန်းအောင်ကပြောသည်။

ထို့အပြင် အနောက်တိုင်း ယဉ်ကျေးမှုကိုအတုယူပြီး လူငယ်အမျိုးသား၊ အမျိုးသမီးများ အ ရက်ဆိုင်ထိုင်ကာ သောက်သုံးမှုများရှိလာ၍ အရက် ယမကာ သောက်သုံးမှုလျှော့ချရေးဆိုင်ရာကိစ္စများ ကို လူမှုရေးနှင့်ယဉ်ကျေးမှုအပြင် ကျန်းမာရေး ရှုထောင့်မှပါ စဉ်းစားရမည်ဖြစ်ကြောင်း  ပြောကြား သည်။

‘‘မူဝါဒရှုထောင့်မှစဉ်းစား ရင် လက်ရှိပြဋ္ဌာန်းထားတဲ့ဥပဒေ များ၊ နည်းဥပဒေများဟာ သက် ရောက်မှုရှိရဲ့လား၊ အကောင်အ ထည်ဖော်နေတဲ့မဟာဗျူဟာများ ဟာလည်း မူဝါဒဆိုင်ရာကို အ ထောက်အကူပြုနိုင်ရဲ့လား  ဆို တာစဉ်းစားဆင်ခြင်မှသိနိုင်မှာ ဖြစ်ပါတယ်’’ဟု   ဝန်ကြီးကဆို သည်။

အရက်ယမကာ   သုံးစွဲမှု လျော့နည်းရေးမူဝါဒနှင့် မဟာဗျူ ဟာများ    ရေးဆွဲနိုင်ရေးညှိနှိုင်း ဆွေးနွေးပွဲကို သြဂုတ် ၂၈ နှင့် ၂၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး အရက်ယမကာသုံးစွဲမှုထိန်းချုပ်ရေးမူဝါဒနှင့်မဟာဗျူဟာများရေးဆွဲနိုင်ရေး  ရှေ့ဆက်လုပ်ငန်းစဉ်များ၊    အကြံပြုချက်များ  ရယူ သွားမည်ဟုသတင်းရရှိသည်။

7Day DAILY 

ဈေးဝယ်စင်တာတစ်ခုတွင်ရောင်းချသော ယမကာပုလင်းများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ဈေးဝယ်စင်တာတစ်ခုတွင်ရောင်းချသော ယမကာပုလင်းများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
အရက်ယမကာ ထိန်းချုပ်ရေးအတွက်စဉ်းစားရာ တွင် ကုန်သွယ်မှုထိန်းချုပ်ရေးနှင့် အခွန်တိုးမြှင့်ကောက် ခံခြင်း တို့ကို ထည့်သွင်းဆောင်ရွက်သွားကြ ရန်လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင် က ပြော ကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးငါးဦး အပြောင်းအလဲလုပ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ပြည်နယ်ဝန်ကြီးငါးဦး နေရာအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိ သည်။

ဘိုးတော်တွေ၊ နတ်တွေ ကြီးစိုးလာလို့ သာသနာတောင် မှေးမှိန်သွားနိုင်တယ်

Photo: ဘိုးတော်တွေ၊ နတ်တွေ ကြီးစိုးလာလို့ သာသနာတောင် မှေးမှိန်သွားနိုင်တယ်
Friday, August 29, 2014

ယနေ့ ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူရေးမှာ ယခုလို ဘိုးတော်တွေက သူတို့ဆယ်မှ ရတယ်ဆိုမှဖြင့် ဓမ္မစေတီခေါင်းလောင်း ရတာကို ဝမ်းသာစရာထက် တိုင်းပြည်မှာ ဒီခေါင်းလောင်းဆယ်တာကို အကြောင်းပြုပြီး ရှေ့လျှောက် ဘိုးတော်တွေနဲ့ နတ်တွေကို ယုံကြည်မှုအားတွေ များလာကြပြီး နေရာတိုင်းနဲ့ နိုင်ငံရေးမှအစ ဘိုးတော်တွေ ခြယ်လှယ် လာနိုင်ပါတယ်။ 

တကယ်တော့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်ဘိုးတော်၊ ဘယ်နဂါး ဘယ်နတ်တွေ ဘယ်လောက်ပဲ တန်ခိုးကြီးလို့ နေကြပါစေ နောက်ဆုံးတော့ အင်ဂျင်နီယာနဲ့ ခေတ်မီ Floating Crane နဲ့မှသာလျှင် ခေါင်းလောင်း အစစ်ဖြစ်စေ၊ အတုဖြစ်စေ ရေအပေါ်ရောက်နိုင်တာမျိုးပါ။
နောက်ပြီး နဂါးတွေက ခေါင်းလောင်းကို ဆီမီးပူဇော်နေကြလို့ ဆိုတော့ ခေါင်းလောင်းဟာ ခေါင်းလောင်းပါပဲ၊ ဘုရားက ဘုရားပဲ။
ခေါင်းလောင်းဆိုတာ ရှေးမင်းတွေက သူတို့ရဲ့ အမှတ်တရ သမိုင်းအတွက် သွန်းလုပ်ပြီး ဘုရားတွေမှာ ထားခဲ့ကြတာမို့ ခေါင်းလောင်းဆိုတာ ခေတ်တစ်ခေတ်ရဲ့ မင်းတွေရဲ့ အမှတ်အသား Symbol တွေပဲ ဖြစ်ပါတယ်။ ဒီဘုရားပေါ်က ခေါင်းလောင်းကြီးတွေကိုလည်း ဘယ်သူကမှ ထိုင်မကန်တော့ တတ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ခေါင်းလောင်းက ခေါင်းလောင်းပဲလေ။ ဘုရားရုပ်တုမှ မဟုတ်တာဘဲ။ ဒီတော့ နဂါးတွေက ဘာကြောင့် ဆီမီးတွေ ပူဇော်နေကြရတာလဲ။

ဒီခေါင်းလောင်းကြီးက စောင့်ရှောက်တဲ့ပုဂ္ဂိုလ် တကယ်သာရှိခဲ့ရင် သို့မဟုတ် နဂါးတွေ ပူဇော်ထိုက်အောင်သာ ခေါင်းလောင်းက တန်ခိုးရှိ နေခဲ့မယ်ဆိုရင် De Brito (ငဇင်ကာ) ဘုရားပေါ်ကနေ ဒီအထိ ခိုးလာနိုင်စရာ အဘယ်မှာ ရှိနိုင်မှာလဲ။
တိုင်းပြည်ဆိုတာ မင်းအမိန့်နဲ့ နေတာပါ။ မင်းခွင့်ပြုထားပြီ ဆိုကတည်းက ဒီခေါင်းလောင်းကို ဘယ်နဂါး၊ ဘယ်ပုဂ္ဂိုလ်မှ ဆွဲထားလို့ မရပါဘူး။ ပြီးတော့ မြန်မာ့နည်းပညာနဲ့ ဆယ်မယ်လို့ ပြောကြပါတယ်။ အင်ဂျင်နီယာနဲ့ ခေတ်မီ Floating Crane တွေကို သုံးကြရပြီ ဆိုကတည်းက အဘယ်မှာ ပုဂ္ဂိုလ်တွေ၊ ဘိုးတော်တွေရဲ့ တန်ခိုးဖြစ်နိုင်တော့မှာလဲ။
သမထ ထိုင်တယ်ဆိုရာမှာ Brain ဦးနှောက်ရဲ့ Cell အားတွေ ရှိလာနိုင်တဲ့ အခါမျိုးတွေ ရှိနေနိုင်သလို သမထထိုင်ခြင်းကြောင့် ဦးနှောက် Cell ဆဲလ်တွေ အားနည်းသွားတတ်ပြီး အလိုလို အာရုံကြောတွေ အားနည်းသွားတတ်တဲ့ အချိန်မျိုးတွေလည်း ရှိနေတတ်ပါတယ်။ အခုလည်း ဒီလိုပါပဲ။ လူတစ်ယောက်မှာ ဦးနှောက်ဆဲလ် Cell အားတွေ နည်းသွားပြီး ဆဲလ်တွေ ကျုံ့လာနေတဲ့အခါမှာ အလိုလို အာရုံကြောတွေကို အားနည်းသွားစေပြီး အဲဒီအချိန်မျိုးတွေမှာ့ Hallucination ပြင်ပမှာ အကြောင်းအရာ အကောင်အထည် မရှိတာတွေကို စိတ်တွင် ယောင်ယမ်း ထင်မြင်ခြင်း၊ မျက်စိလှည့်စားခြင်း၊ သွေးလေချောက်ချား၍ ထင်မြင်ရာ ကယောင်ချောက်ချားတွေကို လျှောက်ပြော နေတာ မျိုးတွေကို ဖြစ်တတ်သလို မိမိရဲ့အစွဲအလမ်း ယုံကြည်မှုတစ်ခုခု သို့မဟုတ် ကြားဖူးနားဝ ရှိဖူးတာတွေက မိမိမျက်လုံးမှာ ပုံရိပ်တွေ လာထင်နေတတ်ပါတယ်။
ယခုလည်း ဒီအတိုင်းပါပဲ။

ဦးစံလင်း Hallucination ဖြစ်သွားပြီးအပြင် ရေအောက်မှာ တကယ်မရှိတဲ့ နဂါးတွေ ဆီမီးပူဇော် နေတယ်ဆိုတဲ့ ပုံရိပ်တွေကို မိမိမျက်လုံးမှာ စက္ကန့်ပိုင်းမျှ ပုံရိပ်ထင်သွားတာပဲ ဖြစ်ပါတယ်။ နဂိုကတည်းကလည်း ရေထဲမှာဆို နဂါးတွေပိုင်ဆိုင်တယ်၊ နဂါးတွေ စောင့်ရှောက်တယ်ဆိုတဲ့ အသိတစ်ခုက ရှိနေခဲ့မှာ ဖြစ်သလို သူ့ဓာတ်ခန်းမှာလည်း နဂါးရုပ်တွေ ဧကန်ရှိနေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ဦးနှောက် အားရှိနေသူတွေ ဘယ်သူကမှ မယုံကြတဲ့အပြင် ဒီစကား တစ်ခုတည်းကြောင့် မိမိဦးစီးနေတဲ့ လုပ်ငန်းအပေါ် အယုံအကြည်တွေ ကင်းမဲ့လာကြပြီး ခေါင်းလောင်းအစစ်ကို မိမိဖော်ခဲ့သည့်တိုင် အတုလို့ပင် ထင်သွားကြမှာ ဖြစ်ပါတယ်။

တကယ်တော့ မိမိတို့ ယခင်က ရှာဖွေခဲ့ကြသူတွေရဲ့ Record တွေနောက်ကို Follow လိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဘယ်ပုဂ္ဂိုလ်ကမှ လူကြီးမင်းတို့ကို ခေါင်းလောင်းနေရာကို ညွှန်ပြပေးခဲ့တာ မဟုတ်ပါဘူး။
ပြီးတော့ ခေါင်းလောင်းက ပိဿာချိန် ၁၈၀,၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိတယ် ဆိုတာကို ဘယ်ကသိကြတာလဲ။ ပုဂ္ဂိုလ်တွေက လာပြောကြတာလား ဒါမှမဟုတ် ဦးစံလင်းက သမထအားနဲ့ ရေထဲက ခေါင်းလောင်းပေါ်မှာ ကမ္ပည်းထိုးထားတာကို မြင်ခဲ့တာလား ဒါမှမဟုတ် ဒတ်ခ်ျကုန်သည် Gaspero ရဲ့ ခရီးသွား မှတ်တမ်းကနေ သိခဲ့ကြတာလား ဒါမှမဟုတ် Internet ကနေ ရှာလို့ Wikipedia မှ ကူးယူခဲ့ကြတာလား၊ ပြီးတော့ ဒီကိန်းဂဏန်းတွေက မှန်တယ်လို့ ဘယ်သူ အာမခံချက် ပေးနိုင်မလဲ။ 

အကယ်၍များ ခေါင်းလောင်းက ပိဿာချိန် တစ်သိန်းရှစ်သောင်း ရှိတယ်လို့များ ပုဂ္ဂိုလ်တွေက ပြောခဲ့တယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တွေတောင် သိက္ခာကျသွားနိုင်ပါတယ်။ ထားပါ။ နောက်တစ်ချက်က မြန်မာတွေ လွန်ခဲ့နှစ်ပေါင်း ၄၀၀ ကျော်လောက်က အလေးချိန် Unit ကို ကျပ်သားနဲ့ ပိဿာဆိုတဲ့ Unit ကို စသုံးနေကြပြီးလား။ ဘယ်သူတွေက ဒါကို အာမခံချက် ပေးနိုင်ကြမလဲ။
ထားပါလေ။ ပိဿာချိန် ၁၈၀,၀၀၀၊ မက်ထရစ်တန် ၃၀၀ ဆိုတာ ကလေးကစားစရာ မဟုတ်ပါဘူး။ ယနေ့ ဦးစံလင်းက ပိဿာချိန် ၁၈၀,၀၀၀၊ တန် ၃၀၀ ဆိုပါရင် ယနေ့ မိမိတို့သုံးနေတဲ့ Floating Crane ရဲ့ Maxium Load Allownce ကိုလည်း ငဲ့စောင်းလှည့်ကြည့် သင့်တာပေါ့။ တန် ၃၀၀ ကို ဒီ Crane နဲ့ဆွဲတင်ရင် အပေါ်မရောက်ခင်မှာပဲ Overload ဖြစ်ပြီး မော်တာတွေ မီးလောင်လို့၊ ကြိုးတွေပြတ်ကျလို့ အနားကလူတွေတောင် သေသွားနိုင်ပါတယ်။
အဲလို ဖြစ်ပြန်လည်း ဘာပြောကြမလဲ။ 

လာကြည့်တဲ့ လူတွေထဲက ပုဂ္ဂိုလ် မကြိုက်တာတွေကို ပြောလို့၊ စည်းပေါက်သွားလို့ နဂါးတွေက ပြန်သိမ်းသွားတာပါလို့ ပြောကြဦးမှာလား။
အပြန်အလှန်အားဖြင့် အဲဒီကရိန်းနဲ့မလို့ ချောချောမောမောဖြစ်လို့ အပေါ်ရောက်လာရင်လည်း ခေါင်းလောင်းက ပိဿာချိန် ၁၈၀,၀၀၀၊ တန် ၃၀၀ မရှိဘူး ဆိုတာကို အလိုလို ကြေညာလိုက်သလို ဖြစ်သွားလို့ ဘိုးတော်တွေ၊ ပုဂ္ဂိုလ်တွေပါ သိက္ခာကျသွားမှာပါ။ 

တကယ်ဆို ဒါကိုတွေ့တာနဲ့ ရေအောက်မြေကြီးထဲ ဘယ်နှပေလောက်မှာ နစ်မြုပ်နေပါတယ်ဆိုတာ ဒီပတ်ပတ်လည်ကို တူးဖော်ဖို့ ဘယ်နှနှစ် ကြာမယ်လို့ ခန့်မှန်းပါတယ်ဆိုတာ၊ တန် ၃၀၀ ရှိနေတာမို့ Maxium Load တန်လေးရာကိုနိုင်တဲ့ Floating Crane ကြီးကို အသုံးပြုပြီး ဘယ်နေ့ ဆွဲတင်မယ် ဆိုတာကို အတိအလင်း ကြေညာပေးလို့ ရတာပဲလေ။ ဒါက ရိုးရိုးလေးပါ။ ဒါကိုပြည်သူတွေကို ဘိုးတော်တွေ နတ်တွေကို ယုံကြည်လာအောင် ဇာတ်လမ်းတွေဆင်၊ အကွက်တွေ ဆင်နေကြတယ်။ ဘာကိုမှ အတိအကျ မပြောနိုင်တော့ မေးတာနဲ့ အဓိဋ္ဌာန် ဝင်နေတယ် ပြောလိုပြော၊ နဂါးတွေ ဆီမီးပူဇော်နေလို့ပါလို့ ပြောလိုပြော။ ဒီလုပ်ရပ်က ပြည်သူတွေကို နတ်တွေ၊ ဘိုးတော်တွေကို အားကိုး ယုံကြည်လာအောင် သက်သက်ဖန်တီး နေသလိုလည်း ဖြစ်နေပြီး ထေရဝါဒ သာသနာကိုပါ မှေးမှိန်သွားအောင် ဖန်တီးသလို ဖြစ်နေပါပြီ။ ပြည်သူတွေ အတွေးအခေါ်မြင့်မားနိုင်ကြပါစေ။

ဘဲလားလေဘာတီ (Astro-Political Scientist)
The Voice Weekly
ယနေ့ ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူရေးမှာ ယခုလို ဘိုးတော်တွေက သူတို့ဆယ်မှ ရတယ်ဆိုမှဖြင့် ဓမ္မစေတီခေါင်းလောင်း ရတာကို ဝမ်းသာစရာထက် တိုင်းပြည်မှာ ဒီခေါင်းလောင်းဆယ်တာကို အကြောင်းပြုပြီး ရှေ့လျှောက် ဘိုးတော်တွေနဲ့ နတ်တွေကို ယုံကြည်မှုအားတွေ များလာကြပြီး နေရာ တိုင်းနဲ့ နိုင်ငံရေးမှအစ ဘိုးတော်တွေ ခြယ်လှယ် လာနိုင်ပါတယ်။

ဓမ္မစေတီခေါင်းလောင်းအစစ် ပဲခူးမှာတွေ့ပြီ

 Photo: ဓမ္မစေတီခေါင်းလောင်းအစစ် ပဲခူးမှာတွေ့ပြီ
Friday, August 29, 2014

ယနေ့ ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ဒေါပုံမြစ်သုံးခွဆိုင်တွင် သြဂုတ်လ (၉)ရက်နေ့မှစ၍ ဆယ်ယူနေကြသည့် ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်းပြောပါဆိုလျှင် ထိုနေရာတွင် ဓမ္မစေတီခေါင်းလောင်းရှိ၊ မရှိတော့မပြောနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ သမိုင်းပညာရှင် သမိုင်း သုတေသီ တယောက်မဟုတ်၍ ဖြစ်ပါသည်။

လက်တွေ့ကျကျ မွန်ဘုရင် ဓမ္မစေတီမင်းကြီး သွန်းလောင်းတော်မူခဲ့သည့် ဓမ္မစေတီခေါင်းလောင်းစစ်စစ်ကိုပြပါဆိုလျှင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် အင်္ဂါထောင့်(အရှေ့ထောင့်)ရှိ ခေါင်းလောင်းကြီးကိုပဲ ညွှန်ပြလိုပါသည်။ ထိုခေါင်းလောင်းကြီးသည် သက္ကရာဇ် ၈၃၃-ခုနှစ်တွင် ဓမ္မစေတီမင်း ဟံသာဝတီထီးနန်းကို စိုးစံပြီးနောက် သွန်းလောင်းခဲ့ကြောင်း ပဲခူးရွှေမော်ဓောသမိုင်းစာမျက်နှာများ၌ ဖော်ပြထားပါသည်။ ရွှေသာလျောင်းသမိုင်းစာအုပ်တွင် ရွှေမော်ဓောရင်ပြင်ရှိ ခေါင်းလောင်းကြီး၏ ကြေးပိဿာချိန်မှာ (၇၀၀၀)ရှိကြောင်းနှင့် ယခုဆယ်ယူနေသည့် ခေါင်းလောင်းကြီး၏ ပိဿာချိန်မှာ(၁၀၀၀၀) သာရှိကြောင်း ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။

ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်းကိုပြောလျှင် ဓမ္မစေတီမင်း ဖြစ်ပေါ်လာပုံကိုလည်း သိဖို့လိုမည်ဟု ထင်ပါသည်။

ဓမ္မစေတီမင်းသည် ထိုခေတ် ဟံသာဝတီ နေပြည်တော်(ယခုပဲခူး မြို့)တွင် မွန်တိုင်းရင်းသား အဖ ဦးဗောဓိကနှင့် အမိ ရှင်မိထပ်တို့မှ သက္ကရာဇ် (၇၇၁) တနင်္လာနေ့တွင် မွေးဖွားခဲ့သည်။ ငယ်မည် မင်းထန် ဖြစ်သည်။ အရွယ်ရောက်သော် သာသနာ့ဘောင်ဝင်၍ ရှင်ဓမ္မဓရဘွဲ့တော်ဖြင့် အင်းဝနေပြည်တော်သို့ စာသင်သွားသည်၊ သူနှင့်အတူ ပဲခူးပုဂံတောင်သား ရှင်ဓမ္မဉာဏလည်း အတူပါသွားသည်။

ထိုအချိန်တွင် နောင် ဟံသာဝတီဘုရင်မကြီးဖြစ်လာမည့် ဗညားထောဘွဲ့ခံ(မွန်လူမျိုးများက ရှင်စောပုကို စောပို့မယ်ဟု ခေါ်ကြသည်) ရှင်စောပုသည် အင်းဝဘုရင်၏ မိဘုရားအဖြစ် အင်းဝနေပြည်တော်သို့ ရောက်ရှိနေချိန်ဖြစ်သည်။ အင်းဝတွင် လုံးဝမပျော်ပိုက်သဖြင့် ဟံသာ ၀တီ(ပဲခူး)သား ရဟန်းနှစ်ပါးဖြစ်သည့် ရှင်ဓမ္မဓရနှင့် ရှင်ဓမ္မဉာဏတို့၏ အကူအညီဖြင့် ရှင်စောပုအား ဟံသာဝတီ(ပဲခူး)သို့ ခေါ်ဆောင်လာခဲ့သည်။ ထိုအချိန်ကာလတွင် ရှင်စောပု၏အသက်သည် (၅၃)နှစ်ထဲရောက်ပြီဖြစ် သည်။ ရှင်စောပုကို ဟံသာဝတီပြည့်ရှင် ရာဇာဓိရာဇ်မင်းနှင့် မိဖုရား သုဒ္ဓမာယာတို့မှ သက္ကရာဇ် (၇၅၇)ခုနှစ်၊ တပေါင်းလဆန်း (၁၂)၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။ အသက် (၁၅)နှစ်အရွယ်တွင် ရာဇာဓိရာဇ်မင်း ၏တူတော် သမိန်စည်သူနှင့် လက်ဆက်ခဲ့သည်။ ၎င်းနှင့်သမီး သမိန်တကာတော်နှင့် နှဲတကာသင် သမီးနှစ်ဦး ဗညာဗရူခေါ် သမိန်ဗရူးသား တယောက်ဖွားမြင်သည်။ အသက် (၂၅)နှစ်တွင် သမိန်စည်သူ ကွယ်လွန်ပြီး အင်းဝဘုရင် ဆင်ဖြူရှင်၏မိဖုရားအဖြစ် အင်းဝသို့ပါသွားခြင်းဖြစ်သည်။

သို့ဖြင့် ဟံသာဝတီ(ပဲခူး)သို့ ပြန်ရောက်ပြီး ၈၁၄ ခုနှစ် သက်တော် (၅၃)နှစ်တွင် ဧကရီဘွဲ့ထူးခံ၍ ရှင်စောပုဘုရင်မကြီးဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဘုရင်မကြီးဖြစ်ပြီးနောက် မိမိအား အင်းဝမှကယ်တင်ခဲ့သော ရဟန်းနှစ်ပါး အနက် ရှင်ဓမ္မဓရအား လူဝတ်လဲစေကာ သမီးတော်နှဲတကာသင်နှင့် လက်ထပ်ပေးကာ ဓမ်္မစေတီဘွဲ့ထူးခံ၍ အိမ်ရှေ့ဥပရာဇာအပ်နှင်းလေ သည်။

ရှင်စောပုသည် သက္ကရာဇ် ၈၁၄ မှစတင်နန်းစံခဲ့ပြီး ၈၃၃ ခုနှစ်တွင် သမက်တော် ဓမ္မစေတီမင်းအား နန်းအပ်၍ ရန်ကုန်သို့ကြွ၍ နန်းစံလေသည်။

ဓမ္မစေတီမင်းသည် ရာမာဓိပတိဘွဲ့ခံ၍ ဟံသာဝတီပဲခူးကို အုပ်ချုပ်တော်မူသည်။

ဓမ္မစေတီဟူသည်မှာ (ဓမ္မ)ပိဋကသုံးပုံတရားအဆီအနှစ်တို့ကို သိသောကြောင့် (စေတီ)သည် လူတို့၏ ပူဇော်ရာဖြစ်၍ ဓမ္မစေတီဟုခေါ်သည်။ အဓိပ်္ပါယ်ကား ကျွန်ုပ်သည် ဘုရားရှင်ဟောကြားအပ်သော ဓမ္မပိဋက သုံးပုံ၏ တရားအဆီအနှစ်တို့ကို သိသူဖြစ်သည်။ ထို့ကြောင့် လူတို့ထက် မြတ်ကာ လူတို့၏ပူဇော်ခြင်းငှာ ထိုက်သည်။ ထို့ကြောင့် ဓမ္မစေတီဟုခေါ် ဆိုခြင်းဖြစ်သည်။

ရာမာဓိပတိဆိုသည်ကာ ကုသိမတိုင်း= ပုသိမ်+ ဥက္ကလာပတိုင်း ဟံသာဝတီ မုတ္တမတိုင်းစသည့် မွန်တိုင်းသုံးရပ်ကို တရားနှင့်အညီ အုပ်ချုပ်သောကြောင့် ရာမာဓိပတိ၊ တနည်းအားဖြင့် မွန်တိုင်းအားလုံးကို မင်းကျင့်တရားဆယ်ပါးနှင့်အညီ အုပ်ချုပ်သော မွန်ဘုရင်တပါးဖြစ်၍ ရာမာဓိပတိခေါ်ဆိုကြောင်း ကလျာဏီကျောက်စာအခြေပြုရေးသားသည့် ကလျာဏီသိမ်တော်ကြီးသမိုင်းတွင် ဖော်ပြထားပါသည်။

ဓမ္မစေတီမင်းသည် ဗုဒ္ဓစာပေပိဋကအရာတွင် သူမတူအောင် ကျွမ်း ကျင်တတ်မြောက်သလို အင်းအိုင်ဂါထာမန္တရားအတတ်တွေလည်း အထူး ကျွမ်းကျင်သည့် ဘုရင်တပါးဖြစ်သည်။

ယခု ရွှေမော်ဓောရင်ပြင်တော်ရှိ ခေါင်းလောင်းကြီး၏အတွင်းပိုင်းတွင် အင်းကွက်များကိုတွေ့ရသလို အပြင်ဘက်၌လည်း မွန်-မြန်မာပါဠိ စာများအပြင် ခေါင်းလောင်းအထက်ပိုင်းတွင် အင်းကွက်များကို တွေ့ရသည်။ ၎င်းခေါင်းလောင်းကြီး၏မျက်နှာဝအကျယ်သည် ၅ ပေ ၁ လက်မ ခန့်ရှိပြီး ခေါင်းလောင်းနှုတ်ခမ်းမှ အပေါ်ဆုံးချိတ်ကွင်းအထိ ၆ ပေခန့် မြင့်သည်ကို တွေ့ရှိရသည်။ ဓမ္မစေတီမင်းသည် လူတို့၏ပူဇော်ရာဆိုတာ မှန်ပေလိမ့်မည်။ အချို့သော ဘုရားဖူးလာသူများသည် ခေါင်းလောင်းကြီးအား ပူဇော်ကန်တော့ကြသည်ကိုလည်း တွေ့ရသည်။

သက္ကရာဇ် ၈၃၃ ခုနှစ်မှ သက္ကရာဇ် ၈၅၄ ခုနှစ်ထိ (၂၁)နှစ်တိုင် နန်းစံခဲ့သော ဟံသာဝတီပြည့်ရှင် ဓမ္မစေတီမင်းသည် သူနန်းတက်သည့် အချိန်မှစ၍ ခေါင်းလောင်းများစွာ သွန်းလောင်းခြင်း၊ ကျိုက်ပွန်ဘုရား၊ ရွှေဂူကြီး၊ ရွှေဂူလေးဘုရား၊ ကလျာဏီသိမ်တော်ကြီးနှင့် အခြားသိမ်များ စွာတို့ကို ဆောက်လုပ်၍ ဟံသာဝတီ၌သာ များစွာစိုးစံသည်ကိုတွေ့ရှိရ သည်။ ခေါင်းလောင်းကြီးသည် ဓမ္မစေတီနန်းတက်ပြီး သွန်းလောင်း၍ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လှူဒါန်းခဲ့သော ဓမ္မစေတီခေါင်း လောင်းအစစ်အမှန် ဖြစ်ပါသည်။

သို့ပါ၍ ရွှေတိဂုံစေတီတော်မှ ငဇင်ကာသယ်သွားသည့် ကြေးပိဿာချိန် တသိန်းရှစ်သောင်းရှိသော ခေါင်းလောင်းကြီးရှိ၏ မရှိ၏၊ ရေထဲကျ၏ မကျ၏၊ ပိဿာချိန်မှန်၏ မမှန်၏တော့ သိလည်းမသိ၍ ဝေလည်းမဝေဖန် လိုပါ။ ဝေဖန်ရန်အတွက်လည်း ဉာဏ်မရှိပါကြောင်း ရိုးသားစွာဝန်ခံပါသည်။
ယခု စာရေးသူတွေ့ရှိရသည့် ပဲခူးရွှေမော်ဓောမှ ခေါင်းလောင်းကြီး သည်ဓမ္မစေတီခေါင်းလောင်း အစစ်အမှန်ဖြစ်ကြောင်း မျက်မြင်ထင်ရှား တွေ့ရှိရ၍ ဓမ္မစေတီခေါင်းလောင်းတွေ့ပြီဖြစ်ကြောင်း တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

မိုးမြင့်လွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ယနေ့ ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ဒေါပုံမြစ်သုံးခွဆိုင်တွင် သြဂုတ်လ (၉)ရက်နေ့မှစ၍ ဆယ်ယူနေကြ သည့် ဓမ္မစေတီခေါင်းလောင်းကြီးအကြောင်းပြောပါဆိုလျှင် ထိုနေရာတွင် ဓမ္မစေတီခေါင်းလောင်းရှိ၊ မရှိတော့မပြောနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ သမိုင်းပညာရှင် သမိုင်း သုတေသီ တယောက်မဟုတ် ၍ ဖြစ် ပါသည်။

ရန်ပုံငွေအခက်အခဲကြောင့် မွန်အမျိုးသားကျောင်း ဆရာ၊ ဆရာမ များ အား လစဉ်ထောက်ပံ့ကြေး တိုးမပေးနိုင်

Photo: ရန်ပုံငွေအခက်အခဲကြောင့် မွန်အမျိုးသားကျောင်း ဆရာ၊ ဆရာမ များ အား လစဉ်ထောက်ပံ့ကြေး တိုးမပေးနိုင်
Friday, August 29, 2014

မွန်ပြည် သစ်ပါတီ မွန်အမျိုးသားပညာရေး ဌာနကွပ်ကဲမှုအောက်ရှိ အမျိုးသား ကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားနေသည့် မွန်အမျိုး သားကျောင်းများမှ ကျောင်းဆရာ ဆရာမများအား ရန်ပုံငွေအခက်အခဲ ကြောင့် လစဉ်ထောက်ပံ့ကြေးတိုးမြှင့် ပေးနိုင်ခြင်းမရှိသေးကြောင်း ရန်ပုံ ငွေ ရှာဖွေရေးကော်မတီက ပြောသည်။

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် မှစပြီး လစဉ်ထောက်ပံ့ကြေးအဖြစ် မွန်အမျိုးသားကျောင်းဆရာတစ် ဦးလျှင် ကျပ် ၅ဝဝဝဝထိ တိုးမြှင့် ထောက်ပံ့ပေးသွားမည်ဟု ဧပြီ ၃ဝ ရက်မှ မေ ၁ရက်ထိ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် ကျင်းပခဲ့သည့် မွန် ပညာရေးညီလာခံက ဆုံးဖြတ်ထား ခဲ့သည်။ လစဉ်ထောက်ပံ့ကြေးတိုး ပေးရန် ရန်ပုံငွေရှာသည့် အချိန်တွင် မျှော်မှန်းမထားသည့် အခက်အခဲ များရှိသည့်အတွက် ယင်းသို့ တိုး ပေးရန် အခက်အခဲဖြစ်ရခြင်းဖြစ် ကြောင်း ရန်ပုံငွေရှာဖွေရေးကော် မတီဝင် ဆရာဇေကရှင်းပြသည်။

''မတိုးပေးနိုင်ဘူးဖြစ်နေတယ်၊ ပထမသုံးလမှာ တစ်လ နှစ်သောင်း ပဲ ပေးနိုင်တယ်''ဟု ဆရာဇေက ပြောသည်။

မွန်အမျိုးသားကျောင်း ဆရာ၊ ဆရာမများအား ထောက်ပံ့ကြေး တိုး မြှင့်ပေးနိုင်ရန်အတွက် ရန်ပုံငွေရှာ ဖွေရေးကော်မတီတစ်ရပ် ဖွဲ့စည်းထား ပြီး ယင်းကော်မတီမှတစ်ဆင့် ကျောင်း ဆရာ၊ ဆရာမတို့အား ထောက်ပံ့ ပေးသွားမည် ဟု မွန်ပညာရေးညီ လာခံက ဆုံးဖြတ်ထားသည်။ 

လက် ရှိတွင် မွန်အမျိုးသားကျောင်းဆရာ၊ ဆရာမတို့ကို တစ်လလျှင် ကျပ် ၂ဝဝဝဝသာ မွန်အမျိုးသားပညာ ရေးဌာနက ထောက်ပံ့ပေးလျက်ရှိ သည်။

မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသား ကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားနေသည့် မွန်အမျိုး သားကျောင်းများတွင် ဆရာ၊ ဆရာ မ ၈ဝဝခန့်ရှိသည်ဟု မွန်အမျိုးသား ပညာရေးဌာန၏ စာရင်းအရ သိရ သည်။

''တချို့ကလဲ ရွာကနေ ထပ်ပြီး တော့ ထောက်ပံ့ပေးတာတွေလဲ ရှိ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လစာတိုး ပေးမယ်ကြားတော့ ပျော်တာပေါ့၊ တိုးပေးဖို့လဲ မျှော်လင့်နေတာပါပဲ၊ လောလောဆယ်ကတော့ နှစ်သောင်း ပဲရနေတယ်''ဟု မွန်ကျောင်းဆရာ မတစ်ဦးက ပြောသည်။

ယင်းသို့ ထောက်ပံ့ကြေးနည်း ပါးမှုကြောင့် မွန်အမျိုးသားကျောင်း များအတွက် ကျောင်းဆရာ၊ ဆရာ မ မတည်မြဲမှုနှင့် နှစ်စဉ်ကြုံတွေ့ ရကာ စာသင်ကြားရာတွင်လည်း အ ခက်အခဲမျိုးစုံ ကြုံတွေ့ရသည်ဟု ကျောင်းဆရာ၊ ဆရာမတို့က ပြော သည်။

မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင် ရှိသည့် ပါတီ၊ တပ်တည်ဧရိယာနှင့် နီးစပ်သည့် မွန်ပြည်နယ် ရေးမြို့ နယ်၊ ကရင်ပြည်နယ်ကြာအင်းဆိပ် ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူ မြို့နယ်ဒေသများအပြင် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ဘားအံ၊ ကော့က ရိတ်မြို့နယ်တို့တွင် မွန်စာကို မွန်အ မျိုးသားကျောင်းများနှင့် အစိုးရ ကျောင်းနှင့် တွဲဖက်သည့်ကျောင်း များတွင် သင်ကြားလျက်ရှိကြောင်း သိရသည်။
၂ဝ၁၃ခုနှစ် မွန်အမျိုးသား ပညာရေးဌာန စာရင်းအရ မွန်အ မျိုးသားကျောင်း ၁၄၃ကျောင်းရှိပြီး ကျောင်းသား ၁၃ဝဝဝကျော်နှင့် အစိုးရကျောင်းနှင့် တွဲဖက်သင်ကြား သည့် မွန်စာပေသင်ကျောင်း ၁ဝ၅ ကျောင်းရှိကာ ကျောင်းသားဦးရေ ၁၃ဝဝဝ ရှိကြောင်း သိရသည်။

Dawei Watch
Yangon Media Group
မွန်ပြည် သစ်ပါတီ မွန်အမျိုးသားပညာရေး ဌာနကွပ်ကဲမှုအောက်ရှိ အမျိုးသား ကျောင်းများနှင့် အစိုး ရကျောင်းနှင့် တွဲဖက်သင်ကြားနေသည့် မွန်အမျိုး သားကျောင်းများမှ ကျောင်းဆရာ ဆရာမများအား ရန်ပုံငွေ အခက်အခဲ ကြောင့် လစဉ်ထောက်ပံ့ကြေးတိုးမြှင့် ပေးနိုင်ခြင်းမရှိသေးကြောင်း ရန်ပုံ ငွေ ရှာဖွေရေးကော် မတီက ပြောသည်။

နည်းပညာက သင့်ကို နေထိုင်မကောင်းဖြစ်စေနိုင်တဲ့ နည်းလမ်း (၇) ခု

Photo: နည်းပညာက သင့်ကို နေထိုင်မကောင်းဖြစ်စေနိုင်တဲ့ နည်းလမ်း (၇) ခု
Friday, August 29, 2014

Nomophobia ( no-mobile-phone phobia) ရောဂါက လူငယ်တွေအပေါ် ပိုပိုပြီး အကျိုးသက်ရောက်မှုဖြစ်လာစေခဲ့ပါတယ်။ ဒီရောဂါဝေဒနာရှင်တွေမှာ သူတို့ ဖုန်းနဲ့ဝေးကွာပြီး Update သတင်းတွေကို အချိန်နဲ့ တပြေးညီ မရရှိနိုင်တော့တဲ့အခါ စိုးရိမ်သောကများခြင်း၊ စိတ်ခြောက်ချားမှု စတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။ သုတေသနပညာရှင်တွေက ဒီစိတ်စွဲလမ်းမှု အခြေအနေကို လောင်းကစားနဲ့ တောင် နှိုင်းယှဉ်ထားပါတယ်။ ဒီတော့ နည်းပညာတွေက ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ သင့်ကိုဖြစ်ပေါ်စေနိုင်ပါသလဲ။

သုတ်ရည်အားနည်းခြင်း
Wi-fi ဖြန့်ဝေမှု လိုင်းတွေက သုတ်ရည်ကို ပျက်ဆီးစေနိုင်တဲ့ အလားလာရှိပြီး ယောက်ျားတွေရဲ့ သန္ဓေအောင်ခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။

ကွန်ပျူတာကြည့်ရတဲ့အတွက်ဖြစ်တဲ့ ရောဂါ
ကွန်ပျူတာ ဖန်သားပြင်ကို တောက်လျှောက် အချိန်ကြာကြီး စိုက်ကြည့်နေခြင်းဟာ သင့်မျက်စိကို ကောင်းကျိုးမပေးပါဘူး။ အဲ့ဒီလို ကွန်ပျူတာကို အကြာကြီး ကြည့်မယ်ဆိုရင် မျက်စိနာတာ၊ ခေါင်းကိုက်တာ၊ အမြင်မှုန်ဝါးလာတာ စတဲ့ ရောဂါတွေကို ဖြစ်စေနိုင်တယ်။ ဒီပြသနာတွေကို သက်သာလာအောင် မျက်နှာကို ကွန်ပျူတာနဲ့ တစ်ချက်တစ်ချက် ခွာပေးပြီး ခပ်ကြာကြာလေး အနားယူပေးပါ။

လက်မကို တောက်ပေးခြင်း
လက်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်များက  ဆဲလ်ဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုမှုများခြင်းကြောင့် လက်မ tendinitis မြင့်မားလာတယ်လို့ ဆိုထားပါတယ်။ အဲဒီလို ရောဂါတွေကို သိရှိစေတဲ့ လက္ခဏာတွေမှာ ထုံထိုင်းမှုဖြစ်ခြင်းတို့ ပါဝင်ပါတယ်။

အနေအထား မမှန်ကန်ခြင်း
စားပွဲစောင်းရှေ့မှာ ခါးကုန်းအနေအထားနဲ့ တနေကုန် ထိုင်ခြင်းက နောက်ကျောရိုးနာကျင်မှု ဖြစ်စေပါတယ်။ ကောင်းမွန်သင့်တော်တဲ့ အနေအထားလည်း မဟုတ်ပါဘူး။ သက်တောင့်သက်သာဖြစ်သွားအောင် နံရိုးတွေ ဆန့်တန်းပေးပါ။

ဆဲလ်ဖုန်း တံတောင်ဆစ်ရောဂါဖြစ်ခြင်း
ဖုန်းကဘယ်လောက်ပဲ လှပလှပ အရေးမကြီးပါဘူး။ တစ်စုံတစ်ယောက်က ဒီနာကျင်မှုဝေဒနာကြိတ်မိတ်ခံနေရတဲ့ သားကောင်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆဲလ်ဖုန်းတံတောင်ဆစ် ဆိုတာ အချိန်ကြာကြီး တံတောင်ဆစ်ကို ကွေးထားပြီး လက်မောင်းမှာ သွေးကြောထဲနာကျင်မှုဖြစ်စေတဲ့ ရောဂါ    လက္ခဏာကို ဆိုလိုတာဖြစ်ပါတယ်။ အချိန်ကြာကြာ ဖုန်းပြောဆိုဖို့ သင့်ဖုန်းကို နားနဲ့ ကပ်လျက်ကိုင်ထားမယ်ဆိုရင် အဆင်မပြေမှု ရှိကောင်းရှိနိုင်ပါတယ်။ ဒါဆို ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်တွေက ဘာတွေလဲ။ နောက်လက်တဖက် ကို ပြောင်းလိုက်ပါ (သို့) လက်နဲ့ကိုင်ပြောစရာမလိုတဲ့ နားကြပ် (သို့) ဘလူးတုသ်နားကြပ် အသုံးပြုပါ။

ဆိုက်ဘာရောဂါ
ဒီရောဂါလက္ခဏာအခြေအနေအပေါ် သုတေသနပညာရှင်များဟာ နှစ်ပေါင်းများစွာ စိတ်ရှုပ်ထွေးစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီရောဂါက အမြင်အာရုံ စူးစိုက်မှု( virtual reality) မှာ အချိန်ကုန်ဆုံးစေတဲ့ လူတွေကို ဆိုးကျိုးဖြစ်စေကြောင်း သိရှိခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ (VR) အမြင်အာရုံ အသုံးချရတဲ့နေရာတွေဟာ 3D ရုပ်ရှင် (သို့) ဖုန်း(သို့) တက်ဘလက်ပေါ်က HD ဖန်သားပြင်တွေ ပါဝင်တယ်။ ရောဂါရဲ့လက္ခဏာတွေ ကတော့  မူးနောက်ခြင်းနဲ့ ခေါင်းကိုက်ခြင်း တို့ ဖြစ်ပါတယ်။

Source: Reader's Digest
Trend Myanmar
Nomophobia ( no-mobile-phone phobia) ရောဂါက လူငယ်တွေအပေါ် ပိုပိုပြီး အကျိုးသက်ရောက် မှုဖြစ် လာစေခဲ့ပါတယ်။ ဒီရောဂါဝေဒနာရှင်တွေမှာ သူတို့ ဖုန်းနဲ့ဝေးကွာပြီး Update သတင်းတွေကို အချိန်နဲ့ တပြေးညီ မရရှိနိုင်တော့တဲ့အခါ စိုးရိမ်သောကများခြင်း၊ စိတ်ခြောက်ချားမှု စတဲ့ ရောဂါ လက္ခဏာတွေ ဖြစ်ပေါ် လာပါတယ်။ သုတေသနပညာရှင်တွေက ဒီစိတ်စွဲလမ်းမှု အခြေအနေကို လောင်း ကစားနဲ့ တောင် နှိုင်းယှဉ်ထားပါတယ်။ ဒီတော့ နည်းပညာတွေက ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ သင့်ကိုဖြစ်ပေါ်စေနိုင်ပါသလဲ။

ကာဒစ်ရှ်အမျိုးသား တစ်ဦးကို ခေါင်းဖြတ်နေသည့် ဗီဒီယိုကို IS အဖွဲ့ ထုတ်ပြန်ပြသ

Photo: ကာဒစ်ရှ်အမျိုးသား တစ်ဦးကို ခေါင်းဖြတ်နေသည့် ဗီဒီယိုကို IS အဖွဲ့ ထုတ်ပြန်ပြသ
Friday, August 29, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က ၎င်းတို့၏ ရန်သူတော် ကာဒစ်ရှ်တပ်ဖွဲ့များကို ခြိမ်းခြောက်သည့် အနေဖြင့် ကာဒစ်ရှ် အမျိုးသား တစ်ဦးကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုအား ထုတ်ပြန် ပြသခဲ့ကြောင်း သတင်းရရှိသည်။

သွေးထဲက သတင်းစကားဟု ခေါင်းစဉ်တပ်ထားသည့် ဗီဒီယိုထဲတွင် ကာဒစ်ရှ်အမျိုးသား တစ်ဦးကို IS တပ်ဖွဲ့ဝင်များက ခေါင်းဖြတ်သတ်နေသည့် မြင်ကွင်းအပြင် အဖမ်းခံထားရသည့် ကာဒစ်ရှ် တိုက်ခိုက်ရေးသမားများဟု ယူဆရသူအချို့၏ ပုံရိပ်ကိုလည်း ပြသထားသည်။ ၎င်းတို့အားလုံး လိမ္မော်ရောင် တူညီဝတ်စုံများနှင့် ရှိနေကြသည်။

ဗီဒီယိုထဲတွင် ကာဒစ်ရှ် အမျိုးသားသည် IS တို့ ထိန်းချုပ်ထားသည့် အီဂျစ်မြောက်ပိုင်း မိုဆူးလ်မြို့မှ ဗလီတစ်ခုရှေ့တွင် ဒူးထောက်လျက်သား ရှိနေပြီး ထို့နောက်တွင် IS တို့က ၎င်းကို ခေါင်းဖြတ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ကာဒစ်ရှ်တို့က အမေရိကန်၏ အလိုအတိုင်း IS အဖွဲ့ကို ဆက်လက် တိုက်ခိုက်နေမည် ဆိုပါက ဖမ်းဆီးထားသည့် အခြား ကာဒစ်ရှ် တိုက်ခိုက်ရေး သမားများကိုလည်း ခေါင်းဖြတ်မည်ဟု ၎င်းတို့က ခြိမ်းခြောက် သတိပေးခဲ့သည်။

IS တို့သည် အမေရိကန်၏ အကန့်အသတ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို လက်စားချေသည့် အနေဖြင့် အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေကို ခေါင်းဖြတ်သတ်နေပုံ ဗီဒီယိုကိုလည်း အင်တာနက်တွင် လွှင့်တင်ခဲ့ဖူးသည်။ အမေရိကန်သည် IS တို့၏ ရန်သူတော် ကာဒစ်ရှ် တိုက်ခိုက်ရေး အဖွဲ့များကိုလည်း လက်နက် တပ်ဆင်ပေးနေသည်။

အစောပိုင်းက ဆီးရီးယားတွင် ရိုက်ကူးထားသည်ဟု ယူဆရသည့် IS တို့၏ ဗီဒီယို မှတ်တမ်းတစ်ခုတွင် ဆီးရီးယား အစိုးရ စစ်စခန်းတစ်ခုကို သိမ်းယူပြီးနောက် ဆီးရီးယား စစ်သား အများအပြားကို သတ်ဖြတ်ကာ အချို့ကို သုံ့ပန်းအဖြစ် ဖမ်းယူသွားသည့် ပုံရိပ်များကိုလည်း တွေ့ရှိခဲ့ရသည်။ ဆွန်နီ အစ္စလာမ်မစ် အစွန်းရောက်များ ဖြစ်ကြသည့် IS အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်မှ နယ်မြေ အများအပြားကို သိမ်းပိုက်ကာ အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် သတ်မှတ် ထူထောင်ကြောင်း ကြေညာထားသည်။

BBC 
အစ္စလာမ်မစ် နိုင်ငံတော် (IS)စစ်သွေးကြွအဖွဲ့က ၎င်းတို့၏ရန်သူတော် ကာဒစ်ရှ်တပ်ဖွဲ့များကို ခြိမ်းခြောက် သည့်အနေဖြင့် ကာဒစ်ရှ် အမျိုးသား တစ်ဦးကို ခေါင်းဖြတ်သတ်သည့် ဗီဒီယိုအား ထုတ်ပြန် ပြသခဲ့ကြောင်း သတင်းရရှိသည်။

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးကို ဆီးရီးယား တော်လှန်ရေးတပ်ဖွဲ့များ ဖမ်းဆီးထား

Photo: ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးကို ဆီးရီးယား တော် လှန်ရေး တပ်ဖွဲ့များ ဖမ်းဆီးထား
Friday, August 29, 2014

ဆီးရီးယားနိုင်ငံပိုင် ဂိုလန်ကုန်းမြင့် ဒေသတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်း သိမ်းမှု အဖွဲ့ဝင် အများအပြားကို ဆီးရီးယား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အယ်လ်ကေးဒါး အကြမ်းဖက် အဖွဲ့နှင့် ဆက်နွှယ်နေသည့် အစ္စလာမ်မစ် တော် လှန်ရေး သမားများ အပါအဝင် လက်နက်ကိုင် အချို့က ဩဂုတ်(၂၈)ရက်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးကို ဖမ်းဆီးလိုက်ပြီး (၈၁)ဦးကို ဝန်းရံပိတ်ဆို့ထားကြောင်း ကုလသမဂ္ဂက ကြေညာသည်။

ဖီဂျီနိုင်ငံသား ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် (၄၃)ဦးသည် ကူနီထရာ စစ်ဆေးရေး ဂိတ်အနီးတွင် အထိန်းသိမ်းခံရပြီး ၎င်းတို့၏ လက်နက်များကို သိမ်းယူကာ ဓားစာခံများအဖြစ် ခေါ်ဆောင်သွားခြင်း ခံရကြောင်း သိရှိရသည်။ သို့သော်လည်း ဦးထုပ်ပြာများ ဝတ်ဆင်ထားသည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များမှ ဖိလစ်ပိုင်နိုင်ငံသား (၈၁)ဦးမှာ လက်နက်ချရန် ငြင်းဆိုပြီး အခြေစိုက် စခန်းထဲတွင် ဆက်လက် ရှိနေသည့်အတွက် ဝန်းရံပိတ်ဆို့ ခံထားရကြောင်း ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိ အခြေအနေကို ကုလသမဂ္ဂက ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ကြိုး စားနေကြောင်း ဆိုသည်။ ဖီဂျီစစ်ဦးစီးချုပ်ဖြစ်သည့် ဗိုလ်ချုပ် မော်ဆီဆီ တီကွိုင်တိုဂါက ဖမ်းဆီးခံရသည့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးမှာ လတ်တလောတွင် စိတ်ချရသည့် အခြေအနေ ရှိသော်လည်း ၎င်းတို့ လွတ်မြောက်ရေးအတွက် ပူးပေါင်း ကူညီကြပါရန် နိုင်ငံတကာသို့ တိုက်တွန်းခဲ့သည်။

ဆီးရီးယားတွင် သမ္မတ ဘာရှာအာဆက်ဒ်ကို တော်လှန်နေသည့် လက်နက်ကိုင် အဖွဲ့အစည်း အများအပြား ရှိနေပြီး အယ်လ်ကေးဒါးတို့နှင့် ဆက်နွယ်သည့် အယ်လ်နူဆာရာ တပ်ဦးကဲ့သို့ အကြမ်းဖက် အဖွဲ့များလည်း အပါအဝင် ဖြစ် သည်။ အဆိုပါ အဖွဲ့သည် ဩဂုတ် (၂၇)ရက်က ဂိုလန်ကုန်းမြင့်ရှိ ကူနီထရာ စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်ပြီး အစ္စရေးပိုင်နက်ဘက် ကျူးကျော်ရန် ကြိုးပမ်းသဖြင့် အစ္စရေး နယ်ခြားစောင့်တပ်များနှင့် တိုက်ပွဲငယ် များ ဖြစ်ပွားခဲ့သည်။

ကူနီထရာသည် ဂိုလန်ရှိ အစ္စရေးနှင့် ဆီးရီးယားတို့ ပိုင်နက်များကြား နယ်နိမိတ် ပိုင်းခြားထားသည့် တစ်ခုတည်းသော စစ်ဆေးရေးဂိတ်ဖြစ်ပြီး အစ္စရေး အတွက်လည်း မဟာဗျူဟာကျသည့် နယ်ခြားစခန်း တစ်ခုသဖွယ် တည်ရှိနေသည်။

Ref: Channelnewsasia
7Day DAILY
ဆီးရီးယားနိုင်ငံပိုင် ဂိုလန်ကုန်းမြင့် ဒေသတွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုအဖွဲ့ဝင် အများအပြား ကို ဆီးရီးယား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

သာကေတမြို့နယ်၌ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုအား အရေးယူဆောင်ရွက်လျက်ရှိ


၂၈.၈.၂၀၁၄ ရက်နေ့ ၁၂၁၅ အချိန်ခန့်တွင် သာကေတမြို့နယ်၊ ၁၀/တောင် (၁၃)ရပ်ကွက်၊ ခိုင်ရွှေဝါ လမ်းမပေါ်တွင် လူအများအုပ်စုဖွဲ့ကာ တစ်ဘက်နှင့် တစ်ဘက် ခိုက်ရန်ဖြစ်ပွားခဲ့ပါသည်။

ကယားတွင် မြေမြှုပ်မိုင်း စစ်တမ်းကောက်ရန် ဗြိတိန်အဖွဲ့ နည်းပညာ ကူညီမည်

Photo: ကယားတွင် မြေမြှုပ်မိုင်း စစ်တမ်းကောက်ရန် ဗြိတိန်အဖွဲ့ နည်းပညာ ကူညီမည်
Friday, August 29, 2014

အမေရိကန်အစိုးရ၏ အကူအညီဖြင့် ကယားပြည်နယ်အတွင်း မြေမြှုပ်မိုင်း စစ်တမ်းများကောက်ယူနေသော အရပ်ဘက် လူမှုအဖွဲ့အစည်းခြောက်ခုကို ဗြိတိန်နိုင်ငံအခြေစိုက် Mine Advisory Group(MAG) က နည်းပညာ အကူအညီပေးမည်ဟု MAG ဆက်ဆံရေးအရာရှိ သြဂတ်စတင်းက မဇ္ဈိမကို ပြောသည်။

MAG က ပထမဆုံးအဖြစ် မိုင်းအန္တရာယ် အသိပညာပေးခြင်းနှင့် မြေမြှုပ် မိုင်းစစ်တမ်းများ စနစ်တကျ ကောက်ယူရမည့် ပုံစံများနှင့်ပတ်သက်ပြီး ယင်းအဖွဲ့ ခြောက်ဖွဲ့ကို အောက်တိုဘာလအတွင်း သင်တန်းများပေးသွားမည်ဖြစ်သည်။

“ဒေသခံတွေကို မိုင်းအသိပညာပေးတဲ့ အစီအစဉ်တွေမှာ သူတို့ဘက်က တောင်းဆိုရင် ပေးနိုင်သမျှ အကူအညီပေးမယ်”ဟု သြဂတ်စတင်းက ပြောသည်။

ပထမဆုံးအကြိမ်အဖြစ် ကယားပြည်နယ်အတွင်း မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးရန်၊ မြေမြှုပ်မိုင်းဒဏ်ခံရသူများကို ကူညီရန်နှင့် မြေမြှုပ်မိုင်းများရှိ မရှိ စစ်တမ်းများ ကောက်ယူရန် အမေရိကန်အစိုးရက ဒေသတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း ခြောက်ခုကို ၂၀၁၄ ခုနှစ်၊ မတ်လက အမေရိကန်ဒေါ်လာ ၁၁၀,၀၀၀ ကူညီထောက်ပံ့ခဲ့သည်။

အဆိုပါငွေကြေးအကူအညီကို ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့၊ ကရင်နီလူငယ်များသမဂ္ဂ၊ ပေးဆပ်အလင်းတန်း၊ ကယားဖူးအဖွဲ့၊ Youth Light Formation Center နှင့် Community Youth Cente ဆိုသော အဖွဲ့များက ရရှိထားခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်၊ ဇွန်လမှ စတင်၍ သက်ဆိုင်ရာနယ်မြေများအလိုက် မြေမြှုပ်မိုင်းထိခံရသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ မိုင်းအန္တရာယ်အသိပေးခြင်း၊ အသက်မွေးမှု အထောက်အပံ့များ၊ ခေါင်းဆောင်မှု သင်တန်းများနှင့် မိုင်းထိခံရသူများ၏ သားသမီးများကို ပညာသင်စရိတ်ကိုလည်း ထောက်ပံ့ပေးနေသည်။

ကယားပြည်နယ်အတွင်း ၂၀၀၆ မှ ၂၀၁၃ ခုနှစ်အထိ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသူ ၁၁၂ ဦး၊ ခြေထောက်ပြတ်သူ ၁၀၁ ဦးနှင့် သေဆုံးသူ ၁၁ ဦး ရှိကြောင်း ကရင်နီ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မအဖွဲ့ စစ်တမ်းများတွင် ဖော်ပြသည်။ မြန်မာသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု တတိယအများဆုံးနိုင်ငံအဖြစ် Landmine and Cluster Munition Monitor အစီရင်ခံစာက ဖော်ပြထားသည်။

Mizzima - News in Burmese
အမေရိကန်အစိုးရ၏ အကူအညီဖြင့် ကယားပြည်နယ်အတွင်း မြေမြှုပ်မိုင်း စစ်တမ်းများကောက်ယူနေသော အရပ်ဘက် လူမှုအဖွဲ့အစည်းခြောက်ခုကို ဗြိတိန်နိုင်ငံအခြေစိုက် Mine Advisory Group(MAG) က နည်းပညာ အကူအညီပေးမည်ဟု MAG ဆက်ဆံရေးအရာရှိ သြဂတ်စတင်းက မဇ္ဈိမကို ပြောသည်။

ဥပဒေမဲ့ အလုပ်ထုတ်လျှင် အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်ထိ ချမှတ်နိုင်ရန် ပြင်ဆင်

Photo: ဥပဒေမဲ့ အလုပ်ထုတ်လျှင် အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်ထိ ချမှတ်နိုင်ရန် ပြင်ဆင်
Friday, August 29, 2014

ဥပဒေမဲ့ အလုပ်ထုတ်ပါက အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါချမှတ်ရန် သမ္မတမှတ်ချက်ပြုလိုက်ကြောင်း အလုပ်သမား၊ အလုပ်ရှင်အခွင့် အရေး လေ့ လာရေးကော်မရှင် အတွင်းရေးမှူး ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသည့်အတွက် သမ္မတက မှတ်ချက်ပြုနိုင်ရန် ပေးပို့ခဲ့ရာ သမ္မတက အထက်ပါအတိုင်း မှတ်ချက်ပြု၍ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

“အလုပ်ရှင်က အလုပ်သမားများကို ဥပဒေမဲ့ အလုပ်ထုတ်ပါက ငွေဒဏ် ကျပ်ငါးသိန်းချမှတ်ရမည့်အပြင် ထောင်ဒဏ်ထည့်သွင်းမှသာ အရေးယူဆောင်ရွက်ရေး ထိရောက်မှုရှိမည်” ဟု သမ္မတက မှတ်ချက်ပြုထားသည်ဟု ၎င်းက ဆိုသည်။

“ပြည်သူ့ဆန္ဒအတိုင်း သမ္မတကြီးက မှတ်ချက်ပေးခြင်းဖြစ်ပါတယ်။ ဒီဥပဒေကို အခန်း(၉)မှာ အလုပ်ရှင်၊ အလုပ်သမား ဥပဒေချိုးဖောက်ရင် ဥပဒေအရအရေးယူနိုင်ဖို့ ငွေဒဏ်ကော၊ ထောင်ဒဏ်ကော နှစ်ရပ်စလုံးချမှတ်ဖို့ မှတ်ချက်ပြုထားတယ်”ဟု ပြောသည်။

အဆိုပါပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ထည့်သွင်းထားသော်လည်း ပြည်သူ့လွှတ်တော်က ငွေဒဏ်သာထည့်သွင်းထားခဲ့ပြီး သမ္မတက ထောင်ဒဏ်ပါ ချမှတ်အရေးယူမှသာ ထိရောက်မှုရှိမည်ဟု မှတ်ချက်ပြုထားခြင်းဖြစ်သည်။ လာမည့် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် အဆိုပါမှတ်ချက်ပြုထားသည့် အချက်များကို ထည့်သွင်းပြဋ္ဌာန်းရေး ဆွေးနွေးကြမည်ဖြစ်သည်ဟု ဦးခိုင်မောင်ရည်က ဆိုသည်။

အဆိုပါ ဥပဒေကြမ်းတွင် အခန်းကိုးခန်းပါဝင်ပြီး အခန်း ၁ မှ ၅ အထိ အလုပ် သမား၊ အလုပ်ရှင်ဆိုင်ရာ အဖွဲ့အစည်းများ အကြောင်းအရာ၊ ပြင်ဆင်ခြင်း၊ အခန်း(၆)မှ အခန်း(၉)အထိ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများ ပြန်လည်ပြင်ဆင် ထည့်သွင်း ထားသည်ဟု ၎င်းက ဆိုသည်။

ထိုမူလဥပဒေအရ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၃၈ နှင့် ပုဒ်မ ၃၉ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် ငွေဒဏ်အနည်းဆုံး ကျပ်တစ်သိန်းနေရာတွင် ငွေဒဏ်ကျပ် ငါးသိန်းဟူ၍ လည်းကောင်း၊ ငွေဒဏ်တိုးမြှင့်ထားသည့်အပြင် ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိ အရေးယူရန် ဖြည့်စွက်ပြင်ဆင်ထားပြီးလာမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်သည်။

အလုပ်သမားရေးရာခုံသမာဓိကောင်စီ အလုပ်သမားကိုယ်စားလှယ် ကိုနော်အောင်က “အလုပ်ရှင်က အလုပ်သမား ဘယ်လောက် အလုပ်ဖြုတ်ဖြုတ် ဒဏ်ကြေးက ငါးသိန်းပဲဆောင်ရမှာ။ အဲဒီအတွက် သမ္မတရဲ့ မှတ်ချက်ကလည်း ထောင်ဒဏ်ထည့်သွင်းမှသာ တိကျစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်လို့ မှတ်ချက်ပြုထားပါတယ်။ တကယ်လည်း ထောင်ဒဏ်ထည့်ဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။

မူလ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒေတွင် အလုပ်ရှင်များက ဥပဒေချိုးဖောက်ပါက ငွေဒဏ်သာ ကျခံစေပြီး ထောင်ဒဏ်ထည့်သွင်းထားခြင်း မရှိပေ။ အလုပ်သမားများက ဆန္ဒပြရာတွင် သက်ဆိုင်ရာက ခွင့်ပြုမှသာ ဆန္ဒထုတ်ဖော်ခွင့် ရှိကြောင်း၊ ခွင့်ပြုချက်မပါဘဲ ဆန္ဒထုတ်ဖော်ပါက ထောင်ဒဏ်ထိ အရေးယူရန်လည်း ထည့်သွင်းပြဋ္ဌာန်းထားသည်ဟု ၎င်းက ဆိုသည်။

Mizzima - News in Burmese 

လှိုင်သာယာမြို့နယ်ရှိ Master Sports ဖိနပ်စက်ရုံအလုပ်သမားများ လုပ်ခလစာ မရရှိခြင်း၊ အကြောင်းမကြားဘဲ အလုပ်ပိတ်ခြင်းတို့ကြောင့် လှိုင်သာယာမြို့နယ်မှ ကိုးရီးယားသံရုံးရှေ့သို့ အင်အား ၆၀ဝ ခန့်ဖြင့် ၂၀၁၄ ဇူလိုင် ၁၇ ရက်က လမ်းလျှောက် ဆန္ဒဖော်ထုတ်စဉ်။ ဓာတ်ပုံ - ဘိုဘို
လှိုင်သာယာမြို့နယ်ရှိ Master Sports ဖိနပ်စက်ရုံအလုပ်သမားများ လုပ်ခလစာမရရှိခြင်း၊ အကြောင်း မကြားဘဲ အလုပ်ပိတ်ခြင်းတို့ကြောင့် လှိုင်သာယာမြို့နယ်မှ ကိုးရီးယားသံရုံးရှေ့သို့ အင်အား ၆၀ဝ ခန့်ဖြင့် ၂၀၁၄ ဇူလိုင် ၁၇ ရက်က လမ်းလျှောက်ဆန္ဒဖော်ထုတ်စဉ်။ ဓာတ်ပုံ - ဘိုဘို
ဥပဒေမဲ့ အလုပ်ထုတ်ပါက အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါချမှတ်ရန် သမ္မတမှတ်ချက်ပြု လိုက်ကြောင်း အလုပ်သမား၊ အလုပ်ရှင်အခွင့် အရေး လေ့ လာရေးကော်မရှင် အတွင်းရေးမှူး ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

ဆီးရီးယားလေတပ်စခန်းကို သိမ်းပိုက်စဉ်က ဖမ်းဆီးထားသူ ၂၅၀ ကို IS အဖွဲ့က သတ်ပစ်လိုက်ကြောင်း ထုတ်ပြန်သည့် ဗီဒီယိုထွက်ပေါ်

  
ဆီးရီယားအစိုးရ၏ တက်ကာ လေတပ်အခြေစိုက်စခန်းတစ်ခုကို သြဂုတ် ၂၄ ရက်တွင် သိမ်းပိုက်ခံစဉ်က ဖမ်းဆီးခဲ့သူ ၂၅၀ ကို သတ်ပစ် လိုက်ကြောင်း ဖော်ပြသည့် ဗီဒီယိုမှတ်တမ်းကို IS အဖွဲ့က ထုတ်ဖော်ပြသ လိုက်သည်။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦး လုပ်ငန်းခွင်၌ ငြမ်းပေါ်မှ ပြုတ်ကျပြိး ဦးခေါင်း ဒဏ်ရာရ

Photo: ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦး လုပ်ငန်းခွင်၌ ငြမ်းပေါ်မှ ပြုတ်ကျပြိး ဦးခေါင်း ဒဏ်ရာရ
Friday, August 29, 2014

မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသည် ထိုင်းနိုင်ငံ၊ Thalang မှ Koh Kaew ရှိ Baan Reua ကျောင်း၏ ငြမ်းစင်ပေါ်မှ ခြေချော်ကျကာ ဦးခေါင်းဒဏ်ရာဖြင့် ဆေး ရုံတွင် ဆေးကုသခံယူနေရကြောင်း သိရသည်။

လုပ်သားအမည်မှာ ရဲမှတ်တမ်းအရ မစ္စတာ ၀မ်ချုင်း (၂၀ နှစ်) ဖြစ်၍ အင်္ဂါနေ့က ကျောင်း အဆောက်အဦ ဆေးသုတ်နေစဉ် (၆)မီတာ အမြင့်မှ ခြေချော်ကျပြီး မြေပြင်လူသွားလမ်းနှင့် ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။

ကယ်ဆယ်ရေးလုပ်သားများက မစ္စတာ ၀မ်ချိုင်းအား Thalang ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့သည်။ ၎င်းနောက် ဒဏ်ရာပြင်းထန်သောကြောင့် ဖူးကက်မြို့ရှိ Vachira Phuket ဆေးရုံသို့ ပြောင်းရွှေ့လိုက်သည်။

“ဘာအကာအကွယ်မှ မထားပဲ နေရာမြင့်မြင့်မှာ အလုပ်လုပ်ရင် အန္တရာယ်တွေ့ရစမြဲပါ” ဟု ဆိုလျက် ကာနယ် ဆန်နစ်မှ လုပ်သားအားလုံးကို လက်ရှိမိုးရာသီကာလအတွင်း လုပ်ငန်းခွင်၌ အထူးသတိကရုပြုကြ ရန် နှိုးဆော် လိုက်သည်။

ဝမ်းချိုင်း၏ဖခင်ဝင် အပါအ၀င် ကျောင်းဆေးသုတ်လုပ်သားအားလုံးမှာ Koh Sireh မှ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ဒဏ်ရာရသူ၏ အသက်(၁၈)နှစ်အရွယ် ညီမ၀မ်းကွဲက ရဲဌာနသို့ ပြောပြသည်။

Ref : Phuket Gazette
M-Media
မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသည် ထိုင်းနိုင်ငံ၊ Thalang မှ Koh Kaew ရှိ Baan Reua ကျောင်း ၏ ငြမ်းစင်ပေါ်မှ ခြေချော်ကျကာ ဦးခေါင်းဒဏ်ရာဖြင့် ဆေး ရုံတွင် ဆေးကုသခံယူနေရကြောင်း သိရသည်။

ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ရရှိ

Photo: ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ရရှိ
Friday, August 29, 2014

၂၀၁၃၊ ၂၀၁၄ ရာသီအတွက် ဥရောပရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ်တီယာနို ရော်နယ်ဒို ရရှိသွားပါတယ်။

အသက် ၂၉ နှစ်အရွယ် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်မှာ ၁၇ ဂိုးသွင်း ထားပြီး ရီရဲလ်မက်ဒရစ်ကို ၁၀ ကြိမ်မြောက် ဗိုလ်စွဲအောင် ကူညီနိုင်ခဲ့ပါတယ်။ သူဟာ ဘိုင်ယန်မြူးနစ်က အာဂျန်ရော်ဘင်နဲ့ ဂိုးသမား နူအာတို့ကို ဖြတ်ကျော်ပြီး ရရှိခဲ့တာပါ။

“ဒီဆုအတွက် အသင်းဖော်တွေကို ကျေးဇူးတင် ရမှာပါ။ အသင်းဖော်တွေ မကူညီဘဲ တယောက်တည်းအစွမ်းနဲ့ ဆုရဖို့ မဖြစ်နိုင်ပါဘူး” လို့ ရော်နယ်ဒိုက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဥရောပရဲ့ အကောင်းဆုံးဘောလုံးသမားဆုကိုတော့ ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ရီဘာရီက ရရှိထားပါတယ်။

ဒီဗွီဘီ
၂၀၁၃၊ ၂၀၁၄ ရာသီအတွက် ဥရောပရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ခရစ်တီယာနို ရော်နယ်ဒို ရရှိသွားပါတယ်။

အီးစီးကရက်သောက်သုံးမှုကို တားမြစ်ဖို့တိုက်တွန်းလိုက်သည့် ကုလသမဂ္ဂ

Photo: အီးစီးကရက်သောက်သုံးမှုကို တားမြစ်ဖို့တိုက်တွန်းလိုက်သည့် ကုလသမဂ္ဂ
Friday, August 29, 2014

ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ကြီးက အီးစီးကရက်သောက်သုံးခြင်းဟာ ကျန်းမာရေးထိခိုက်နိုင်တာကြောင့် အဲ့ဒီလိုစီးကရက်သောက်သုံးတာမျိုးကို
တားမြစ်ဖို့ သတင်းထုတ်ပြန်လိုက်ပါတယ်။အီးစီးကရက်ဟာ မိခင်ဝမ်းတွင်းရှိ ကလေးငယ်တွေနဲ့ လူငယ်တွေကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လာနိုင်တာကြောင့် အစိုးရတွေအနေနဲ့ လူငယ်တွေကို အီးစီးကရက်ရောင်းချခြင်းကို ပိတ်ပင်တားမြစ် သင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သြဂုတ်လ (၂၆) ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်လိုက် ပါတယ်။
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စီးကရက်ပုံစံအီးစီးကရက် သောက်ရာကနေ မှုတ်ထုတ်လိုက်တဲ့အငွေ့ဟာ ဘေးနားကလူတွေကို ထိခိုက်နိုင်ခြင်းရှိ၊မရှိမသိနိုင်သေးသ၍ အများပြည်သူနဲ့ဆိုင်တဲ့ အဆောက်အဦတွေအတွင်းမှာအီးစီးကရက်သောက်သုံး မှုကို တားမြစ်ပိတ်ပင်သင့်သည်လို့လည်း အကြံပြုထားပါတယ်။အီးစီးကရက်ဟာ ဆေးရွက်ကြီးပေါင်းနဲ့ပြုလုပ်ထားတဲ့ စီးကရက်ထက်ပိုပြီးအန္တရာယ်ကင်းတဲ့အချက်ကို အသိအမှတ်ပြုကြောင်းကိုတော့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
ဒါပေမယ့် ဆေးရွက်ကြီးဆေးလိပ်သောက်သုံးခြင်းကို ဖြတ်လိုက်သူတွေ အာသာပြေဖို့သောက်သုံးတဲ့ အီးစီးကရက်ဟာသုံးစွဲသူအတွက် ဘေးကင်းမှုရှိမရှိဆိုတာကို လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်ဖို့လိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာအ လေးထားဖော်ပြထားပါတယ်။အီးစီးကရက်အသုံးပြုရာကနေ ဦးနှောက်ဖွံ့ဖြိုးမှုနှင့်သက်ဆိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေအပြင် ဆယ်ကျော်သက်တွေ နီကိုတင်းစွဲနိုင်ခြင်း၊သန္ဓေသားကို ထိခိုက်နိုင်ခြင်းစတဲ့ကျန်းမာရေး ဆိုးကျိုးတွေရှိနိုင်တာကြောင့် မျိုးပွားနိုင်တဲ့အရွယ်ရှိ အမျိုးသ မီးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ဆယ်ကျော်သက်တွေနဲ့ ကလေးငယ်တွေကိုလည်း သတိရှိဖို့ပြောကြားထားရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

MRTV-4
ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ကြီးက အီးစီးကရက်သောက်သုံးခြင်းဟာ ကျန်းမာရေးထိခိုက်နိုင်တာကြောင့် အဲ့ဒီလိုစီးကရက်သောက်သုံးတာမျိုးကို တားမြစ်ဖို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အီးစီးကရက်ဟာ မိခင် ၀မ်းတွင်းရှိ ကလေးငယ်တွေနဲ့ လူငယ်တွေကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လာနိုင်တာကြောင့် အစိုး ရတွေ အနေနဲ့ လူငယ်တွေကို အီးစီးကရက်ရောင်းချခြင်းကို ပိတ်ပင်တားမြစ် သင့်တယ်လို့ ကမ္ဘာ့ ကျန်း မာရေးအဖွဲ့ကြီးက သြဂုတ်လ (၂၆) ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်လိုက် ပါတယ်။

ကျုံးဘေးနှင့် လမ်းလယ်ကျွန်းများတွင် စည်းကမ်းမဲ့ နွားလွှတ်ကျောင်းခြင်းကို အရေးယူမည်

Photo: ကျုံးဘေးနှင့် လမ်းလယ်ကျွန်းများတွင် စည်းကမ်းမဲ့ နွားလွှတ်ကျောင်းခြင်းကို အရေးယူမည်
Friday, August 29, 2014

မန္တလေးမြို့နှင့် ကျုံးအနီးတ၀ိုက်တွင် စည်းကမ်းမဲ့ လွှတ်ထားသည့် နွားများအား စည်ပင်သယာရေးမှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ဖမ်းဆီးအရေးယူနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)

မန္တလေးမြို့နှင့် ကျုံးအနီးတ၀ိုက်တွင် စည်းကမ်းမဲ့ လွှတ်ထားသည့် နွားများအား စည်ပင်သယာရေးမှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ဖမ်းဆီးအရေးယူနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)

မန္တလေးမြို့ ကျုံးဘေးနှင့် လမ်းလယ်ကျွန်းများတွင် နွားများကို စည်းကမ်းမဲ့ လွှတ်ကျောင်းခြင်းကို ဖမ်းဆီး အရေးယူမှုများ လုပ်နေသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုးနိုင်ထွန်းက သြဂုတ် ၂၈ ရက်တွင် မဇ္ဈိမကို ပြောသည်

“အဓိကတော့ ကျုံးဘေးကို စည်းကမ်းမဲ့ လွှတ်ကျောင်းနေကြတဲ့ နွားတွေကို ဖမ်းဆီးနေတယ်။ အဲဒီနွားတွေက ကျုံးဘေးမှာ စိုက်ထားတဲ့ အပင်တွေနဲ့ လမ်းလယ်ကျွန်းတွေမှာ အလှစိုက်ပျိုးထားတဲ့ အပင်တွေ ကိုက်ဖြတ် ဖျက်ဆီးတာတွေရှိတယ်။ ဒါကြောင့် စောင့်ကြည့်ဖမ်းဆီးမှုတွေ လုပ်နေတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးထားသော နွားများကို ရေတံခွန်တောင်အနီးတွင် ထိန်းသိမ်းသွားမည်ဖြစ်ပြီး နွားပိုင်ရှင်များကို ခေါ်ယူ၍ ပညာပေးဆွေးနွေးမှုများလုပ်၍ ဒဏ်ငွေသတ်မှတ်တပ်ရိုက်သွားမည်ဟု ဆိုသည်။

လက်ရှိတွင် ဒဏ်ကြေးငွေသတ်မှတ်ထားခြင်းမရှိသေးသော်လည်း နွားကြောင့် ပျက်စီးခဲ့သည့်အပေါ် မူတည်၍ ဒဏ်ငွေ ပေးဆောင်ရမည်ဟု ဆိုသည်။

ကျုံးဘေးသို့ နွားများ လွတ်လာတတ်သည့် အချိန်သည် ညပိုင်းသာ အများဆုံးဖြစ်သဖြင့် စောင့်ကြည့် ဖမ်းဆီးသွားမည်ဟု သိရသည်။

“အခုလို ကျုံးဘေးမှာ နွားတွေ လွတ်နေတော့ သွားလာနေတဲ့ သူတွေအတွက် အန္တရာယ်ဖြစ်နိုင်တယ်။ နောက်တစ်ခုက မြို့သာယာလှပအောင် စိုက်ထားတဲ့အပင်တွေပျက်တယ်။ မြို့လယ်ခေါင်နွားတွေ လွတ်နေတော့ မြို့လည်း အကျည်းတန်တယ်” ဟု ၎င်းက ပြောသည်။

သြဂုတ်၂၈ ရက်တွင် နွားဖမ်းဆီးခံရသော နွားပိုင်ရှင်တစ်ဦးကလည်း “သေချာလွှတ်ကျောင်းတာ မဟုတ်ပါဘူး။ ညပိုင်းမှာ လွတ်သွားတာပါ။ တစ်ခါမှတော့ ဒီလို မဖြစ်ဖူးပါဘူး။ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းပဲ လုပ်ဆောင်သွားမှာပါ။ အခုလို စည်းကမ်းနဲ့အညီ ထိန်းသိမ်းတာကို ကြိုဆိုပါတယ်”ဟု ၎င်းက ပြောသည်။

“ရပ်ကွက်ထဲ ၀င်လာတဲ့ နွားတွေကိုလည်း ဖမ်းသင့်ပါတယ်။ အိမ်ရှေ့စိုက်ထားတဲ့ အပင်ကတော့ ခဏခဏ နွားလာ စားလို့ ကုန်တော့မယ်။ မြင်တိုင်း မောင်းလွှတ်နေရတယ်။ ရပ်ကွက်တွေထဲ ၀င်လာတဲ့ နွားတွေလည်း ဖမ်းဆီးပေးဖို့ တောင်းဆိုချင်တယ်” ဟု ၃၂ ကွက် ဘုန်းတော်တိုးတွင် နေထိုင်သည့် ဦးသိန်းအောင်က ပြောကြားခဲ့သည်။

အောင်မြေသာစံမြို့နယ်တွင် တစ်နိုင်တစ်ပိုင် နွားမွေးမြူထားသူ ကိုဇော်ဝင်းက နွားများ မကြာခဏလွှတ်ခြင်းသည် မန္တလေးမြို့တွင် စားကျက်မြေများ ပျောက်သွားခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

Mizzima - News in Burmese
မန္တလေးမြို့နှင့် ကျုံးအနီးတ၀ိုက်တွင် စည်းကမ်းမဲ့ လွှတ်ထားသည့် နွားများအား စည်ပင်သယာရေးမှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ဖမ်းဆီးအရေးယူနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
မန္တလေးမြို့ ကျုံးဘေးနှင့် လမ်းလယ်ကျွန်းများတွင် နွားများကို စည်းကမ်းမဲ့ လွှတ်ကျောင်းခြင်းကို ဖမ်းဆီး အရေးယူမှုများ လုပ်နေသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ လက်ထောက် ကြီးကြပ်ရေး မှူး ဦးစိုးနိုင်ထွန်းက သြဂုတ် ၂၈ ရက်တွင် မဇ္ဈိမကို ပြောသည်

စာနယ်ဇင်းကောင်စီနှင့် တရားစီရင်ရေးတို့ စက်တင်ဘာ ပထမပတ်တွင် တွေ့မည်

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ စက်တင်ဘာလ ပထမပတ် တွင် တွေ့ ဆုံ ဆွေးနွေးနိုင်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ စာပေးပို့ထားကြောင်း ကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။

ယူကရိန်း သူပုန်များဘက်မှ ရုရှားတို့ ဝင်ရောက် တိုက်ခိုက်ပေးလျက် ရှိသည်ဟု ယူကရိန်း သူပုန်ခေါင်းဆောင် ပြောကြား

Photo: ယူကရိန်း သူပုန်များဘက်မှ ရုရှားတို့ ဝင်ရောက် တိုက်ခိုက်ပေးလျက် ရှိသည်ဟု ယူကရိန်း သူပုန်ခေါင်းဆောင် ပြောကြား
Friday, August 29, 2014

ယူကရိန်းနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်သူပုန်များနှင့် အစိုးရ တပ်ဖွဲ့ များ၏ တိုက်ပွဲများတွင် ယူကရိန်း သူပုန်များဘက်မှ ရုရှားနိုင်ငံသား ၃၀၀၀ မှ ၄၀၀၀ ခန့် ပါဝင် တိုက်ခိုက်လျက်ရှိကြောင်း ယူကရိန်း သူပုန်ခေါင်းဆောင် တစ်ဦးက ပြောကြားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်း သူပုန်ခေါင်းဆောင်တစ်ဦး ဖြစ်သော အလက်ဇန္ဒာဇခါချန်ကိုက ရုရှားတီဗီ ရုပ်မြင်သံကြားသတင်းကို ပြောကြားရာတွင် သူပုန်များဘက်မှ ပါဝင် တိုက်ခိုက်နေသော ရုရှားနိုင်ငံသားများမှာ စစ်မှုထမ်းဖူးသူများနှင့် ရုရှားစစ်တပ်မှ ခွင့်ဖြင့် အနားယူနေသူများ ဖြစ်သည်ဟု ဆိုသည်။

ရုရှားလိုလားသော ယူကရိန်း လက်နက်ကိုင်သူပုန်များက ယူကရိန်းအရှေ့ပိုင်းရှိ ဒိုနက်စ်ပြည်နယ်ကို ဒိုနက်စ်သမ္မတနိုင်ငံဟု ၎င်းတို့သဘောဖြင့် ကြေညာထားပြီး၊ အဆိုပါ ဒိုနက်စ်နိုင်ငံ၏ ဝန်ကြီးချုပ်ဟု ကြေညာထားသော ယူကရိန်း သူပုန်ခေါင်းဆောင် အလက်ဇန္ဒားဇခါချန်ကိုက ယူကရိန်းသူပုန်များဘက်မှ ဝင်ရောက် တိုက်ခိုက်ပေးနေသော ရုရှားတို့မှာ ယခုတိုက်ပွဲသည် ၎င်းတို့၏ တာဝန်ဟု ယူဆ၍ ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရုရှားနိုင်ငံသားများ ယူကရိန်းသူပုန်များဘက်မှ ဝင်ရောက် တိုက်ခိုက်ပေးခြင်းမှာ ၎င်းတို့၏ သဘောဆန္ဒအရသာ ဖြစ်ကြောင်း၊ ၎င်းတို့သာ တိုက်ခိုက်မပေးပါက သူပုန်များအနေနှင့် ယခုထက် ပိုမိုခက်ခဲမည် ဖြစ်ကြောင်း ယူကရိန်း သူပုန်ခေါင်းဆောင် အလက်ဇန္ဒာ ဇခါချန်ကိုက ပြောကြားသည်။ 

ယူကရိန်းသူပုန်များနှင့် ယူကရိန်းအစိုးရတို့အကြား ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ တွင် ရုရှားတပ်ဖွဲ့ဝင်များသည် နယ်စပ်ကို ဖြတ်ကျော်၍ သူပုန်များကို ထောက် ပံ့ပေးနေကြောင်း ယူကရိန်းအစိုးရက ပြောကြားလျက် ရှိသော်လည်း ရုရှား ဘက်က မကြာခဏ ငြင်းဆိုထားသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်သည့် သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ် သက်၍ ဖြေရှင်းချက်ပေးရန် ရုရှားသမ္မတ ပူတင်ကို ဂျာမနီအဓိပတိ အင်ဂျလာ မာကယ်က တောင်းဆိုထားသည်။

ထို့အတူ ရုရှား ဦးဆောင်ညွှန်ကြားနေသော ယူကရိန်းအစိုးရ၏ ထိုးစစ်ကို တန်ပြန်သည့် တိုက်ခိုက်မှုများ ရှိနေကြောင်းကိုလည်း အမေရိကက သံသယ ရှိနေသည်။

လောလောဆယ်တွင် ယူကရိန်းသူပုန်များက အဓိကကျသော ဆိပ်ကမ်းဖြစ်သော မာရီယူပိုကို သိမ်းပိုက်မည်ဟု ခြိမ်းခြောက်လျက်ရှိပြီး၊ သူပုန်များသည် Novoazovsk မြို့ကို သိမ်းပိုက်ပြီးနောက် ဆိပ်ကမ်းဆီသို့ ချီတက်သွားလျက် ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

The Voice Weekly
ယူကရိန်းနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်သူပုန်များနှင့် အစိုးရ တပ်ဖွဲ့ များ၏ တိုက်ပွဲများတွင် ယူကရိန်း သူပုန်များဘက်မှ ရုရှားနိုင်ငံသား ၃၀၀၀ မှ ၄၀၀၀ ခန့် ပါဝင် တိုက်ခိုက်လျက်ရှိကြောင်း ယူကရိန်း သူပုန်ခေါင်းဆောင် တစ်ဦးက ပြောကြားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။