
မြန်မာနိုင်ငံ၏ အထင်ကရ တစ်ခုဖြစ်သော ရွှေတိဂုံစေတီတော်ကို လာရောက်ဖူးမျှော်ကြသည့် ပြည်ပ ဧည့်သည်များကို တွေ့ရစဉ်။ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဦးရေ ဝင်ရောက်မှုများလာသဖြင့် ရွှေတိဂုံ ဘုရား၏ တစ်နေ့ဧည့်ဝင်ကြေးမှာလည်း လိုက်ပါတိုးတက်လာခဲ့သည်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
မိုးတွင်းကာလအတွင်း ရွှေတိဂုံစေတီတော်သို့ နိုင်ငံခြားသား ဧည့်လာရောက်မှု များပြားလာသည့်အတွက် ဇွန်လထက် ဇူလိုင်လတွင် တစ်ရက် ကျပ်တစ်သန်းကျော် ဧည့်ဝင်ကြေး ပိုမိုရရှိခဲ့ကြောင်း ရွှေတိဂုံဂေါပက အဖွဲ့က ထုတ်ပြန်ထားသည်။









