Wednesday, 16 July 2014

အစ္စရေး နိုင်ငံသားတစ်ဦး ဒုံးကျည်ထိမှန် သေဆုံးပြီးနောက် အပစ်အခတ် ရပ်စဲရေး မျှော်လင့်ချက် ပျက်ပြယ်

Photo: အစ္စရေး နိုင်ငံသားတစ်ဦး ဒုံးကျည်ထိမှန် သေဆုံးပြီးနောက် အပစ်အခတ် ရပ်စဲရေး မျှော်လင့်ချက် ပျက်ပြယ်
Wednesday, July 16, 2014

ဂါဇာဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်ကြောင့် အစ္စရေး နိုင်ငံသားတစ်ဦး သေဆုံးပြီးနောက် အပစ်အခတ် ရပ်စဲမည့် အစီအစဉ်လည်း အလိုလို ပျက်စီးသွားခဲ့သည်။

ပြီးခဲ့သည့် တစ်ပတ်ကျော်က စတင်လာသည့် အပြန်အလှန် တိုက်ခိုက်မှုများတွင် ပထမဆုံးအကြိမ်အဖြစ် ဂါဇာတို့၏ ဒုံးကျည်တစ်စင်း ထိမှန်မှုကြောင့် အစ္စရေး နိုင်ငံသားတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ အစောပိုင်းက အစ္စရေး သမ္မတ ဘင်ဂျမင် နာတန်ယာဟူနှင့် အစိုးရအဖွဲ့သည် အီဂျစ်က ကြားဝင် ညှိနှိုင်းပေးမည့် အပစ်အခတ် ရပ်စဲရေး အစီအစဉ်ကို သဘောတူရန် ဆုံးဖြတ်ထားသော်လည်း ယခုဖြစ်စဉ်က အခြေအနေ တိုးတက်မှုကို ဖျက်ဆီးလိုက်သည်။

အစ္စရေးသည် ဂါဇာတွင် ဗုံးကြဲတိုက်ခိုက်မှု အရှိန်အဟုန်ကို မြှင့်တင်လာခဲ့ရာ ပါလက်စတိုင်းတို့ဘက်၌ အသေအပျောက် ပမာဏ (၂၀၀)ကျော်သွားပြီ ဖြစ်သည်။ အစ္စရေး၏ တိုက်လေယာဉ်များသည် ဟားမားစ် စစ်သွေးကြွတို့ ခိုအောင်းနေသည်ဟု ယူဆရသည့် ပစ်မှတ်များကို အဓိက ခြေရာခံ ဗုံးကြဲနေခြင်း ဖြစ်သည်။

ဟားမားစ်တို့ဘက်မှ အပစ်အခတ် ရပ်စဲရေး အားထုတ်မှုကို ပယ်ချသည့် အခြေအနေမျိုးထံ ဦးတည်ခဲ့ပြီးနောက် အစ္စရေး ဝန်ကြီးချုပ် နာတန်ယာဟူ မိမိတို့၏ တိုက်ခိုက်မှုများကို နယ်ပယ်ပိုမို ကျယ်ပြန့်စွာဖြင့် အရှိန်မြှင့်တင်သွားမည်ဟု သတိပေးထားသည်။ အီရက်ဇ် နယ်ခြားစောင့် စခန်းအနီးတွင် ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲရာ အစ္စရေး အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ဟားမားစ်တို့၏ အက်ဇာဒိုင်း အယ်လ်ကွာဆမ် တပ်ခွဲက ယင်းတိုက်ခိုက်မှုသည် မိမိတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇူလိုင်(၁၆)ရက်သည် ဂါဇာမှ ဒုံးကျည်ပစ်ခတ်မှုများကို ဟန့်တားရန် ရည်ရွယ်သည့် အစ္စရေး လေတပ်၏ Protective Edge စစ်ဆင်ရေး နဝမမြောက်နေ့လည်း ဖြစ်သည်။ ထိုအတောအတွင်း ဟားမားစ်တို့သည် အစ္စရေးဘက်သို့ ဒုံးကျည်နှင့် မော်တာကျည်ဆန်ပေါင်း (၁၀၀၀)ကျော် ပစ်ခတ်ခဲ့ပြီး အစ္စရေးကလည်း ဂါဇာမှ ပစ်မှတ် (၁၅၀၀)မျှကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။

7 Day Daily
ဂါဇာဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်ကြောင့် အစ္စရေး နိုင်ငံသားတစ်ဦး သေဆုံးပြီးနောက် အပစ်အခတ် ရပ်စဲမည့် အစီအစဉ်လည်း အလိုလို ပျက်စီးသွားခဲ့သည်။

တိုက်ပွဲရပ်ရေး လွှတ်တော်က အထူးတိုက်တွန်းဖို့ မလိုလို့ ဦးရွှေမန်းပြော

Photo: တိုက်ပွဲရပ်ရေး လွှတ်တော်က အထူးတိုက်တွန်းဖို့ မလိုလို့ ဦးရွှေမန်းပြော
Wednesday, July 16, 2014

စစ်ပွဲကြောင့် ဒုက္ခရောက်နေကြတဲ့ တိုင်းရင်းသားတွေကို ကိုယ်ချင်းစာ၊ စိတ်မကောင်းပေမယ့် တိုက်ပွဲရပ်ဆိုင်းရေးမှာ လွှတ်တော်က အထူးတိုက်တွန်းစရာ မလိုဘူးလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောဆိုလိုက်ပါတယ်။

တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပြည်သူများ ဒုက္ခရောက်နေတဲ့ ကိစ္စကို ပြည်ထောင်စု အစိုးရက အဓိက ကိုင်တွယ် ဖြေရှင်းနေတဲ့အတွက် လွှတ်တော်က အထူးတိုက်တွန်း စရာမလိုဘူးလို့ သူကပြောဆိုတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဝက်ကျေးရွာအုပ်စု၊ တာဖာဆောင် တံတားတွင် တပ်မတော်နဲ့ SPP/SSA တို့ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေရတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ကျေးသီးမဲဆန္ဒနယ်က ဦးစိုင်းအွမ်ဆိုင်မိုင်းက တင်သွင်းတာနဲ့ ပတ်သတ်လို့ ဦးရွှေမန်းက အခုလို ပြန်ပြောတာ ဖြစ်ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စနဲ့ တိုင်းရင်းသားဒေသခံတွေ အရေးကို ပြည်ထောင်စု အစိုးရအဖွဲ့က တာဝန်ယူ ဆောင်ရွက်နေတဲ့အတွက် လွှတ်တော်အနေနဲ့ စောင့်ကြည့်သွားမယ်။ အဆိုကို မှတ်တမ်းတင် ထားရှိမယ်လို့ သူရဦးရွှေမန်းက ကြေညာခဲ့ပါတယ်။ တပ်မတော် စစ်ကြောင်းတွေဟာ စာသင်ကျောင်းတွေမှာ တပ်စွဲထားတဲ့အတွက် ကျောင်းသား ကျောင်းသူတွေ ဒုက္ခရောက်နေတယ်လို့ ဦးစိုင်းအွမ်ဆိုင်မိုင်းက ဆိုပါတယ်။

တိုင်းရင်းသူ ၈၀ ကျော်၊ ကလေး ၉၀ ခန့်နဲ့ ရဟန်းသံဃာ အပါအဝင် ဒေသခံ နှစ်ရာကျော် စစ်ဘေးရှောင် ဘုန်းတော်ကြီးကျောင်းမှာ လိုလှုံနေကြရတယ်လို့ အဆိုကိုထောက်ခံတဲ့ ရှမ်းပြည်နယ် ၊ ကွန်ဟိန်းမဲဆန္ဒနယ်က ဒေါ်နန်းဝါနုက ပြောပါတယ်။

SSPP/SSA တိုင်းရင်းသားလက်နက်ကိုင်နဲ့ တပ်မတော် လက်နက်ကိုင် နှစ်ဖက်ကြား သဘောတူထားတဲ့ ကိစ္စကို မဖောက်ဖျက်ရင် အခုလို ဒေသခံတွေ ဒုက္ခရောက်မှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုတွေကို ဆက်လုပ်သွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဌ ဦးသိန်းဇော်က ပြောပါတယ်။

The Voice Weekly
စစ်ပွဲကြောင့် ဒုက္ခရောက်နေကြတဲ့ တိုင်းရင်းသားတွေကို ကိုယ်ချင်းစာ၊ စိတ်မကောင်းပေမယ့် တိုက်ပွဲရပ် ဆိုင်းရေး မှာ လွှတ်တော်က အထူးတိုက်တွန်းစရာ မလိုဘူးလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောဆို လိုက်ပါတယ်။

မြန်မာနိုင်ငံအတွက် လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ် ပန်ကာများ တီထွင်နေ

ရန်ကုန်၊ ဇူလိုင် ၁၄- စင်ကာပူ အခြေစိုက် EUROLITE TECHNOLOGIES PTE,LTD က မြန်မာနိုင်ငံနှင့် ကိုက်ညီ မည့် လေစွမ်း အင်သုံး လျှပ်စစ်ဓာတ်အားထုတ် ပန်ကာအရွယ်အစားများကို တီထွင်နေပြီး ထွက်ရှိ လာပါက သင့်တော် သည့်ဈေးနှုန်းဖြင့် တင်သွင်းရောင်းချ သွားရန် စီစဉ်နေကြောင်း သိရသည်။

တောင်-မြောက်လမ်းဆုံအနီး ခရီးသည်တင်ဘီအမ်တစ်စီး တိမ်းမှောက် ခရီးသည် ၂၀ ဒဏ်ရာရ၊ ယာဉ်မောင်းထွက်ပြေး

Photo: တောင်-မြောက်လမ်းဆုံအနီး ခရီးသည်တင်ဘီအမ်တစ်စီး တိမ်းမှောက် 
ခရီးသည် ၂၀ ဒဏ်ရာရ၊ ယာဉ်မောင်းထွက်ပြေး
Wednesday, July 16, 2014

ခရီးသည် ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ် တိမ်းမှောက်မှုတစ်ခု မြောက်ဒဂုံ မြို့နယ် ရှိ တောင်-မြောက်လမ်းဆုံ အနီးတွင် ဇူလိုင်လ ၁၅ ရက်၊ ညနေ ပိုင်းက ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ တာ မွေမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းအမှတ် ၁၈၇ ရှိ ဘီအမ် အမျိုးအစားယာဉ် တစ်စီးသည် ဇူလိုင်လ ၁၅ ရက်၊ ညနေပိုင်းက တာမွေမြို့နယ်မှ တောင်ဒဂုံမြို့နယ်သို့ လေးထောင့် ကန်လမ်းမကြီးအတိုင်းပြေးဆွဲလာ ရာ ယင်းနေ့ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင် မြောက်ဒဂုံမြို့နယ် ရှိ လေးထောင့် ကန်လမ်းနှင့် ပြည်ထောင် စုလမ်းမကြီးထောင့်ရှိ တောင်-မြောက် လမ်းဆုံအနီးသို့ ရောက်ရှိစဉ် ရုတ် တရက် မီးပွိုင့်နီသွားသည့်အတွက် လေးထောင့်ကန်

လမ်းမကြီးပေါ်မှ နေ၍ တောင်ဒဂုံမြို့နယ်အတွင်းမှ ဖြတ်ကျော်မောင်းနှင်ရန် တောင်ဒဂုံ မြို့နယ်ဘက်ခြမ်းသို့ကွေ့လိုက်စဉ် အရှိန်မထိန်းနိုင်ဘဲ ယခုကဲ့သို့တိမ်း မှောက်သွားခြင်းဖြစ်ကြောင်း အခင်း ဖြစ်ပွားရာနေရာသို့ရောက်ရှိနေသည့် ရဲအုပ်ယဉ်ဌေးက ဒီမိုကရေစီတူဒေး သတင်းစာသို့ပြောသည်။

''အရှိန်လွန်ပြီးမှောက်တာပါ။ ယာဉ်မောင်းက ထွက်ပြေးသွား တယ်။ ယာဉ်နောက်လိုက်ကိုတော့ တောင်ဒဂုံရဲစခန်းမှာ ထိန်းသိမ်း ထားပါတယ်''ဟု ယင်းက ဆိုသည်။ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ် ပါခရီးသည် ၂၀ ဦးခန့်မှာ အားလုံး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ယင်းတို့ အားလုံးမှာ ယခုအခါ သင်္ဃန်းကျွန်း မြို့နယ်ရှိ စံပြဆေးရုံကြီးတွင် ဆေး ကုသမှုခံယူနေရကြောင်း သိရသည်။ 

ယင်းအပြင် အဆိုပါယာဉ် တိမ်းမှောက်သွားမှုကြောင့် တောင် ဒဂုံဘက်ခြမ်းတွင်ရပ်နားထားသည့် ယာဉ်တစ်စီး ထိခိုက်ပျက်စီးမှုအ နည်းငယ်ဖြစ်ပေါ်ခဲ့သည်။ ကျောင်းသား ၃ ဦးပါဝင် သည့် အဆိုပါထိခိုက်ဒဏ်ရာရရှိသူများ တွင် စိုးရိမ်ရသည့်ဒဏ်ရာရရှိသူများ ကို မတွေ့ရသေးကြောင်း အဆိုပါ အမှုကိုစစ်ဆေးသည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ယာဉ်မှူးစစ် ရဲအုပ် ဇော် ဇော်လတ်က ဒီမိုကရေစီတူဒေးသ တင်းစာသို့ အတည်ပြုပြောသည်။

''အဲဒီကားက တည့်တည့်သွား ရမှာ။ မသွားဘဲကွေ့လိုက်တော့ ခု လိုဖြစ်တာ''ဟု မျက်မြင်တွေ့ရှိ ခဲ့သူ ဦးအောင်လွင်က ပြောသည်။ ယခုဖြစ်စဉ်ကို တောင်ဒဂုံမြို့ နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူ ရန်စီစဉ်နေပြီဖြစ်ကြောင်း ရဲအုပ် ယဉ်ဌေးက ပြောခဲ့သည်။

MYK(SWM)
Democracytoady
Yangon Media Group
ခရီးသည် ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ် တိမ်းမှောက်မှုတစ်ခု မြောက်ဒဂုံ မြို့နယ် ရှိ တောင်-မြောက်လမ်းဆုံ အနီးတွင် ဇူလိုင်လ ၁၅ ရက်၊ ညနေ ပိုင်းက ဖြစ်ပွားခဲ့သည်။

တက္ကသိုလ်များကို လွတ်လပ်စွာရွေးချယ်တက်ခွင့်ရနိုင်မည့်အချက်များပါသည့် အမျိုးသားပညာရေးဥပဒေမူကြမ်း အတည်ပြု

Photo: တက္ကသိုလ်များကို လွတ်လပ်စွာရွေးချယ်တက်ခွင့်ရနိုင်မည့်အချက်များပါသည့် အမျိုးသားပညာရေးဥပဒေမူကြမ်း အတည်ပြု
Wednesday, July 16, 2014

အခြေခံပညာမှ အဆင့်မြင့်ပညာရေးသို့ ကူးပြောင်းသင်ယူရာတွင် အမှတ်ဖြင့် တက္ကသိုလ်ရွေးချယ်တက်ရောက် ရသည့်စနစ်အစားတက်ရောက် လိုသည့် တက္ကသိုလ်များကိုလွတ် လပ်စွာရွေးချယ်ခွင့်များရရှိနိုင် သည့်အချက်များပါဝင်သော အ မျိုးသားပညာရေးဥပဒေမူကြမ်း ကို အမျိုးသားလွှတ်တော်မှ အ တည်ပြုလိုက်ပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ ပညာရေးစ နစ်ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ့လွှတ်တော်မှ အတည်ပြု ရေးဆွဲထားသည့်အမျိုးသားပညာ   ရေးဥပဒေကြမ်းကို ပြင်ဆင်ချက် ပေါင်း ၇၁ခုဖြင့် ဥပဒေကြမ်းတစ် ခုလုံးနီးပါး ပြင်ဆင်ဖြည့်စွက်ကာ အတည်ပြုလိုက်ခြင်းဖြစ်သည်။

‘‘ဒီဥပဒေကြမ်းအပေါ်မှာ  ပညာရေးဆိုင်ရာအဖွဲ့အစည်း တွေ၊ ကွန်ရက်တွေကကန့်ကွက် မှုတွေရှိခဲ့ပါတယ်။ သူတို့ကလည်း လွှတ်တော်ကိုလာပြီး ဆွေးနွေးညှိ နှိုင်းခဲ့တဲ့အတွက် အဲဒီအဖွဲ့တွေရဲ့ ဆွေးနွေးချက်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှု တွေနဲ့အတူ ၀န်ကြီးဌာနနဲ့လည်း ညှိနှိုင်းပြီးဒီလိုပြင်ဆင်ခဲ့တာဖြစ် ပါတယ်’’ဟု အမျိုးသားလွှတ် တော်ဥပဒေကြမ်းကော်မတီအ တွင်းရေးမှူးကပြောသည်။

ဇူလိုင် ၁၅ရက်တွင် ပြုလုပ် သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ဥပဒေကြမ်း ကော်မတီမှ အမျိုးသားပညာရေး ဥပဒေကြမ်းအား ပြင်ဆင်ချက် များကို လွှတ်တော်သို့ တင်သွင်း ပြီးနောက် လွှတ်တော်၏ဆုံးဖြတ် ချက်ရယူကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော်၏ပြင် ဆင်ချက်များတွင် အခြေခံနှင့် အ ဆင့်မြင့်ပညာရပ်များအပြင်ပညာ ရေးစနစ်အမျိုးမျိုးကိုလွှမ်းခြုံနိုင် သော အချက်များကိုထည့်သွင်း ရေးသားထားပြီး တက္ကသိုလ်၊ ကောလိပ်များအားလွတ်လပ်စွာ စီမံခန့်ခွဲပေးထားခြင်း၊ အခြေခံပ ညာရေးစနစ်အား ၁၂တန်းအထိ သင်ကြားနိုင်ရန်စီမံထားပြီး သုံးနှစ် မှငါးနှစ်အထိ ကလေးငယ်များ အား မူကြိုပညာရေးစနစ်အဖြစ် ဖော်ဆောင်သင်ကြားရန်စသည့် အချက်များကို ထည့်သွင်းထား သည်။

ထို့အပြင် ပညာရေးအဖွဲ့အ စည်းများနှင့်ကွန်ရက်များမှကန့် ကွက်ထားသော အမျိုးသားပညာ ရေးကောင်စီတွင် ဒုတိယသမ္မတ တစ်ဦးအားကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်ရမည်ဆိုသည့် အချက် အား ပယ်ဖျက်၍ ကောင်စီနေရာ တွင် ကော်မရှင်ကို အစားထိုး ထည့်သွင်းပြီး ပြည်ထောင်စုအ ဆင့်ပုဂ္ဂိုလ်တစ်ဦးဦးက ဥက္ကဋ္ဌအ ဖြစ်ဆောင်ရွက်ကာ ပညာရေးနှင့် သက်ဆိုင်သည့်လွှတ်တော်နှစ်ရပ် ရေးကာကော်မတီများမှ ကိုယ် စားလှယ်များနှင့်တိုင်းရင်းသားပ ညာရှင်များပါ ပါဝင်ဖွဲ့စည်းရမည် ဟု ပြင်ဆင်ထားသည်။

အဆိုပါကော်မရှင်အနေဖြင့်  ပညာရေးလုပ်ငန်းစဉ်တစ်ခုလုံး ကို အောက်ခြေအထိဝင်ရောက် စွက်ဖက်ရန်မလိုဘဲ မူဝါဒပိုင်း ကိစ္စရပ်များကိုသာ ပေါင်းစပ်ဖြည့် ဆည်းညှိနှိုင်းဆောင်ရွက်ပေးရန် ဥပဒေကြမ်းတွင် ပြင်ဆင်ထည့် သွင်းထားသည်။

‘‘အခုပြင်လိုက်တဲ့အချက် တော်တော်များများက ကော်မတီ ကပြင်တာထက် လာပြီးဆွေးနွေး တင်ပြတဲ့ပညာရေးဆိုင်ရာအဖွဲ့ အစည်းတွေ၊ ကွန်ရက်တွေ၊ လွှတ် တော်ကိုယ်စားလှယ်တွေရဲ့ တင် ပြချက် တော်တော်များများကို ထည့်သွင်းရေးဆွဲထားတာဖြစ်ပါ တယ်’’ဟု ဥပဒေကြမ်းကော်မတီ ၀င်တစ်ဦးကပြောသည်။

အမျိုးသားလွှတ်တော်မှအ တည်ပြုလိုက်သော အဆိုပါဥပဒေ ကြမ်းသည် ပြည်သူ့လွှတ်တော်မှ အတည်ပြုချက်များနှင့် များစွာ ကွဲလွဲနေသဖြင့် ကွဲလွဲချက်များ ကို ပြည်ထောင်စုလွှတ်တော်တွင် တင်ပြအတည်ပြုချက် ရယူပြီးမှ သာ သမ္မတထံသို့ လက်မှတ်ထိုး ရန်ပေးပို့ရမည့်ဥပဒေကြမ်းအဖြစ် ထွက်ပေါ်လာမည်ဖြစ်သည်။

7Day DAILY 

ရန်ကုန်တက္ကသိုလ်ဝင်ပေါက်ဂိတ်ဝကို တွေ့ရစဉ်(ဓာတ်ပုံ − နစ်ကီ)
ရန်ကုန်တက္ကသိုလ်ဝင်ပေါက်ဂိတ်ဝကို တွေ့ရစဉ်(ဓာတ်ပုံ − နစ်ကီ)
အခြေခံပညာမှ အဆင့်မြင့်ပညာရေးသို့ ကူးပြောင်းသင်ယူရာတွင် အမှတ်ဖြင့် တက္ကသိုလ်ရွေးချယ် တက် ရောက်ရသည့် စနစ်အစားတက်ရောက်လိုသည့် တက္ကသိုလ်များကိုလွတ် လပ်စွာရွေးချယ်ခွင့်များရရှိနိုင် သည့်အချက်များပါဝင်သော အမျိုးသားပညာရေးဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှ အတည်ပြု လိုက်ပြီဖြစ်သည်။

ဇွန်လအတွင်း ယာဉ်မတော်တဆမှုကြောင့် ငွေကျပ် သိန်းပေါင်း ၂၅၀၀ ကျော်ဆုံးရှုံးခဲ့

ဇွန်လ တစ်လလုံးတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှု များကြောင့် ဆုံးရှုံးမှု တန်ဖိုး စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၂၅၂၄၈၀၀၀၀ အထိ ရှိခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) မှ သတင်း အချက်အလက် များအရ သိရသည်။ဇွန်လ ၁ ရက်မှ ၃၀ ရက်အထိ ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာရေး နယ်နိမိတ် အတွင်း ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆမှု များအနက် ဒဂုံမြို့နယ် ၌ ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆ ဖြစ်စဉ်များမှာ ဆုံးရှုံးမှု တန်ဖိုး အများဆုံး ဖြစ်ပေါ်ခဲ့ပြီး ငွေကျပ် သိန်းပေါင်း ၁၇၇၉ သိန်း ဆုံးရှုံးခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) မှ ထုတ်ပြန် ကြေညာ ထားကြောင်း သိရသည်။အဆိုပါ ယာဉ် မတော်တဆ ဖြစ်ပွားသည့် ဖြစ်စဉ် များကြောင့် အမျိုးသား ၃၁ ဦး နှင့် အမျိုးသမီး ၄ဦး ၊ စုစုပေါင်း ၃၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ ဦးရေမှာ အမျိုးသား ၁၇၁ ဦး နှင့် အမျိုးသမီး ၇၀ ဦး ၊ စုစုပေါင်း ၂၄၁ ဦးအထိ ရှိခဲ့သည်။

အက္ခရာနံပါတ်မြင့်သော လေးလုံးပူးနံပါတ်များ ဈေးတစ်ဆင့်တက်၍ ရောင်းချ

ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ဇူလိုင်လ ၁၀ ရက်က 4H အက္ခရာ များကို စတင် ထုတ်ပေးခဲ့ပြီး လေးလုံးပူး နံပါတ်များမှာ 5H နှင့် 6H အထိ လေးလုံး နံပါတ် ၅ ခုအထိ ရောင်းချထားပြီး ဈေးနှုန်းမှာလည်း 6H မှာ ဈေးအမြင့်ဖြင့် ရောင်းချ ခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၃ ရက်မှ စတင် ထုတ်ပေးခဲ့သော 3H နံပါတ်များမှာ ဇူလိုင်လ ၁၀ ရက်တွင် ကုန်ဆုံး သွားခဲ့ကြောင်း သိရသည်။ ရောင်းချပြီးသော 4H အက္ခရာ လေးလုံးပူး နံပါတ်များတွင် 4H/3333 ကို ငွေကျပ် သိန်း ၃၀ ၊ 4H/4444 ကို ငွေကျပ် ၂၈ သိန်း ၊ 4H/5555 ကို ငွေကျပ် ၄၄ သိန်း ၊ 4H/8888 ကို ငွေကျပ် ၄၆ သိန်း ၊ 4H/9999 ကို ငွေကျပ် ၄၄ သိန်းဖြင့် အသီးသီး ရောင်းချ ပေးထားပြီး 4H အက္ခရာ နံပါတ်မှ လေးလုံးပူး များတွင် 4H/1111, 4H/2222, 4H/6666 နှင့် 4H/7777 တို့ လေးခုသာ ရောင်းချရန် ကျန်ရှိကြောင်း သိရသည်။ယခု 4H အက္ခရာ စတင် ထုတ်ပေးစဉ်တွင် အက္ခရာ ကြိုတင် ရောင်းချမှု အနေဖြင့် 5H/5555 ကို ငွေကျပ် ၆၂ သိန်း ၊ 5H/7777 ကို ငွေကျပ် ၅၂ သိန်း ၊ 4H/8888 ကို ငွေကျပ် ၇၆ သိန်း ၊ 5H/9999 ကို ငွေကျပ် ၆၈ သိန်းနှင့် 6H/9999 ကို ငွေကျပ် ၇၄ သိန်းဖြင့် အသီးသီး ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
ကနဦး မှတ်ပုံတင်ဌာန အနေဖြင့် ယာဉ်ပိုင်ရှင် များ၏ ဆန္ဒအတိုင်း လေးလုံးပူး နံပါတ်များကို စိတ်တိုင်းကျ ရောင်းချပေး နေပြီး အက္ခရာ ၃ ခုမြောက် အထိ ကြိုတင် ၀ယ်ယူခွင့် ရှိကြောင်းလည်း သိရှိရသည်။
Themyawadydaily

မော်စကိုတွင် မြေအောက်ရထား တိမ်းမှောက်ပြီး အနည်းဆုံး လူ(၂၀)သေဆုံး

Photo: မော်စကိုတွင် မြေအောက်ရထား တိမ်းမှောက်ပြီး အနည်းဆုံး လူ(၂၀)သေဆုံး
Wednesday, July 16, 2014

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော် မြေအောက်ရထားကွန်ရက်၌ ရထားတစ်စင်း လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားရာ အနည်းဆုံး လူ(၂၀) သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်(၁၅)ရက်က ရထားလမ်းချော်မှု ဖြစ်ပွားပြီး ရထားတွဲ အတော်များများ လွင့်စင်ထွက်သွားခဲ့ခြင်း ဖြစ်သည်။ ယင်းသည် မော်စကိုမြို့တော်၏ မြေအောက်ရထားလမ်း စနစ်တွင် နှစ်ပေါင်း(၈၀)မျှ သမိုင်းကြောင်း ကာလအတွင်း အဆိုးရွားဆုံး မတော်တဆမှုဟုလည်း ယူဆရသည်။ မော်စကိုသည် ကမ္ဘာပေါ်တွင် မြေအောက်ရထားစနစ် အသုံးပြုမှု အထူထပ် အကျယ်ပြောဆုံး မြို့တော်လည်း ဖြစ်သည်။

“အခုထိတော့ သေဆုံးသူ (၂၀)လောက် ရှိလာပါပြီ”ဟု မော်စကို ဒုတိယ မြို့တော်ဝန် ပြိုတာ ဘာယူကော့ဗ်က သတင်းထောက်များအား ဇူလိုင်(၁၆)ရက် ကယ်ဆယ်ရေး လုပ်ငန်းခွင်တွင် ပြောကြားခဲ့သည်။ ဆေးရုံသို့ တင်ပို့ထားရသူ အရေအတွက်မှာ (၁၀၀)ကျော်မျှ ရှိကြောင်းလည်း သိရသည်။ သေဆုံးသူများအနက် (၁၉)ဦး၏ အလောင်းများကို အခင်းဖြစ်ရာ နေရာတွင် တွေ့ရှိရပြီး ကျန်(၁)ဦးကမူ ဆေးရုံရောက်မှ သေဆုံးသွားခြင်း ဖြစ်သည်။

ဒဏ်ရာရသူများကို ရဟတ်ယာဉ်များ၊ အရေးပေါ် လူနာတင်ယာဉ်များဖြင့် နီးစပ်ရာ ဆေးရုံများသို့ တင်ပို့ပေးခဲ့ရသည်။ “ကျွန်တော်က သေပြီလို့ မှတ်တာ။ ရထားတွဲတွေထဲမှာ ပိတ်မိပြီး ဘဝဆုံးပြီလို့ ထင်ခဲ့တာပါ။ အပြင်ကို ရောက်အောင် ထွက်လာနိုင်တာ တကယ့်ကို အံ့ဖွယ်သရဲ ကိစ္စမျိုးပဲ။ အထဲမှာ ဒဏ်ရာရတဲ့လူ အများကြီးပဲ။ အများစုက ခေါင်းနဲ့ ခြေထောက်တွေမှာ ထိခိုက်မိကြတယ်”ဟု လွတ်မြောက်လာသူ တစ်ဦးက Rossiya 24 သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရထားအတွင်း စွမ်းအင်လွန်ကဲမှု အချက်ပြစနစ် အသက်ဝင်လာပြီး ကြမ်းကြမ်းတမ်းတမ်း ဘရိတ်ဖမ်း ရပ်တန့်ရာမှ ရထားတွဲများ လမ်းချော် တိမ်းမှောက်ခဲ့ခြင်းဟု သတင်းများက ဆိုသည်။ ဒဏ်ရာရသူ (၁၀၀)ကျော်အနက် (၅၀)ခန့်သည် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်းလည်း သိရသည်။

အခင်းဖြစ်ပွားရာ Park Probedy သည် မော်စကိုတွင် မြေအောက် အနက်ဆုံးနေရာ၌ ရှိနေသည့် ဘူတာဖြစ်ပြီး မြေမျက်နှာပြင်အောက် (၂၇၅)ပေတွင် တည်ရှိသည်။ မော်စကို မြေအောက်ရထား ကွန်ရက်ကို (၁၉၃၅)ခုနှစ်က စတင်အသုံးပြုခဲ့ပြီး ယခုအခါ နေ့စဉ် လူပေါင်း(၉)သန်းမျှကို သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။

7 Day Daily
ရုရှားနိုင်ငံ၊ မော်စကိုမြို့တော် မြေအောက်ရထားကွန်ရက်၌ ရထားတစ်စင်း လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားရာ အနည်းဆုံး လူ(၂၀) သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဆေးသိပ္ပံပညာမှတွေ့ရှိသော ဆင်တုံးမနွယ်

Photo: ဆေးသိပ္ပံပညာမှတွေ့ရှိသော ဆင်တုံးမနွယ်
Wednesday, July 16, 2014 

၁၉၇၀ ပြည့်နှစ် အစောပိုင်းကာလတွေကစပြီး အနောက်တိုင်းဆေးပညာ နယ်ပယ်မှာ စတီးရွိုက်မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ အသုံးများတွင်ကျယ်လာတာနဲ့ တစ်ပြိုင်နက် လူတွေရဲ့ အစာအိမ်ကိုပါ ဥပဒ်ပေးလာတယ်ဆိုတာကိုပါ ဆေးပညာရှင်တွေ သတိပြုလာမိခဲ့ကြတယ်။

တစ်ချိန်တည်းမှာပဲ ရိုးရာဆေးပညာမှာရှိတဲ့ အကိုက်အခဲနဲ့အရောင်ကျစေတဲ့ ဆေးပင်တွေကိုလည်း သိပ္ပံပညာရှင်တွေက စိတ်ဝင်စားလာခဲ့ကြတယ်၊ ဒီလိုနဲ့သူတို့ဟာ ဆေးဘက်ဝင်တဲ့အပင်တွေကို ရှာဖွေရင်းနဲ့ ဆင်တုံးမနွယ်အပင်ကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ လက်တင်ဘာသာစကားအရ ဆင်တုံးမ နွယ်ကို tinospora cordifolia လို့ခေါ်ပါတယ်။ အိန္ဒိယနိုင်ငံကတော့ guduchi လို့ခေါ်ပြီး အင်္ဂလိပ်လို ကတော့ heartleaf moonseed လို့ခေါ်တယ်။
နိုင်ငံတကာမှ ဆေးသိပ္ပံပညာရှင်တွေဟာ ဆင်တုံးမနွယ်မှာပါဝင်တဲ့ syringing and cordial ဒြပ်ပေါင်း တွေက ရောင်ရမ်းတာကိုဖြစ်ပေါ်စေတဲ့ Enyzme တွေကိုဟန့်တားနိုင်စွမ်းရှိတာကို သိခဲ့ကြတယ်။ အဆစ်အမျက်ရောင် ရောဂါအမျိုးမျိုးကို သက်သာစေတယ်၊ အထူးသဖြင့် rheumatoid arthritis ရောဂါတွေမှာဖြစ်ပေါ်လေ့ရှိတဲ့ morning stiffness ကိုလျော့ကျစေတယ်၊ ဒါတွင်မကပါဘူး။ အာသီး ရောင်တာ၊ အစာအိမ်ရောင်တာ၊ အသည်းရောင်တာ၊ ဆီးအိမ်ရောင်တာတို့ကို လျော့နည်းသက်သာစေ နိုင်တာကို လေ့လာမိခဲ့ကြတယ်။

ဆင်တုံးမနွယ်မှာပါဝင်တဲ့ antioxidant တွေက အခြားအရေးပါတဲ့ antioxidant နှစ်မျိုးဖြစ်တဲ့ glutathione နဲ့ vatimin-C တို့ကိုများပြားအောင် အကူအညီပေးတယ်၊ အသက်ကြီးတဲ့သူတွေ Antioxidant ကိုသုံးရင် အသက်ရှည်နုပျိုစေတယ်၊ ဒါကြောင့်လည်း အသက်ကြီးရင် ဆင်စီးပါလို့ မြန်မာတွေ ဆိုရိုးစကားရှိခဲ့တယ်၊ ဆင်စီးပါဆိုတာက အသက်ကြီးလာရင် ဆင်တုံးမနွယ်ကို မှီဝဲပါလို့ ဆိုလိုတာဖြစ်တယ်။

ဆေးပညာ လက်တွေ့နယ်ပယ်မှာတော့ ဆင်တုံးမနွယ်ရဲ့ ပင်စည်ဟာအသည်းရောင် အသားဝါရောဂါ အတွက်အလွန်အသုံးဝင်တာ တွေ့ရတယ်၊ အသည်းရောင်ခြင်းကို လျော့ကျစေသလို အသားဝါတာကို လည်းမြန်မြန်သက်သာစေတာတွေ့ရတယ်။ ဆင်တုံးမနွယ်ဟာ ခုခံအားစနစ်ရဲ့ အဓိကဖြစ်တဲ့ သွေးဖြူဥတွေပုံမှန် ထုတ်လုပ်ခြင်းကို အားပေးတာကို တွေ့ရတယ်။ ရိုးရာဆေးပညာရှင်တွေနဲ့ (Indian ayuedic medicine) ဆေးပညာရှင်တွေက ဆင်းတုံးမနွယ်ကို ဆီးချိုရောဂါမှာ ကျယ်ကျယ် ပြန့်ပြန့်သုံးတာ တွေ့ရတယ်။ ဆီးချိုရောဂါ သိပ်မရင့်သေးတဲ့သူတွေနဲ့ အစောပိုင်းကာလ ဆီးချိုဝေဒနာ ရှင်တွေအတွက် အသုံးပြုနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်တဲ့သတ္တိရှိလို့ ဆီးချိုဝေဒနာ ရှင်တွေအတွက် သတင်းကောင်းတစ်ခုပါ။

ဆင်တုံးမနွယ်ပင်စည် ၁ ဒသမ ၅ ဂရမ်ကို လူကြီးတစ်ယောက်အတွက် တစ်နေ့ကို သုံးကြိမ်ကနေ လေးကြိမ်အထိ သောက်နိုင်တယ်၊ ဒါပေမယ့်အရက်နဲ့တော့ တွဲမသောက်ရပါကြောင်း တင်ပြအပ်ပါ6တယ်။

မြန်မာ့အလင်းသတင်းစာ
ဇွန် (၁၅) ရက်၊ ၂၀၁၄ ခုနှစ်
၁၉၇၀ ပြည့်နှစ် အစောပိုင်းကာလတွေကစပြီး အနောက်တိုင်းဆေးပညာ နယ်ပယ်မှာ စတီးရွိုက်မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ အသုံးများတွင်ကျယ်လာတာနဲ့ တစ်ပြိုင်နက် လူတွေရဲ့ အစာအိမ်ကိုပါ ဥပဒ်ပေး လာ တယ် ဆိုတာကိုပါ ဆေးပညာရှင်တွေ သတိပြုလာမိခဲ့ကြတယ်။

ညအမှောင်ကို ပြည်သူ့ရဲတို့ ဘာကြောင့်ကြိုက်

မဟာသန္တိသုခမှသံဃာများကို ဖမ်းဆီးခေါ်ဆောင်လာပြီးနောက် လုံခြုံရေးပေးနေသည့် ရဲတပ်ဖွဲ့ဝင်များ [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)]
မှုခင်းဖြစ်စဉ်များတွင်သာမဟုတ် နိုင်ငံအနှံ့ဖြစ်ပွားနေသည့် ပြဿနာများ၌ ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ပြီး ဖြေရှင်း ရာတွင် ညအမှောင်ကို ရွေးချယ်ဆောင်ရွက်ခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ မည်သည့် အတွက်ကြောင့် ညအချိန်ကို ရွေးချယ်အသုံးပြုကြသနည်း။ သံသယရှိသူ လွတ်မြောက်သွားမည် စိုးရိမ်သော ကြောင့်လား (သို့မဟုတ်) ပြန်လည်ရန်ပြုတိုက်ခိုက်မည် စိုးသောကြောင့်လား။ မည်သည့်အကြောင်းပြ ချက်ရှိပါစေ ရဲတပ်ဖွဲ့က အလိုရှိနေသော သံသယရှိသူနေထိုင်သည့် ပတ်ဝန်းကျင်ကို ညအချိန်ဝင်ရောက်စီး နင်းသောကြောင့် အချို့ပြဿနာများမှာ မလိုအပ်ဘဲ ပို၍ကြီးသွားရသည်။

အင်အားပြင်း Rammasun မုန်တိုင်းဒဏ် ဖိလစ်ပိုင်အသင့်ပြင်

Rammasun တိုင်ဖုန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်ကမ်းရိုးတန်းဘက်ကို အင်္ဂါနေ့မှာ စတင် ဝင်ရောက်ခဲ့တာကြောင့် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။ မိုးသည်းထန်စွာရွာနေပြီး လေပြင်းတွေနဲ့အတူ တိုင်ဖုန်းမုန်တိုင်းဟာ မနီလာမြို့တော်ရှိရာဘက်ကို ဦးတည် တိုက်ခတ်နေပါတယ်။ 

ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံရမည်စိုး၍ မြို့တွင်းခရီးသည်တင် ယာဉ်မောင်း အချို့ ယာဉ်မထွက်ရဲကြ

Photo: ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံရမည်စိုး၍ မြို့တွင်းခရီးသည်တင် ယာဉ်မောင်း အချို့ ယာဉ်မထွက်ရဲကြ
Wednesday, July 16, 2014

ရန်ကုန်မြို့တွင်း ခရီး သည်တင်ယာဉ်များ ယာဉ်စည်း ကမ်းဖောက်ဖျက်ပါက ခြောက်လမှ လေးနှစ်အထိ လိုင်စင်ပိတ်သိမ်း အရေးယူသဖြင့် မြို့တွင်းပြေးဆွဲ နေသော ခရီးသည်တင်ယာဉ်အချို့ မပြေးဆွဲကြ၍ ခရီးသည်များ အ ဆင်မပြေဖြစ်နေကြောင်း သတင်းရရှိသည်။

‘‘လှိုင်သာယာကနေ ဆူးလေရောက်ဖို့အတွက် နှစ်နာရီခွဲ လောက်ကားစီးရတယ်။ ကား တစ်စီးလာဖို့အတွက် တော်တော် စောင့်ရတယ်။ လာပြန်ရင်လည်း ကျပ်ညပ်နေတာပဲ။ အလုပ်ချိန်မမီမှာစိုးလို့သာစီးရတာ။ လူက အသက်တောင်မနည်းရှူနေရတယ်’’ ဟု လှိုင်သာယာမှ ဆူးလေသို့ အလုပ်သွားသူကိုစိုးနိုင်ကပြော သည်။ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က ရန်ကုန်မြို့ တွင်းပြေးဆွဲလျက်ရှိသည့် ခရီး သည်တင်ယာဉ်လိုင်းများ လမ်း စည်းကမ်းဖောက်ဖျက်ပါက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လိုင်စင်ကို ခြောက်လမှ လေးနှစ် အထိ ပိတ်သိမ်းအရေးယူသွား မည်ဟု ဇူလိုင် ၁၁ ရက်က ကြေ ညာခဲ့သည်။ ဇူလိုင် ၁၄ ရက် အထိ ယာဉ်မောင်းများကို အရေးယူမှု တစ်ရာကျော်ရှိပြီး ၎င်းတို့အားလုံး ကို လိုင်စင်ခြောက်လပိတ်ပင် မည်ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲရုံးမှ ဒုရဲမှူးကြီးလင်းထွဋ်ကပြောသည်။

ခရီးသည်တင်ယာဉ်လိုင်း များမှ ယာဉ်မောင်းများမှာ လိုင် စင်ပိတ်သိမ်းခံရမည့် အရေးကို စိုးရိမ်သည့်အတွက် ယာဉ်ပိုင်ရှင် များက ပြေးဆွဲခိုင်းသော်လည်း မပြေးဆွဲကြဟု ယာဉ်ပိုင်ရှင်က ပြောသည်။

‘‘အခုထုတ်ထားတဲ့ ဥပဒေ က အရမ်းပြင်းထန်လွန်းတယ်။ ယာဉ်မောင်းတွေက လိုင်စင် အ သိမ်းခံရမှာစိုးတဲ့အတွက် မမောင်းကြဘူး။ အခုဆိုရင် လိုင်းတစ်လိုင်းမှာ ယာဉ်တစ်ဝက်လောက်ပဲ ထွက်တယ်။ ထွက်တဲ့ယာဉ်တွေ ကလည်း အရာရှိပိုင်ယာဉ်တွေပဲ ထွက်ကြတယ်’’ဟု(၁၂၄) ယာဉ် လိုင်းမှ ယာဉ်ပိုင်ရှင် ဦးခင်မောင် ၀င်းကပြောသည်။

ခရီးသည်တင်ယာဉ်လိုင်း များမှ ယာဉ်မောင်းများသည် မြို့ တွင်းခရီးသည်တင်ယာဉ်များတွင် မောင်းနှင်ခြင်းမရှိတော့ဘဲ အဝေး ပြေးယာဉ်လိုင်းများသို့ ပြောင်းရွှေ့မှုများရှိနေပြီး အချို့ယာဉ်မောင်း များမှာလည်း ကုန်တင်ယာဉ် ပြောင်းလဲမောင်းနှင်နေသည့်အ တွက် နောက်ပိုင်းတွင် မြို့တွင်း မောင်းနှင်မည့် ယာဉ်မောင်းများ ရှားပါးလာနိုင်သည်ဟု အဆိုပါ ယာဉ်ပိုင်ရှင်ကပြောသည်။

‘‘နေ့တိုင်းသွားလာနေရ တာ။ ဒီကားတွေကမထွက်တော့ ဘာနဲ့ သွားရမှာလဲ။ လာတဲ့ ကား ကျပြန်တော့လည်း လူကို ငါးပိသိပ်သလိုတင်တယ်။ ရုံးတက်ရုံးဆင်း အချိန်တွေဆို ပိုဆိုးတယ်။ တက္က စီလည်း မစီးနိုင်တော့ လိုင်းကား မလာမချင်း စောင့်စီးနေရတယ်’’ ဟု ရွှေပြည်သာမြို့နေ မသီတာက ပြောသည်။

ဇူလိုင် ၁၄ ရက်တွင်ခရီးသည်တင်ယာဉ်လိုင်းများ မပြေးဆွဲခဲ့ သဖြင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာရေးအ ခက်အခဲဖြစ်ခဲ့ပြီး ရန်ကုန်အ နောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ စီစဉ်မှုဖြင့် ကျောင်းရှေ့မှ သမကုန်းအထိ အခမဲ့လိုက်လံပို့ဆောင်ပေးကာ အကူအညီပေးခဲ့ရသည်ဟု သိရ သည်။

‘‘ယာဉ်မောင်းတစ်ယောက် ကို လိုင်စင်ခြောက်လပိတ်မယ်ဆို တော့ ယာဉ်မောင်းတွေက မမောင်းရဲကြဘူး။ အဲဒီတော့ ယာဉ်တွေ မထွက်နိုင်ဘူး။ အဖမ်း ခံရတဲ့ ယာဉ်မောင်းက ခြောက်လ လောက်ဘာအလုပ်သွားလုပ်ရ မှာလဲ။ ယာဉ်မောင်းတွေရဲ့ ထမင်းစားလက်မှတ်ကို သိမ်းမှာတော့ ဘယ်သူမှ မောင်းကြမှာ မဟုတ် ဘူး’’ဟု(၃၃၃)ယာဉ်လိုင်းမှ ယာဉ် မောင်းတစ်ဦးကပြောသည်။

ရန်ကုန်မြို့တွင်းပြေးဆွဲ သည့် ၃၉၊ ၄၈၊ ၃၃၃၊ ၃၉(အထူး) ၈၈(သန်မြန်သူ)၊ ၅၁၊ ၃၄၊ မေတ္တာလှိုင်း၊ ၁၂၄ အစရှိသည့် ယာဉ်လိုင်းများမှ ယာဉ်များသည် ဇူလိုင် ၁၁ ရက်မှစကာ အနည်း ငယ်သာ ပြေးဆွဲလျက်ရှိပြီး နောက်ရက်များတွင်လည်း ယာဉ် လိုင်းများမှ ယာဉ်မောင်းများ သပိတ်မှောက်သည့်အနေဖြင့် ယာဉ်လိုင်းများမထွက်ရန် စီစဉ် နေကြသည်ဟု ၃၆ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်ကိုကျော်နိုင်က ပြောသည်။

7 Day Daily

ယာဉ်ကြောရှုပ်ထွေးသည့် ရန်ကုန်မြို့ ဗဟိုလမ်းဝန်းကျင်တွင် လိုင်းကားများ မောင်းနှင်နေစဉ်(ဓာတ်ပုံ−နစ်ကီ)
ယာဉ်ကြောရှုပ်ထွေးသည့်ရန်ကုန်မြို့ ဗဟိုလမ်းဝန်းကျင်တွင်လိုင်းကားများမောင်းနှင်နေစဉ်(ဓာတ်ပုံ−နစ်ကီ)
ရန်ကုန်မြို့တွင်း ခရီး သည်တင်ယာဉ်များ ယာဉ်စည်း ကမ်းဖောက်ဖျက်ပါက ခြောက်လမှ လေးနှစ်အထိ လိုင်စင်ပိတ်သိမ်း အရေးယူသဖြင့် မြို့တွင်းပြေးဆွဲ နေသော ခရီးသည်တင်ယာဉ်အချို့ မပြေးဆွဲကြ၍ ခရီး သည် များ အ ဆင်မပြေဖြစ်နေကြောင်း သတင်းရရှိသည်။

ကာချုပ်ထိုင်းခရီးစဉ်အပြီး မြန်မာရွေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံရမှု မရှိတော့ဟုဆို

Photo: ကာချုပ်ထိုင်းခရီးစဉ်အပြီး မြန်မာရွေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံရမှု မရှိတော့ဟုဆို
Wednesday, July 16, 2014 

ထိုင်းနိုင်ငံတွင် ဇွန်လ ၁၀ ရက်နေ့မှစပြီး စစ်တပ်၊ ရဲနှင့် နယ်မြေခံ အာဏာပိုင်များ ပူးပေါင်းကာ ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးခဲ့ရာ မြန်မာစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံမှ ပြန် လာပြီးနောက် မြန်မာ အလုပ်သမားများကို ဖမ်းဆီးခံရမှု မရှိတော့ကြောင်း သတင်းရရှိသည်။
ဇွန်လအတွင်းက ထိုင်းနိုင်ငံ နေရာအနှံ့အပြားတွင် အလုပ်လုပ်ကိုင်လျှက်ရှိသည့် မြန်မာအလုပ်သမား ထောင်ချီကာ ဖမ်းဆီးခံရခဲ့သော်လည်း ယခုအခါ ချင်းမိုင်၊ မဲဆောက်နှင့် ပတူနမ့်တို့တွင် မြန်မာအလုပ်သမားဟု ပြောလျှင် တရားမဝင် ငွေတောင်းခံမှု များ မရှိတော့ကြောင်းကို အလုပ်သမားခေါင်းဆောင် ကိုထင်လင်းမှ အခုလိုပြောခဲ့သည်။

“ဇွန်လထဲက ကျွန်တော်အဖမ်းခံရတယ်… ပတူနမ့် ဈေးမှာ ရဲတွေဝင် စစ်တာ.. တလတ်ချောဝ်း (မနက်ဈေး)နဲ့ စီတီကွန်ပလက်၊ ပလက်တီနမ်ဖက်ရှင်မောလ်မှာ ကျွန်တော်အပါအဝင် မြန်မာအလုပ်သမား ၁၀၀ လောက် အဖမ်းခံရတာ..ဘတ် ၂၅၀၀ ပေးမှ ပြန်လွှတ်ပေးတယ်.. အခုတော့ မြန်မာဆိုရင် ထိုင်းရဲတွေက မဖမ်းတော့ဘူး.. ပိုက်ဆံလည်း မတောင်းတော့ဘူး..” ဟု အလုပ်သမားခေါင်းဆောင် ကိုထင်လင်းမှဆိုသည်။
ဇွန်လ ၁၆ ရက်နေ့က ချင်းမိုင်မြို့ရှိ နိုက်ဘဇား ညဈေးတန်းတွင် မြန်မာအလုပ်သမား ရာနဲ့ချီကာ အဖမ်းခံခဲ့ရပြီး ဘန်ကောက်ခရိုင် ပတူနမ့်ဈေးတွင်လည်း မြန်မာအလုပ်သမား ၄၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ တာ့ခ်ခရိုင် မဲဆောက်မြို့အတွင်းမှာလည်း မြန်မာ အလုပ်သမား ထောင်နှင့်ချီကာ ဖမ်းဆီးခံခဲ့ရပြီး မြန်မာ သံရုံးမှ ဖြေရှင်းပေးရန် ကျောင်းဆရာ တစ်ဦးမှ မြန်မာသံရုံးရှေ့တွင့် ထိုစဉ်က ဆန္ဒပြခဲ့ဖူးသည်။ မြန်မာသမ္မတရုံးနှင့် ဘန်ကောက်မြို့ မြန်မာသံရုံးမှ အင်တာနက်စာမျက်နှာမှတဆင့် အကူအညီတောင်းရန် ဖုန်းနံပတ်များ ဖြန့်ဝေ ပေးခဲ့သော်လည်း အလုပ်သမားများ ဖမ်းဆီးခံရမှုမှာ ရပ်တန့်သွားခြင်းမရှိခဲ့ခြေ။

ဇွန်လိုင်လ ၄ ရက်နေ့တွင် မြန်မာစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းအာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး ဆွေးနွေးခဲ့ပြီး မြန်မာအလုပ်သမားများအတွက် ကာချုပ်မှ စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့ကာ ထိုင်းအစိုးရဖက်မှ ကာကွယ်ပေးရန် တောင်းဆိုခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီ သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်ဦးစီးချုပ်နှင့်နှင့် ထိုင်းဦးစီးချုပ်တို့ တွေ့ဆုံပြီးနောက် ဇူလိုင်လ ၄ ရက်နေ့ နောက်ပိုင်းတွင် အတင်းအဓ္ဓမ ဖမ်းဆီးခြင်းများ၊ တရားမဝင် ငွေးကြေးကောက်မှုများလည်း မရှိတော့ကြောင်းသိရပြီး မြန်မာ အလုပ်သမားအများအပြား အဆင်ပြေသွားကြောင်း သိရှိရသည်။
“ကျွန်တော် အဖမ်းခံရတုန်းက သံရုံးကိုဖုန်းဆက်တာလည်း ဘာမှမကူညီပေးနိုင်ဘူး။ အစ်ကိုတို့ဆီ လာခဲ့ပါလားတဲ့။ ရဲလာဖမ်းပါတယ်ဆိုနေမှ သူတို့ဆီဘယ်လိုသွားလို့ရမှာလဲ။ ညီလေးတို့ဘယ်နားမှာရှိတယ်၊ အစ်ကိုတို့ လာဖြေရှင်းပေးမယ်၊ မဟုတ်ရင် အဲဒီက တာဝန်ရှိသူတစ်ယောက်ယောက်နဲ့ ဖုန်းပြောမယ်ဆို တော်သေးတယ်။ အဲ့ဒီချိန်က အရမ်းမျက်နှာငယ်ရတယ်… အခုတော့ လုံးဝပြောင်းသွားပြီလေ… ဘာဒုက္ခမှ မရှိတော့ဘူး.. ကျွန်တော်တို့ မြန်မာ အလုပ်သမားတွေစိတ်ထဲမှာ လုံခြုံသွားသလို ခံစားရတယ်..”ဟု ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားများမှာ လာရောက်ပြော ဆိုပေးသည့် ခေါင်းဆောင်မရှိသဖြင့် နေရင်းနိုင်ငံ ပြန်သွားခဲ့ကြရပြီး ထိုင်းနိုင်ငံတွင် မြန်မာ၊ လာအို၊ နှင့် ကမ္ဘောဒီးယား ၃ နိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားပေါင်း ၂ သန်းကျော်ရှိပြီး မြန်မာအလုပ်သမား ၁ သန်း ၇ သိန်းကျော် ရှိကြောင်း သိရသည်။

(သူရိယ သတင်း)
ထိုင်းနိုင်ငံတွင် ဇွန်လ ၁၀ ရက်နေ့မှစပြီး စစ်တပ်၊ ရဲနှင့် နယ်မြေခံ အာဏာပိုင်များ ပူးပေါင်းကာ ရွှေ့ပြောင်း အလုပ်သမားများကို ဖမ်းဆီးခဲ့ရာ မြန်မာစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းနိုင်ငံမှ ပြန် လာပြီးနောက် မြန်မာ အလုပ်သမားများကို ဖမ်းဆီးခံရမှု မရှိတော့ကြောင်း သတင်းရရှိသည်။

ကိုယ်ဝန်ဆောင်စဉ် နွားနို့သောက်ပါက မွေးလာသောကလေးများ ဆယ်ကျော်သက် အရွယ်တွင် အရပ်ပိုရှည်နိုင်

Photo: ကိုယ်ဝန်ဆောင်စဉ် နွားနို့သောက်ပါက မွေးလာသောကလေးများ ဆယ်ကျော်သက် အရွယ်တွင် အရပ်ပိုရှည်နိုင်
Wednesday, July 16, 2014

 ကိုယ်ဝန်ဆောင်စဉ် တစ်နေ့မှာ နွားနို့တစ်ခွက်သောက်တဲ့ မိခင်တွေက မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ဆယ်ကျော်သက်အရွယ်မှာ အရပ်ရှည်နိုင်ခြေ ပိုများကြောင်း သုတေသနသစ်တစ်ခုအရ သိရပါတယ်။
အိုက်စလန်၊ ဒိန်းမတ်နဲ့ အမေရိကန်က အာဟာရရေးရာ သုတေသီအဖွဲ့တစ်ဖွဲ့က ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမွေးဖွားတဲ့ ကလေးငယ်တွေကို လေ့လာခဲ့ရာ မိခင်ဝမ်းထဲနေစဉ် နွားနို့ဘယ်လောက် သောက်သုံးခဲ့ရတာနဲ့ ဆယ်ကျော်သက် အရွယ်မှာ သူတို့ရဲ့အရပ်ဟာ တိုက်ရိုက်ဆက်နွှယ်နေကြောင်း တွေ့ရှိခဲ့ကြတယ်။
သန္ဓေသားဘ၀မှာရရှိတဲ့ နွားနို့ ကောင်းကျိုးတွေဟာ နောက်ထပ်နှစ်ဘယ်လောက်ကြာမှာကို လေ့လာခဲ့ ကြတာဖြစ်တယ်။ သုတေသီတွေက ဒိန်းမတ်မှာ ၁၉၈၈ ခုနှစ်က ၁၉၈၉ ခုနှစ်အကြား ကိုယ်ဝန်ဆောင်မိခင် ၈၀၉ ဦးကို ကိုယ်ဝန်ဆောင်တုန်းမှာ နွားနို့ ဘယ်လောက်သောက်ကြောင်းကို မှတ်သားခဲ့ကြပြီး၊ မွေးလာတဲ့ ကလေးတွေကို အရပ်နဲ့ ကိုယ်အလေးချိန် တိုင်းတာခဲ့ကြတယ်။အနှစ် ၂၀ ကြာမှာ အဲဒီကလေးတွေရဲ့ အရပ်ကို ထပ်မံတိုင်းတာခဲ့ပြီး၊ ရလဒ်တွေကို ထုတ်ပြန်ခဲ့တယ်။
လေ့လာမှုရလဒ်တွေအရ ကိုယ်ဝန်ဆောင်တုန်း တစ်နေ့မှာ နွားနို့ ၁၅၀ မီလီလီတာကျော် သောက်သုံးခဲ့တဲ့ မိခင်တွေကမွေးဖွားတဲ့ ကလေးတွေက အဲဒီလိုမသောက်သုံးတဲ့ မိခင်တွေရဲ့ ကလေးတွေထက် ဆယ်ကျော်သက်အရွယ်မှာ ယေဘုယျအနေနဲ့ အရပ်ပိုရှည်နိုင်ကြောင်း သိရတယ်။ အဲဒီကလေးချင်း နှိုင်းယှဉ်မှုမှာ လိင်တူ (ယောက်ျားလေးအချင်းချင်း၊ မိန်းကလေးအချင်းချင်း) အတွက် ဖြစ်တယ်။ ထို့ပြင် ဆယ်ကျော်သက်အရွယ် အလွန်မှာလည်း အဆင့်၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ လျော့နည်းကြောင်း တွေ့ရှိခဲ့တယ်။

ညွန့်လွင် (စက်မှုတက္ကသိုလ်)

Health Updates Journal No. 125
ကိုယ်ဝန်ဆောင်စဉ် တစ်နေ့မှာ နွားနို့တစ်ခွက်သောက်တဲ့ မိခင်တွေက မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ဆယ်ကျော်သက်အရွယ်မှာ အရပ်ရှည်နိုင်ခြေ ပိုများကြောင်း သုတေသနသစ်တစ်ခုအရ သိရပါတယ်။

နှလုံးခုန် ရုတ်တရက် ရပ်တန့်စေတဲ့ ရောဂါ

Photo: နှလုံးခုန် ရုတ်တရက် ရပ်တန့်စေတဲ့ ရောဂါ
Wednesday, July 16, 2014

ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်း မဟုတ်ပဲ
နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။
တရုတ်လူမျိုး နဲ့ ဂျပန်လူမျိုးတွေဟာ ထမင်းစားနေစဉ်မှာ ရေနွေးသောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ခုချိန်မှာ တော့ သူတို့ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့ အထကိုရတီတို့တွေပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။
ခုဆောင်းပါးလေး က တော့ ထမင်းစားပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက်တော့ သက်ရောက်မှု ရှိပါတယ်။ တကယ်တော့ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော်လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ က နေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့ အစာတွေ ကို ဆီခဲ တွေ လို အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့အဖတ်တွေကလဲ အက်စစ် အဖြစ် တုံ့ပြန်ပြီးတော့ အဲဒါတွေ ကို ဖြိုခွဲပြီးတော့ အူနံရံတွေကနေပြီး အခဲအစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲဒါ တွေ ဟာအူထဲ မှာ သွားပြီးတော့ စီတန်းနေပါပြီ ။ မကြာခင်ပဲ အဲဒါ တွေဟာ
အဆီခဲ အဖြစ်ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါကို ဖြစ်စေ ဖို့ ဦးတည်နိုင်ပါတယ်။
အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ်
ရေနွေးဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။
( အရေးကြီးတဲ့ နှလုံးခုန် ရုတ်တရက်
ရပ်တာမျိုး) သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက် ရပ်တန့်တဲ့ လက္ခဏာတွေအားလုံးမှာ ဘယ်ဖက်လက်မောင်းကိုက် ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက်
နာကျင်လာခြင်းဟာလဲ သတိထားသင့်ပါတယ်။)
(နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာတော့ သင်ဟာ ဘယ်တော့မှ ပထမရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ ဖျားနာခြင်းနဲ့
ချွေးထွက်လွန်ခြင်း တွေဟာလည်း အများဆုံး လက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော
နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး ပြန်လည်
နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု က သင့် ကိုနိုးထအောင်လုပ်နိုင်ပါတယ်။ ကျွန်တော် တို့တစ်တွေ ဂရုပြုပြီး တော့ သတိထားရမှာပါ။အဲတာက ရတီတို့ ဆက်လက် အသက်ရှင်ရပ်တည်ဖို့အခွင့်အရေးကောင်းဖြစ်ပါတယ်။
နှလုံးရောဂါအထူးကု တစ်ယောက် က ပြောတာ က ဒီစာ ကိုဖတ်မိသူတစ်ယောက် က နေ ပြီးတော့နောက်ထပ် ၁၀ ယောက် ကို ဆက်ပေးပို့မယ်ဆိုယင် သင် နဲ့ ကျွန်ုပ်တို့ ဟာ အနဲဆုံးအသက်တစ်ချောင်း ကို ကယ်ဆယ်နိုင်မယ်ဖြစ်ပါတယ်။
ဒီဆောင်းပါးလေး ကို
ဖတ်ပါ။ပြီးတော့ မိတ်ဆွေတစ်ယောက်ဆီကို ပို့ပေးလိုက်ပါ။
ဒီလိုလုပ်ခြင်းဟာအသက်တစ်ချောင်း ကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။
ဒါကြောင့် မိတ်ဆွေကောင်း အဖြစ်
နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေး နဲ့အတူ ဂရုတစိုက်ရှိဖို့
ပေးပို့ ဖြစ်အောင်ပို့ပေး လိုက်ပါနော်.. 

Credit: Yati Netpumchee Athinchay
ကျန်းမာရေးသတင်းများ
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့ ရောဂါ ကိုလဲ သတိပေးရာ ရောက်ပါတယ်။

မူးယစ်ဆေး ရောင်းဝယ်မှုတွင်ပါသည့် ကရင်လက်နက်ကိုင်များကို ဖမ်းမည်

မူးယစ်ဆေးဝါး ရောင်းဝယ်မှုများတွင် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ ပါဝင်နေသည်ကို ကရင်တိုင်း ရင်းသား လက်နက်ကိုင် ငါးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီကဖော် ထုတ်တွေ့ ရှိပါက ဖမ်းဆီးရန် ဆုံးဖြတ်ထားသည်ဟု ကော်မတီဥက္ကဋ္ဌ၊ နယ်ခြားစောင့်တပ်(BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ဇူလိုင်လ ၁၅ ရက်တွင် ပြောသည်။

ယာယီနိုင်ငံကူး လက်မှတ်တုဖြင့် မူဆယ်နယ်စပ်ဂိတ်မှ ၀င်ရောက်သူ ၄၀၀ ကို တရုတ်နယ်ခြားစောင့်တပ် ဖမ်းဆီး

မူဆယ်နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တစ်နှစ် အသုံးပြုနိုင်သည့် ယာယီနိုင်ငံကူး လက်မှတ် အတုဖြင့် သွားရောက် သူ ၄၀၀ ခန့်ကို တရုတ်နယ်ခြား စောင့်တပ်က ဇူလိုင် ၁၅ ရက်တွင် ပထမဆုံးအကြိမ် ဖမ်းဆီး လိုက် ကြောင်း သတင်းရရှိသည်။

တရားမ၀င်ကုန်သွယ်မှု တားဆီးရာတွင် လက်နက်ကိုင် အဖွဲ့များ ပြဿနာဖြေရှင်းရန် တပ်အကူအညီ ယူမည်ဟုဆို

တရားမ၀င်ကုန်သွယ်မှု တားဆီးရေးဆောင်ရွက်ရာတွင် လက်နက်ကိုင်အဖွဲ့များ၏ လက် နက်ပြခြိမ်းခြောက် မှုများရှိသဖြင့် လုံခြုံရေးပိုင်း၌ ရဲတပ်ဖွဲ့ဝင်များ သာမက တပ်မတော်ကိုပါဝင်နိုင် ရန်စီစဉ်နေကြောင်း တရား မ၀င် ကုန်သွယ်မှုရွေ့လျားတားဆီးရေး အဖွဲ့မှ သတင်းရရှိသည်။

Tuesday, 15 July 2014

“လောင်းရိပ်မိနေကြသော အနာဂတ်ကြယ်ပွင့်လေးများ”


Photo: “လောင်းရိပ်မိနေကြသော အနာဂတ်ကြယ်ပွင့်လေးများ”

Tuesday, July 14, 2014

ယနေ့ခေတ် နိုင်ငံရေးပြောင်းလဲမှုတိုင်း၊ ဆန္ဒပြမှုတွေတိုင်း၊ ပဋိပက္ခတွေတိုင်းမှာ ကျောင်းသားလူငယ်တွေ တစ်ခန်း တစ်ကဏ္ဍအနေနဲ့ အမြဲတမ်းလိုလို ပါဝင်နေကြတာ တွေ့မြင်နေရပါတယ်။ ဒီလိုမျိုး ကျောင်းသားလူငယ်တွေ ပါဝင် နေတာဟာ ဘယ်သူကြောင့်လဲ၊ ဘာကြောင့်လဲဆိုတာ ပြောချင်စရာ ဖြစ်လာပါတယ်။

အဆိုးဆုံးကတော့ NLDပါတီ၏ ဥက္ကဌဖြစ်သူ ဒေါ်စုက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲမှာ အသက် ၁၈နှစ်အောက် ကျောင်းသားလူငယ်တွေအနေဖြင့် တရားဝင် မဲပေးပိုင်ခွင့်မရှိသော်လည်း မိဘဆွေမျိုးသားချင်းများကို မဲထည့်ဖို့ စည်းရုံးလှုံဆော်ကြရန် ပြောကြားသွားခဲ့တာ တွေ့ရပါတယ်။

တကယ်တော့ ဒီလိုအရွယ်ကျောင်းသားလူငယ်တွေဆိုတာ ဆယ်တန်းအောင်ပြီး မိဘတွေဆီမှာ မှီခိုရင်း ပိုက်ဆံကို လက်ဖြန့်တောင်းကာ တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားနေရတဲ့ အရွယ်တွေပဲ ဖြစ်ပါတယ်။ တစ်ချို့ ကတော့ မိဘတွေမပြေလည်လို့  ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ကိုယ့်ခြေထောက်ပေါ်ကိုရပ်ရင်း ကျောင်းတက်နေတာတွေ လည်း ရှိပါတယ်။ 
ပြောရရင်တော့ ကျောင်းသားအရွယ်ဆိုတာ အပျံသင်ကာစအရွယ်သာဖြစ်ပြီး အသိဥာဏ်နည်းပါး ကြပါသေး တယ်။ ပညာသင်ကြားနေရဆဲဖြစ်တဲ့ ကိုယ့်တစ်ကိုယ်စာ  ဘ၀ခရီးလမ်း အချိန်ပိုင်းလေးမှာတောင် အမှားအယွင်းမရှိဖို့ တိမ်းစောင်းယိုင်လဲမသွားဖို့ကို လူကြီးမိဘတွေက အမြဲတမ်း ဘေးကနေ ၀ိုင်းဝန်းဖေးမ ထိန်းသိမ်းပေးနေရတာ ဖြစ်ပါ တယ်။

ဒီလိုမျိုး ကိုယ့်ဘ၀ကိုတောင် လမ်းမမှားအောင် အဘက်ဘက်ကနေ လူကြီးမိဘတွေက ထိန်းကျောင်း ပေးနေရ တဲ့ ကျောင်းသားလူငယ်တွေကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး …စတာတွေကို စဉ်းစားခိုင်းမယ်ဆိုရင်  တွေးခေါ် စဉ်းစား ဥာဏ်ပိုင်းဆိုင်ရာမှာ ဘယ်လိုမှ ပြည့်စုံမှာ မဟုတ်ပါဘူး။ မှန်ကန်စွာ ပိုင်းခြားတက်တဲ့ အတွေ့အကြုံမျိုးဆိုရင် ပိုဆိုးပြီး လုံးဝနီးပါး မရှိတာက များပါတယ်။ သူတို့မှာရှိနိုင်လှ၊ တာဝန်ယူနိုင်လှဆိုရင် ကျောင်းသားရေးရာနဲ့ သက်ဆိုင် တာထက် မပိုပါဘူး။

ဒီလိုအရွယ် ကျောင်းသားလူငယ်တွေဆိုတာ နုနယ်သေးတဲ့အတွက် အရောင်ဆိုးရတာ လွယ်ပါတယ်။ ခြယ်လှယ် ကြိုးကိုင်ပြီး လိုသလို ပုံသွင်းလို့ရနိုင်ပါတယ်။ ပြည်သူလူထုထဲက အများဆုံးအင်အားဖြစ်တဲ့အပြင် သူတို့ပါလာရင် မိဘသားချင်းတွေပါ ပါလာမယ်ဆိုတာ သူတို့သိနေပါတယ်။

 တိုင်းပြည်ရဲ့ အနာဂတ် ကြယ်ပွင့်လေးတွေဖြစ်လို့ အရေးယူမှု ပိုင်းဆိုင်ရာမှာလည်း ထိလွယ်ရှလွယ်ပြီး အုပ်ချုပ်သူ အစိုးရအနေနဲ့ အခက်အခဲများ ဖြစ်စေနိုင်ပါတယ်။ ကျောင်းသား လူငယ်တွေနဲ့ ပတ်သက်လာရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာလည်း ၀ိုင်းဝန်း အရှုတ်ချခံရဆုံးနဲ့ ဖိအားပေးအခံရဆုံးလည်း ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဘယ်လို အတိုက်အခံအဖွဲ့အစည်းမဆို၊ ဘယ်လိုမြေပေါ်မြေအောက် အဖွဲ့အစည်းမဆို၊ ဘယ်လို ဆန့်ကျင်ဘက် နိုင်ငံခြားတိုင်းပြည်တွေကမဆို ကိုယ်ကျိုးအတွက် ကျောင်းသားလူငယ်တွေကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ခေတ်တိုင်း အခါတိုင်းမှာ လိုသလိုအသုံးချနေခဲ့ကြတာဖြစ်တယ်ဆိုတာ သိစေချင်ပါတော့သည်။

ပေါက်စ
ယနေ့ခေတ် နိုင်ငံရေးပြောင်းလဲမှုတိုင်း၊ ဆန္ဒပြမှုတွေတိုင်း၊ ပဋိပက္ခတွေတိုင်းမှာ ကျောင်းသားလူငယ်တွေ တစ်ခန်း တစ်ကဏ္ဍအနေနဲ့ အမြဲတမ်းလိုလို ပါဝင်နေကြတာ တွေ့မြင်နေရပါတယ်။ ဒီလိုမျိုး ကျောင်းသား လူငယ်တွေ ပါဝင် နေတာဟာ ဘယ်သူကြောင့်လဲ၊ ဘာကြောင့်လဲဆိုတာ ပြောချင်စရာ ဖြစ်လာပါတယ်။ အဆိုးဆုံးကတော့ NLDပါတီ၏ ဥက္ကဌဖြစ်သူ ဒေါ်စုက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲမှာ အသက် ၁၈နှစ်အောက် ကျောင်းသားလူငယ်တွေအနေဖြင့် တရားဝင် မဲပေးပိုင်ခွင့်မရှိသော်လည်း မိဘဆွေမျိုး သားချင်းများကို မဲထည့်ဖို့ စည်းရုံးလှုံဆော်ကြရန် ပြောကြားသွားခဲ့တာ တွေ့ရပါတယ်။တကယ်တော့ ဒီလို အရွယ်ကျောင်းသားလူငယ်တွေဆိုတာ ဆယ်တန်းအောင်ပြီး မိဘတွေဆီမှာ မှီခိုရင်း ပိုက်ဆံကို လက်ဖြန့် တောင်းကာ တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားနေရတဲ့ အရွယ်တွေပဲ ဖြစ်ပါတယ်။ တစ်ချို့ ကတော့ မိဘတွေမပြေလည်လို့ ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး ကိုယ့်ခြေထောက်ပေါ်ကိုရပ်ရင်း ကျောင်းတက်နေတာ တွေ လည်း ရှိပါတယ်။ 

ကေအိုင်အေ အရာရှိနှစ်ဦးကို မူးယစ်နှင့် လက်နက်ခဲယမ်းမှုများဖြင့် ဖမ်းဆီးစစ်ဆေး

ကချင်ပြည်နယ်အတွင်း တပ်မတော် စစ်ကြောင်းများက ဇွန်လ နောက်ဆုံးပတ်၌ ကေအိုင်အေ အရာရှိနှစ်ဦး ကို မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းမှုတို့ဖြင့် ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။