Sunday, 3 February 2013

ရန်ကုန် -မြိတ် ကမ်းရိုးတန်း အထူးအမြန်ယာဉ်ပြေးဆွဲမည်

Photo: ရန်ကုန်-မြိတ် ကမ်းရိုးတန်းအထူးအမြန်ယာဉ်ပြေးဆွဲမည်
Sunday, February 03, 2013

Jade Flower ကုမ္ပဏီမှ ရန်ကုန်-မြိတ် ရေကြောင်းလိုင်း ခရီးစဉ် ပြေးဆွဲ
ခြင်းကို Fortune Express ကမ်းရိုးတန်း အထူးအမြန် ရေယာဉ်ဖြင့် ယနေ့တွင် ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ကမ်းမှ စတင် ပြေးဆွဲမည်
ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်-မြိတ် ခရီးစဉ်ကို Fortune Express 727, 77, 27, 7, 2 စသည့် သင်္ဘော ငါးစင်းဖြင့် လေးရက် လျှင်တစ်ကြိမ် ပြေးဆွဲ သွားမည်
ဖြစ်သည်။

Fortune Express ရေယာဉ်များသည် မလေးရှား နိုင်ငံလုပ် ရေယာဉ်များ
ဖြစ်ပြီး Mitsubishi (2250 HP) အင်ဂျင်နှစ်လုံး တပ်ဆင်ထားကာ ကိုယ်ထည်အား အလူမီနီယံဖြင့် ပြုလုပ်ထားကြောင်း သိရသည်။

ခရီးသည် ၃၅ဝ ဦးတင်ဆောင် နိုင်ပြီး ရန်ကုန်-မြိတ် ခရီးစဉ်ကို ၁ဝ နာရီ
ခန့်ဖြင့်သက်သောင့် သက်သာ သွားလာနိုင်မည် ဖြစ်သည်။ ယာဉ်ပေါ်ပါ ခရီးသွား ပြည်သူများ အတွက် နံနက်စာ အဖြစ် ကော်ဖီနှင့်မုန့်၊ နေ့လယ်စာ ထမင်းနှင့် ညနေပိုင်း အတွက် အအေးတို့ဖြင့် ဧည့်ခံ ကျွေးမွေး သွားမည်
ဖြစ်ကြောင်း သိရသည်။

လက်မှတ်ခ နှုန်းထားမှာ ငွေကျပ်လေးသောင်း ဖြစ်ပြီး မကြာမီ ကာလအတွင်း
ရန်ကုန်-ထားဝယ် ခရီးစဉ်နှင့် ရန်ကုန်-ကော့သောင်း ခရီးစဉ်တို့အား တိုးချဲ့
ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/local/item/6009-2013-02-03-08-59-43#.UQ3b1PJafro

မြ၀တီJade Flower ကုမ္ပဏီမှ ရန်ကုန်-မြိတ် ရေကြောင်းလိုင်း ခရီးစဉ် ပြေးဆွဲ
ခြင်းကို Fortune Express ကမ်းရိုးတန်း အထူးအမြန် ရေယာဉ်ဖြင့် ယနေ့တွင် ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ကမ်းမှ စတင် ပြေးဆွဲ မည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းလုပ် ဂျက်တိုက် လေယာဉ်သစ် အီရန် ထုတ်ဖော်ပြသ

Photo: ပြည်တွင်းလုပ် ဂျက်တိုက် လေယာဉ်သစ် အီရန် ထုတ်ဖော်ပြသ
Sunday, February 03, 2013

အီရန် နိုင်ငံသည် ပြည်တွင်းလုပ် အဆင့်မြင့် နည်းပညာသုံး Qaher-313 ဂျက်တိုက် လေယာဉ်သစ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သည့် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ အထိမ်းအမှတ် Ten-Day Dawn အခမ်းအနားတွင် ထုတ်ဖော်ပြသ ခဲ့ကြောင်း အီရန်ကာကွယ် ရေးဝန်ကြီး ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။

ယင်းအခမ်း အနားသို့ အီရန် သမ္မတ မာမွတ်အာမက် ဒီနီဂျက်နှင့် စစ်ဘက် ဆိုင်ရာ အဆင့်မြင့် အရာရှိများ တက်ရောက် ခဲ့ကြောင်း သိရသည်။ အဆင့်မြင့်နည်း ပညာသုံး အဆိုပါ တိုက် လေယာဉ်သစ် တည်ဆောက်မှု စီမံကိန်းကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီ လက အီရန် လေတပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် မိုဟာမက်ရီဇာ ကာရှ်ကီက ပြောကြားခဲ့ သည်။

အဆိုပါ ဂျက်တိုက် လေယာဉ်သည် အမေရိကန် နိုင်ငံလုပ် F/A-18 တိုက် လေယာဉ်နှင့် ဆင်တူပြီး F-5E/F Tiger 2 တိုက်လေယာဉ် နှင့်လည်း ဆင်တူကြောင်း သိရသည်။ လေယာဉ်မှူးတစ်ဦး သာလိုက် ပါနိုင်သော ယင်းလေယာဉ် သစ်သည် ရန်သူ လေယာဉ်များ ကိုတိုက်ခိုက် ဖျက်ဆီးနိုင် စွမ်း ရှိပြီး မြေပြင်ရှိ ပစ်မှတ် နေရာများကို ပစ်ခတ် နိုင်စွမ်းရှိ သည့်အပြင် ဒုံးကျည်များနှင့် လက်နက် ခဲယမ်းများ ကိုလည်း သယ်ဆောင်နိုင် စွမ်းရှိသည်။

အီရန် နိုင်ငံသည် မကြာသေးမီ နှစ်များက ကာကွယ်ရေး ကဏ္ဍတွင် ကြီးမား သောအောင်မြင် မှုများကို ရရှိခဲ့ပြီး အရေးပါသော စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့် ကာကွယ်ရေး စနစ်များကို ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်းများ ရရှိခဲ့သည်။ Aza- rakhsh တိုက်လေယာဉ်သည် အီရန် နိုင်ငံ၏ ပထမ ဆုံး ပြည်တွင်းလုပ်တိုက် လေယာဉ်တစ်စင်း ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/6017-2013-02-03-09-24-51#.UQ3jMfJafro

မြ၀တီအီရန် နိုင်ငံသည် ပြည်တွင်းလုပ် အဆင့်မြင့် နည်းပညာသုံး Qaher- 313 ဂျက်တိုက် လေယာဉ်သစ်ကို ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သည့် ၁၉၇၉ ခုနှစ် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ အထိမ်းအမှတ် Ten-Day Dawn အခမ်းအနားတွင် ထုတ်ဖော်ပြသ ခဲ့ကြောင်း အီရန်ကာကွယ် ရေးဝန်ကြီး ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။

ရန်သူ့အမြင်အာရုံကို အံသြဖွယ်ရာ လှည့်စားနိုင်မည့် တစ္ဆေခြုံလွှာ

Photo: ရန်သူ့အမြင်အာရုံကို အံသြဖွယ်ရာ လှည့်စားနိုင်မည့် တစ္ဆေခြုံလွှာ
Sunday, February 03, 2013

တစ္ဆေခြုံလွှာဟု အမည်ပေးထားသော စစ်ဘက်သုံး နည်းပညာ တစ်ခုသည် ရန်သူ့ အမြင်အာရုံကို အံ့ဩဖွယ်ရာ လှည့်စားနိုင်မည့် အခြေအနေမျိုးသို့ ဦးတည်လာကြောင်း သိရှိရသည်။

လက်ရှိ စမ်းသပ်ဆဲ အခြေအနေသာ ရှိသေးသော အဆိုပါ နည်းပညာ
အောင်မြင်လာချိန်တွင် ဝေဟင်၌ ပျံသန်းနေသော တိုက်လေယာဉ်များကို
ခရီးသည်တင် လေယာဉ်အဖြစ်သာ ထောက်လှမ်းနိုင်ပြီး စစ်သား တစ်ဦးကိုလည်း သစ်ပင်တစ်ပင် အနေဖြင့်သာ တွေ့မြင်နိုင်မည် ဖြစ်သည်။

Planet Myanmar Networkတစ္ဆေခြုံလွှာဟု အမည်ပေးထားသော စစ်ဘက်သုံး နည်းပညာ တစ်ခု သည် ရန်သူ့အမြင်အာရုံကို အံ့ဩဖွယ်ရာ လှည့်စားနိုင်မည့် အခြေအနေ မျိုးသို့ ဦးတည်လာကြောင်း သိရှိရသည်။

ဧရာဝတီလူငယ်တွေ စာဖတ်ကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြော

Photo: စာပေပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည် ဘာပြောသလဲ
Sunday, February 03, 2013

လူငယ်တွေ စာဖတ်ကြပါလို့ စနေနေ့က ရန်ကုန်မြို့ ဧရာဝတီစာပေ
ပွဲတော်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

"လူငယ်များဟာ စာဖတ်မှ ကျွန်မတို့တိုင်းပြည်ရဲ့အနာဂတ် ကောင်းမယ်" လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

"စာဖတ်တယ် ဆိုတာဟာ စာအုပ်ထဲက ပါတဲ့ကိစ္စတွေကို အလွတ်ကျက်တာ မဟုတ်ဘူး။ စာအုပ်ထဲမှာပါတဲ့အရာတွေကို စဉ်းစားတတ်ဖို့ပဲ။ စာဖတ်တယ် ဆိုတာ စဉ်းစားတတ်အောင် သင်ပေးတာ" လို့ သူက ဆက်ပြောပါတယ်။

ရန်ကုန်မြို့ အင်းလျားကန်ဘေးက Inya Lake ဟိုတယ်မှာ ကျင်းပနေတဲ့ ဒီပွဲတော်ဟာ မြန်မာပြည်ရဲ့ ပထမဆုံးသော နိုင်ငံတကာ စာပေပွဲတော်
ဖြစ်ပြီး ပြည်တွင်း နဲ့ နိုင်ငံတကာက ကလောင်ရှင်တွေ တက်ရောက်
နေကြတာပါ။ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက် တွေ့ရမယ့် ပွဲတော်ပါ။

ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် နဲ့ တောင်ကိုရီးယား ခရီးစဉ်ကနေ ရန်ကုန်ကို ပြန်ရောက်ပြီးနောက်တနေ့မှာ ဒီပွဲကိုတက်ရောက် ခဲ့တာ
ဖြစ်ပါတယ်။

အေဂျင်စီသတင်းတချို့မှာ ဒီပွဲတော်အကြောင်း ရေးသားဖော်ပြထားပြီး တပုဒ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဟယ်ရီပေါ်တာစာအုပ်တွေကို အကုန်လုံး ဖတ်ဖြစ်ကြောင်း ရေးထားတာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့
ဆောင်းပါးပေါင်းချုပ်တွေကို ပင်ဂွင်းစာအုပ်တိုက်က ထုတ်ဝေခဲ့ပြီး အကြိမ်ကြိမ် ရိုက်နှိပ်ဖြန့်ဝေနေတဲ့အတွက် ကမ္ဘာအရပ်ရပ် စာအုပ်ဆိုင်ကြီးများမှာ သူ့စာအုပ်တွေကို တင်ထားတာ တွေ့ရမှာ
ဖြစ်ပါတယ်။

Irrawaddy Literary Festival လို့ အမည်ပေးထားတဲ့ ဒီစာပေပွဲတော်ကို
မြန်မာပြည်ဆိုင်ရာ  ဗြိတိသျှ သံအမတ်ရဲ့ ဇနီး Jane Heyn က စီစဉ်တာလို့ သိရပါတယ်။

ဧရာဝတီလူငယ်တွေ စာဖတ်ကြပါလို့ စနေနေ့က ရန်ကုန်မြို့ ဧရာဝတီစာပေ ပွဲတော်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက် ပါ တယ်။

အစိုးရနဲ့ KIO ရွှေလီမှာ ရက်ပိုင်းအတွင်းဆွေးနွေးမည်

Photo: အစိုးရနဲ့ KIO ရွှေလီမှာ ရက်ပိုင်းအတွင်းဆွေးနွေးမည်
Sunday, February 03, 2013

အစိုးရတပ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လက်နက်ကိုင်
KIA တို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဆုံးသတ်ရေးအတွက် အစိုးရနဲ့ ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံမှာ ဆွေးနွေးဖို့ သဘောတူလိုက်ပြီလို့ KIA က ပြောလိုက်ပါတယ်။

မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO ကြား ဆွေးနွေးပွဲကို တရုတ်အစိုးရက သက်သေအဖြစ်နဲ့ရော ကြားဝင်စေ့စပ်တဲ့အခန်းကဏ္ဍ အဖြစ်ပါ ဆောင်ရွက်မှာဖြစ်တယ် လို့ KIA က စနေနေ့က အသိပေး
ထုတ်ပြန်တဲ့အကြောင်း ရိုက်တာ သတင်းထဲမှာ ဖော်ပြထားတာပါ။

နှစ်ဘက်ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့မှာ တနင်္လာနေ့ကျရင် စတင်မယ်လို့လည်း အဲဒီ သတင်းထဲမှာ ဖော်ပြထားပါတယ်။ KIO နဲ့ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် အရင်ကလည်း ရွှေလီမှာ ၃ ကြိမ်
တွေ့ဆုံခဲ့ဖူးပါတယ်။

အရင် စစ်အစိုးရထက်ထက်က KIO နဲ့ ရရှိထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ၂၀၁၁ ခုနှစ်ထဲမှာ ပျက်ပြားသွားခဲ့တဲ့နောက်ပိုင်း အစိုးရတပ်တွေနဲ့ KIA ကြားမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ခဲ့တာမှာ ပြီးခဲ့တဲ့ လအတွင်း တိုက်ပွဲတွေ ပြင်းထန်လာခဲ့တဲ့အတွက် အိမ်နီးချင်း တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

UWSA ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ရဲ့ အထူးဒေသထဲမှာ
KIO ကချင်အဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ နှစ်ဘက်လုံးက လက်ခံသဘောတူတယ် ဆိုတာကို ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ UWSA က ပြောကြားခဲ့ပါသေးတယ်။

ဗွီအိုအေအစိုးရတပ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ လက်နက်ကိုင်
KIA တို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ အဆုံးသတ်ရေးအတွက် အစိုးရ နဲ့ ရှေ့သီတင်းပတ်ထဲ တရုတ်နိုင်ငံမှာ ဆွေးနွေးဖို့ သဘောတူလိုက်ပြီလို့ KIA က ပြောလိုက်ပါတယ်။

Saturday, 2 February 2013

Photo: စွန့်ပစ် ဆေးလိပ်တိုများမှ တစ်ဆင့် လူသုံး ပလတ်စတစ် ပစ္စည်းများ ထုတ်လုပ်

Saturday, February 02, 2013

အမေရိကန် ပြည်ထောင်စု နယူးဂျာစီ ပြည်နယ် ထရန်တွန်မြို့တွင် စွန့်ပစ် ပစ္စည်းများဖြင့် စွန့်ဦး တီထွင်သူ စီးပွားရေး စွမ်းဆောင်ရှင် တစ်ဦးသည် စွန့်ပစ်ထားသော ဆေးလိပ်တို များမှ တစ်ဆင့် ပလတ် စတစ် ပစ္စည်းများ ထုတ်လုပ်ရာတွင် ပါဝင်သော ပစ္စည်း တစ်မျိုးကို ထုတ်လုပ် နိုင်ခဲ့ကြောင်း သိရသည်။

တွန်ဆာကီ အမည်ရှိ အသက် ၃ဝ အရွယ် အမျိုးသား တစ်ဦးသည် ပရင်စတန် တက္ကသိုလ်မှ ထွက်၍ နယူးဂျာစီ ပြည်နယ် ထရန်တွန်မြို့တွင် Terra-Cycle တီထွင်မှု ကုမ္ပဏီကို ထူထောင်ခဲ့သည်။ ကနေဒါ၊ အမေရိကန်နှင့် စပိန် နိုင်ငံတို့တွင် ယခုလက်ရှိ လုပ်ငန်းလည် ပတ် နေသော Terra-Cycle ကုမ္ပဏီသည် စေတနာ့ ဝန်ထမ်းများထံမှ ဆေးလိပ်တိုများ စုဆောင်းပြီး လူသုံးကုန် ပစ္စည်းထုတ်လုပ် နိုင်သော ပလတ်စတစ်ကို ထုတ်လုပ် ခဲ့သည်။ွှ Terra-Cycle ကုမ္ပဏီသည် ကမ္ဘာ တစ်ဝန်းရှိ စွန့်ပစ်ထားသော ဆေးလိပ်တိုများကို စုဆောင်း ရယူခဲ့ပြီး ပထမအဆင့် အနေဖြင့် ဆေးရွက်ကြီး လက်ကျန်နှင့် စက္ကူတို့ အပါအဝင် ဆေးလိပ်တိုကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ချေဖျက်ခဲ့သည်။

ထို့နောက် ဒုတိယအဆင့် အနေဖြင့် ပလတ်စတစ် ပြုလုပ်ရန် အရည်

ကျိုပြီး စက်မှုလုပ်ငန်းသုံး ပလတ်စတစ် ပစ္စည်းများ ထုတ်လုပ် ရာတွင် အသုံးပြု နိုင်သော ပစ္စည်းသစ် တစ်မျိုး အဖြစ်သို့ ပြောင်းလဲ ထုတ်လုပ်

နိုင်ခဲ့ကြောင်း သိရသည်။

Terra-Cycle စက်ရုံမှ ဖျော်ရည်ထုပ် ပိုးခွံများ၊ ပလတ်စတစ် ဘူးခွံများ၊ ဘောပင်များ၊ ကော်ဖီ ထုပ်ပိုးခွံများ၊ သကြားလုံး ထုပ်ပိုးပလတ် စတစ်များ၊ သွားပွတ်တံ များနှင့် ကွန်ပျူတာ ကီးဘုတ်များ ထုတ်လုပ်သည်။ စီးကရက်တို အလိပ် ၂ဝဝဝ ခန့်လျှင် ပလတ်စတစ် ဆေးလိပ်ပြာခွက် တစ်ခု ပြုလုပ်နိုင်ပြီး ဆေးလိပ်တို ၂ဝဝဝဝဝ ကျော်ဖြင့် ပန်းဥယျာဉ်သုံး ကုလားထိုင် တစ်လုံး ပြုလုပ်နိုင်သည်။ တစ်နှစ်လျှင် ဆေးလိပ်တို နှစ်ထရီ လီယံခန့် စွန့်ပစ်နေပြီး ကမ္ဘာတစ်ဝန်းရှိ အမှိုက်များ၏ ၃၇ ရာခိုင်နှုန်းသည်

ဆေးလိပ်တိုများ ဖြစ်ခြင်းကြောင့် ဆေးလိပ်တို ကုန်ကြမ်းများ ပြတ်လပ်ရန် ပူပင်စရာ မလိုကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/5966-2013-02-02-09-08-01#.UQyVcPJafro

မြ၀တီ
အမေရိကန် ပြည်ထောင်စု နယူးဂျာစီ ပြည်နယ် ထရန်တွန်မြို့တွင် စွန့်ပစ် ပစ္စည်းများဖြင့် စွန့်ဦး တီထွင်သူ စီးပွားရေး စွမ်းဆောင်ရှင် တစ်ဦးသည် စွန့်ပစ်ထားသော ဆေးလိပ်တို များမှ တစ်ဆင့် ပလတ် စတစ် ပစ္စည်းများ ထုတ်လုပ်ရာတွင် ပါဝင်သော ပစ္စည်း တစ်မျိုးကို

စွန့်ပစ် ဆေးလိပ်တို များမှ တစ်ဆင့် လူသုံး ပလတ်စတစ် ပစ္စည်း များ ထုတ်လုပ်

Photo: စွန့်ပစ် ဆေးလိပ်တိုများမှ တစ်ဆင့် လူသုံး ပလတ်စတစ် ပစ္စည်းများ ထုတ်လုပ်

Saturday, February 02, 2013

အမေရိကန် ပြည်ထောင်စု နယူးဂျာစီ ပြည်နယ် ထရန်တွန်မြို့တွင် စွန့်ပစ် ပစ္စည်းများဖြင့် စွန့်ဦး တီထွင်သူ စီးပွားရေး စွမ်းဆောင်ရှင် တစ်ဦးသည် စွန့်ပစ်ထားသော ဆေးလိပ်တို များမှ တစ်ဆင့် ပလတ် စတစ် ပစ္စည်းများ ထုတ်လုပ်ရာတွင် ပါဝင်သော ပစ္စည်း တစ်မျိုးကို ထုတ်လုပ် နိုင်ခဲ့ကြောင်း သိရသည်။

တွန်ဆာကီ အမည်ရှိ အသက် ၃ဝ အရွယ် အမျိုးသား တစ်ဦးသည် ပရင်စတန် တက္ကသိုလ်မှ ထွက်၍ နယူးဂျာစီ ပြည်နယ် ထရန်တွန်မြို့တွင် Terra-Cycle တီထွင်မှု ကုမ္ပဏီကို ထူထောင်ခဲ့သည်။ ကနေဒါ၊ အမေရိကန်နှင့် စပိန် နိုင်ငံတို့တွင် ယခုလက်ရှိ လုပ်ငန်းလည် ပတ် နေသော Terra-Cycle ကုမ္ပဏီသည် စေတနာ့ ဝန်ထမ်းများထံမှ ဆေးလိပ်တိုများ စုဆောင်းပြီး လူသုံးကုန် ပစ္စည်းထုတ်လုပ် နိုင်သော ပလတ်စတစ်ကို ထုတ်လုပ် ခဲ့သည်။ွှ Terra-Cycle ကုမ္ပဏီသည် ကမ္ဘာ တစ်ဝန်းရှိ စွန့်ပစ်ထားသော ဆေးလိပ်တိုများကို စုဆောင်း ရယူခဲ့ပြီး ပထမအဆင့် အနေဖြင့် ဆေးရွက်ကြီး လက်ကျန်နှင့် စက္ကူတို့ အပါအဝင် ဆေးလိပ်တိုကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ချေဖျက်ခဲ့သည်။

ထို့နောက် ဒုတိယအဆင့် အနေဖြင့် ပလတ်စတစ် ပြုလုပ်ရန် အရည်

ကျိုပြီး စက်မှုလုပ်ငန်းသုံး ပလတ်စတစ် ပစ္စည်းများ ထုတ်လုပ် ရာတွင် အသုံးပြု နိုင်သော ပစ္စည်းသစ် တစ်မျိုး အဖြစ်သို့ ပြောင်းလဲ ထုတ်လုပ်

နိုင်ခဲ့ကြောင်း သိရသည်။

Terra-Cycle စက်ရုံမှ ဖျော်ရည်ထုပ် ပိုးခွံများ၊ ပလတ်စတစ် ဘူးခွံများ၊ ဘောပင်များ၊ ကော်ဖီ ထုပ်ပိုးခွံများ၊ သကြားလုံး ထုပ်ပိုးပလတ် စတစ်များ၊ သွားပွတ်တံ များနှင့် ကွန်ပျူတာ ကီးဘုတ်များ ထုတ်လုပ်သည်။ စီးကရက်တို အလိပ် ၂ဝဝဝ ခန့်လျှင် ပလတ်စတစ် ဆေးလိပ်ပြာခွက် တစ်ခု ပြုလုပ်နိုင်ပြီး ဆေးလိပ်တို ၂ဝဝဝဝဝ ကျော်ဖြင့် ပန်းဥယျာဉ်သုံး ကုလားထိုင် တစ်လုံး ပြုလုပ်နိုင်သည်။ တစ်နှစ်လျှင် ဆေးလိပ်တို နှစ်ထရီ လီယံခန့် စွန့်ပစ်နေပြီး ကမ္ဘာတစ်ဝန်းရှိ အမှိုက်များ၏ ၃၇ ရာခိုင်နှုန်းသည်

ဆေးလိပ်တိုများ ဖြစ်ခြင်းကြောင့် ဆေးလိပ်တို ကုန်ကြမ်းများ ပြတ်လပ်ရန် ပူပင်စရာ မလိုကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/5966-2013-02-02-09-08-01#.UQyVcPJafro

မြ၀တီ
အမေရိကန် ပြည်ထောင်စု နယူးဂျာစီ ပြည်နယ် ထရန်တွန်မြို့တွင် စွန့် ပစ် ပစ္စည်းများဖြင့် စွန့်ဦးတီထွင်သူ စီးပွားရေးစွမ်းဆောင်ရှင် တစ်ဦး သည် စွန့်ပစ်ထားသော ဆေးလိပ်တိုများမှ တစ်ဆင့် ပလတ်စတစ် ပစ္စည်းများ ထုတ်လုပ်ရာတွင်ပါဝင်သော ပစ္စည်းတစ်မျိုးကို ထုတ် လုပ် နိုင်ခဲ့ကြောင်းသိရသည်။

အင်ပါယာတေးဂီတအဖွဲ့ ဂျပန်နိုင်ငံမှာ ရံပုံငွေပွဲ ဖျော်ဖြေမယ်

ဂျပန်သို့ တေးဂီတဖျော်ဖြေရန် ဖေဖော်ဝါရီလ ၁ ရက်နေ့ က ရောက်ရှိ လာတဲ့ အင်ပါယာတေးဂီတ အဖွဲ့ သားတွေဟာ ယနေ့ နံနက်တွင် ကမာကူရဘုရားသို့ ဘုရားဖူးဖို့ ရောက်လာခဲ့ကြပါတယ်။

အင်ဒိုနီးရှား နိုင်ငံတွင် မီးတောင် ပေါက်ကွဲမှု ဖြစ်ပွား

Photo: အင်ဒိုနီးရှား နိုင်ငံတွင် မီးတောင် ပေါက်ကွဲမှု ဖြစ်ပွား
Saturday, February 02, 2013

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်း ဆူလာဝီဆီ ပြည်နယ် မြောက်ပိုင်းရှိ လိုကွန် မီးတောင်သည် ဇန်နဝါရီ ၃၁ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကောင်းကင်
အတွင်းသို့ ပြာမှုန့်များ မီတာ ၈ဝဝ အမြင့်ထိ မှုတ်ထုတ် ခဲ့ကြောင်း အမျိုးသား မီးတောင်ဗေဒ ဆိုင်ရာ အေဂျင်စီ အကြီးအကဲ ဆူရိုနိုက ပြောကြားခဲ့သည်။

အဆိုပါ မီးတောင်သည် ဇန်နဝါရီ ၃၁ ရက် ဒေသ စံတော်ချိန် နံနက် ၆ နာရီ ၅၆ မိနစ် အချိန်က ပထမ အကြိမ် ပေါက်ကွဲခဲ့ပြီး ပြာများ မီတာ ၈ဝဝ အမြင့်ထိ မှုတ်ထုတ်ခဲ့ကြောင်းနှင့် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီ ၄၄ မိနစ် အချိန်က ဒုတိယ အကြိမ် ထပ်မံ ပေါက်ကွဲခဲ့ပြီး ပြာများကို အဆက်မပြတ် မှုတ်ထုတ်ခဲ့ကြောင်း ဆူရိုနိုက ပြောကြားသည်။
အဆိုပါ မီးတောင်သည် မကြာခဏ လှုပ်ခတ် နေသော်လည်း လှုပ်ခတ်မှုမှာ အားနည်း နေသောကြောင့် ဘေးအန္တရာယ် ဇုန်အဖြစ် ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း ၎င်းက ဆင်ဟွာ သတင်းဌာနသို့ တယ်လီဖုန်းဖြင့် ပြောကြား ခဲ့သည်။

မိမိတို့ အနေဖြင့် မီးတောင် ပေါက်ကွဲ နိုင်ဖွယ်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း၍ သတိပေးချက်ကို ချက်ချင်း ထုတ်ပြန် ခဲ့သော်လည်း ဇန်နဝါရီ ၃၁ရက်က ဒုတိယ အကြိမ် ထပ်မံပေါက်ကွဲ ခဲ့ပြီးနောက် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း ဆူရိုနိုက ပြောကြားခဲ့သည်။

အဆိုပါ မီးတောင်သည် ၂ဝ၁၁ ခုနှစ် ဇူလိုင်လက ပေါက်ကွဲ ခဲ့မှုကြောင့် ဆူလာဝီဆီ ပြည်နယ် မြောက်ပိုင်း မြို့တော် မာနာဒို အီမြို့တွင် လေကြောင်း ခရီးစဉ်များ နှောင့်နှေး ခဲ့ရသည်။

အင်ဒိုနီးရှား နိုင်ငံသည် ကျွန်း ၁၇၅ဝဝ ခန့်ဖြင့် ဖွဲ့စည်းထားသော ကျွန်းစုနိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး မီးတောင်ရှင် ၁၂၉ ခုရှိကြောင်း သိရသည်။

http://www.mwdmedia.net/2013/02/blog-post_8126.html

Myawady Newsအင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်း ဆူလာဝီဆီ ပြည်နယ် မြောက်ပိုင်းရှိ လိုကွန် မီးတောင်သည် ဇန်နဝါရီ ၃၁ ရက်က ပေါက်ကွဲ မှု ဖြစ်ပွား

လယ်/ဆည်မှ သိမ်းယူထားသော လယ်ယာမြေ များစွာရှိကြောင်း နိုင်ငံတော်သမ္မတ ဆို

Photo: လယ်/ဆည်မှ သိမ်းယူထားသော လယ်ယာမြေ များစွာရှိကြောင်း
နိုင်ငံတော်သမ္မတ ဆို
Saturday, February 02, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ပိုင်းတွင် ပဲခူးတိုင်း၊တောင်ငူခရိုင်၊ညောင်ပင်သာ ကျေးရွာ အဆင့်မြင့်စက်မှု
လယ်ယာ ဘက်စုံသီးနှံ ဧက (၂၀၀၀) စံပြ ပြောင်းစိုက်ကွင်း သို့
လာရောက်ကြည့်ရှု ခဲ့ပြီး ညောင်ပင်သာ ကျေးရွာမှ တောင်သူ ၁၀၀ ကျော်နှင့် တွေ့ဆုံခဲ့သည်။

ယင်းတွေ့သို့တွေ့ဆုံရာတွင် တောင်သူများ၏ လယ်မြေ ဧက များကို ပြင်ဆင်စိုက်ပျိုးခြင်းကို အဓိကထား ပြောကြားပြီး လက်ရှိတွင် ဥပဒေအရ ဘဏ်တွင် ပေါင်နှံကာ ရရှိသည့် ငွေကြေးဖြင့်
လယ်ယာ လုပ်ကိုင်ခွင့် ကို ရင်းနှီးမြုပ်နှံရန်နှင့် မိသားစု၏
ဖူလုံရေးကို လုပ်ကိုင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊
စပါး စိုက် ပျိုးခြင်းနှင့် ပတ်သတ်၍ မိမိတို့တောင်သူများ ဆန္ဒ ရှိသည့်
စပါးကို သာ အားဖြည့် စိုက်ပျိုးစေလိုပြီး ပုလဲသွယ်စပါးမျိုးကို စမ်းသပ်ပြီး ကြိုက်နှစ်သက်မှသာစိုက်ပျိုးကြရန် နှင့် လယ်ယာမြေတန်ဖိုးတက်စေရန်
မိမိတို့တောင်သူများမှ အားထည့် လုပ်ဆောင်ရန် လိုပြီး တိုင်းပြည်၏ ၀င်ငွေအချိုးကို ပြည်သူ၏ ၀င်ငွေတိုးတက်မှု ဖြင့် အဆင့်ဆင့် လုပ်ကိုင် ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ၏ ပြောကြားချက်အရ မွန်ပြည်နယ်တွင် လယ်/ဆည်မှ သိမ်းယူထားသော လယ်ယာမြေများ များစွာရှိကြောင်း၊ယင်းလယ်ယာမြေ
များကို တောင်သူလုပ်ကိုင်စားသောက်ရန် ပြန်ပေးသင့်သည်များကို
ပြန်ပေးရန်နှင့် စိုက်ပျိုးမြေများကို ဆုံးရှုံးမှု မရှိစေရန် ဦးမြင့်လှိုင်အား သွားရောက်လုပ်ကိုင်ရန်ပြောကြားခဲ့သည်။

သမ္မတ ၏ ခရီးစဉ်တွင် ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသော
ပြည်ထဲရေးဝန်ကြီးဌာန မှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ဦးသိန်းညွန့်(နေပြည်တော်ကောင်စီနယ်မြေ ) ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့် ၊ လယ်/ဆည် ၀န်ကြီးဌာနမှ ဦးမြင့်လှိုင်၊ဦးအုန်းမြင့် (မွေး/ရေ )နှင့် လွှတ်တော်မှ ကိုယ်စားလှယ်အချို့လိုက်ပါခဲ့သည်။

ယနေ့ခရီးစဉ်တွင် ရန်ကုန် နေပြည်တော် အဝေးပြေး(အမြန်)လမ်း
မှ ကျွန်းစိုက်ခင်းများကိုပါ သွားရောက်ကြည့် ရှုခဲ့ကြောင်းသိရသည်။

ဓါတ်ပုံ အောင်ထက် (NYK)
Popular Myanmar News Journalနိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ယနေ့နံနက် ပိုင်းတွင် ပဲခူးတိုင်း ၊ တောင် ငူ ခရိုင်၊ညောင်ပင်သာ ကျေးရွာ အဆင့်မြင့်စက်မှု လယ်ယာ ဘက်စုံသီးနှံဧက (၂၀၀၀) စံပြ ပြောင်းစိုက်ကွင်း သို့ လာရောက် ကြည့်ရှုခဲ့ပြီး ညောင်ပင်သာ ကျေးရွာမှ တောင်သူ ၁၀၀ ကျော်နှင့် တွေ့ ဆုံ ခဲ့သည်။

တရုတ်တွင် မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကားတစ်စီး ပေါက်ကွဲမှုကြောင့် မိုးပျံလမ်းမ ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံး

Photo: တရုတ်တွင် မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကားတစ်စီး
ပေါက်ကွဲမှုကြောင့် မိုးပျံလမ်းမ ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံး
Saturday, 02 February 2013

မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီးသည် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မိုးပျံလမ်းမတစ်ခုပေါ်တွင် ပေါက်ကွဲမှု
ဖြစ်ပွားခြင်းကြောင့် ယီချန်တံတား ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း
သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့်ဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပြိုကျမှုကြောင့် တွန့်လိမ်ကောက်ကွေးသွားသော ကားများနှင့် အပျက်အစီးများကို နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

ဟီနန်ပြည်နယ်ရှိ တရုတ်နိုင်ငံ၏ အရှည်ဆုံးလမ်းဖြစ်သော G 30 အမြန်လမ်းမပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် လမ်းပိုင်းအများ အပြားပျက်စီးခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် လူလေးဦး သေဆုံးခဲ့သည်ဟု
နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် တရုတ်
အသံလွှင့်ဌာနကမူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ၎င်း၏ ၀က်ဘ်ဆိုက်တွင် ကနဦးတွင် ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ထပ်မံဖော်ပြမှု မရှိတော့ပေ။

ပြိုကျခဲ့သော ယီချန်တံတားအနီးမှ ဒေသခံများ၏ ပြောကြားချက်အရ တံတားပြိုကျရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း ကျယ်လောင်သော ပေါက်ကွဲသံကြားခဲ့ရပြီး ကုန်တင်ကားမှာ တံတားမပြိုကျမီ သို့မဟုတ် ပြိုကျပြီးမှ ပေါက်ကွဲသည်ကိုလည်း မသိရသေးကြောင်း နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီက ဖော်ပြခဲ့သည်။

အမြန်လမ်း ပြိုကျမှုကြောင့် လမ်းမပေါ်မှ မော်တော်ယာဉ်များစွာ ပြုတ်ကျ
ခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ အရှိန်ဖြင့် ပေါက်ကွဲမှုကြောင့် ကားများစွာသည် လမ်းမပေါ်မှ လွင့်စင်ခဲ့သည်ဟု မျက်မြင်သက်သေများ
က ပြောကြားခဲ့သည်။ တံတားအောက်တွင် မိုးပေါ်ဘီးထောင်နေသော ထရပ်ကားများသုံးစီး အပါအ၀င် လိမ္မော်ရောင် ယူနီဖောင်း ၀တ်ထားသော ကယ်ဆယ်ရေးလုပ်သားများက ကယ်ဆယ်ရေး လုပ်နေပုံများကိုလည်း ထုတ်လွှင့်ပြသခဲ့သည်။

မော်တော်ယာဉ် ခြောက်စီးကို အပျက်အစီးများကြားမှ ပြန်လည်ဆယ်ယူခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်
လုပ်ဆောင်နေဆဲဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။

တံတားပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းတံတားဘေးတွင် တံတားသစ်တစ်ခု စတင်ဆောက်လုပ်နေကြောင်း သိရသည်။ ယခုပြိုကျခဲ့သော တံတားမှာ အရှည် ၄၄၀၀ ကီလိုမီတာ (မိုင် ၂၇၀၀) ရှည်လျားပြီး တရုတ်အနောက်ဖက် ကာဇက်စတန်နယ်စပ်မှ အရှေ့ဖက် ပင်လယ်ဝါအထိ ရောက်ရှိနိုင်ကာ
မြေပြင်ပေါ်မှ အမြင့် မီတာ ၃၀ ရှိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကျရောက်ဆင်နွှဲမည့် နှစ်သစ်ကူး
ပွဲတော်အတွက် လူသန်းပေါင်းများစွာသည် နေရပ်များသို့ ပြန်လာနေရာ
နိုင်ငံတွင်းရှိ လမ်းအများစုမှာ ပြည့်ကျပ်နေပြီး ကမ္ဘာ့အများဆုံး
နှစ်စဉ်ရွှေ့ပြောင်းသွားလာမှု ဖြစ်သည်။ ယင်းအချိန်ကာလမှာ ပွဲတော်အတွက် မီးရှူးမီးပန်းများကို ၀ယ်ယူမှုများပြားနေရာ ယင်းလုပ်ငန်းရှင်များအတွက် စီးပွားရေး အကောင်းဆုံးရာသီ ဖြစ်သည်။

တရုတ်တွင် မကြာသေးမီ နှစ်များအတွင်း တံတားပြိုကျမှု ဖြစ်စဉ်
အချို့ ဖြစ်ပွားခဲ့ပြီး လမ်းပေါ် မတော်တဆမှုများကြောင့် နှစ်စဉ် လူ ၇၀၀၀ ၀န်းကျင် သေဆုံးခဲ့ပြီး လူ ၃၀၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင်
မီဒီယာက ဖော်ပြခဲ့သည်။

Ref: BBC;AFP
Eleven Media Groupမီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီးသည် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မိုးပျံလမ်းမတစ်ခုပေါ်တွင် ပေါက်ကွဲမှု ဖြစ် ပွားခြင်းကြောင့် ယီချန်တံတား ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံး

ဆင်ပစ် မုဆိုးအား ဖမ်းဆီးရမိ

Photo: ဆင်ပစ်မုဆိုးအား ဖမ်းဆီးရမိ
Saturday, 02 February 2013

ချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီ လီမိတက်သည် ဘိုင်းဒါးကြိုးဝိုင်း
အကွက် အမှတ် (၁၀၈၊ ၁၀၉) တွင် ပုဂ္ဂလိကကျွန်း  နှင့် သစ်မာစိုက်ခင်း
စီမံကိန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်မှ စတင်တည်ထောင်စိုက်ပျိုး  လျက်ရှိရာ ပုဂ္ဂလိကကျွန်းစိုက်ခင်းများကို ၂၀၁၂ ခုနှစ်ထိ ဧက ၁၃၀၀ ကောလိကြိုး ၀ိုင်းအတွက်အမှတ် (၅) တွင် ၂၀၁၂ ခုနှစ်အထိသစ်မာမျိုးစုံစိုက်ခင်းဧက ၂၀၀ ကိုအောင်မြင်စွာတည်ထောင်စိုက်ပျိုးခဲ့ပြီး သစ်တောဦးစီးဌာနနှင့် ကုမ္ပဏီတို့စာချုပ်  ချုပ်ဆိုခဲ့ကြပြီးဖြစ်ပါသည်။

ကျွန်တော်စိုက်ခင်းလုပ်ငန်းများကို ထမ်းဆောင်နေစဉ်ကြီးကြပ်ရေးမှူးတစ်ဦး  မှ သတင်းတစ်ခုထူးခြားကြောင်း “တောဆင်များကို သတ်ပြီးအစွယ်နှင့် ဆင်သား ရေ၊ နှာမောင်း၊ အသားမှအစ အရောင်း အ၀ယ်ဖြစ်နေကြောင်း” သတင်းပေးပါ သည်။

အဆိုပါသတင်းကြားရပြီး ဖြစ်ရပ် မှန်ပေါ်ပေါက်ရေးအတွက် နည်းမျိုးစုံဖြင့် စုံစမ်းထောက်လှမ်းလျက်ရှိပါသည်။

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက် နေ့ ညနေ့ပိုင်းကြီးကြပ်ရေးမှူး ဦးမောင် လွင်နှင့် ဦးတင်ဌေးတို့ စိုက်ခင်းမီးတား လမ်းများ ဖောက်လုပ်ခြင်းမှာ အပြန် “အဘ ဒီနေ့ထူးခြားဖြစ်စဉ်တစ်ခုတင်ပြလို ကြောင်း ဘိုင်းဒါကြိုးဝိုင်း
အကွက်အမှတ် (၁၀၉) ကျွန်းစိုက်ခင်း ၂၀၁၁-၂၀၁၂ စိုက်ခင်းနှင့် မီတာ
၄၀၀ ခန့်အကွာလျှို ထဲမှ တူမီးသေနတ်သံ (၂) ချက်ကြားရ ကြောင်း တင်ပြလာသည်။

ပဲခူးအနောက် ဆင်ပစ် မုဆိုးအန္တရာယ် ကို ကြောက်ရွံ့ပြီး ပဲခူးအရှေ့သို့ ဆင်များ  ပြောင်းရွေ့နေထိုင်ကြသည်။ ၁၀.၁. ၂၀၁၃ နေ့ စခန်းရုံးနှင့် မီတာ ၄၀၀ ခန့် အကွာ ၁၂ ခန့်အမြင့်ရှိ ဟိုင်းဆင်ကြီး တစ်ကောင်ရောက်နေ
ကြောင်း သိရသဖြင့်  သွားရောက်ဓာတ်ပုံရိုက်ခြင်း၊ ညနေစောင်း မပြန်မီ “မင်း ဒို့စခန်းလဲလာလို့ရကြောင်း” အမှတ်မထင်ပြောခဲ့သည်။

ယင်းနေ့ည ၇း၃၀ နာရီခန့် စခန်းရုံးကာရံထားသည့်  ၀ါးခြံစည်းရိုးအား
ဖြုတ်ပြီးထမင်းချက်ခန်း   အနီးသို့ရောက်လာသဖြင့် ပန်းသီးတစ်ခြမ်း
ကျွေးပြီး ပြန်သွားရန်ပြောလိုက်ရာ တောတွင်းဝင်သွားခဲ့သည်။

ကြီးကြပ်ရေးမှူး နှစ်ဦးတင်ပြသည့် ထူးခြားဖြစ်စဉ်ကို သုံးသပ်ကြည့်ပြီး ၂၈.၁.၂၀၁၃ ညနေ ၅း၃၀ နာရီခန့် ကျောက်တံခါးမြို့နယ် သစ်တော ဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးညွန့်ဝင်း ထံဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့သည်။

ဦးညွန့်ဝင်းမှ “ကျွန်တော်ယခု ပဲခူးတိုင်းရုံး အစည်းအဝေးခန်းမတွင် ရှိနေပါကြောင်း  တောအုပ်ဦးမင်းသန့်ဇင်ထံ ဖုန်းဖြင့် ဆက်သွယ်ပြီး ကျွန်တော်မှာကြားကြောင်း  ပြောရန်” ပြန်ကြားလာသည်။ ဦးစီးအရာရှိ ဦးညွန့်ဝင်း၏ညွှန်ကြားချက်ဖြင့် ညပိုင်း တွင်အဖွဲ့ (၃) ဖွဲ့ခွဲပြီး လုပ်ငန်းစတင်ကြပါသည်။

၂၀၁၃ ဇန်န၀ါရီလ (၂၉) ရက် နံနက်  (၇း၀၀) နာရီခန့် တောအုပ်
မင်းသန့်ဇင်၊ တောခေါင်းတင်ထွန်းမင်း၊ ကျန်ချောင်း  ရဲကင်းမှ ရဲတပ်ကြပ် ထွေးဝင်း၊ ရဲဒုတပ် ကြပ်ဇော်မျိုးလှိုင်၊ ချင်းတွင်းမြစ်ကြောင်း  စီမံကိန်းကုမ္ပဏီမှ ကြီးကြပ်ရေးမှူး ဦးမောင်လွင်တို့ပါဝင်သောအဖွဲ့သည် တူမီးသေနတ်သံကြားသည့် ၂၀၁၁-၂၀၁၂ စိုက်ခင်းနေရာအကြား လျှိုအတွင်းသို့သွား ရောက်ရှာဖွေကြစဉ် ဆင်သားရေများ မီးကင်ရန်
ကြတ်စင်ဆောက်ရန် မျောသစ်  လုံးများခုတ်ယူနေသူ တစ်ဦးအားတွေ့ရှိ ၍ ရဲဒုတပ်ကြပ်ဇော်မျိုးလှိုင်မှ စတင်ဝင် ရောက်ဖမ်းဆီးပြီး စစ်ဆေးရာအုတ်ဖို့မြို့ နယ်၊ ၀ိုင်းအုပ်စု၊ ချောင်းစောက်ရွာမှ မင်းမင်း (ခ) အောင်ထွန်းမင်းဖြစ်ကြောင်း
သူကိုယ်တိုင်ဆင်အားတူမီးသေနတ်ဖြင့် (၂) ကြိမ်ပစ်၍ သတ်ခဲ့ကြောင်း သူနှင့် အတူ ထွန်းထွန်းဦး၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့နှင့် နတ္တလင်းမြို့၊ ပဲခူးအနောက် ကွင်းစမ်းကျေးရွာ စိုးလွင်တို့ ဆင်သေအနီး  ကြတ်စင်
ဆောက်လုပ်နေကြောင်း တူမီး  သေနတ်အား ကျောပိုးအိတ်ပေါ်တင်ထား  ခဲ့ကြောင်းထွက်ဆိုပြောကြားသည်။

မြို့ချောင်းရဲစခန်းသို့ အကူအညီ တောင်းခံခဲ့သည်။ မြို့နယ်သစ်တောဦးစီး အရာရှိ ဦးညွန့်ဝင်း၊ မြို့ချောင်းရဲစခန်းမှ ဒုရဲအုပ် ထွန်းလင်းအောင်၊ သိန်းဗိုလ်၊ ကျန်ချောင်းရဲကင်းမှ ရဲအရာခံ ကြာညွန့် နှင့် ချင်းတွင်းမြစ်ကြောင်းစီမံကိန်း
ကုမ္ပဏီ မှ အထွေထွေမန်နေဂျာဦးအောင်ဖိုး၊လ/ထမန်နေဂျာဒေါ်ရတနာ
သိန်းနှင့်ဂျို့ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါ ၀င်သော ဖမ်းဆီးရေး
အဖွဲ့သည်ဆင်သေ ရှိရာ လျှိုအတွင်းပိုင်းအထိဝင်ရောက်စစ် ဆေးရှာဖွေရာ သားရေများခွာထားသည့် (၁၅) နှစ်သားအရွယ် အမြင့် ၇ ပေခွဲခန့် ရှိ ဆင်သေအားတွေ့ရှိသည်။

ယင်းအနီး တွင် ကျောပိုးအိတ်ကို တွေ့သော်လည်း တူမီးသေနတ်အား
မတွေ့ရှိတော့ကြောင်း အပေါင်းပါ (၂) ဦးလည်း ထွက်ပြေးသွား ကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးမိုင်တိုင် ၇၅ မိုင် ၁ ဖာလုံလမ်း အနောက်ဘက်တောစပ်တွင် ၀ှက်ထား သည့်လော်ဂျာ အနက်ရောင်
မော်တော် ဆိုင်ကယ်တစ်စီးအား သိမ်းဆည်းရမိခဲ့ သည်။

ဆင်ပစ်သူ မင်းမင်း (ခ) အောင်ထွန်း  မင်းအား မြို့နယ်သစ်တော
ဦးစီးဌာနမှ ဦးစီးအရာရှိဦးညွန့်ဝင်းမှ ဆက်လက်စစ် ဆေးမေးမြန်းရာ ဆင်သားရေကိုကြတ် တိုက်ပြီး တစ်ပိဿာတစ်သောင်းခွဲကျော် ဖြင့်
ရောင်းရကြောင်း၊ ဆင်နှာမောင်းကို  အစိမ်းရေခဲစိမ်ပြီး တရုတ်နယ်စပ်သို့ ပို့ကြောင်းတစ်ပိဿရှစ်သောင်းကျပ်ရောင်း ရကြောင်း၊ အစွယ် တစ်ပိဿကျပ်ငါးသိန်း ဖြင့် ရောင်းရကြောင်း ၂၀၁၂ ခုနှစ်၊ ဧပြီ လ အတွင်းကလည်းယခုကဲ့သို့ဆင်အား ပစ်သတ်ပြီးရောင်းခဲ့ဘူးကြောင်း သူကဲ့သို့ ဆင်ပစ်အဖွဲ့ (၆) ဖွဲ့ခန့်ရှိကြောင်း ရဲနွယ် ချောင်းဘက် တွင်ရှိကြောင်း ပြောကြား သည်။

ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် အရေး ယူဆောင်ရွက်လျက်ရှိပြီး အမှုကို ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းရဲစခန်း မှ (ပ) ၉/ ၂၀၁၃၊ တောရိုင်းတိရစ္ဆာန်နှင့်  သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ များ ပုဒ်မ ၃၇ (က) အရ အမှုဖွင့်အရေး ယူလျက်ရှိသည်။

မောင်ဘုန်း (ဥပဒေ)
The Hot Newsချင်းတွင်းမြစ်ကြောင်း စီမံကိန်းကုမ္ပဏီ လီမိတက်သည် ဘိုင်းဒါးကြိုးဝိုင်း
အကွက် အမှတ် (၁၀၈၊ ၁၀၉) တွင် ပုဂ္ဂလိကကျွန်း နှင့် သစ်မာစိုက်ခင်း
စီမံကိန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်မှ စတင်တည်ထောင်စိုက်ပျိုး

အစိုးရထိုးစစ်ရပ်ရင် ကချင်အတိုက်ရပ်မည်

အစိုးရစစ်တပ်ဖက်က ထိုးစစ်ဆင်တာတွေရပ်တန့်မယ်ဆိုရင် ကချင် လွတ်လပ်ရေးအဖွဲ့ KIOက လည်း ပြဿနာဖြစ်စေမယ့် စစ်ရေးလှုပ်ရှား မှုတွေ ပြုလုပ်မှာ မဟုတ်တဲ့အကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန် လိုက်တဲ့အပေါ် ဒေသခံပြည်သူတွေကကြိုဆိုလိုက်ပါတယ်။ ကချင်ဒေ သခံပြည်သူတွေကတော့ ဒီကြေညာချက်ကို နှစ်ဖက်လုံးက လိုက်နာပြီး

အာဆီယံပေါင်းစည်းမှု အခက်အခဲတွေ ရှိနိုင်

၂၀၁၅ ခုနှစ် မတိုင်ခင် တခုထဲသော လူ့အဖွဲ့အစည်း ကြီးဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတဲ့ အာဆီယံ အဖွဲ့ကြီးအနေနဲ့ အခက်အခဲတွေကို ရင် ဆိုင်ရလိမ့်မယ်လို့ အာဆီယံဒေသ အကြောင်းကို လေ့လာနေတဲ့ ပညာ ရှင်တွေက ပြောလိုက်ပါတယ်၊ အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံ အနေနဲ့ တခုတည်းသော လူ့အဖွဲ့အစည်းဖြစ်အောင် ပေါင်းစည်းဖို့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နှင့် တောင်ကိုးရီယား ခရီးစဉ်များမှ ပြန်လည်ရောက်ရှိ

2.2.01အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံသို့ ၈ ရက်ကြာခရီး သွားရောက်ခဲ့ရာ ဖေဖော်ဝါရီလ ၁ ရက် ည ၁၀ နာရီ ၃၅ မိနစ် တွင် တောင်ကိုရီးယားနိုင်ငံမှ Korean Air KE
471 လေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်း သတင်းရရှိသည်။

မော်လမြိုင်-ရန်ကုန် ကျည်ဆန် ရထားလမ်း ဖောက်မည်

မော်လမြိုင်-ရန်ကုန် ကျည်ဆန် ရထားလမ်း ဖောက်လုပ်ရန် မွန်ပြည် နယ် ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ ကုမ္ပဏီ တွေ့ဆုံ

မွန်ပြည်နယ် အစိုးရ အဖွဲ့ ရုံးခန်းမ၌ ဇန်နဝါရီ ၂၉ရက် မွန်းလွဲ ၂ နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ထိုင်းနိုင်ငံ AmmitaCo မှ

တတိယတန်း ကျောင်းသူ အဓ္ဓမပြုကျင့်ခံရမှုဖြင့် ရဲစခန်းမှ အမှုဖွင့်

ကယားပြည်နယ် ဖရူဆိုမြို့ လောဘူးဒါး အ.မ.က ကျောင်းမှ တတိယတန်း ကျောင်းသူအား စစ်လေ့ ကျင့် ရေးကျောင်း ဆောက်လုပ်ရေးအလုပ်သမားတဦးမှ တောထဲသို့ခေါ်ဆောင်သွားခြင်းနဲ့ ပါတ်သက်လို့ ယမန်နေ့က အဓ္ဓမပြုကျင့်မှုဖြင့် ရဲစခန်းမှအမှုဖွင့်လှစ်လိုက်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့အသိပေးတင်းပြချက်

Ref: 2.2.2013 ရက်နေ့ထုတ်ကြေးမုံသတင်းစာ

ကုလသမဂ္ဂသည် အစ္စရေး တပ်ဖွဲ့ဝင် များမှ ကျည်စစ် ကျည်မှန်များ အသုံးပြု၍ ပါလက်စတိုင်း တက်ကြွ လှုပ်ရှား သူများအား တားဆီး ခဲ့မှုကြောင့် စိုးရိမ်

ကုလသမဂ္ဂသည် အစ္စရေး တပ်ဖွဲ့ဝင် များမှ ကျည်စစ် ကျည်မှန်များ အသုံးပြု၍ ပါလက်စတိုင်း တက်ကြွ လှုပ်ရှား သူများအား တားဆီး ခဲ့မှုကြောင့် စိုးရိမ်

ကုလသမဂ္ဂသည် အစ္စရေး တပ်ဖွဲ့ဝင် များမှ ကျည်စစ် ကျည်မှန်များ အသုံးပြု၍ ပါလက်စတိုင်း တက်ကြွ လှုပ်ရှား သူများအား တားဆီး ခဲ့မှုကြောင့် ထိခိုက် ဒဏ်ရာရသူ အရေအတွက် မြင့်မား လာမှုအပေါ် စိုးရိမ်လျက် ရှိကြောင်း သိရှိ ရပါသည်။

အနောက်ဘက် ကမ်းပါးရှိ ပဋိပက္ခ များတွင် အစ္စရေး တပ်ဖွဲ့ဝင် များမှ ကျည်စစ် ကျည်မှန်များ အသုံးပြုခဲ့ မှုကြောင့် ထိခိုက် ဒဏ်ရာရသူ အရေအတွက် မြင့်တက် လာမှုအပေါ် ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးရေး တပ်ဖွဲ့ အနေဖြင့် များစွာ စိုးရိမ်လျက် ရှိကြောင်း ဂျိမ်းဒဗလျူ ရောလေးက ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

ပါလက်စတိုင်း ပြည်သူများ ထပ်မံ ထိခိုက်မှု မရှိစေရေး တင်းကြပ်စွာ တားမြစ် သွားရန်နှင့် ဆန္ဒပြသူ များအား ဟန့်တားရာတွင် တပ်ဖွဲ့ဝင် အများအပြားနှင့် ကျည်စစ် ကျည်မှန်များ အသုံးပြု ခဲ့ခြင်းကို စုံစမ်းစစ်ဆေးမှု ပြုလုပ် သင့်ကြောင်း ရောလေးက ထပ်မံ တောင်းဆို ခဲ့ပါသည်။ အစ္စရေး နိုင်ငံသည် ဂျီနီဗာမြို့တွင် ကျင်းပ ပြုလုပ် ခဲ့သော်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ပြန်လည် သုံးသပ်ရေး ကောင်စီအား တက်ရောက်ရန် ငြင်းဆို ခဲ့ပါသည်။

http://bit.ly/14EOv3d

ကုလသမဂ္ဂသည် အစ္စရေးတပ်ဖွဲ့ဝင်များမှ ကျည်စစ်ကျည်မှန်များ အသုံးပြု၍ ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူများအား တားဆီးခဲ့ မှုကြောင့် ထိခိုက်ဒဏ်ရာရသူအရေအတွက် မြင့်မားလာမှုအပေါ် စိုးရိမ်လျက် ရှိကြောင်း သိရှိ ရပါသည်။

"ဖွဲ့စည်းပုံပြင်ဖို့ တပ်မတော် နဲ့လက်တွဲမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော"

"ဖွဲ့စည်းပုံပြင်ဖို့ တပ်မတော် နဲ့လက်တွဲမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော် နဲ့အတူ လက်တွဲ လုပ်ဆောင် သွားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့မနက်ဆိုးလ်မြို့မှာကိုရီးယားရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး တိုင်းရင်းသားတွေ အနေနဲ့ အတိတ်ကို ထားခဲ့ပြီးအနာဂတ်ကို ရှေ့ရှုလုပ်ဆောင်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသားတွေက မေးမြန်းတာတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြည်ပမှာ မွေးဖွားကြီးပြင်းလာတဲ့ ကလေးတွေ မြန်မာပြည်မှာ ပညာဆက်လက်သင်ကြားနိုင်ရေး၊နဲ့ပတ်သက်ပြီး မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်ကလွှတ်တော်ပညာရေးကော်မတီကိုတင်ပြပြီး ဆောင်ရွက်သွားမယ်လို့ ဖြေကြားသွားကြောင်း သိရပါတယ်။

ဒါ့အပြင် ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ပေးရေး နဲ့ ပတ်သက်ပြီး နိုင်ငံသားတွေကိုကာကွယ်စောင့်ရှောက်တဲ့ဥပဒေတွေ ဖြစ်လာဖို့ လိုကြောင်း၊ မြန်မာသံရုံးတွေအနေနဲ့လည်း ကိုယ့်နိုင်ငံသားတွေကို ကူညီပေးဖို့လိုကြောင်း၊သူ့အနေနဲ့သက်ဆိုင်ရာကိုတင်ပြသွားမှာ ဖြစ်ကြောင် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေ့လယ်ပိုင်းမှာ ဆိုးလ်အမျိုးသားတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံရယူပြီး၊ အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ညနေပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာလာပြီဖြစ်ပါတယ်။

Credit to  : RFA Burmese
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်နဲ့အတူ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။