ကုလသမဂ္ဂသည် အစ္စရေးတပ်ဖွဲ့ဝင်များမှ ကျည်စစ်ကျည်မှန်များ အသုံးပြု၍
ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူများအား တားဆီးခဲ့ မှုကြောင့် ထိခိုက်ဒဏ်ရာရသူအရေအတွက် မြင့်မားလာမှုအပေါ် စိုးရိမ်လျက် ရှိကြောင်း သိရှိ
ရပါသည်။
အနောက်ဘက်ကမ်းပါးရှိ ပဋိပက္ခများတွင် အစ္စရေးတပ်ဖွဲ့ဝင်များမှ ကျည်စစ်ကျည်မှန်များအသုံးပြုခဲ့ မှုကြောင့် ထိခိုက်ဒဏ်ရာရသူအရေအတွက် မြင့်တက်လာမှုအပေါ် ကုလသမဂ္ဂလူသားချင်း စာနာ ထောက် ထားမှု ဆိုင်ရာအကူအညီ ပေးရေးတပ်ဖွဲ့အနေဖြင့်များစွာ စိုးရိမ်လျက်ရှိကြောင်း
ဂျိမ်းဒဗလျူ ရောလေးက ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
ပါလက်စတိုင်း ပြည်သူများ ထပ်မံထိခိုက်မှုမရှိစေရေး တင်းကြပ်စွာတားမြစ်သွားရန်နှင့် ဆန္ဒပြသူများအား ဟန့်တားရာတွင် တပ်ဖွဲ့ဝင်အများအပြားနှင့်
ကျည်စစ်ကျည်မှန်များအသုံးပြုခဲ့ခြင်းကို စုံစမ်းစစ်ဆေး မှု ပြုလုပ်သင့်ကြောင်း ရောလေးကထပ်မံ တောင်းဆိုခဲ့ပါသည်။ အစ္စရေး နိုင်ငံသည်
ဂျီနီဗာမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သော်လည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး ကောင်စီအား တက်ရောက်ရန် ငြင်းဆိုခဲ့ပါသည်။
မြ၀တီ

No comments:
Post a Comment