Sunday 3 February 2013

ရန်ကုန် -မြိတ် ကမ်းရိုးတန်း အထူးအမြန်ယာဉ်ပြေးဆွဲမည်

Photo: ရန်ကုန်-မြိတ် ကမ်းရိုးတန်းအထူးအမြန်ယာဉ်ပြေးဆွဲမည်
Sunday, February 03, 2013 

Jade Flower ကုမ္ပဏီမှ ရန်ကုန်-မြိတ် ရေကြောင်းလိုင်း ခရီးစဉ် ပြေးဆွဲ
ခြင်းကို Fortune Express ကမ်းရိုးတန်း အထူးအမြန် ရေယာဉ်ဖြင့် ယနေ့တွင် ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ကမ်းမှ စတင် ပြေးဆွဲမည်
ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်-မြိတ် ခရီးစဉ်ကို Fortune Express 727, 77, 27, 7, 2 စသည့် သင်္ဘော ငါးစင်းဖြင့် လေးရက် လျှင်တစ်ကြိမ် ပြေးဆွဲ သွားမည်
ဖြစ်သည်။ 

Fortune Express ရေယာဉ်များသည် မလေးရှား နိုင်ငံလုပ် ရေယာဉ်များ
ဖြစ်ပြီး Mitsubishi (2250 HP) အင်ဂျင်နှစ်လုံး တပ်ဆင်ထားကာ ကိုယ်ထည်အား အလူမီနီယံဖြင့် ပြုလုပ်ထားကြောင်း သိရသည်။ 

ခရီးသည် ၃၅ဝ ဦးတင်ဆောင် နိုင်ပြီး ရန်ကုန်-မြိတ် ခရီးစဉ်ကို ၁ဝ နာရီ
ခန့်ဖြင့်သက်သောင့် သက်သာ သွားလာနိုင်မည် ဖြစ်သည်။ ယာဉ်ပေါ်ပါ ခရီးသွား ပြည်သူများ အတွက် နံနက်စာ အဖြစ် ကော်ဖီနှင့်မုန့်၊ နေ့လယ်စာ ထမင်းနှင့် ညနေပိုင်း အတွက် အအေးတို့ဖြင့် ဧည့်ခံ ကျွေးမွေး သွားမည်
ဖြစ်ကြောင်း သိရသည်။ 

လက်မှတ်ခ နှုန်းထားမှာ ငွေကျပ်လေးသောင်း ဖြစ်ပြီး မကြာမီ ကာလအတွင်း
ရန်ကုန်-ထားဝယ် ခရီးစဉ်နှင့် ရန်ကုန်-ကော့သောင်း ခရီးစဉ်တို့အား တိုးချဲ့
ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/local/item/6009-2013-02-03-08-59-43#.UQ3b1PJafro

မြ၀တီJade Flower ကုမ္ပဏီမှ ရန်ကုန်-မြိတ် ရေကြောင်းလိုင်း ခရီးစဉ် ပြေးဆွဲ
ခြင်းကို Fortune Express ကမ်းရိုးတန်း အထူးအမြန် ရေယာဉ်ဖြင့် ယနေ့တွင် ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ကမ်းမှ စတင် ပြေးဆွဲ မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရန်ကုန်-မြိတ် ခရီးစဉ်ကို Fortune Express 727, 77, 27, 7, 2 စသည့် သင်္ဘော ငါးစင်းဖြင့် လေးရက်လျှင်တစ်ကြိမ် ပြေးဆွဲ သွားမည်ဖြစ်သည်။

Fortune Express ရေယာဉ်များသည် မလေးရှား နိုင်ငံလုပ် ရေယာဉ်များဖြစ်ပြီး Mitsubishi (2250 HP) အင်ဂျင်နှစ်လုံး တပ်ဆင်ထားကာ ကိုယ်ထည်အား အလူမီနီယံဖြင့် ပြုလုပ်ထားကြောင်း သိရသည်။

ခရီးသည် ၃၅ဝ ဦးတင်ဆောင် နိုင်ပြီး ရန်ကုန်-မြိတ် ခရီးစဉ်ကို ၁ဝ နာရီခန့်ဖြင့် သက်သောင့် သက်သာ သွားလာနိုင်မည် ဖြစ်သည်။ ယာဉ်ပေါ်ပါခရီးသွားပြည်သူများအတွက် နံနက်စာအဖြစ် ကော်ဖီနှင့် မုန့်၊ နေ့လယ်စာ ထမင်းနှင့် ညနေပိုင်းအတွက် အအေးတို့ဖြင့် ဧည့်ခံကျွေးမွေး သွားမည်ဖြစ်ကြောင်း သိရသည်။

လက်မှတ်ခ နှုန်းထားမှာ ငွေကျပ်လေးသောင်း ဖြစ်ပြီး မကြာမီ ကာလအတွင်း ရန်ကုန်-ထားဝယ် ခရီးစဉ်နှင့် ရန်ကုန်-ကော့သောင်း ခရီးစဉ်တို့အား တိုးချဲ့ ပြေးဆွဲသွား မည်ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/local/item/6009-2013-02-03-08-59-43#.UQ3b1PJafro

From : မြ၀တီ

No comments:

Post a Comment