Saturday 2 February 2013

လယ်/ဆည်မှ သိမ်းယူထားသော လယ်ယာမြေ များစွာရှိကြောင်း နိုင်ငံတော်သမ္မတ ဆို

Photo: လယ်/ဆည်မှ သိမ်းယူထားသော လယ်ယာမြေ များစွာရှိကြောင်း
နိုင်ငံတော်သမ္မတ ဆို
Saturday, February 02, 2013 

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ပိုင်းတွင် ပဲခူးတိုင်း၊တောင်ငူခရိုင်၊ညောင်ပင်သာ ကျေးရွာ အဆင့်မြင့်စက်မှု 
လယ်ယာ ဘက်စုံသီးနှံ ဧက (၂၀၀၀) စံပြ ပြောင်းစိုက်ကွင်း သို့ 
လာရောက်ကြည့်ရှု ခဲ့ပြီး ညောင်ပင်သာ ကျေးရွာမှ တောင်သူ ၁၀၀ ကျော်နှင့် တွေ့ဆုံခဲ့သည်။

ယင်းတွေ့သို့တွေ့ဆုံရာတွင် တောင်သူများ၏ လယ်မြေ ဧက များကို ပြင်ဆင်စိုက်ပျိုးခြင်းကို အဓိကထား ပြောကြားပြီး လက်ရှိတွင် ဥပဒေအရ ဘဏ်တွင် ပေါင်နှံကာ ရရှိသည့် ငွေကြေးဖြင့်
လယ်ယာ လုပ်ကိုင်ခွင့် ကို ရင်းနှီးမြုပ်နှံရန်နှင့် မိသားစု၏ 
ဖူလုံရေးကို လုပ်ကိုင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊
စပါး စိုက် ပျိုးခြင်းနှင့် ပတ်သတ်၍ မိမိတို့တောင်သူများ ဆန္ဒ ရှိသည့် 
စပါးကို သာ အားဖြည့် စိုက်ပျိုးစေလိုပြီး ပုလဲသွယ်စပါးမျိုးကို စမ်းသပ်ပြီး ကြိုက်နှစ်သက်မှသာစိုက်ပျိုးကြရန် နှင့် လယ်ယာမြေတန်ဖိုးတက်စေရန်
မိမိတို့တောင်သူများမှ အားထည့် လုပ်ဆောင်ရန် လိုပြီး တိုင်းပြည်၏ ၀င်ငွေအချိုးကို ပြည်သူ၏ ၀င်ငွေတိုးတက်မှု ဖြင့် အဆင့်ဆင့် လုပ်ကိုင် ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ၏ ပြောကြားချက်အရ မွန်ပြည်နယ်တွင် လယ်/ဆည်မှ သိမ်းယူထားသော လယ်ယာမြေများ များစွာရှိကြောင်း၊ယင်းလယ်ယာမြေ
များကို တောင်သူလုပ်ကိုင်စားသောက်ရန် ပြန်ပေးသင့်သည်များကို
ပြန်ပေးရန်နှင့် စိုက်ပျိုးမြေများကို ဆုံးရှုံးမှု မရှိစေရန် ဦးမြင့်လှိုင်အား သွားရောက်လုပ်ကိုင်ရန်ပြောကြားခဲ့သည်။

သမ္မတ ၏ ခရီးစဉ်တွင် ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသော
ပြည်ထဲရေးဝန်ကြီးဌာန မှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ဦးသိန်းညွန့်(နေပြည်တော်ကောင်စီနယ်မြေ ) ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့် ၊ လယ်/ဆည် ၀န်ကြီးဌာနမှ ဦးမြင့်လှိုင်၊ဦးအုန်းမြင့် (မွေး/ရေ )နှင့် လွှတ်တော်မှ ကိုယ်စားလှယ်အချို့လိုက်ပါခဲ့သည်။

ယနေ့ခရီးစဉ်တွင် ရန်ကုန် နေပြည်တော် အဝေးပြေး(အမြန်)လမ်း
မှ ကျွန်းစိုက်ခင်းများကိုပါ သွားရောက်ကြည့် ရှုခဲ့ကြောင်းသိရသည်။

ဓါတ်ပုံ အောင်ထက် (NYK)
Popular Myanmar News Journalနိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ယနေ့နံနက် ပိုင်းတွင် ပဲခူးတိုင်း ၊ တောင် ငူ ခရိုင်၊ညောင်ပင်သာ ကျေးရွာ အဆင့်မြင့်စက်မှု လယ်ယာ ဘက်စုံသီးနှံဧက (၂၀၀၀) စံပြ ပြောင်းစိုက်ကွင်း သို့ လာရောက် ကြည့်ရှုခဲ့ပြီး ညောင်ပင်သာ ကျေးရွာမှ တောင်သူ ၁၀၀ ကျော်နှင့် တွေ့ ဆုံ ခဲ့သည်။ ယင်းတွေ့သို့တွေ့ဆုံရာတွင် တောင်သူများ၏ လယ်မြေဧကများ ကို ပြင်ဆင်စိုက်ပျိုးခြင်းကို အဓိကထား ပြောကြားပြီး လက်ရှိတွင် ဥပဒေအရ ဘဏ်တွင်ပေါင်နှံကာ ရရှိသည့်ငွေကြေးဖြင့် လယ်ယာ လုပ်ကိုင်ခွင့်ကို ရင်းနှီးမြုပ်နှံရန်နှင့် မိသားစု၏ ဖူလုံရေးကို လုပ်ကိုင်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ စပါးစိုက်ပျိုးခြင်းနှင့် ပတ်သတ်၍ မိမိတို့တောင်သူများ ဆန္ဒရှိသည့် စပါးကိုသာ အားဖြည့် စိုက်ပျိုးစေလိုပြီး ပုလဲသွယ်စပါးမျိုးကို စမ်းသပ်ပြီး ကြိုက်နှစ်သက်မှသာစိုက်ပျိုးကြရန် နှင့် လယ်ယာမြေတန်ဖိုးတက်စေရန် မိမိတို့တောင်သူများမှ အားထည့် လုပ်ဆောင်ရန် လိုပြီး တိုင်းပြည်၏ ၀င်ငွေအချိုးကို ပြည်သူ၏ ၀င်ငွေတိုးတက်မှု ဖြင့် အဆင့်ဆင့် လုပ် ကိုင် ဆောင်ရွက် ရန် တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ၏ ပြောကြားချက်အရ မွန်ပြည်နယ်တွင် လယ်/ဆည်မှ သိမ်းယူထားသော လယ်ယာမြေ များ များစွာရှိကြောင်း၊ယင်းလယ်ယာမြေများ ကို တောင်သူလုပ်ကိုင် စားသောက်ရန် ပြန်ပေးသင့်သည် များကို ပြန်ပေးရန်နှင့် စိုက်ပျိုးမြေများကို ဆုံးရှုံးမှုမရှိစေရန် ဦးမြင့်လှိုင်အား သွားရောက်လုပ်ကိုင် ရန်ပြောကြား ခဲ့သည်။

သမ္မတ ၏ ခရီးစဉ်တွင် ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသော ပြည်ထဲရေးဝန်ကြီးဌာန မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ ဦးသိန်းညွန့်(နေပြည်တော်ကောင်စီနယ်မြေ)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့် ၊ လယ်/ဆည် ၀န်ကြီးဌာနမှ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့် (မွေး/ရေ )နှင့် လွှတ်တော်မှ ကိုယ်စားလှယ်အချို့လိုက်ပါခဲ့သည်။

ယနေ့ခရီးစဉ်တွင် ရန်ကုန် နေပြည်တော် အဝေးပြေး(အမြန်)လမ်းမှ ကျွန်းစိုက်ခင်းများကိုပါ သွားရောက် ကြည့် ရှုခဲ့ကြောင်းသိရသည်။

From : Popular Myanmar News Journal

No comments:

Post a Comment