Saturday 2 February 2013

တရုတ်တွင် မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကားတစ်စီး ပေါက်ကွဲမှုကြောင့် မိုးပျံလမ်းမ ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံး

Photo: တရုတ်တွင် မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကားတစ်စီး
ပေါက်ကွဲမှုကြောင့် မိုးပျံလမ်းမ ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံး  
Saturday, 02 February 2013 

မီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီးသည် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မိုးပျံလမ်းမတစ်ခုပေါ်တွင် ပေါက်ကွဲမှု
ဖြစ်ပွားခြင်းကြောင့် ယီချန်တံတား ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း
သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့်ဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပြိုကျမှုကြောင့် တွန့်လိမ်ကောက်ကွေးသွားသော ကားများနှင့် အပျက်အစီးများကို နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

ဟီနန်ပြည်နယ်ရှိ တရုတ်နိုင်ငံ၏ အရှည်ဆုံးလမ်းဖြစ်သော G 30 အမြန်လမ်းမပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် လမ်းပိုင်းအများ အပြားပျက်စီးခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် လူလေးဦး သေဆုံးခဲ့သည်ဟု
နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် တရုတ်
အသံလွှင့်ဌာနကမူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ၎င်း၏ ၀က်ဘ်ဆိုက်တွင် ကနဦးတွင် ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ထပ်မံဖော်ပြမှု မရှိတော့ပေ။

ပြိုကျခဲ့သော ယီချန်တံတားအနီးမှ ဒေသခံများ၏ ပြောကြားချက်အရ တံတားပြိုကျရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း ကျယ်လောင်သော ပေါက်ကွဲသံကြားခဲ့ရပြီး ကုန်တင်ကားမှာ တံတားမပြိုကျမီ သို့မဟုတ် ပြိုကျပြီးမှ ပေါက်ကွဲသည်ကိုလည်း မသိရသေးကြောင်း နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီက ဖော်ပြခဲ့သည်။

အမြန်လမ်း ပြိုကျမှုကြောင့် လမ်းမပေါ်မှ မော်တော်ယာဉ်များစွာ ပြုတ်ကျ
ခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ အရှိန်ဖြင့် ပေါက်ကွဲမှုကြောင့် ကားများစွာသည် လမ်းမပေါ်မှ လွင့်စင်ခဲ့သည်ဟု မျက်မြင်သက်သေများ
က ပြောကြားခဲ့သည်။ တံတားအောက်တွင် မိုးပေါ်ဘီးထောင်နေသော ထရပ်ကားများသုံးစီး အပါအ၀င် လိမ္မော်ရောင် ယူနီဖောင်း ၀တ်ထားသော ကယ်ဆယ်ရေးလုပ်သားများက ကယ်ဆယ်ရေး လုပ်နေပုံများကိုလည်း ထုတ်လွှင့်ပြသခဲ့သည်။

မော်တော်ယာဉ် ခြောက်စီးကို အပျက်အစီးများကြားမှ ပြန်လည်ဆယ်ယူခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်
လုပ်ဆောင်နေဆဲဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။

တံတားပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းတံတားဘေးတွင် တံတားသစ်တစ်ခု စတင်ဆောက်လုပ်နေကြောင်း သိရသည်။ ယခုပြိုကျခဲ့သော တံတားမှာ အရှည် ၄၄၀၀ ကီလိုမီတာ (မိုင် ၂၇၀၀) ရှည်လျားပြီး တရုတ်အနောက်ဖက် ကာဇက်စတန်နယ်စပ်မှ အရှေ့ဖက် ပင်လယ်ဝါအထိ ရောက်ရှိနိုင်ကာ
မြေပြင်ပေါ်မှ အမြင့် မီတာ ၃၀ ရှိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကျရောက်ဆင်နွှဲမည့် နှစ်သစ်ကူး
ပွဲတော်အတွက် လူသန်းပေါင်းများစွာသည် နေရပ်များသို့ ပြန်လာနေရာ
နိုင်ငံတွင်းရှိ လမ်းအများစုမှာ ပြည့်ကျပ်နေပြီး ကမ္ဘာ့အများဆုံး
နှစ်စဉ်ရွှေ့ပြောင်းသွားလာမှု ဖြစ်သည်။ ယင်းအချိန်ကာလမှာ ပွဲတော်အတွက် မီးရှူးမီးပန်းများကို ၀ယ်ယူမှုများပြားနေရာ ယင်းလုပ်ငန်းရှင်များအတွက် စီးပွားရေး အကောင်းဆုံးရာသီ ဖြစ်သည်။

တရုတ်တွင် မကြာသေးမီ နှစ်များအတွင်း တံတားပြိုကျမှု ဖြစ်စဉ်
အချို့ ဖြစ်ပွားခဲ့ပြီး လမ်းပေါ် မတော်တဆမှုများကြောင့် နှစ်စဉ် လူ ၇၀၀၀ ၀န်းကျင် သေဆုံးခဲ့ပြီး လူ ၃၀၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင်
မီဒီယာက ဖော်ပြခဲ့သည်။

Ref: BBC;AFP
Eleven Media Groupမီးရှူးမီးပန်းများ သယ်ဆောင်လာသည့် ကုန်တင်ကားတစ်စီးသည် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ မိုးပျံလမ်းမတစ်ခုပေါ်တွင် ပေါက်ကွဲမှု ဖြစ် ပွားခြင်းကြောင့် ယီချန်တံတား ပြိုကျပြီး လူ ၂၆ ဦးထက်မနည်း သေဆုံး ခဲ့သည်ဟု နိုင်ငံပိုင် အသံလွှင့်ဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းပြိုကျမှုကြောင့် တွန့်လိမ်ကောက်ကွေး သွားသော ကားများနှင့် အပျက်အစီးများကို နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

ဟီနန်ပြည်နယ်ရှိ တရုတ်နိုင်ငံ၏ အရှည်ဆုံးလမ်းဖြစ်သော G 30 အမြန်လမ်းမပေါ်တွင် ပေါက်ကွဲမှု ဖြစ် ပွားခြင်းကြောင့် လမ်းပိုင်းအများ အပြားပျက်စီးခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် လူလေးဦး သေဆုံးခဲ့သည် ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် တရုတ်အသံလွှင့်ဌာနကမူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ၎င်း၏ ၀က်ဘ်ဆိုက်တွင် ကနဦးတွင် ဖော်ပြခဲ့သော်လည်း နောက်ပိုင်း တွင် ထပ်မံဖော်ပြမှု မရှိတော့ပေ။

ပြိုကျခဲ့သော ယီချန်တံတားအနီးမှ ဒေသခံများ၏ ပြောကြားချက်အရ တံတားပြိုကျရသည့် အကြောင်း ရင်းကို မသိရသေးသော်လည်း ကျယ်လောင်သော ပေါက်ကွဲသံကြားခဲ့ရပြီး ကုန်တင်ကားမှာ တံတားမပြိုကျမီ သို့မဟုတ် ပြိုကျပြီးမှ ပေါက်ကွဲသည်ကိုလည်း မသိရသေးကြောင်း နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီ က ဖော်ပြခဲ့သည်။

အမြန်လမ်း ပြိုကျမှုကြောင့် လမ်းမပေါ်မှ မော်တော်ယာဉ်များစွာ ပြုတ်ကျခဲ့သည်ဟု သတင်းများ တွင် ဖော်ပြခဲ့သည်။ အရှိန်ဖြင့် ပေါက်ကွဲမှုကြောင့် ကားများစွာသည် လမ်းမပေါ်မှ လွင့်စင်ခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ တံတားအောက်တွင် မိုးပေါ်ဘီးထောင်နေသော ထရပ်ကား များ သုံးစီးအပါအ၀င် လိမ္မော်ရောင် ယူနီဖောင်း ၀တ်ထားသော ကယ်ဆယ်ရေးလုပ်သားများက ကယ်ဆယ်ရေး လုပ်နေပုံများကိုလည်း ထုတ်လွှင့်ပြသခဲ့သည်။

မော်တော်ယာဉ် ခြောက်စီးကို အပျက်အစီးများကြားမှ ပြန်လည်ဆယ်ယူခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။

တံတားပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းတံတားဘေးတွင် တံတားသစ်တစ်ခု စတင်ဆောက် လုပ်နေကြောင်း သိရသည်။ ယခုပြိုကျခဲ့သော တံတားမှာ အရှည် ၄၄၀၀ ကီလိုမီတာ (မိုင် ၂၇၀၀) ရှည်လျားပြီး တရုတ်အနောက်ဖက် ကာဇက်စတန်နယ်စပ်မှ အရှေ့ဖက် ပင်လယ်ဝါအထိ ရောက်ရှိနိုင်ကာ
မြေပြင်ပေါ်မှ အမြင့် မီတာ ၃၀ ရှိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကျရောက်ဆင်နွှဲမည့် နှစ်သစ်ကူး ပွဲတော်အတွက် လူသန်းပေါင်း များစွာသည် နေရပ်များသို့ ပြန်လာနေရာ နိုင်ငံတွင်းရှိ လမ်းအများစုမှာ ပြည့်ကျပ်နေပြီး ကမ္ဘာ့အများ ဆုံး နှစ်စဉ်ရွှေ့ပြောင်းသွားလာမှု ဖြစ်သည်။ ယင်းအချိန်ကာလမှာ ပွဲတော်အတွက် မီးရှူးမီးပန်းများကို ၀ယ်ယူမှုများပြားနေရာ ယင်းလုပ်ငန်းရှင်များအတွက် စီးပွားရေး အကောင်းဆုံးရာသီ ဖြစ်သည်။

တရုတ်တွင် မကြာသေးမီ နှစ်များအတွင်း တံတားပြိုကျမှု ဖြစ်စဉ်အချို့ ဖြစ်ပွားခဲ့ပြီး လမ်းပေါ် မတော်တဆ မှု များကြောင့် နှစ်စဉ် လူ ၇၀၀၀ ၀န်းကျင် သေဆုံးခဲ့ပြီး လူ ၃၀၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

From : Eleven Media Group

No comments:

Post a Comment