Saturday 2 February 2013

အင်ဒိုနီးရှား နိုင်ငံတွင် မီးတောင် ပေါက်ကွဲမှု ဖြစ်ပွား

Photo: အင်ဒိုနီးရှား နိုင်ငံတွင် မီးတောင် ပေါက်ကွဲမှု ဖြစ်ပွား
Saturday, February 02, 2013

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်း ဆူလာဝီဆီ ပြည်နယ် မြောက်ပိုင်းရှိ လိုကွန် မီးတောင်သည် ဇန်နဝါရီ ၃၁ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကောင်းကင်
အတွင်းသို့ ပြာမှုန့်များ မီတာ ၈ဝဝ အမြင့်ထိ မှုတ်ထုတ် ခဲ့ကြောင်း အမျိုးသား မီးတောင်ဗေဒ ဆိုင်ရာ အေဂျင်စီ အကြီးအကဲ ဆူရိုနိုက ပြောကြားခဲ့သည်။

အဆိုပါ မီးတောင်သည် ဇန်နဝါရီ ၃၁ ရက် ဒေသ စံတော်ချိန် နံနက် ၆ နာရီ ၅၆ မိနစ် အချိန်က ပထမ အကြိမ် ပေါက်ကွဲခဲ့ပြီး ပြာများ မီတာ ၈ဝဝ အမြင့်ထိ မှုတ်ထုတ်ခဲ့ကြောင်းနှင့် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီ ၄၄ မိနစ် အချိန်က ဒုတိယ အကြိမ် ထပ်မံ ပေါက်ကွဲခဲ့ပြီး ပြာများကို အဆက်မပြတ် မှုတ်ထုတ်ခဲ့ကြောင်း ဆူရိုနိုက ပြောကြားသည်။
အဆိုပါ မီးတောင်သည် မကြာခဏ လှုပ်ခတ် နေသော်လည်း လှုပ်ခတ်မှုမှာ အားနည်း နေသောကြောင့် ဘေးအန္တရာယ် ဇုန်အဖြစ် ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း ၎င်းက ဆင်ဟွာ သတင်းဌာနသို့ တယ်လီဖုန်းဖြင့် ပြောကြား ခဲ့သည်။

မိမိတို့ အနေဖြင့် မီးတောင် ပေါက်ကွဲ နိုင်ဖွယ်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း၍ သတိပေးချက်ကို ချက်ချင်း ထုတ်ပြန် ခဲ့သော်လည်း ဇန်နဝါရီ ၃၁ရက်က ဒုတိယ အကြိမ် ထပ်မံပေါက်ကွဲ ခဲ့ပြီးနောက် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း ဆူရိုနိုက ပြောကြားခဲ့သည်။

အဆိုပါ မီးတောင်သည် ၂ဝ၁၁ ခုနှစ် ဇူလိုင်လက ပေါက်ကွဲ ခဲ့မှုကြောင့် ဆူလာဝီဆီ ပြည်နယ် မြောက်ပိုင်း မြို့တော် မာနာဒို အီမြို့တွင် လေကြောင်း ခရီးစဉ်များ နှောင့်နှေး ခဲ့ရသည်။

အင်ဒိုနီးရှား နိုင်ငံသည် ကျွန်း ၁၇၅ဝဝ ခန့်ဖြင့် ဖွဲ့စည်းထားသော ကျွန်းစုနိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး မီးတောင်ရှင် ၁၂၉ ခုရှိကြောင်း သိရသည်။

http://www.mwdmedia.net/2013/02/blog-post_8126.html

Myawady Newsအင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်း ဆူလာဝီဆီ ပြည်နယ် မြောက်ပိုင်းရှိ လိုကွန် မီးတောင်သည် ဇန်နဝါရီ ၃၁ ရက်က ပေါက်ကွဲ မှု ဖြစ်ပွား ခဲ့ရာ ကောင်းကင် အတွင်းသို့ ပြာမှုန့်များ မီတာ ၈ဝဝ အမြင့်ထိ မှုတ်ထုတ်ခဲ့ကြောင်း အမျိုးသား မီးတောင်ဗေဒ ဆိုင်ရာ အေဂျင်စီ အကြီးအကဲ ဆူရိုနိုက ပြောကြားခဲ့သည်။

အဆိုပါ မီးတောင်သည် ဇန်နဝါရီ ၃၁ ရက် ဒေသ စံတော်ချိန် နံနက် ၆ နာရီ ၅၆ မိနစ် အချိန်က ပထမ အကြိမ် ပေါက်ကွဲခဲ့ပြီး ပြာများ မီတာ ၈ဝဝ အမြင့်ထိ မှုတ်ထုတ်ခဲ့ကြောင်းနှင့် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီ ၄၄ မိနစ် အချိန်က ဒုတိယအကြိမ် ထပ်မံ ပေါက်ကွဲခဲ့ပြီး ပြာများကို အဆက်မပြတ် မှုတ်ထုတ် ခဲ့ကြောင်း ဆူရိုနို က ပြောကြားသည်။

အဆိုပါ မီးတောင်သည် မကြာခဏ လှုပ်ခတ် နေသော်လည်း လှုပ်ခတ်မှုမှာ အားနည်းနေသော ကြောင့် ဘေးအန္တရာယ်ဇုန်အဖြစ် ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း ၎င်းက ဆင်ဟွာ သတင်းဌာနသို့ တယ်လီဖုန်းဖြင့် ပြောကြား ခဲ့သည်။

မိမိတို့အနေဖြင့် မီးတောင်ပေါက်ကွဲ နိုင်ဖွယ်ရှိသည့် အခြေအနေနှင့် စပ်လျဉ်း၍ သတိပေးချက်ကို ချက်ချင်း ထုတ်ပြန် ခဲ့သော်လည်း ဇန်နဝါရီ ၃၁ရက်က ဒုတိယအကြိမ် ထပ်မံပေါက်ကွဲ ခဲ့ပြီးနောက် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း ဆူရိုနိုက ပြောကြားခဲ့သည်။

အဆိုပါ မီးတောင်သည် ၂ဝ၁၁ ခုနှစ် ဇူလိုင်လက ပေါက်ကွဲ ခဲ့မှုကြောင့် ဆူလာဝီဆီ ပြည်နယ် မြောက်ပိုင်း မြို့တော် မာနာဒို အီမြို့တွင် လေကြောင်း ခရီးစဉ်များ နှောင့်နှေး ခဲ့ရသည်။

အင်ဒိုနီးရှား နိုင်ငံသည် ကျွန်း ၁၇၅ဝဝ ခန့်ဖြင့် ဖွဲ့စည်းထားသော ကျွန်းစုနိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး မီးတောင်ရှင် ၁၂၉ ခုရှိကြောင်း သိရသည်။

http://www.mwdmedia.net/2013/02/blog-post_8126.html

From : Myawady News

No comments:

Post a Comment