Saturday 2 February 2013

Photo: စွန့်ပစ် ဆေးလိပ်တိုများမှ တစ်ဆင့် လူသုံး ပလတ်စတစ် ပစ္စည်းများ ထုတ်လုပ်

Saturday, February 02, 2013

အမေရိကန် ပြည်ထောင်စု နယူးဂျာစီ ပြည်နယ် ထရန်တွန်မြို့တွင် စွန့်ပစ် ပစ္စည်းများဖြင့် စွန့်ဦး တီထွင်သူ စီးပွားရေး စွမ်းဆောင်ရှင် တစ်ဦးသည် စွန့်ပစ်ထားသော ဆေးလိပ်တို များမှ တစ်ဆင့် ပလတ် စတစ် ပစ္စည်းများ ထုတ်လုပ်ရာတွင် ပါဝင်သော ပစ္စည်း တစ်မျိုးကို ထုတ်လုပ် နိုင်ခဲ့ကြောင်း သိရသည်။

တွန်ဆာကီ အမည်ရှိ အသက် ၃ဝ အရွယ် အမျိုးသား တစ်ဦးသည် ပရင်စတန် တက္ကသိုလ်မှ ထွက်၍ နယူးဂျာစီ ပြည်နယ် ထရန်တွန်မြို့တွင် Terra-Cycle တီထွင်မှု ကုမ္ပဏီကို ထူထောင်ခဲ့သည်။ ကနေဒါ၊ အမေရိကန်နှင့် စပိန် နိုင်ငံတို့တွင် ယခုလက်ရှိ လုပ်ငန်းလည် ပတ် နေသော Terra-Cycle ကုမ္ပဏီသည် စေတနာ့ ဝန်ထမ်းများထံမှ ဆေးလိပ်တိုများ စုဆောင်းပြီး လူသုံးကုန် ပစ္စည်းထုတ်လုပ် နိုင်သော ပလတ်စတစ်ကို ထုတ်လုပ် ခဲ့သည်။ွှ Terra-Cycle ကုမ္ပဏီသည် ကမ္ဘာ တစ်ဝန်းရှိ စွန့်ပစ်ထားသော ဆေးလိပ်တိုများကို စုဆောင်း ရယူခဲ့ပြီး ပထမအဆင့် အနေဖြင့် ဆေးရွက်ကြီး လက်ကျန်နှင့် စက္ကူတို့ အပါအဝင် ဆေးလိပ်တိုကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ချေဖျက်ခဲ့သည်။

ထို့နောက် ဒုတိယအဆင့် အနေဖြင့် ပလတ်စတစ် ပြုလုပ်ရန် အရည်

ကျိုပြီး စက်မှုလုပ်ငန်းသုံး ပလတ်စတစ် ပစ္စည်းများ ထုတ်လုပ် ရာတွင် အသုံးပြု နိုင်သော ပစ္စည်းသစ် တစ်မျိုး အဖြစ်သို့ ပြောင်းလဲ ထုတ်လုပ်

နိုင်ခဲ့ကြောင်း သိရသည်။

Terra-Cycle စက်ရုံမှ ဖျော်ရည်ထုပ် ပိုးခွံများ၊ ပလတ်စတစ် ဘူးခွံများ၊ ဘောပင်များ၊ ကော်ဖီ ထုပ်ပိုးခွံများ၊ သကြားလုံး ထုပ်ပိုးပလတ် စတစ်များ၊ သွားပွတ်တံ များနှင့် ကွန်ပျူတာ ကီးဘုတ်များ ထုတ်လုပ်သည်။ စီးကရက်တို အလိပ် ၂ဝဝဝ ခန့်လျှင် ပလတ်စတစ် ဆေးလိပ်ပြာခွက် တစ်ခု ပြုလုပ်နိုင်ပြီး ဆေးလိပ်တို ၂ဝဝဝဝဝ ကျော်ဖြင့် ပန်းဥယျာဉ်သုံး ကုလားထိုင် တစ်လုံး ပြုလုပ်နိုင်သည်။ တစ်နှစ်လျှင် ဆေးလိပ်တို နှစ်ထရီ လီယံခန့် စွန့်ပစ်နေပြီး ကမ္ဘာတစ်ဝန်းရှိ အမှိုက်များ၏ ၃၇ ရာခိုင်နှုန်းသည်

ဆေးလိပ်တိုများ ဖြစ်ခြင်းကြောင့် ဆေးလိပ်တို ကုန်ကြမ်းများ ပြတ်လပ်ရန် ပူပင်စရာ မလိုကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/5966-2013-02-02-09-08-01#.UQyVcPJafro

မြ၀တီ
အမေရိကန် ပြည်ထောင်စု နယူးဂျာစီ ပြည်နယ် ထရန်တွန်မြို့တွင် စွန့်ပစ် ပစ္စည်းများဖြင့် စွန့်ဦး တီထွင်သူ စီးပွားရေး စွမ်းဆောင်ရှင် တစ်ဦးသည် စွန့်ပစ်ထားသော ဆေးလိပ်တို များမှ တစ်ဆင့် ပလတ် စတစ် ပစ္စည်းများ ထုတ်လုပ်ရာတွင် ပါဝင်သော ပစ္စည်း တစ်မျိုးကို
ထုတ်လုပ် နိုင်ခဲ့ကြောင်း သိရသည်။တွန်ဆာကီ အမည်ရှိ အသက် ၃ဝ အရွယ် အမျိုးသား တစ်ဦးသည် ပရင်စတန် တက္ကသိုလ်မှ ထွက်၍ နယူးဂျာစီ ပြည်နယ် ထရန်တွန်မြို့တွင် Terra-Cycle တီထွင်မှု ကုမ္ပဏီကို ထူထောင်ခဲ့သည်။ ကနေဒါ၊ အမေရိကန်နှင့် စပိန် နိုင်ငံတို့တွင် ယခုလက်ရှိ လုပ်ငန်းလည် ပတ် နေသော Terra-Cycle ကုမ္ပဏီသည် စေတနာ့ ဝန်ထမ်းများထံမှ ဆေးလိပ်တိုများ စုဆောင်းပြီး လူသုံးကုန် ပစ္စည်းထုတ်လုပ် နိုင်သော ပလတ်စတစ်ကို ထုတ်လုပ် ခဲ့သည်။ွှ Terra-Cycle ကုမ္ပဏီသည် ကမ္ဘာ တစ်ဝန်းရှိ စွန့်ပစ်ထားသော ဆေးလိပ်တိုများကို စုဆောင်း ရယူခဲ့ပြီး ပထမအဆင့် အနေဖြင့် ဆေးရွက်ကြီး လက်ကျန်နှင့် စက္ကူတို့ အပါအဝင် ဆေးလိပ်တိုကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ချေဖျက်ခဲ့သည်။
ထို့နောက် ဒုတိယအဆင့် အနေဖြင့် ပလတ်စတစ် ပြုလုပ်ရန် အရည်ကျိုပြီး စက်မှုလုပ်ငန်းသုံး ပလတ်စတစ် ပစ္စည်းများ ထုတ်လုပ် ရာတွင် အသုံးပြု နိုင်သော ပစ္စည်းသစ် တစ်မျိုး အဖြစ်သို့ ပြောင်းလဲ ထုတ်လုပ်
နိုင်ခဲ့ကြောင်း သိရသည်။

Terra-Cycle စက်ရုံမှ ဖျော်ရည်ထုပ် ပိုးခွံများ၊ ပလတ်စတစ် ဘူးခွံများ၊ ဘောပင်များ၊ ကော်ဖီ ထုပ်ပိုးခွံများ၊ သကြားလုံး ထုပ်ပိုးပလတ် စတစ်များ၊ သွားပွတ်တံ များနှင့် ကွန်ပျူတာ ကီးဘုတ်များ ထုတ်လုပ်သည်။ စီးကရက်တို အလိပ် ၂ဝဝဝ ခန့်လျှင် ပလတ်စတစ် ဆေးလိပ်ပြာခွက် တစ်ခု ပြုလုပ်နိုင်ပြီး ဆေးလိပ်တို ၂ဝဝဝဝဝ ကျော်ဖြင့် ပန်းဥယျာဉ်သုံး ကုလားထိုင် တစ်လုံး ပြုလုပ်နိုင်သည်။ တစ်နှစ်လျှင် ဆေးလိပ်တို နှစ်ထရီ လီယံခန့် စွန့်ပစ်နေပြီး ကမ္ဘာတစ်ဝန်းရှိ အမှိုက်များ၏ ၃၇ ရာခိုင်နှုန်းသည် ဆေးလိပ်တိုများ ဖြစ်ခြင်းကြောင့် ဆေးလိပ်တို ကုန်ကြမ်းများ ပြတ်လပ်ရန် ပူပင်စရာ မလိုကြောင်း သိရသည်။
http://www.myawady.net.mm/allnews/global/item/5966-2013-02-02-09-08-01#.UQyVcPJafro
From : မြ၀တီ

No comments:

Post a Comment