Monday 13 August 2012

World of Warcraft ရုပ်ရှင်ဇာတ်ကားကို ဆက်လက်ရိုက်ကူးမည်


နာမည်ကျော် ဗီဒီယိုဂိမ်းကိုအခြေခံထားသည့် World of Warcraft ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာ Sam Raimi သည် Oz, The Great and Powerful ရုပ်ရှင်ဇာတ်ကားကို ပိုမိုအာရုံစိုက်နိုင်ရန်အတွက် World of Warcraft ရုပ်ရှင်ရိုက်ကူးမည့် အစီအစဉ်မှ နှုတ်ထွက်သွားသော်လည်း အဆိုပါနာမည်ကျော်ဗီဒီယို ဂိမ်း အခြေခံ ရုပ်ရှင်ဇာတ်ကားကို ဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

 အမေရိကန် ဗီဒီယိုဂိမ်းကုမ္ပဏီ Activison ၏ ဥက္ကဋ္ဌဖြစ်သူ Bobby Kotick က World of Warcraft ရုပ်ရှင်သည် Blizzard နှင့် မိမိတို့အတွက် အလွန်အရေးပါကြောင်း၊ နှုတ်ထွက်သွားခဲ့သည့် ဒါရိုက်တာ Sam Raimi ၏နေရာတွင် Blood Diamond ရုပ်ရှင်ဇာတ်လမ်း၏ ဇာတ်ညွှန်းရေးဆရာဖြစ်သူ Charles Leavitt ဖြင့်အစား ထိုး ရိုက်ကူးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် World of Warcraft ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရန်စီစဉ်ခြင်းအတွက် စိတ်လှုပ်ရှားမိကြောင်းနှင့် အဆိုပါရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ဂရုတစိုက်နှင့် အသေအချာစဉ်းစားကာ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း Kotick က ပြောကြားခဲ့သည်။


Ref: IJ

No comments:

Post a Comment