Monday 13 August 2012

Windows အသုံးပြုသူများအတွက် Ubuntu အခြေခံ Zorin OS 6


အခြားသော Linux distro များထက် Windows အတွေ့အကြုံကို ပြန်လည်ဖန်တီးပေးနိုင်သည့် Ubuntu အခြေခံ Zorin OS 6 ဖြစ်သည်။ Windows ကဲ့သို့သော interface ကိုအသုံးပြုထားသည့်အတွက် screen ၏ဘယ်ဘက် အောက်ထောင့်တွင် Start ခလုတ်ကိုတွေ့ရမည်ဖြစ်ပြီး Screen ၏ ညာဘက် အောက် ထောင့်တွင် notification area, clock, volume control စသည်တို့ကို တွေ့ရမည်ဖြစ်သည်။ Start ခလုတ်ကို နှိပ်လိုက်သည့်အခါတွင် program စာရင်းနှင့် search tool တို့ပေါ်လာမည်ဖြစ်သည်။




အခြားသော interface များအဖြစ် Zorin Look Changer တွင်ပါဝင်သည့် Windows XP, Mac OS X နှင့် GNOME 2 တို့ကိုရွေးချယ်အသုံးပြုနိုင်သည်။ Zorin OS 6 တွင် Goolge ၏ Chrome browser, LibreOffice, Thunderbird နှင့် GIMP ကဲ့သို့ အသုံးတည့်စေမည့် ဆော့ဖ်ဝဲအမြောက်အများပါဝင်လာပြီး iTunes အပါအဝင် Windows program များကို ထည့်သွင်းအသုံးပြုနိုင်မည့် PlayOnLinux ကိုလည်း ထည့်သွင်းပေးထားသည်။



Zorin OS 6 ကို 32-bit နှင့် 64-bit ဗားရှင်းဖြင့် download ရယူနိုင်ပြီး download ရယူထားသည့် ISO ဖိုင်ကို DVD အလွတ်တွင်ကူးယူခြင်းဖြင့်လည်းကောင်း၊ UNetBootin ဟုခေါ်သည့် utility မှတစ်ဆင့် USB drive ကို bootable အဖြစ်ဖန်တီးခြင်းဖြင့်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်သည်။ Installation ပြီးဆုံးသည့်အခါတွင် OS ကို DVD နှင့် USB drive မှ boot လုပ်နိုင်သလို လက်ရှိ Windows နှင့်တွဲဖက်ကာ dual-boot အနေဖြင့် လည်း အသုံးပြုနိုင်ကြောင်း သိရသည်။

ref:IJ

No comments:

Post a Comment