Thursday 7 January 2016

ဘယ်နိုင်ငံတွေမှာ အမျိုးသမီး ခေါင်းဆောင်တွေရှိလဲ


ကုလသမဂ္ဂ အမျိုးသမီးရေးရာ အဖွဲ့ (UN Women) က ကောက်ထားသော စာရင်းအရ ကမ္ဘာ့နိုင်ငံရေး လောကတွင် အမျိုးသမီးများ နေရာရနှုန်းက ယခုနောက်ပိုင်းနှစ်များတွင် အရှိန်နည်းနည်း ပြန်ကျသွားသည်ဟု သိရသည်။
၂၀၀၅ ခုနှစ် နောက်ပိုင်းမှသည် ယခုအချိန်ထိ ကမ္ဘာ့နိုင်ငံရေး လောကမှာ အမျိုးသမီးတွေ နေရာရနှုန်းက (၃ ဒသမ ၅) ရာခိုင်နှုန်းသာ တိုးလာကြောင်း သိရသည်။ လက်ရှိတွင် ကမ္ဘာတစ်ဝန်း အမျိုးသမီး အစိုးရ၀န်ကြီး (၇၁၅) ဦးရှိသည်။ ထိုနှုန်းသည် ကမ္ဘာ့အစိုးရ အင်အား စုစုပေါင်း၏ (၁၇ ဒသမ ၇) ရာခိုင်နှုန်းသာ ရှိသေးသည်။

တော်ဝင်မျိုးနွယ် အမျိုးသမီးများကို ဖယ်လိုက်လျှင် လက်ရှိတွင် နိုင်ငံခေါင်းဆောင် အမျိုးသမီး (၁၇) ဦးရှိသည်။ ပြီးခဲ့သည့် နှစ် (၅၀) အတွင်း အမျိုးသမီး ခေါင်းဆောင် တက်ခဲ့ဖူးသော နိုင်ငံပေါင်းက (၆၃) နိုင်ငံ ရှိသည်။

ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ် အမျိုးသမီးတွေ ပိုရောက်အောင် UN Womenက ဦးဆောင် ကြိုးပမ်းနေသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးကလည်း ၂၀၂၀ ခုနှစ် ရောက်သည့် အခါ ဂျပန် အစိုးရအဖွဲ့တွင် အမျိုးသမီး (၃၀) ရာခိုင်နှုန်းထိ ပါဝင်လာအောင် ကြိုးပမ်းမည်ဟု ဆိုထားသည်။

Source: UN Women

လက်ရှိ နိုင်ငံ့ခေါင်းဆောင် အမျိုးသမီး (၁၇) ဦး

နိုင်ငံ နိုင်ငံခေါင်းဆောင်
၁။ ဘင်္ဂလားဒေ့ရှ် = ၀န်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ

၂။ ဘရာဇီး = သမ္မတ ဒီလ်မာ ရိုဆက်ဖ်

၃။ ဗဟိုအာဖရိကနိုင်ငံ = သမ္မတ ကတ်သရင်း ဆမ်ဘာ-ပန်ဇာ

၎။ ချီလီ = သမ္မတ မီရှဲ ဘတ်ချလတ်

၅။ ခရိုအေးရှား = သမ္မတ ကိုလင်ဒါ ဂရာဘာ-ကီတာရိုဗစ်

၆။ ဂျာမနီ = အဓိပတိ အိန်ဂျလာ မာကယ်

၇။ ဂျမေကာ = ၀န်ကြီးချုပ် ပေါ်ရှာ ဆင်ပဆန်-မီလာ

၈။ လတ်ဗီးယား = ၀န်ကြီးချုပ် လမ်ဒိုတာ စထရူ ဂျုမာ

၉။ လိုင်ဘေးရီးယား = သမ္မတ အီလန်ဂျွန်ဆင်ဆာ လိဖ်

၁၀။ လစ်သူရေးနီးယား = သမ္မတ ဒါလီယာ ဂရိုင်ဘော် ကိုင်တီ

၁၁။ မော်လ်တာ = သမ္မတ မာရီ လူးဝစ် ကိုလီယို ပရတ်ကာ

၁၂။ မော်ရေးရှပ်စ် = သမ္မတ အမီနာ ဂူရစ်ဘ်

၁၃။ နော်ဝေ = ၀န်ကြီးချုပ် အာနာ ဆိုးလ် ဘာ့ဂ်ျ

၁၄။ ပိုလန် = ၀န်ကြီးချုပ် အီဝါ ကိုပက်ဇ်

၁၅။ တောင်ကိုရီးယား = သမ္မတ ပါ့ခ်ကွမ်ဟဲ

၁၆။ ဆွစ်ဇာလန် = သမ္မတ ဆီမိုနတ် ဆမ်မာရူဂါ

၁၇။ ထရီနီဒတ်နှင့် တိုဘာဂို = ၀န်ကြီးချုပ် ကမ်လာ ပါဆတ်-ဘီဆတ်ဆာ

Messenger News Journal

No comments:

Post a Comment