Thursday 7 January 2016

‘‘အကယ်ဒမီပွဲကို ဧပြီ ၃ ရက်နေ့လို့ လျာထားသတ်မှတ်ထားတယ်’’

ဓာတ်ပုံ-နစ်ကီ
လူမင်းနှင့် စကားစမြည်
လာမည့်ဧပြီတွင် ကျင်းပပြုလုပ်တော့မည့် ၂ နှစ်စာစုပေါင်းချီးမြှင့်မည့် အကယ်ဒမီပေးပွဲအကြောင်းနှင့် ပတ်သက်၍ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ သရုပ်ဆောင်အကယ်ဒမီ လူမင်းကိုမေးမြန်းထားပါသည်။
လာမယ့် ဧပြီမှာပြုလုပ်မယ့် အကယ်ဒမီပေးပွဲအကြောင်းနဲ့ ပတ်သက်ပြီး ထူးခြားတာရှိရင် ပြောပြပေးပါဦး။

လောလောဆယ်အခြေအ နေက အကယ်ဒမီပေးပွဲကို ဧပြီ ၃ ရက်လို့ ကိုယ်တို့လျာထားသတ် မှတ်ထားပါတယ်။ ထူးခြားတာက တော့ ၂၀၁၄ နဲ့ ၂၀၁၅ ၂ နှစ်စာပေါင်းပြီးပေးမှာ ဖြစ်ပါတယ်။ နေရာက ရန်ကုန်မှာပဲ လုပ်မှာပါ။ ဘယ်နေရာဖြစ်မယ်ဆိုတာ နေရာကတော့ ကွန်ဖန်းမဖြစ်သေးပါဘူး။ ဧပြီလဆန်းဖြစ်သွားတဲ့အ တွက် အောက်ဒိုးလုပ်မယ်ဆိုရင် ရာသီဥတုပူမှာရယ်၊ သင်္ကြန်နီးမှာ ရွာတတ်တဲ့ သင်္ကြန်မိုးဆိုတာရယ် ထည့်တွက်ရမယ်။ အင်ဒိုးဆို လည်း ကျယ်ကျယ်ဝန်းဝန်းနေရာ ပြန်ရှာဖွေရဦးမယ်။ ပထမကတော့ဖေဖော်ဝါရီနောက်ဆုံးပတ်လျာ ထားတာဆိုတော့ အောက်ဒိုးလုပ် မယ်ပေါ့။ ဒါပေမဲ့ ဧပြီကို ထပ်လျာလိုက်တော့ ရာသီဥတုပူမှာဆိုတော့နေရာကွန်ဖန်းမဖြစ်သေးတာပါ။

၂ နှစ်စာပေါင်းပြီးပေးမယ့် အကယ်ဒမီပေးပွဲမှာ အရေအတွက်က ကော အရင်လိုပုံမှန်ပဲချီးမြှင့်မှာပါ လား။

ဆုကတော့ ပုံမှန်အတိုင်းပဲ ပေးပါမယ်။ အထူးဆုဆိုတာမျိုး ပေါ်ပေါက်လာရင်လည်း ပေးဖြစ် မှာပါ။ ဆုကတော့ နှစ်စုံဖြစ်မယ် ပေါ့။ ၂၀၁၄ အတွက် တစ်စုံနဲ့ ၂၀၁၅ အတွက် တစ်စုံဖြစ်ပါမယ်။

လက်ရှိမှာကော ကိုလူမင်းအနေနဲ့ အနုပညာလှုပ်ရှားမှုတွေက ဘာ တွေလုပ်ဆောင်နေပါလဲ။

ဒီရက်ပိုင်းကတော့ ဆရာ ကြီး မင်းသိင်္ခရဲ့ ‘မြိုင်ရာဇာတာ တေ’ဆိုတဲ့ ရုပ်ရှင်ရိုက်နေပါတယ်။ ရန်ကုန်က သန်လျင်မှာရိုက်နေ တယ်။ ဒါပြီးရင်တော့ ၇ ရက်နေ့မှာ ‘ရေခဲတောင်ဒဏ္ဍာရီ’ဆိုတဲ့ ဇာတ် လမ်းကို ရေခဲတောင်မှာ ရုပ်ရှင် သွားရိုက်ဖို့ရှိပါတယ်။

ဒီရေခဲတောင်ဒဏ္ဍာရီရုပ်ရှင်အ ကြောင်းလေးလည်း အမြည်းသ ဘောပြောပြပေးပါဦး။

ဒါရိုက်တာက ခင်မောင်ဦး စိုးသိမ်းထွဋ်ပါ။ ကချင်မင်းသား လေးတစ်ယောက်ပါမယ်။ မင်း သမီးက ပက်ထရစ်ရှာပါမယ်။ အန်တီချိုပြုံးပါမယ်။ ဇာတ်လမ်း အနေအထားကတော့ ကိုယ့်တိုင်း ပြည်ကပိုင်တဲ့ ရေမြေတောတောင်သယံဇာတတွေကို ကာကွယ်တဲ့ ဇာတ်လမ်းအမျိုးအစားပါ။ ဒီကား က ထူးခြားတယ်လည်း ပြောလို့ရ သလို မထူးခြားဘူးလည်း ပြောလို့ ရပါတယ်။ ဘာလို့လဲဆိုရင် အခု ဖားကန့်မှာဖြစ်ပျက်နေတာမျိုး လက်တွေ့ဘ၀ကြီးမှာလည်း ဖြစ် ပျက်နေတာပါ။

ဒီနှစ်ထဲမှာ အနုပညာပျိုးခင်းအနေ နဲ့ သရုပ်ဆောင်သစ်တွေကို ထပ်မံမွေးထုတ်ဖို့ရှိပါသေးလား။

အနုပညာပျိုးခင်းအနေနဲ့ သရုပ်ဆောင်သစ်တွေတော့ မရှိ သေးဘူး။ မရှိသေးဘူးဆိုတာက ကိုယ်တို့လောကရဲ့ ဗီဒီယိုအခြေ အနေတွေကလည်း ဈေးကွက် တွေ သိပ်မကောင်းတော့ အခု လတ်တလောမှာ ပျိုးခင်း (၂)ကို တောင် ဒီထက်ဖိဖိစီးစီးတွေ ပိုလုပ်ဖို့ ကျန်သေးတာဆိုတော့ နောက် တစ်သုတ်က သိပ်မစဉ်းစားနိုင် သေးဘူး ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက အနုပညာရှင် တွေရော ပြည်သူတွေပါ စိတ်ဝင် တစားမျှော်လင့်ခဲ့ကြတဲ့ ထိုင်းနိုင်ငံလိပ်ကျွန်းက မြန်မာလုပ်သား နှစ်ဦးနဲ့ ပတ်သက်လို့ကော ဘာပြောချင်ပါလဲ။

ဒါနှစ်နိုင်ငံချစ်ကြည်ရေးအ တွက် အင်မတန်အရေးကြီးပါ တယ်။ တစ်နိုင်ငံရဲ့ တရားစီရင်ပိုင်ခွင့်ဆိုတာ နိုင်ငံတိုင်းမှာရှိပါတယ်။ဒါပေမဲ့ Justice ဆိုတာက အမှန် တရားပဲ ဖြစ်ရမယ်။ အမှန်တရား မဖြစ်ခဲ့ရင်တော့ လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက လက်ခံမှာ မ ဟုတ်ပါဘူး။

ကျေးဇူးတင်ပါတယ်။

7Day Daily

No comments:

Post a Comment