Thursday 7 January 2016

အားလပ်ရက် မရမည်ကို စိုးရိမ်ပြီး လက်ထပ် ထိမ်းမြားမှုများပြုလုပ်

ချစ်သူခင်သူများအား ငွေကြေး လှူဒါန်းပေးကမ်းခြင်းကြောင့် ပျော်ရွှင်မှုတိုးပြီး သွေးတိုးရောဂါ ဖြစ်နိုင်ခြေ နည်းပါးကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။

ဗြိတိသျှ ကိုလမ်ဘီယာ တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် ငွေကြေး ပေးကမ်းခြင်းက ကျန်းမာရေး အပေါ် သက်ရောက်မှု ရှိမရှိကို သိရှိလိုသောကြောင့် လေ့လာမှုများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် ပုံနှိပ်ဖော်ပြခဲ့သည့် သုတေသန တစ်ခုတွင်လည်း အခြားလူများကို ကူညီခြင်းနှင့်  ရုပ်ပိုင်း ကျန်းမာရေး ကောင်းမွန်ခြင်းတို့ကြား ဆက်စပ်နေကြောင်း ဖော်ပြထားသည်။

ယင်းသုတေသနတွင် ပညာရှင်များသည် အသက် (၅၅) နှစ်နှင့် အထက် လူကြီးများကို လေ့လာခဲ့သည်။ အလေ့လာခံများအား အဖွဲ့အစည်း မည်မျှကို ကူညီသည်၊ စေတနာ့ ၀န်ထမ်းအဖြစ် နာရီမည်မျှ လုပ်ကိုင်ခဲ့သည် တို့ကို ပြောဆိုစေခဲ့သည်။ ယင်းနောက်တွင် ၄င်းတို့၏ ရုပ်ပိုင်း ကျန်းမာရေးကို စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ငါးနှစ်အကြာတွင် အခြားလူများကို ကူညီခဲ့သည်ဟု ပြောဆိုခဲ့သည့် လူကြီးများ အနက် (၄၄) ရာခိုင်နှုန်းမှာ အသက်ရှင်နေသေးကြောင်း တွေ့ရှိခဲ့သည်။ ယခုလေ့လာမှုတွင်မူ သုတေသန ပညာရှင်များသည် အလေ့လာခံများ၏ သွေးပေါင်ချိန်ကို လေးနှစ်တာ ကာလအတွင်း အကြိမ်ကြိမ် တိုင်းတာခဲ့သည်။

ပထမအကြိမ် သွေးပေါင်ချိန် မတိုင်းမီ (၁၂) လအတွင်း တစ်ပတ်လျှင် လေးနာရီခန့် စေတနာ့ ၀န်ထမ်း လုပ်ဆောင်ခဲ့သည့် လူကြီးများသည် လေးနှစ်အကြာတွင် သွေးပေါင်ချိန် မတက်ဘဲ ရှိနေသည်ကို တွေ့ရှိခဲ့သည်။ အခြားလူများအား ကူညီခြင်းကြောင့် စိတ်ဖိစီးမှု နည်းပါးပြီး လမ်းလျှောက်နှုန်းနှင့် ခန္ဓာကိုယ် အင်အားတိုပ လျော့ကျသွားလေ့ မရှိကြောင်း အခြား လေ့လာမှုများတွင်လည်း ဖော်ပြထားသည်။

ယခုလေ့လာမှုတွင် အသက် (၆၅ မှ ၈၅) နှစ်ကြား လူကြီး(၁၂၈) ဦးတို့အား တစ်ပတ်လျှင် ဒေါ်လာ (၄၀) နှုန်းဖြင့် သုံးပတ် ဆက်တိုက် ပေးအပ်ခဲ့သည်။ အလေ့လာခံ ထက်ဝက်ခန့်အား ငွေများကို ၎င်းတို့ ဘာသာသုံးရန် ပြောဆိုခဲ့ပြီး ကျန်ထက်ဝက်ကိုမူ  အခြားလူများနှင့် ဝေမျှသုံးစွဲရန် ပြောဆိုခဲ့သည်။

အလေ့လာခံများသည် ဒေါ်လာ (၄၀) ကို တစ်ရက် အတွင်း ကုန်အောင် သုံးရမည် ဖြစ်ပြီး ၀ယ်ယူခဲ့သည့် ပစ္စည်းများ၏ ငွေရပြေစာများကို သိမ်းဆည်းထားရန် ပြောဆိုခဲ့သည်။ အလေ့လာခံများ၏ သွေးပေါင်ချိန်အား မစမ်းသပ်မီ၊ စမ်းသပ်နေစဉ်နှင့် စမ်းသပ်ပြီး နောက်တို့တွင် တိုင်းယူခဲ့သည်။

စမ်းသပ်မှု မပြုမီတွင် သွေးပေါင်တက်နေသည့် လူကြီးများသည် အခြား လူများကို ငွေကြေး အကူအညီ ပေးပြီးနောက် သွေးပေါင် ကျသွားလေ့ရှိကြောင်း ပညာရှင်များ တွေ့ရှိခဲ့သည်။

Source:DM
Messenger News Journal        

No comments:

Post a Comment