Saturday 28 March 2015

လားရှိုးမြို့ ၌ တရုတ်နိုင်ငံသားထံမှ ဘိန်းဖြူမှုန့်များ ထည့်ထားသော ဆပ်ပြာခွက် ၁၁၈ ခွက် ဖမ်းဆီးရမိ



ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ဟိုင်းဝေးလမ်း မကြီးပေါ် ဘုံမွန်ကျေးရွာစိုက်ခင်း အနီးတွင် လားရှိုးမြို့ မူးယစ်တပ်ဖွဲ့စု က စစ်ဆေးရာ ဖိုးဝီးမော်တော်ယာဉ် ပေါ်ပါ တရုတ်နိုင်ငံသားထံမှ ဘိန်း ဖြူမှုန့်များ ထည့်ထား သော ဆပ်ပြာခွက် ၁၁၈ ခွက်တို့ကို သယ်ဆောင်သူများ နှင့်အတူ မတ်၂၅ ရက်က ဖမ်းဆီးရမိခဲ့ ကြောင်း သိရှိရသည်။

''တရုတ်လူမျိုးတွေဆီကနေ လက်နက်တွေ၊ မူးယစ်ဆေးပြားတွေ ခဏခဏဖမ်းမိနေတယ်လို့ ကြားရ တယ်။ ခုတလော မြို့တွင်းမှာကို ပစ် ခတ်မှုတွေရှိနေတယ်။ ကျွန်တော်တို့ လားရှိုးမြို့အတွက် အရမ်းစိုးရိမ်နေမိ တယ်''ဟု မြို့ခံပရဟိတလုပ်ကိုင်သူ ဦးဖြိုးနေက သုံးသပ်သည်။

အမှတ်(၂၄) မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များနှင့် လားရှိုးရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ လားရှိုးခရိုင်အတွင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပိတ်ဆို့စစ်ဆေးရှာဖွေမှုများပြုနေစဉ် ကွတ်ခိုင်မြို့ဘက်မှ လားရှိုးမြို့ သို့ မောင်းနှင်လာသော ၉ဃ/၄၃----TOYOTA EXTRA 4 WD ယာဉ်ပေါ်မှ ယာဉ်မောင်းအနောက် ဘက်ခန်း၏ ကိုယ်ထည်တွင်း သယ် ဆောင်လာသော ဘိန်းဖြူမှုန့်အလေး ချိန် (၁၂)ဂရမ်ခန့်စီပါ ဆပ်ပြာ ခွက် ၁၁၈ ခွက်၊ စုစုပေါင်းအလေးချိန် ၁ ဒသမ ၄၁၆ကီလိုဂရမ်နှင့်အတူ ဖုန်း နှစ်လုံးတို့အား သိမ်းဆည်းခဲ့ရ ကြောင်း သိရသည်။

ယာဉ်မောင်းကျန်ကွေချင်အား စစ်ဆေးချက်အရ မူးယစ်ဆေးများ ကို ရောင်းချရန် သယ်ဆောင်လာခြင်းဖြစ် ကြောင်းထွက်ဆိုခဲ့ပြီး မူးယစ်ဆေးများ သယ်ဆောင်လာသူ ယာဉ်မောင်း ကျန် ကွေချင် (၃၄)နှစ်၊ ဆ/၁၉/ ၄၃၉၊ နယ်မြေ(၁၉)ရပ်ကွက်(၇)လားရှိုးမြို့ နေသူအား လားရှိုးနယ်မြေရဲစခန်းက မူးယစ်(ပ)၁၈/၂၀၁၅၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

''ဒီဘိန်းတွေကို ကိုယ်တိုင် တောင် စောင်းမှာစိုက်ပြီး ကိုယ်တိုင် ချက်ပြီး ရောင်းဖို့ သယ်လာတာ တောင်ရှိ တယ်'' ဟု မူးယစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် မတ် ၂၅ ရက်၌ပင် မူ ဆယ်မှ လားရှိုးသို့ ယာဉ်မောင်း စံ အုန်းမောင်းနှင်ပြီး မောင်ဆန်လိုက် ပါလာ သော မော်တော်ဆိုင်ကယ်တွင် လည်း မောင်ဆန်၏လွယ်အိတ်အတွင်း မှ ဓာတ်ဘူးထဲ၌ ဆပ်ပြာခွက်ဖြင့် ထည့်သယ်လာသော ဘိန်းဖြူမှုန့်အ လေးချိန် ၁၃ ဂရမ်ခန့်စီပါ ဆပ်ပြာခွက် ခုနစ်ခွက်နှင့် ၈၈ နှင့် ၁ စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ ပြားအား ဖမ်းဆီးရမိပြီး လားရှိုး နယ်မြေရဲစခန်းမှ မူးယစ်ပုဒ်မများ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ထိုနေ့တွင်ပင် နောင်ချိုမြို့ အေးရှားဝေါလ် တိုးဂိတ်အနီးတွင် လည်း တန့်ယန်းမြို့ဘက်မှ မန္တလေး ဘက်သို့ ဦးသန်းဝင်းမောင်းနှင်လာ သော EE/62 - - - ပင်တိုင်ခရီးသည် ဗင်ကားပေါ် လိုက်ပါစီးနင်းလာသော ခရီးသည်အိုက်ခမ်း၏ ခါးပတ်အတွင်း ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ကာ သယ် ဆောင်လာသော ဘိန်းအဆီ အစေး စုစုပေါင်းလေးထုပ်၊ အလေးချိန် ၇၅၅ ဒသမ ၃၂ ဂရမ်အား တွေ့ရှိခဲ့ ပြီး ရမည်းသင်းရွှေတောသို့ ရောင်းချ ရန်သယ်ဆောင်လာကြောင်းသိရသ ဖြင့် ၎င်းအား နောင်ချိုမြို့မရဲစခန်းမှ မူးယစ်(ပ)၁၃/၂၀၁၅၊ မူးစိတ် ပုဒ်မ- ၁၅ /၁၉(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားသည်။

N (MMK)
Democracytoday

No comments:

Post a Comment