Saturday 28 March 2015

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနမှ ခရီးသွား လုပ်ငန်းဆိုင်ရာ သင်တန်းများပေးမည်




ပြည်တွင်း၊ ပြည်ပ ခရီးသွားများ စိတ်ဝင်တစား လာရောက်ကြသည့် ပုဂံမြို့ဟောင်းတစ်နေရာကို တွေ့ ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

အပြည်ပြည်ဆိုင်ရာ ကုန်သွယ် မှုဗဟိုဌာန(ITC) ကမြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်း ကုမ္ပဏီများ အတွက် ဈေးကွက်မြှင့် တင်ရေးဆိုင်ရာ သင်တန်းများ ကိုနှစ်နှစ် တာကာလ သင်တန်း အစီအစဉ်ဖြင့် ပို့ချပေး သွားမည်ဟု အပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှုဗဟိုဌာန(International Trade Centre)က ထုတ်ပြန်သည်။

ITC   ကမြန်မာ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရန်ရည်ရွယ်ပြီး  ခရီးသွားလုပ်ငန်းကုမ္ပဏီများအတွက်  ပို့ကုန်မြှင့် တင်ရေး သင်တန်း(Export Promotion Traning) ကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါ သင်တန်း သည် ITC ၏မြန်မာနိုင်ငံ အတွင်း  ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက် မှုဆောင်ရွက်သည့် စီမံကိန်း၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်။

အဆိုပါသင်တန်းတွင် ကုမ္ပဏီများသည် နိုင်ငံတကာစံနှုန်းနှင့် အညီဈေးကွက် ချဲ့ထွင်ရေး၊ ဝယ်ယူသူ များ၏ လိုအပ်ချက်နှင့် ကိုက်ညီအောင်ဆောင် ရွက်ရမည့် အချက်အလက်များ ကိုလေ့လာ သွားရမည်ဖြစ်ပြီး ကုမ္ပဏီများသည်  အင်တာနက်ဈေးကွက်နှင့် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုစသည့် ကဏ္ဍများ ကိုလေ့ လာခွင့်ရရှိ မည်ဖြစ်သည်။

ITC  သည်မြန်မာနိုင်ငံ တွင် ဒတ်ခ်ျ အစိုးရ၏  ရန်ပုံငွေဖြင့်ဆောင်  ရွက်နေသည့်  ကယားပြည်နယ်  ခရီးသွား  လုပ်ငန်း များ  ဖွံ့ဖြိုးရေး  စီမံကိန်း  တွင်လည်း ပါဝင်ဆောင်ရွက် လျက်ရှိပြီး ကုမ္ပဏီများ  အဓိက ရောင်းချ နေသည့်  ရန်ကုန်၊ မန္တလေး၊ ပုဂံ၊   အင်းလေးဒေသ များအပြင်  ကယားပြည်နယ်ကို ခရီးစဉ်များ တွင် ထည့်သွင်း စီစဉ်ရန် ITC က အကြံပေး တိုက်တွန်း ထားသည်။

ခရီးသွားလုပ်ငန်းကုမ္ပဏီများအတွက် Export Promotion Traningသင်တန်းများ ပို့ချနိုင်ရေးအတွက် ITC၊မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်သည်။

ITCသည်ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့အစည်းနှင့် ကုလသမဂ္ဂက ပူးပေါင်းဖွင့်လှစ်ထားသည့် အဖွဲ့အစည်းဖြစ်ပြီး အသေးစားနှင့် အလတ်စားကုမ္ပဏီများက ကမ္ဘာ့ဈေး ကွက်တွင် ယှဉ်ပြိုင်နိုင်ရန် လိုအပ်သည့် အကူအညီ များ ကို ထောက်ပံ့ပေးနေ ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment