Tuesday 17 November 2015

"အမြန်လမ်းတွင် လိုက်ထရပ်ယာဉ်နှင့် အိမ်စီးကားတစ်ီးတိုက်မှု ဖြစ်ပွား ကလေးငယ်တစ်ဦး သေဆုံး"

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယနေ့ နံနက်ပိုင်းက အိမ်စီးကားတစ်စီး လိုက်ထ ရက်ကားကို နောက်မှဝင်ရောက်တိုက်မိ မှု ဖြစ်ပွားခဲ့ပြီး အသက်၃နှစ်အရွယ် ကလေးငယ်တစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ယာဉ်တိုက်မှုတွင် ပါဝင်ကူညီသူတစ်ဦး ကပြောသည်။
အဆိုပါယာဉ်နှစ်စီးမှာ ရန်ကုန်မှမန္တလေးသို့ အသွား မိုင်တိုင်အမှတ် ၃၀၄မိုင် ၇ဖာလုံတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အိမ်စီးကားတွင် လိုက်ပါလာသူ ၃ဦး ၊လိုက်ထရက်ကားပေါ်တွင် လိုက်ပါလာသူ၇ ဦးမှ ၉ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာနေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရာတွင် ပါဝင်သူ ကိုမြင့်ထွန်းကပြောသည်။

"သေဆုံးသွားတဲ့ကလေးငယ်ကအသက်၃နှစ်ပဲရှိပါသေးတယ်ယောက်ကျားလေးပါ။လိုက်ထရက်ကားပေါ်က ပြုတ်ကျပြီး နောက်က၀င်တိုက်တဲ့ ကားအောက်မှာ ပိနေတာ။နောက်က ၀င်တိုက်တဲ့ကားက ယာဉ်မောင်းလည်း ခေါင်းကို တော်တော်ထိသွားတယ်။ သူလည်းစိုးရိမ်ရလို့ ညတွင်းချင်း မန္တလေးဆေးရုံကြီးကို ပို့ပေးလိုက်ပါတယ်"ဟု ကိုမြင့်ထွန်းက ပြောသည်။
လိုက်ထရက်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်၇ဦးမှာ မြင်းမူမြို့သို့ သွားရောက်မည့်ခရီးသွား များဖြစ်ပြီး အိမ်စီးကားတွင်လိုက် ပါလာသည့်သူများမှာလည်း မန္တလေးသို့သွားရောက်မည့် သူများ ဖြစ်ကြောင်း သိရသည်။

"ယာဉ်တိုက်မှုကြောင့် အားလုံးခရီးသည်၁၀ဦးမှာ ၉ဦး ထိခိုက်ဒဏ်ရာ ရတယ်။ ကလေးငယ်က နေရာမှာ တင် သေဆုံးသွားတယ်။ ကျန်တာက ကျား၃ဦးနဲ့မ၅ဦး ထိခိုက်ဒဏ်ရာရတယ်။ အိမ်ကားမောင်းတဲ့ ယာဉ် မောင်းကတော့ စိုးရိမ်ရတယ်"ဟု အမြန်လမ်း သီးကုန်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

7Day News Journal

No comments:

Post a Comment