Tuesday 17 November 2015

စင်ကာပူနိုင်ငံ ငွေလဲကောင်တာအချို့တွင် မြန်မာကျပ်ငွေ စတင်လဲလှယ်ပေး

ငွေလဲကောင်တာတစ်ခုမှ မြန်မာကျပ်ငွေနှင့်စင်ကာပူဒေါ်လာလဲလှယ်ပေးသော ဘောက်ချာ 
စင်ကာပူနိုင်ငံရှိ ငွေလဲ ကောင်တာအချို့တွင် မြန်မာငွေများ လက်ခံလဲလှယ်ပေးနေပြီဖြစ်ကြောင်း သတင်း ရရှိသည်။

စင်ကာပူနိုင်ငံ Yew Tee Square ရှိ Nanayam ငွေလဲဆိုင် နှင့် China Town ရှိ ငွေလဲကောင် တာအချို့ တွင် မြန်မာငွေများ ကို နိုဝင်ဘာ ၁၄ ရက်မှ စတင်လဲ လှယ်ပေးနေခြင်းဖြစ်ကြောင်း စင်ကာပူရောက် မြန်မာများက ပြောသည်။

 စင်ကာပူတွင် ယင်းသို့ မြန်မာငွေများ လက်ခံလဲလှယ် ပေးခြင်းသည် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်း စုကြည်၏ ပါတီအနိုင်ရရှိမှုကြောင့် ဖြစ်နိုင်ကြောင်းစင်ကာပူရောက် မြန်မာများက ပြောသည်။

‘‘ရက်ပိုင်းပဲ ရှိပါသေးတယ်။ တခြားဆိုင်တွေကို မေးကြည့်တဲ့ အခါ ဈေးဖွင့်ဖို့နဲ့ ၀ယ်လက်ကို ကြည့်နေ ကြတုန်းပါလို့ ပြောပါ တယ်။ မလေးဘက်က လာဖွင့် တဲ့ Money Changer အများစု ကတော့ စတင်လဲပေးနေပါပြီ။ မြန်မာအများစု စိုးရိမ်နေတာက တော့ သူတို့မြန်မာပြည်က ပြန် လာတဲ့အခါ ငွေဘယ် လောက်ပဲ သယ်ပါ၊ ယူပါဆိုတဲ့ စည်းကမ်း တွေ၊ ဥပဒေတွေ ထပ်တိုးလာမှာ ပဲလို့ ပြောနေကြပါတယ်’’ ဟု စင် ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော ကိုမြတ်သစ်က ပြောသည်။

‘‘ဘာလို့ စင်ကာပူက ကိုယ် ပိုင်ငွေလဲကောင်တာမှာ လဲလို့ရ လာသလဲဆိုတာက တိုင်းပြည်အ ခြေအနေ ကြောင့် လို့ပဲ ထင်တယ်။ ဒါပေမဲ့ သူက ငွေလဲနှုန်းက ကိုယ် က၀ယ်ရင် အတော်နာနေတယ်။ မြန်မာဆိုတာ အရင်ကထက် ပို သိလာကြတော့ စင်ကာပူက ငွေ လဲကောင်တာတွေက မြန်မာငွေက စားဖို့စိတ်ဝင် စားလာကြတယ်လို့ ပဲ မှတ်ချက်ပေးချင်ပါတယ်။ ကျွန်တော့်အမြင့်ပြောရရင် စင်ကာပူငွေလဲဆိုင်တွေက ရေရှည်ကိုမျှော်ပြီး မြန်မာငွေကို စုနေတယ်လို့မြင်တယ်’’ဟု စင်ကာပူနိုင်ငံရှိ စီမံကိန်း အင်ဂျင်နီယာ ကိုလင်းအောင်က ပြောသည်။

နိုဝင်ဘာ ၁၆ ရက်က Na-nayam ငွေလဲဆိုင်တွင် မြန်မာငွေဝယ်ယူပါက စင်ကာပူတစ်ဒေါ်လာလျှင် ၇၀၀ ကျပ် သတ်မှတ်ထားပြီး မြန်မာငွေပြန်ရောင်းပါက စင်ကာပူတစ်ဒေါ်လာလျှင် ၉၀၀ ကျပ်သတ်မှတ်ထား ကြောင်း ကိုလင်းအောင်က ပြောသည်။ နိုဝင်ဘာ၁၆ ရက်တွင် စင်ကာပူ ဒေါ်လာဈေးနှုန်းသည် ၉၁၁ ကျပ် ရှိသည်။

 ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အ နိုင်ရရှိမှုသည် ဒေသတွင်းနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ အပေါ် အလုပ်ရှင်များ၏ ပြောဆို ဆက်ဆံမှု ပြောင်းလဲလာပြီး လုပ် အားခလစာတိုးမြှင့်ပေးမှုများ ရှိ နေကြောင်း အဆိုပါ နိုင်ငံရောက် မြန်မာများက ပြောသည်။

မြန်မာနိုင်ငံသား အများစု သွားရောက်လုပ်ကိုင်နေသည့် ထိုင်း၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့မှ အလုပ်ရှင်များက ဒီချုပ် အနိုင်ရရှိသွားကြောင်း သိရှိ၍ မြန်မာလုပ်သားများအပေါ် ဂုဏ် ပြုစကားများ ပြောကြားပြီး ဆက်ဆံမှုများ ပြောင်းလဲလာခဲ့ကြောင်း ယင်းနိုင်ငံများသို့ သွားရောက် လုပ်ကိုင်နေသော မြန်မာလုပ်သားအချို့က ပြောသည်။

7Day Daily 

No comments:

Post a Comment