Tuesday 17 November 2015

ဒီချုပ်က နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမည်

ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရထားသော  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ရွေးကောက်ပွဲ ရလဒ် များ ကြေညာပြီးချိန်၌ နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောသည်။

‘‘ကျွန်တော်တို့ ရွေးကောက် ပွဲရလဒ်တွေကို ကုန်အောင် စောင့် နေတယ်။ အဲဒါပြီးသွားရင် ကိုယ့် ပါတီက လူတွေနဲ့လည်း တွေ့ရ မယ်။ အပြင်က လူတွေနဲ့လည်း တွေ့ရမယ်’’ဟု ဦးဉာဏ်ဝင်းက ပြောသည်။

လက်ရှိတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်သည် ရွေး ကောက်ခံရသည့် ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် စီစဉ်နေကြောင်း ဦးဉာဏ်ဝင်း ကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပါက  နိုင်ငံရေး အင်အားစု များနှင့် လက် တွဲဆောင်ရွက်သွားလိုသည့်ဆန္ဒ ရှိကြောင်း ရွေးကောက်ပွဲ မတိုင်မီတွင် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားမှုရှိသည်။

ရွေးကောက်ပွဲရလဒ် ကြောင့် အစိုးရသစ်ဖွဲ့နိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် တိုင်းရင်းသား နိုင်ငံရေး ပါတီများ နှင့်လည်း မိတ်ဖက်ဆက်ဆံရေး မျိုးထားရှိရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်း ပခဲ့သော အထွေထွေရွေးကောက် ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ပြည်သူ လူထု၏ ထောက်ခံမှုကြောင့် အပြတ်အ သတ်အနိုင်ရရှိခဲ့သည်။

7Day Daily 

No comments:

Post a Comment