Tuesday 17 November 2015

ကြောင်ချစ်သူတွေက ခွေးချစ်သူတွေထက် ဥာဏ်ပိုကောင်းကြောင်း သိပ္ပံပညာက ဆို

ကြောင်တွေဟာ လှပပြီး ၊ချစ်စရာကောင်းတဲ့ သတ္တ၀ါလေးတွေပါ။ ကြောင်ချစ်သူ တစ်ယောက်ဟာ သူမွေးထားတဲ့ကြောင်လေးရဲ့ စရိုက် လက္ခဏာတွေလိုပဲ အလားတူ စရိုက်လေးတွေ ရှိတတ်ကြပါတယ်။သိပ္ပံနည်းကျလေ့လာမှုတွေအရ ကြောင်ချစ်သူတွေဟာ ခွေးချစ်သူတွေထက် ဥာဏ်ရည်ပိုင်းဆိုင်ရာ ပိုကောင်းမွန်ပြီး တခြားကောင်းမွန်တဲ့ လက္ခဏာလေးတွေလည်း ရှိပါတယ်။

၁။ ကြောင်ချစ်သူတွေက ပိုတော်တယ်
Wisconsin ပြည်နယ်၊ Carroll တက္ကသိုလ်က စိတ်ပညာတွဲဖက်ပါမောက္ခ Denise Guastello ဦးဆောင်တဲ့ သုတေသနအဖွဲ့ ရဲ့ လေ့လာမှုတစ်ခုအရ၊ ကြောင်ပိုင်ရှင်တွေဟာ ခွေးပိုင်ရှင်တွေထက် ဥာဏ်ရည်ဥာဏ်သွေး စစ်ဆေးမှုမှာ အမှတ်ပိုများများ ရတာကို တွေ့ ရှိခဲ့ရပါတယ်။
၂။ ကြောင်ချစ်သူတွေဟာ အမြင်သဘောထားကြီးတတ်ကြတယ်
ကြောင်ချစ်သူတွေဟာ ဘယ်အရာမဆို အပေါ်ယံတင်မကြည့်တတ်ဘဲ အတွင်းကျကျကြည့်တတ်ကြတယ်။  ကြောင်တွေဟာ ပထမတော့ လူတွေနဲ့ ရင်းနှီးမရောထွေးချင်သလို၊ ကြောက်တတ်သလို ထင်ရပေမယ့်၊ တကယ်ကြောင်ချစ်တတ်သူ တစ်ယောက်ဟာ ကြောင်တစ်ကောင်ရဲ့ ချစ်စရာ စရိုက်လေးတွေပေါ်အောင် ချော့မော့ဆက်ဆံတတ်ကြတယ်။
၃။ ကြောင်ချစ်သူတွေဟာ ပိုပြီး စာနာတတ်တယ်
တခြားအိမ်ကကြောင်တွေ၊ စွန့် ပစ်ထားတဲ့ကြောင်လေးတွေက ကိုယ့်အိမ်မှာမှပျော်နေတတ်ပြီး၊ ကြောင်တွေနဲ့  ပလဲနံပ အလွန်သင့်တဲ့ Cat Whisperer တစ်ယောက်ဟာ သူ့ ဆီရောက်ရောက်လာတဲ့ ကြောင်လေးတွေ အားလုံးကို စာနာစိတ်နဲ့ ဂရုစိုက်စောင့်ရှောက်တတ်ပါတယ်။
၎။ ကြောင်ချစ်သူတွေဟာ ထုံးတမ်းစဉ်လာတွေကို အရေးမစိုက်တတ်ဘူး
ကြောင်ချစ်သူတွေဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် လိုက်နေနေမယ့်အစား သူတို့ ဘ၀ကို သူတို့ စိတ်တိုင်းကျ နေတတ်ကြတယ်။
၅။ ကြောင်ချစ်သူတွေဟာ ပဟေဠိ ပုစ္ဆာတွေကို ဖြေရှင်းရာမှာတော်တယ်
ရုတ်တရက် ကိုယ့်ကြောင်လေးက ဘာလို့ သူတို့ အစာတွေကို မကြိုက်တော့ဘဲ၊ အိမ်ထဲမှာပဲ သေးပေါက်တတ် နေတာလဲဆိုတာ သိဖို့ က ကြောင်ချစ်သူတွေရဲ့ အလုပ်တစ်ခုပါပဲ။ ဒါဟာ ကိုယ့်ကြောင်လေး ကျန်းမာရေး တစ်ခုခုချို့ ယွင်းနေတယ်ဆိုတဲ့ လက္ခဏာဆိုတာ ကြောင်ချစ်သူတွေက သဘောပေါက်တတ်ပါတတယ်။
၆။ သူတို့ ဟာ တသီးတသန့် နေတတ်ကြတယ်
ခွေးချစ်သူတွေဟာ တစ်နေ့ တစ်နေ့ ခွေးလေးကြိုးဆွဲပြီး လမ်းလျှောက်ထွက်တတ်ကြပေမယ့်၊ ကြောင်မွေးထားသူတွေကတော့ အိမ်မှာနေရတာကိုပဲ အရသာတွေ့ နေတတ်ကြတယ်။  
၇။ ကြောင်ချစ်သူတွေဟာ စိတ်ရှည်တယ်
ကြောင်တစ်ကောင်နဲ့ ဆက်ဆံရာမှာ စိတ်ရှည်ဖို့ လိုပါတယ်။ ကြောင်တွေဟာ သူ့ ကို တိရစ္ဆာန်ဆရာဝန်ဆီ ခေါ်သွားတော့မလား၊ သူတို့ ကို ဆေးထိုးပေးတော့မလား စတဲ့ သူတို့ မကြိုက်တဲ့ အရာတစ်ခုခု လုပ်တော့မယ် ဆိုရင် အာရုံခံသိတတ်ကြပြီး ကုတင်အောက်ဖြစ်ဖြစ်၊ လက်လှမ်းမမီတဲ့နေရာ ၀င်ပုန်းနေတတ်ကြပါတယ်။ ဒီလို အချိန်ဆို စိတ်ရှည်ရှည်နဲ့ စောင့်နေဖို့ လိုပါတယ်။
၈။ ကြောင်ချစ်သူတွေဟာ တစ်ပါးသူကို ကူညီဖေးမလိုစိတ်ရှိတယ်
ကိုယ့်ပေါင်ပေါ်မှာ ကြောင်လေးအိပ်နေတယ်ဆိုရင် သူအိပ်ရေးမပျက်ရအောင် ငြိမ်ငြိမ်လေး နေနေတတ်ကြပြီး အများနဲ့ ဆက်ဆံရာမှာလည်း အလားတူ စိတ်မျိုး ရှိတတ်ကြပါတယ်။
Ref: yourtango 
Trend Myanmar 

No comments:

Post a Comment