Tuesday 17 November 2015

ဥပဒေကြမ်းများ ပြီးပြတ်ရေး အဓိကထားရန် အမျိုးသားလွှတ်တော် အမတ်များအား ဦးခင်အောင်မြင့် တိုက်တွန်း

ပထမအကြိမ် လွှတ်တော်နောက်ဆုံးအစည်းအ ဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အ ရေးကြီးကိစ္စမဟုတ်သည့် မေးခွန်း အဆိုများကို တင်သွင်းခြင်းမပြုဘဲ ဥပဒေကြမ်းများကို ပြီးပြတ် အောင်ဆောင်ရွက်ရန် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင် မြင့်က ပြောကြားလိုက်သည်။

‘‘အရေးတကြီးလိုအပ်ခြင်း မရှိပါက ဆောင်ရွက်ခြင်းမပြုရန် မေတ္တာရပ်ခံပါတယ်’’ဟု ဦးခင် အောင်မြင့်က ဆိုသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲကျင်းပပြီးနောက် ပြန် လည်ကျင်းပသည့် နိုဝင်ဘာ ၁၆ ရက် ပထမ အကြိမ် (၁၃)ကြိမ် မြောက် အမျိုးသားလွှတ်တော်အ စည်းအဝေး ပထမဆုံးနေ့တွင် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က နှုတ် ခွန်းဆက်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

လက်ရှိအချိန်အထိ အမျိုး သားလွှတ်တော်တွင် ဆက်လက် ဆောင်ရွက်ရန် ဥပဒေကြမ်း ၃၃ ခုကျန်ရှိနေပြီး အမျိုးသားလွှတ် တော်၌ ဆောင်ရွက်ဆဲ ၁၄ ခု၊ ပြည်သူ့လွှတ်တော်သို့ ပေးပို့ထား သည့် ဥပဒေကြမ်း တစ်ခု၊ ပြည် သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ ပေးပို့သည့် ဥပဒေကြမ်းနှစ်ခု၊ အမျိုးသားလွှတ်တော်တွင် ဆွေး နွေးရန် ၁၆ ခုတို့ဖြစ်သည်။

ကျန်ရှိသည့် ဥပဒေကြမ်း များကို ပြီးစီးအောင်ဆောင်ရွက် နိုင်ရန် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် လွှတ်တော်အစည်း အဝေးများကို စုံစုံညီညီတက် ရောက်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်ကြရန် ပြောကြားခဲ့ သည်။

‘‘လွှတ်တော်ကိုယ်စားလှယ် များက နိုင်ငံနှင့် နိုင်ငံသားများ အ ကျိုးဖြစ်ထွန်းစေမယ့် ဥပဒေများ ကို အချိန်မီ ပြီးစီးအောင် ဆောင် ရွက်ရန် တိုက်တွန်းလိုပါတယ်’’ဟု ဦးခင်အောင်မြင့်က ဆိုသည်။

7Day Daily 

No comments:

Post a Comment