Tuesday 17 November 2015

ဒီချုပ် အမတ်များ ၀န်ကြီး၊ ဒုဝန်ကြီးဖြစ်ရေး စိတ်ကူးမယဉ်ကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော

 
ရွေးကောက်ပွဲကျင်းပပြီးနောက် လွှတ်တော်အစည်းအဝေးများ ပြန်လည် ခေါ်ယူနေပြီဖြစ်ရာ နိုဝင်ဘာ ၁၆ ရက်တွင် ပြည်သူ့လွှတ်တော်သို့ရောက်ရှိ လာသော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အစိုးရဖွဲ့သည့်အ ခါ ဒီချုပ်အမတ်များ ၀န်ကြီး၊ ဒုဝန်ကြီးများဖြစ်ရေး စိတ်ကူး မယဉ်ကြရန် ဒေါ်အောင်ဆန်း စုကြည်က  ပြောကြားခဲ့သည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောသည်။

 ‘‘ပါတီက အစိုးရဖွဲ့တဲ့အခါ ၀န်ကြီး၊ ဒုဝန်ကြီးတွေဖြစ်ဖို့ စိတ်ကူးမယဉ်ကြပါနဲ့။ ဒါပဲပြောတာ’’ ဟု ဦးဝင်းထိန်က နိုဝင်ဘာ ၁၆ ရက် တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ရှိ ဒီချုပ်အမတ်များ တရားဥပဒေ စိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်း ၌ပြုလုပ်သော အစည်းအဝေးနှင့် ပတ်သက်၍ မီဒီယာများအား ပြောကြားသည်။

ယင်းနှင့် ပတ်သက်၍ ဒီချုပ် လွှတ်တော်ကိုယ်စားလှယ်အချို့ထံ ဆက်သွယ်မေးမြန်းသော်လည်း မိမိတို့အား
မီဒီယာများသို့ ဖြေကြားခြင်းမပြုရန် ညွှန်ကြားထား၍ မပြောကြားနိုင်ကြောင်း ၎င်းတို့ကပြောကြားသည်။

ပထမအကြိမ် ပြည်သူ့လွှတ် တော်(၁၃)ကြိမ်မြောက် အစည်းအ ဝေးပထမနေ့ (နိုဝင်ဘာ ၁၆ ရက်) ပြီးဆုံးသည့်အချိန်တွင် တရားဥ ပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီရုံးခန်း I-12 ၌ ဒီချုပ်ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်ဟု ဦးဝင်းထိန်က ဆိုသည်။
  
‘‘ဒီမိုကရေစီနည်းနဲ့ ညီတဲ့ ဥပဒေဖြစ်ရမှာ။ သူများကို ဝေဖန် လို့ လိုက်ဝေဖန်တဲ့ဟာမျိုး မဖြစ် ရဘူး။ မသင့်လျော်တဲ့ ဟာမှန် သမျှ ဖယ်မယ်၊ သင့်လျော်တဲ့ဟာ တွေ ကျွန်တော်တို့ ဆက်လုပ် မယ်။ သူတို့လုပ်လို့ အကုန်ဖယ် မယ်ဆိုတာ မရှိဘူး’’ဟု ဥပဒေပြင် ဆင်မှုနှင့်ပတ်သက်၍ ဦးဝင်းထိန် က ပြောသည်။

 ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က ပြည်ထောင်စု လွှတ်တော်နေရာ ၃၉၀ ဖြင့် အ ပြတ်အသတ် အနိုင်ရရှိခဲ့သည်။

ထို့အပြင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီချုပ်လွှတ်တော် ကိုယ် စားလှယ်များ နှင့် နိုဝင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိတော်ဝင်နှင်းဆီခန်းမ၌ တွေ့ဆုံ ဆွေးနွေးရန် နိုဝင်ဘာ ၁၆ ရက်တွင် ပါတီက ဖိတ်ကြားထားသည်။

 7Day Daily

No comments:

Post a Comment